လူတစ်ဦးတစ်ယောက်(သို့) လူ့အသိုင်းအ၀န်းတစ်ခုကို လူကုန်ကူးခံရရန်ဖြစ်စေသည့် အချက်များက မည်သည့်အချက်လဲဟု မေးလျှင် အများစုလက်ခံထားကြသည့် အချက်များသည် ဆင်းရဲမွဲတေမှုနှင့် ပညာမတတ် မှုကြောင့် ဖြစ်ရသည်ဟု ဆိုကြသည်။ သို့သော် လူကုန်ကူးမှု ဖြစ်ရသည့် သက်သေအထောက်အထားများအရ ယေဘုယျအားဖြင့် အခြားအကြောင်းအရာများကြောင့်လည်း ဖြစ်ရသည်ကို တွေ့ရှိလာရသည်။ အခြားအကြောင်းအရာများကြောင့် လူကုန်ကူးမှုဖြစ်ရသည့် နယ်ပယ်တွင် လူကုန်ကူးခံရနိုင်သည့် အခြေအနေ အခြားအကြောင်းအချက်များမှ ဖြစ်ပွားနေသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရပ်များကိုမူ သုတေသန လုပ်ငန်းများမှ တွေ့ရှိလာခြင်းဖြစ်သည်။ သက်သေအထောက်အထားကို အခြေခံရာတွင်လူကုန်ကူးခံရမှု ကျရောက်နိုင်သည့်အချက်အလက်များကို နားလည်ရန် လိုအပ်သည်။
လူကုန်ကူးမှုကာကွယ်ရေးနှင့် အန္တရာယ်များလှသည့် ရွှေ့ပြောင်းသွားလာမှု ကာကွယ်ရေးအတွက် သင့်တင့်သည့်တိုက်ဖျက်ရေးနှင့် ထိရောက်သည့်လုပ်ရပ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ် လုပ်ဆောင်ရန်လည်းလိုသည်။ များသောအားဖြင့် လူကုန်ကူးမှု ကာကွယ်ရေး အစီအစဉ်များ စတင်လုပ်ဆောင်ကြပြီဆိုပါက ယေဘုယျသိရှိထားကြသည့်အတိုင်း ဆင်းရဲမွဲတေမှုကြောင့်နှင့် လူကုန်ကူးမှု ဗဟုသုတ မရှိမှုကြောင့်စသည့် ထိုအဓိကအချက်များကိုသာ ဦးစားပေးစဉ်းစားလုပ်ဆောင်ကြတော့သည်။ သို့ကြောင့်လည်း ဆင်းရဲမှု လျော့ချရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်ကြလေ့ရှိကြသည်။ ထိုအခြေအနေနှစ်ရပ်တွင် မိသားစုဝင်ငွေကြောင့်လား၊ လူကုန်ကူးမှုအကြောင်းနှင့် လုံခြုံမှုရှိသောရွှေ့ပြောင်းသွားလာမှုတို့ကို မသိနား မလည်ရှိခြင်းကြောင့် လားဆိုသည်ကို အမှန်အတိုင်းသိရှိရန်ဦးစားပေး စုံစမ်းလေ့မရှိခဲ့ကြ။ အာရှဒေသတွင်း သုတေသန မှတ်တမ်းများအရ လည်းကောင်း အခြားဒေသများမှ လေ့လာတွေ့ရှိချက်များအရ လည်းကောင်း လူကုန်ကူးမှုအကြောင်းမသိ၍၊ ဆင်းရဲမွဲတေ၍၊ ပညာမတတ်၍ လူကုန်ကူးမှုဖြစ်ရသည်ဆိုသည့် အချက်များနှင့်လုံလောက်မှုမရှိသည်ကို တွေ့လာကြရသည်။ ထိုအချက်များသည် အဓိကကျသည့်အချက်များဖြစ်သည် ဆိုရုံဖြင့်မလုံလောက်တော့ချေ။
ဥပမာပြရလျှင် ထိုင်းနိုင်ငံမြောက်ပိုင်းမှ အမျိုးသမီးလေးများအကြား အဆင့်မြင့်ပညာတတ်ကြသည့် အမျိုးသမီးလေးများသည် လူကုန်ကူးခံရမှုအန္တရာယ်ကျရောက်ရန် အလားအလာနှုန်းထား မြင့်တက်လာနေသည်။ အဘယ်ကြောင့်ဆိုသော် ပညာရေးစရိတ်ကြီးမြင့်မှုများက သူတို့အပေါ် ဖိစီးမှုများဖြစ်လာစေသည်၊ မိသားစုဝင်ငွေ ပိုမိုရစေလိုသည့် ခံစားမှုများကြောင့် ဘန်ကောက်မြို့၊ မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ တရားမ၀င် ရွှေ့ပြောင်းသွားလာမှု ဖြစ်လာကြသည်။ အသိပညာပေးနေသည့် နေရာများ၌ပင် ထောင်ပေါင်းများစွာသည် နှစ်စဉ်လူကုန်ကူးခံနေရဆဲ ဖြစ်နေသည်။ ထိုအချက်က ရိုးရှင်းသည့် ဆင်းရဲမွဲတေမှုနှင့် အသိပညာ ဗဟုသုတမရှိမှုတို့ထက် အခြားအကြောင်းတရားများကြောင့် လူကုန်ကူးမှုဖြစ်ရသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်ဖြစ်သည်။
ဒေသအတွင်း၊နိုင်ငံများအကြား စီးပွားရေးဖွံဖြိုးမှုမညီမျမှု ကွာဟမှု တို့သည်ရွှေ့ပြောင်းသွားလာ အလုပ် လုပ်ကိုင်နေကြရသည့် အဓိကဆွဲ အားတစ်ခုဖြစ်သည်။ ရွှေ့ပြောင်း သွားလာမှုက လူကုန်ကူးမှုများဖြစ် စေသည်ဟု အနက်အဓိပ္ပာယ်ဖွင့်ခြင်း တော့မဟုတ်။ ဆင်းရဲမွဲတေမှုလျော့ ချခြင်း၏ဗျူဟာမြောက် အရေးကြီး သည့် အချက်တစ်ချက်တော့ဖြစ် သည်။ သို့သော်လည်းလူဝင်မှုကြီး ကြပ်ရေးမူဝါများနှင့် အလုပ်သမား အမှန်တကယ် လိုအပ်ချက်တို့၏ အဆီအငေါ်မတည့်မှုများကြောင့် တရားမ၀င်ရွှေ့ပြောင်းသွားလာမှု များဖြစ်လာရသည်၊အကာအကွယ်မဲ့ သည့်ရွှေ့ပြောင်းသွားလာမှုများ ဖြစ် လာရသည်၊ အလွှဲသုံစားခံရရန်နှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသည့် အခြေအနေမျိုးအတွက်အဆင့်သင့် စုထားသည့်လူစုတစ်စုအဖြစ်သို့ ဖန် တီးသကဲ့သို့ ဖြစ်ပေါ်လာရသည်။