လောကဓံ နှင့်လမ်းလျှောက်အတူထွက်ခြင်း
1) လောကထဲမှာနေကြသည်မို့ လောကဓံ ( လောကဓမ် ) လောက သဘာဝများနှင့်မလွဲမသွေ ကြုံတွေ့ ရမည်။
2 ) အကောင်းလေးပါး၊ အဆိုးလေးပါးဟုခေါ်သော လောကဓံ ရှစ်ပါးကို အရွယ်တိုင်းမှာ အဆင့်တိုင်းမှာ ကြုံတွေ့ ရမည်။
3 ) ယေဘုယျအားဖြင့် အကောင်းနှင့်ကြုံ လျှင်နှစ်သက်သည် ၊ အဆိုးနှင့် ကြုံလျှင်မနှစ်သက်။
4 ) နှစ်သက်မှု့ အလေ့ တွေက အကျင့်ဖြစ်လာသောအခါ စိတ်တက်ခြင်း အထုံ စွဲလာသည်။ မနှစ်သက်မှု့ အလေ့ တွေက အကျုင့်ဖြစ်လာသောအခါ စိတ်ပျက်ခြင်းအထုံ စွဲလာသည်။
5 ) အသေးအဖွဲ ကိစ္စလေးတွေကိုလဲ အသေးအဖွဲအလျှောက် တုန်လှုပ်သည်။ ကြီးကြီးမားမား ကိစ္စတွေကိုလဲ ကြီးကြီးမားမားအလျှောက် တုန်လှုပ်သည်။
6 ) အကျင့်သီလနှင့် အသိဥာဏ်အရာမှာ အဆင့်မြင့်သူ ( အရိယာ )မဖြစ်သေးသမျှ ကာလပတ်လုံး နှစ်သက်ခြင်း ၊ မနှစ်သက်ခြင်း တုန်လှုပ်မှု့ နှစ်မျိုးလုံးရှိနေသည်သာ ဖြစ်သည်။
7 ) တုန်လှုပ်မှု့ ပိုများလေလေ ခံနိုင်၇ည်စွမ်း လျော့ လေလေဖြစ်သည်။ နောက်ဆက်တွဲ အကျိုးရလဒ်က အမှား ၊ အရှုံးတွေ ထွက်လာသည်။
8 ) ကြီးကြီးမားမား လောကဓံတရားများနှင့် ကြုံရသောအခါ သက်သာပြေပျောက်ရာပြေပျောက်ကြော
င်း ဖြေဆေးများ ရှိနေသည်။
9 ) လောကဓံ ကို စိတ်မခေါ်သင့်။ လောကဓံ ကို ဒူးမထောက်သင့်။
( စိန်ခေါ်ခြင်းသည် အကြောက်တရားဧ၊် တိုးထွက်တင်းမာလာသော အစွန်း။ )
( ဒူးထောက်ခြင်းသည် အကြောက်တရားဧ၊် ငုတ်လျှိုးညွှတ်ခွေ သွားသော အစွန်း။ )
10 ) လောကဓံ တရားသည် ရန်သူမဟုတ် ။ အတူတကွ ခ၇ီးသွားဖက်ဖြစ်သည်။
ချစ်ဦးညို
No comments:
Post a Comment