Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

25 May 2012

။ရွှေလီ-မန်စံ ဓါတ်အားလိုင်းအား ကေအိုင်အေမှ မိုင်းခွဲဖျက်ဆီးလိုက်ပြန်ပြီ

မေလ ၁၈ ရက်နေ့က ည ဂ နာရီခန့်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ နမ့်ခမ်းမြို့နယ် ပန်ကနိုင်း
ကျေးရွှာအနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်းတာဝါတိုင် အမှတ်(၇၃)သည် ကေအိုင်အေ
၏ ဖောက်ခွဲခြင်းကို ခံလိုက်ရသည်

ဖောက်ခွဲခြင်းခံရသော တာဝါတိုင်များမှာ အောက်ခြေထောက်တိုင်တစ်ချောင်းမှာ အုတ်ခုံအထက် ၃ လက်မ အကွာမှစ၍ နှစ်လက်မခန့် ကျိုးပဲ့ပြတ်တောက်သွားပြီး ကျန်ထောက်တိုင်များ မှာလည်း အုတ်ခုံအထက် ၆လက်မခန့်တွင် ၃ လက်မ အရှည်ခန့် ပေါက်ထွက်ပျက်ဆီးသွားပါသည် ။

အဆိုပါဖြစ်စဉ် ဖြစ်ပွါးပြီး နောက်တရက်တွင်လည်း မေ ၁၉ ရက် နံနက် ၂ နာရီ ၄၇ မိနစ်တွင် အဆိုပါ ဓါတ်
အားလိုင်းရှိ တာဝါတိုင် အမှတ် (၂၀၆ /၂၀၇/ ၂၀၈) သုံးတိုင်အား မိုင်းခွဲဖျက်ဆီးရာ တာဝါ အမှတ် ၂၀၆ နှင့်၂၀၇ နှစ်တိုင်မှာ ထောက်တိုင် လေးချောင်းလုံးပြတ်ထွက်သွားပြီး လဲကျပျက်စီးသွားပါသည် ။တာဝါ (၂၀၈)မှာလည်း ထောက်တိုင် နှစ်တိုင်ပြတ်ထွက်သွားပြီး တစ်စောင်းဖြစ်သွားပါသည် ။ထို့ကြောင့်လျှပ်စစ်ဓါတ်အားသွယ်တန်းရာကြိုးများလည်းပြုတ်ကျပြီး ရှူပ်ထွေးသွားသောကြောင့် ဓါတ်အားစနစ်အတွင်း မဂ္ဂါဝပ် ၂၀၀ တိတိ လျော့နည်းကာ ဓါတ်အားပြတ်တောက်သွားပါသည် ။

ကေအိုင်အေ အနေနှင့် မြေပြင်တိုက်ပွဲများတွင် ရှူံးနိမ့်ခြင်းများဆက်လာပြီး အွန်လိုင်းစာမျက်နှာများတွင်လည်း
သူတို့သာနိုင်ကြောင်း အစိုးရတပ်များ အထိနာနေကြောင်းများရေးသော်လည်း အစိုးရက ဖိတိုက်နေပါပြီ.ဟု
ပြောသော စခန်းများနေရာများကိုကြည့်လိုက်လျှင် လိုင်ဇာအနားသို့ပင်ရောက်နေသော်လည်း ဖင်ထဲဆင်အဝှာဝင်နေသော်လည်း ကြမ်းပိုးဝင်နေပါတယ် ဟူသော အပြောများဖြင့် ဖင်ပိတ်ငြင်းနေပါသည်။
ယခင်နေ့များကလည်း စစ်တပ်က မုဒိန်းကျင့်ပါသည်ဟူသော သတင်းတစ်ပုဒ်ဖတ်လိုက်ရ၍ စုံစမ်းကြည့်ရာ
ဟိုလူပြောသည် ဒီလူပြောသည် နှင့်နောက်ဆုံး အာမခံပြောသည့်လူ မရှိပဲ အကွက်ပျောက်သွားပါသည်။

တနိုင်ငံလုံးရှိလက်နက်ကိုင်များ ငြိမ်းချမ်းရေး အတွက်ဆွေးနွေးနေချိန်ဝယ် ကေအိုင်အေမှ ခေါင်းမာကာ ကချင်ပြည်နယ်အတွက်လည်း မကြည့် အောက်ခြေတပ်သားများအတွက်လည်း မကြည့်ပဲ ခေါင်းမာနေဆဲရှိနေပါသည် ။သမ္မတကြီးအနေဖြင့်လည်း နိုင်ငံရေးအခင်းအကျင်းလှပစေရန်

ရည်ရွှယ်မနေပဲ လိုင်ဇာအထိတပ်မသိမ်းပါဟူသော အပြောကို ကေအိုင်အေမှ လက်စွဲထားကာ တမင်ညစ်နေပြီး နိုင်ငံရေးနည်းနှင့်အချိန်ဆွဲကာ နိုင်ငံရေးသိက္ခာချနေခြင်းသာဖြစ်သည်။စစ်ပွဲကြာလာသည်နှင့်အမျှ နှစ်ဘက်တိုက်နေရသော စစ်သည်များ“
ဘဝနှင့် ရပ်တည်မှူ နောက်ခံမိသားစု အခြေအနေများကို ငဲ့ကြည့်သင့်ပါသည် ။ထိုရဲဘော်များ ပေးဆပ်နေရသော အသက် နှင့် ဘဝတို့မှာ စက်ရုံမှထုတ်လိုက်သော ဂျစ်ကားများမဟုတ်ပါ။စစ်ပွဲကြာလာသည်နှင့်အမျှ နိုင်ငံရှေ့ဆက်သွားရမည့် လမ်းတွင်အတားအဆီးဖြစ်နေပါသည်။ထို့ကြောင့် ကေအိုင်အေ နှင့် အစိုးရတို့ အမြန်ဆုံး ငြိမ်းချမ်းရေးယူလျှင်အမြန်ဆုံးယူပြီး ထိုသို့မဟုတ်ပါကလည်း လိုင်ဇာအား ဒုတိယ မာနယ်ပလောနယ်မြေ ကဲ့သို့အမြန်ဆုံးသိမ်းပိုက်ကာ အမြစ်ဖြတ်သန့်စင်ပေးစေလိုပါတော့သည် ။

Home » သတင်း » မြန်မာစစ်တပ် စစ်ရာဇဝတ်မှုများကျူးလွန်နေဟု AI ထုတ်ပြန် (ဧရာဝတီသတင်းဌာန)

Print Friendly
လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI) က ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲလိုက်သည်။ (ဓာတ်ပုံ- Reuters )
ယမန်နေ့က ထုတ်ပြန်သော AI ၏ ၂၀၁၂ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာစစ်သားများက အရပ်သားများအပေါ် လိင်ပိုင်း ဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည့်အပြင် သောင်းချီရှိနေသော ဒုက္ခသည်များအား ထောက်ပံ့မည့် လူမှုရေးအကူ အညီများကိုလည်း ပိတ်ပင်ခဲ့ကြောင်းဆိုသည်။
“အစိုးရက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကန့်သတ်ဖြင့်ပြုလုပ်ခဲ့သည်။ သို့ရာတွင် ယမန်နှစ်တလျှောက်လုံး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူမှုအထောက်အကူပြုရေး ဥပဒေ ချိုးဖောက်မှုများ တိုင်းရင်းသားဒေသများတွင် တိုးပွားလာခဲ့သည်” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
မြန်မာစစ်တပ်အနေဖြင့် အဖြူအမည်း မခွဲခြားပဲ မဲမဲမြင်ရာ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်ဆုံးရှုံးမှုများရှိနေရာ အမှုတချို့မှာ စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင် တိုက်ခိုက်သည့် ရာဇဝတ်မှု ဟုဆို၍ ရကြောင်း အစီရင် ခံစာက ရေးသားထားသည်။
ကချင်ပြည် မြောက်ပိုင်းတွင် အစတုံးဖျောက်ဖျက်မှုများ၊ ကလေးငယ်များကို ပစ်ခတ်မှုများ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများနှင့် အရပ်သားများ၏ ပိုင်ဆိုင်ရာနှင့် အစားအသောက်များကို တရားဥပဒေမဲ့ ဖျက်ဆီးမှုများရှိကြောင်း၊ ရှမ်းပြည်တွင်လည်း အရပ်သား များကို နှိပ်စက်ညှင်းပန်းခြင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ အတင်းအဓမ္မနေရာရွှေ့ပြောင်းခိုင်းခြင်းတို့ကို ကျူးလွန်ကြောင်းနှင့် ကချင်နှင့် ရှမ်းပြည်ရှိ အရပ်သားများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုများ ရှိကြောင်းလည်း ဆိုသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် နေပြည်တော် အစိုးရအနေဖြင့် ပြည်တွင်းစစ်ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းရေး စကားဝိုင်းများ စတင်အကောင်ထည်ဖော် လုပ်ဆောင်နေသော်လည်း ကချင်ဒေသတွင်မူ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်စီးပြီး စစ်ပွဲများ ပြန်ဖြစ်လာခဲ့သည်။
ကချင်ဒေသ ငြိမ်းချမ်းရေ ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံခဲ့ကြသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIA ခေါင်းဆောင်များကို ပထမအကြိမ် တွေ့ဆုံ ခဲ့ခြင်းလည်းဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဇွန်လအတွင်း အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်မည်ဟု သိရ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေပြီး ဖွင့်လှစ်မည့်ရက် အတိအကျ၊ ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံအပေါ် မည်သို့ ကူညီပေးမည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ထုတ်ပြန်ပေးမည်ဟု လည်း သိရှိရသည်။

ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ခွင့်ပြုသည်နှင့် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ပေးမည့်အပေါ် ကမ္ဘာ့ဘဏ်ရုံးခွဲ ဖွင့်လှစ်ရန် ဆောင်ရွက်နေသူတစ်ဦးက ''သတင်းကတော့ ထုတ်ပြန်ပေးမှာပါ။ ကမ္ဘာ့ဘဏ်ရုံးခွဲနဲ့ဆိုင်တဲ့ သတင်းအသေးစိတ်ကို Communication Officer က ခွင့်ပြုတာနဲ့ မီဒီယာတွေကိုပါ ရှင်းလင်းသွားဖို့ စီစဉ်ထားတယ်'' ဟု ပြောပြခဲ့သည်။

ကမ္ဘာ့ဘဏ်ရုံးခွဲအပြင် မြန်မာနိုင်ငံ၌ ကမ္ဘာ့ထိပ်တန်းဘဏ်များဖြစ်သော Standard Chartered ဘဏ်နှင့် ဂျပန်ဘဏ်များအပါအ၀င် နိုင်ငံခြားဘဏ်ကြီးများကို ၂၀၁၄ ခုနှစ်မှ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားဘဏ်ရုံးခွဲ ကိုယ်စားလှယ်များနှင့် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

ယင်းအပြင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်းခြင်း၊ တိုကျို စတော့အိတ်ချိန်း မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန်အတွက် နေပြည် တော်၌ နားလည်မှုစာချွန်လွှာ MoU ရေးထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန် သရဖူသံမဏိစက်ရုံတွင် လုပ်သားအင်အားငါးရာကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွား၊ ပိုင်ရှင်ဖြစ်သူ နေရပ်သို့ ပြန်လည်ထွက်ခွာသွားသဖြင့် ၀န်ထမ်များမှ အစာငတ်ခံ စတင်ဆန္ဒပြနေကြောင်း သိရ

မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူသံမဏိစက်ရုံရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားနေသည့် မြင်ကွင်းများအား တွေ့မြင်ရစဉ်
မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ တရုတ်လူမျိုးပိုင်ဆိုင်သော ရန်ကုန်သရဖူ သံမဏိ သံရည်ကျိုစက်ရုံတွင်မေလ ၂၀ ရက်နေ့တွင် လုပ်သားအင်အား ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး လုပ်သားများ၏ တောင်းဆိုချက်အား စက်ရုံတာဝန်ရှိသူများမှ လိုက်လျောမှု မပေးသည့်အပြင် စက်ရုံပိုင်ရှင် တရုတ်လူမျိုးမှ ပြည်ကြီးသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သဖြင့် ဆန္ဒပြအလုပ်သမားများအနေဖြင့် မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ လုပ်သား ၂၀ ဦးမှ အစာငတ်ခံ ဆန္ဒပြမှု စတင်ပြုလုပ်နေပြီး အဆိုပါ ဆန္ဒပြမှုအား နေ့ည မရွေး ပြုလုပ်မည်ဖြစ်ကာ ထိုသို့ ဆန္ဒပြရန် ဆန္ဒဖြစ်ပေါ်သည့် လုပ်သားအင်အားများ နေ့စဉ် တိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

တစ်လလုံးလုပ်တဲ့ လုပ်အားခ ၅၀၀၀ မပြည့်တဲ့ အလုပ်သမားတွေ အများကြီးပဲ၊ ဖျားလို့ နာလို့ ခွင့်ယူရင် ရက်မှန်ကြေး ၅၀၀၀ ဖြတ်တဲ့အပြင် ပျက်ရက် ၅ ရက်ကျော်ရင် တစ်လလုံးစာ ဖြတ်ပစ်လိုက်တယ်၊ အချိန်ပိုကြေးကလည်း တစ်နာရီ ၈၀ ကျပ်ပဲရတဲ့အပြင် အလုပ်ချိန် ၁၂ နာရီကျော်မှ အချိန်ပိုကြေး ရတယ်
အစာငတ်ခံ ဆန္ဒပြနေသည့် အလုပ်သမား ၂၀ ဦးအား ကျန်ရှိသည့် စက်ရုံလုပ်သား ၅၀၀ ကျော်မှ ၀န်းရံစောင့်ရှောက်ထားကြောင်း သိရှိရပြီးထိုကဲ့သို့ ဆန္ဒပြမှုမှာ ရန်ကုန်မြို့တွင် မကြာခဏ ဖြစ်ပွားနေသည့် စက်ရုံလုပ်သား ဆန္ဒပြမှုများအနက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူ သံမဏိစက်ရုံရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားနေသည့် မြင်ကွင်းများအား တွေ့မြင်ရစဉ်
လုပ်သားများဆန္ဒပြသည့် အဓိကအကြောင်းရင်းများမှာ အခြေခံလစာ တစ်လလျှင် ၄၈၀၀ ကျပ်သာ သတ်မှတ်ထားခြင်း၊ အချိန်ပိုကြေး တစ်နာရီ ၈၀ ကျပ်သာ ရရှိခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက ထိရောက်သော ကုသမှု မရှိခြင်း၊ နားရက်နှင့် ခွင့်ရက်ခံစားခွင့် မရှိခြင်း၊ ပျက်ရက်များအတွက် ဒဏ်ကြေးတစ်ရက်လျှင် ၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ဒဏ်ရိုက်ခြင်း စသည့် အချက်များကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ဆန္ဒပြမှုအား မေလ ၂၀ ရက်နေ့ နံနက် ၇ နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး စက်ရုံရှိ လုပ်သားအင်အား ၇၀၀ ကျော်အနက် ၅၀၀ ကျော် ပါဝင်ခဲ့ပြီး စက်ရုံအတွင်းရှိ တရုတ်လုပ်သားများနှင့် စားဖိုဆောင်၊ လုံခြုံရေး စသည့် ၀န်ထမ်းများအား စက်ရုံဝန်းအတွင်းမှ ထွက်ခွာခွင့် မပြုသော်လည်း မေလ ၂၅ ရက်နေ့မှစတင်ကာ စားဖိုဆောင်လုပ်သား အမျိုးသမီး ၁၂ ဦး စတင် ပါဝင်လာခဲ့ကြောင်း သိရှိရပါသည်။
''မေလ ၁၉ရက်နေ့ နေ့လယ် ၂  နာရီမှာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည်အ၀ရဖို့ ပထမဆုံးအကြိမ် ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။ ညနေ ၆ နာရီမှာ ထပ်မံညှိနှိုင်းတော့ စက်ရုံမှုးဦးမြင့်ဆွေက မင်းတို့တောင်း ဆိုတာ ဘာမှ လုပ်မပေးနိုင်ဘူး၊ တိုင်ချင်ရာတိုင်လို့ ပြောတဲ့အတွက် ည ၈ နာရီမှာ အရေးပေါ် အစည်းအဝေးထိုင်ပြီး ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့မှာ အလုပ်သမားတွေရဲ့ အဓိကတောင်းဆို ချက်ဖြစ်တဲ့ အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်ကနေ ကျပ် ၄၀၀၀၀ အထိ တိုးတောင်းတာကို မလိုက်လျောတဲ့အပြင် အလုပ်ရှင် ပြည်မကြီး ပြန်သွားတယ်ပြောလို့ မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးအထိ လမ်းလျောက် ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကိုမင်းကိုနိုင်တို့အဖွဲ့က မေတ္တာရပ်ခံတားမြစ်ခဲ့လို့ ဒီအစီအစဉ်ပျက်သွားပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေ မရမချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်၊ ပြီးရင် အလုပ်သမား အင်အားစုထဲက အစာငတ်ခံ ဆန္ဒပြချင်တဲ့သူတွေကို နေ့စဉ် တိုးမြှင့်သွားမယ်''ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ပြောသည်။
အလုပ်သမားများ တောင်းဆိုသည့်အချက် ၁၃ ချက်ရှိပြီး အဓိက တောင်းဆိုသည့် အချက်များမှာ အခြေခံလစာ တိုးမြှင့်ပေးရေး၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်နှင့် အခြားသော ခွင့်ခံစားခွင့်များပေးရေး၊ လူမှုဖူလုံရေး ကတ်ရရှိရေး၊ ဒဏ်ကြေးလျော့ပေါ့ရေး၊တရားဝင်ရုံးပိတ်ရက်များနှင့်အများ ပြည်သူရုံးပိတ်ရက်များတွင် အလုပ် ပိတ်ရေး၊စက်ရုံမှသိမ်းဆည်းထား သောမှတ်ပုံတင် ပြန်လည်ရရှိရေး၊ တရုတ်စက်ရုံမှုးနှင့်မြန်မာစက်ရုံမှုး အကြားနားလည်မှုရယူ၍အလုပ်လုပ် ရာတွင်ညှိနှိုင်းဆောင်ရွက် ရေး၊၀န်ထမ်းရေးရာဋ္ဌာနသီးခြား ဖွင့်လှစ်ပေးရေး၊လစဉ်လဆန်း ၇ ရက်မတိုင်မီ လစာရရှိရေး၊ ဋ္ဌာနတစ်ခုတွင် စကားပြန်တစ်ဦး ထားရှိရေး၊ ၀န်ထမ်းအားလုံး တိုးမြှင့်ဆုကြေး ခံစားခွင့်ရှိရေး၊ အလုပ်သမားများအတွက် လုပ်ငန်းသုံး ပစ္စည်းလိုအပ်ချိန်တွင် ရရှိရေး၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား စက်ရုံအ၀င်ဝ တွင်ပင် ပေါက်ကွဲမှု မဖြစ်ပွားရေး ဆောင် ရွက်ပေးရန်၊လက်ရှိစက်ရုံမှုးအား တာဝန်မှရပ်ဆိုင်းပေးရန် စသည့် အချက်များတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
''စက်ရုံမှာ တစ်လလုံးလုပ်တဲ့ လုပ်အားခ ၅၀၀၀ မပြည့်တဲ့ အလုပ်သမားတွေ အများကြီးပဲ၊ ဖျားလို့ နာလို့ ခွင့်ယူရင် ရက်မှန်ကြေး ၅၀၀၀ ဖြတ်တဲ့အပြင် ပျက်ရက် ၅ ရက်ကျော်ရင် တစ်လလုံးစာ ဖြတ်ပစ်လိုက်တယ်၊ အချိန်ပိုကြေးကလည်း တစ်နာရီ ၈၀ ကျပ်ပဲရတဲ့အပြင် အလုပ်ချိန် ၁၂ နာရီကျော်မှ အချိန်ပိုကြေး ရတယ်။ ဒီကြားတဲ့ နန်းဆွဲတဲ့ သံချောင်းတွေ အနည်းငယ်ပွန်းပဲ့သွားရင် ပြန်ပြီးတော့ သံရည်ကျိုမခံဘဲ ဒဏ်ကြေး ၁၅၀၀၀ အထက်ရိုက်တယ်။ ဒီဆန္ဒပြမှုဖြစ်တာကလည်း အခြေခံလုပ်သားတွေရဲ့ အခွင့်အရေးကို အရမ်းဖိနှိပ်ထားလို့ပါ၊အခြားစက်ရုံတွေမှာအခြေခံ လစာ တစ်လ ကျပ် ၆၀၀၀၀ ၀န်းကျင် ရနေချိန်မှာ ကျွန်တော်တို့ လုပ်သား အားလုံးက အခြေခံလစာ ၁၆၀ ကျပ်ပဲ တပြေးညီရနေပါတယ်၊ ဒီအကြောင်းကို စက်ရုံမှုးကိုတင်ပြတော့ မင်းတို့ကို ထမင်းကျွေးထားတယ်၊ နေစရာပေးထားတယ်ပြောပါတယ်။ အလုပ်သမား မိသားစုတွေ ဘယ်လိုနေ၊ ဘယ်လိုစားရမလည်းဆိုတာ သူမစဉ်းစားဘူး''ဟု ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုအောင်ကိုလတ်က ပြောသည်။
အလုပ်သမားများ ဆန္ဒပြရာတွင် လိုအပ်ချက်များ ရရှိရေး ၊အလုပ်ရှင်နှင့် အလုပ်သမားအကြား တာဝန်ရှိသူများမှ ပြေလည်အောင် ညှိနှိုင်းပေးမပေးနှင့် ရန်ကုန်သရဖူ သံရည်ကျိုစက်ရုံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေး တို့အတွက် Action Labour  Rights မှစောင့်ကြည့် ကူညီ ပေးနေပြီး ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီဖြေရှင်းပေးမှု လိုအပ်နေကြောင်း ယင်းအဖွဲ့အစည်းမှ ဥပဒေပညာရှင် ကိုသူရိန်အောင်က ပြောသည်။

အလုပ်သမားများ ဆက်လက် ဆန္ဒပြမည်ဆိုသည့် အချက်နှင့် ပတ်သတ်၍ စက်ရုံမှုးဦးမြင့်ဆွေ၊ဥပဒေအကြံပေးဦးခင်မောင်မြင့်နှင့် တွေ့ဆုံခွင့်တောင်းရာ စက်ရုံမှုး ဦးမြင့်ဆွေ အိမ်ပြန်သွားပြီဟု ပြောဆိုခဲ့ပြီး၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်မှာ စက်ရုံအတွင်း၌ အစည်းအဝေး ဆက်လုပ်နေသဖြင့် တွေ့ဆုံရန်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်သွယ်စုံစမ်း မေးမြန်းရန် တာဝန်ရှိသူများ၏ ဖုန်းနံပါတ်နှင့် စက်ရုံဖုန်းနံပါတ် တောင်းခံရာတွင် ပေးပိုင်ခွင့်မရှိကြောင်း စက်ရုံ လုံခြုံရေးမှုးဦးမျိုးသန့်က ပြောသည်။

အဆိုပါ ဆန္ဒပြမှုမှာ စက်ရုံ သက်တမ်း ၁၀ နှစ်ကျော်ကာလ အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ယင်းစက်ရုံအား တရုတ်လူမျိုးမာစတာ ရှောက်စန်းပိုင်ဆိုင်ကာ ယင်းမှာ မြန်မာနိုင်ငံတွင် ရန်ကုန်သရဖူသံမဏိ သံရည်ကျိုစက်ရုံ နှင့် Standard Cable ၀ါယာစက် ရုံနှစ်ခု ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိရှိရပါသည်။

အထက်ပါသတင်းအား အတည်ပြုချက်ရယူရန် အလုပ်သမားခေါင်းဆောင် ကိုဇော်ထက်ထံမှ ရရှိသည့် ဖုန်းနံပါတ်ဖြင့် စက်ရုံဥပဒေအကြံပေး ဦးခင်မောင်မြင့် ကိုင်ဆောင်သည့် မိုဘိုင်းဖုန်းသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းနံပါတ် မှားယွင်းနေပါသည်ဟု ဖြေကြားခဲ့သည်။

ပြည်မြို့တွင် လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ဆန္ဒထုတ်ဖော်သူများ အင်အားသုံး၍ဖြိုခွဲခံခဲ့ရကြောင်းသိရ

ပြည်မြို့တွင် မေလ ၂၃ ရက်နှင့် ၂၄ ရက်များက လျပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ရာ မေလ ၂၄ ရက် နံနက်ပိုင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးဖြိုခွဲခြင်းကိုခံခဲ့ရကြောင်း သတင်းရရှိပါသည်။

မေလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မြို့လည်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ဖယောင်းတိုင်မီးများ စုပေါင်းထွန်းညှိခဲ့ကြောင်းသိရသည်။ မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နံနက် ၉ နာရီအချိန်မှစ၍ လူဦးရေ ၅၀ ကျော်ခန့်ရှိသည့် ဆန္ဒဖော်ထုတ်သူများမှ ပြည်မြို့တွင်းရှိ လမ်းများ၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြရာ လမ်းရှည်လမ်းနှင့် လက်သမားလမ်းထောင့် အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပထမအကြိမ် အင်အားသုံးဖြိုခွဲခဲ့ကြောင်း သိရသည်။ ထိုသို့ဖြိုခွင်းမှုကြောင့် ဆန္ဒဖော်ထုတ်သူများထဲမှ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား ဆန္ဒဖော်ထုတ်သူများအား လိုက်လံအားပေးသည့် မြို့ခံလူထုအင်အား ၅၀၀ ကျော်မှ ၀ိုင်းဝန်းကာကွယ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါဆန္ဒဖော်ထုတ်သူများသည် လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရာ ဗိုလ်ချုပ်ကျောက်တိုင် အနီးအရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဒုတိယအကြိမ် အင်အားသုံးဖြိုခွင်းခြင်းခံခဲ့ရပြီး လူ ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်အတွင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များနှင့် ဆွေးနွေးမှုများပြုလုပ်ပြီး မွန်းလွဲ ၂ နာရီကျော်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ထိန်းသိမ်းခံရသော ၆ ဦးအား ပြန်လည်လွှတ်ပေးရာ၌ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း အသိပေးခဲ့ပြီး အာမခံဖြင့်ပြန်လည်လွှတ်ပေးခြင်း ဖြစ်ကြောင်းသိရပါသည်။

''ကျွန်တော့်နာမည် ဦးကျော်ဆွေပါ။ ထိန်းသိမ်းခံရတဲ့ ၆ ဦးထဲက တစ်ဦးပါ။ ကျွန်တော်တို့တွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဆူပူအကြမ်းဖက်ဖို့ လုံးဝရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို လုံခြုံရေးတွေက အင်အားသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ ပထမအကြိမ်ဖြိုခွင်းတာမှာ မြို့ခံလူထုကောင်းလို့သာ ဒဏ်ရာရတဲ့သူ နည်းခဲ့တာပါ။ ဒုတိယအကြိမ်မှာတော့ ဗိုလ်ချုပ်ကျောက်ရုပ် မရောက်ခင်မှာ လုံခြုံရေးတွေက အင်အားသုံးဖြိုခွဲတာ ခံရပါတယ်။ ကျွန်တော်အပါအ၀င် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းပြီး အချုပ်ကားနဲ့ ပြည်ထောင်ကို ခေါ်သွားပါတယ်။ ထောင်ပိုင်ကြီးရဲ့ရုံးခန်းမှာ ကျွန်တော်တို့ကို ထားပါတယ်။ ထောင်ပိုင်ကြီးကတော့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ ခေတ္တထိန်းသိမ်းထားရတာ ဖြစ်ကြောင်းရှင်းပြပြီး ထမင်းတောင်ကျွေးပါသေးတယ်။ အဲဒီနောက် လွှတ်တော်အမတ်တွေအပါအ၀င် အာဏာပိုင်အဖွဲ့အစည်းတွေ ရောက်လာပြီး ကျွန်တော်တို့အားလုံး ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ဆန္ဒပြမှုနဲ့ အမှုဖွင့်ထားကြောင်းနဲ့ အခုအာမခံနဲ့ ပြန်လွှတ်ပေးတာဖြစ်ပြီး ခံဝန်လက်မှတ် ထိုးခိုင်းပါတယ်။ လွှတ်တော်အမတ် ၅ ယောက်ရဲ့ အာမခံနဲ့ ပြန်လွှတ်ပေးတာဖြစ်ပါတယ်'' ပြန်လည်လွတ်မြောက်လာသူ ဦးကျော်ဆွေမှ ပြောကြားပါသည်။

အဆိုပါပြစ်မှုအား ဥပဒေနှင့်အညီ ပြန်လည်တရား ရင်ဆိုင်သွားမည်ဟု သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံး ဖြိုခွင်းမှုကြောင့်  ဒဏ်ရာရရှိသွားခဲ့သူ ၃ ဦးမှလည်း အမှုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ပြောကြား

နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ မေလ ၃ ရက်နေ့တွင် ထွက်ရှိလာသော အမိန့်အရ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ရပ်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်တွင်းသတင်းထောက်တစ်ဦးမှ "နိုင်ငံတော် ဒုတိယ သမ္မတအနားယူတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ဒုတိယသမ္မတက ထွက်စာတင်ထားတာလား။ နှုတ်ထွက်ခွင့်တောင်းတာလား သိချင်ပါတယ်။ တစ်ချို့ကလည်း ဘုန်းကြီးဝတ်နေတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် မေလ ၃ရက်နေ့က ထွက်လာတဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ ပါလာတာတွေ့ရပါတယ်။ နိုင်ငံတော် ဒုတိယသမ္မတအနေနဲ့ အမှန်တစ်ကယ် အနားယူသွားပြီလား။ တာဝန် ဆက်လက်ဆောင်ရွက်နေလား သိရှိလိုပါတယ်။"ဟု မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က "ကျွန်တော်လည်း အမှန်တစ်ကယ်ပြောရရင် ဒီတစ်လောမှာ ရန်ကုန်နဲ့ မြန်မာပြည်မှာနေတာထက် အပြင်မှာ ရောက်နေတာများပါတယ်။ အဲဒီ ကိစ္စတွေတောင်မှ အွန်လိုင်းကနေပဲသိရတဲ့ ဘ၀ဖြစ်နေပါတယ်။ ရေရေရာရာမသိပါဘူး။ ပြောရရင်တော့ ၃ရက်နေ့က ထွက်လာတဲ့ အမိန့်အရ ဒုသမ္မတကြီး ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါနေတယ်ဆိုလို့ရှိရင် သူသည် တရားဝင် position အရ ရှိနေတုန်းပဲဆိုတာ ရှင်းပါတယ်။ ဒုသမ္မတတစ်ယောက် နှုတ်ထွက်တယ်ဆိုတာ ပေါ့သေးသေးကိစ္စမဟုတ်ပါဘူး။ ဖြစ်လာတာနဲ့ တရားဝင်ပေါ်ပေါက်လာတဲ့ ကိစ္စမျိုးဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ကျွန်တော်ရဲ့ ပုဂ္ဂလိက အမြင်ပါ။ ဒါမျိုးက ပုန်းလျိုးကွယ်လျိုး လုပ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘဲ ဖြစ်လာတဲ့အခါကျရင် တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်မှာပေါ့။ မဖြစ်သေးရင် မဖြစ်ဘူးပေါ့။ အခု လက်ရှိအနေအထားအရတော့ ဒုတိယသမ္မတကြီးက ရှိနေတုန်းပဲ ဆိုတာ ကြေငြာချက်အရ ရှင်းနေပါပြီ" ဟုပြောကြားခဲ့သည်။

လျှပ်စစ်မီးမရရှိမှု ပြဿနာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် များပြားလာ အိမ်နီးချင်းနိုင်ငံများအား လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရောင်းချသော ရေအားလျှပ်စစ် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်သင့်

လျှပ်စစ်မီးအပြည့်အ၀ ရရှိရေးအတွက် မန္တလေးလူထု၏ ဆန္ဒထုတ်ဖော်မှုကို မေလ ၂၀ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ လျှပ်စစ်မီးမရရှိမှု ပြဿနာသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပိုမိုများပြားလာပြီး နယ်ဒေသများတွင်သာမက မြို့ကြီးများတွင်ပါ ယင်းပြဿနာကို ရင်ဆိုင်ကြုံတွေ့လာရကြောင်း သတင်းရရှိပါသည်။

အများပြည်သူ လျှပ်စစ်ဓာတ်အား ရရှိမှုတွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများသည် အများဆုံးဖြစ်ပြီး ကျန်ဒေသများ၌ လျပ်စစ်မီးရရှိမှု နည်းပါးကာ ကျေးလက်အများစုတွင်မူ ဖယောင်းတိုင်များ၊ တစ်နိုင်တစ်ပိုင် အစီအစဉ်များဖြင့်သာ ညပိုင်းတွင် သုံးစွဲနေရဆဲဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်စီမံကိန်းများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ ထိုင်း စသည့် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျက်ရှိကာ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကိုလည်း ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းဝန်းကျင်အထိ အဆိုပါနိုင်ငံများသို့ ရောင်းချမည် ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လျပ်စစ်မီး မရရှိမှုကို ကြုံတွေ့နေရချိန်တွင် အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်သင့်ပြီဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေပါသည်။
မေလ ၂၂ ရက်နေ့က လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်သူများကို ရန်ကုန်မြို့တွင် တွေ့ရစဉ်
''တရားမျှတမှု ရှိသလား၊ နိုင်ငံအတွက် အကျိုးရှိသလား ကြည့်သင့်တယ်။ စီးပွားရေးပဲကြည့်မလား။ ရတဲ့ လျှပ်စစ်တွေကိုရောင်းပြီး နိုင်ငံအတွက် မစဉ်းစားတာမျိုးက မဖြစ်သင့်ဘူး။ အခုဆို ရန်ကုန်၊ မန္တလေးတောင် မီးမရတော့ဘူး။ နိုင်ငံအကျိုးကို မကြည့်ဘူး၊ ပိုက်ဆံအကျိုးကိုပဲ ကြည့်မလား။ စီးပွားရေးတော့ မလုပ်ရဘူးမဟုတ်ဘူး၊ လုပ်ရမယ်။ လူတွေတော့ ဒုက္ခမဖြစ်စေရဘူး''ဟု FREDA မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသော ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၈ ရုံ၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၀ ရုံစုစုပေါင်း ၂၉ ရုံရှိပြီး ဒေသအသီးသီးသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း အမှတ် (၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရေအား၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့စက်ရုံများပေါင်း၍ ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏမှာ မိုးရာသီတွင် အများဆုံး ၁၆၁၀ ခန့်၊ နွေရာသီတွင် ၁၃၄၀ခန့်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း မိုးရာသီ၌ ၁၅၆၀ မဂ္ဂါဝပ်သာ အသုံးပြုသဖြင့် ထုတ်လုပ်မှုသည် သုံးစွဲမှုထက် ပိုနေကြောင်း သိရသည်။ နွေရာသီတွင်မူ အများဆုံးသုံးစွဲမှုမှာ ၁၈၅၀ မဂ္ဂါဝပ် အထိရှိပြီး နွေရာသီကာလ ထုတ်လုပ်မှုထက် ပိုနေသည့်အတွက် အများပြည်သူအား သုံးအုပ်စုခွဲကာ အုပ်စုလိုက် အလှည့်ကျ ဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုပါသည်။ 
လက်ရှိကာလသည် မိုးရာသီကာလသို့ ၀င်ရောက်ရန် နီးကပ်လာချိန်ဖြစ်နေပြီး ယခုရက်ပိုင်းအတွင်းတွင်ပင် လူနေထူထပ်သော၊ စီးပွားရေးလုပ်ငန်းများ အဓိက လုပ်ကိုင်ရာဖြစ်သော ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့နှင့် နယ်ဒေသများ၌လည်း လျှပ်စစ်မီး မရရှိမှုများကို ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၂ ရက်နေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့သော ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် NLD ရုံးခန်းဖွင့်ပွဲတွင် ''ကျွန်မတို့နိုင်ငံမှာ လျှပ်စစ်မီးမှန်မှန် မရတာဟာ ဘာကြောင့်လဲဆိုတော့ စနစ်က မမှန်လို့ဘဲလို့ ပြောချင်တယ်။ လျှပ်စစ်မီးရရှိဖို့ပဲ ဖြစ်ဖြစ်၊ ရေရရှိဖို့ပဲဖြစ်ဖြစ်၊ အင်မတန် အရေးကြီးတဲ့ အလုပ်ရဖို့ပဲဖြစ်ဖြစ် ပြင်ဆင်ရမှာက စနစ်ဖြစ်တယ်ဆိုတာကိုတော့ ကျွန်မ ယုံကြည်ချက်ဖြစ်ပါတယ်''ဟု ပြည်သူလူထုသို့ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

''ပြီးခဲ့တဲ့ ၂၀ ရက်နေ့ နေ့လယ်လောက်က တီဗွီမှာ ၂၁ ရက်နေ့မှာ သုံးပိုင်းခွဲပြီး အလှည့်ကျ မီးပေးမယ်လို့ ကြေညာခဲ့တယ်။ နောက် ၂၁ ရက်နေ့လည်းကျရော ညနေ ၅ နာရီကစပြီး ည ၁၁ နာရီအထိ ပျက်ခဲ့တယ်။ မီးပျက်ရင်အဓိက ခံစားကြုံတွေ့ရတာက ရေပြဿနာပါပဲ''ဟု တောင်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက ပြောပါသည်။

လက်ရှိကာလ၌ မြန်မာနိုင်ငံသို့ အမေရိကန်အပါအ၀င် အီးယူနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် လာရောက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေပြီး မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှု အခွင့်အလမ်းများ မြင်သာမှု ရှိလာချိန်၌ လျှပ်စစ်မီး မလုံ လောက်မှုကဲ့သို့သော အခြေခံအဆောက်အဦပိုင်း အားနည်းမှုက ယင်းအခွင့်အလမ်းများကို နှောင့်နှေးမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်းလည်း သုံးသပ်ကြပါသည်။
''မနှစ်ကတစ်နှစ်ပဲ နွေမှာ မီးလာပါတယ်။ စက်မှုဇုန်တွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ခြောက်သွေ့ရာသီရောက်ပြီဆိုရင် နှစ်နာရီကနေ လေးနာရီလောက်ပဲ မီးလာတယ်။ ဒီတော့ စက်မှုဇုန်က စက်ရုံတိုင်းမှာ မီးစက်တွေရှိတယ်။ ကိုယ်ဘာသာကိုယ် မီးစက်နဲ့ သုံးတဲ့အခါမှာ တစ်ယူနစ်ကျပ် ၅၀၀ လောက်ကျတယ်။ အဲဒီတော့ ကုန်ကျစရိတ် တက်တယ်။ အဲဒီတော့ ပြည်တွင်းထုတ်ကုန်တွေ ဈေးမြင့်တယ်။ ၀ယ်လိုအား ကျတယ်။  စက်မှုကဏ္ဍ တိုးတက်သင့်သလောက် မတိုးတက်ဘူးဖြစ်နေတဲ့ သဘောရှိတယ်။ အမှန်ကတော့ ကိုယ့်နိုင်ငံက ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့ မထွက်တဲ့ နိုင်ငံမဟုတ်ဘဲနဲ့ အခုလိုဖြစ်နေတာ သဘာဝတော့ မကျဘူး''ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြ စာရင်းဇယားများအရ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၃၉၄၇ ဖြင့် နံပါတ် တစ်နေရာတွင် ရှိနေသည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ၁၀ နိုင်ငံမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အင်္ဂလန်၊ စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်နှင့် အင်ဒိုနီးရှားတို့ ဖြစ်သည်။
''စွမ်းအင်နဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်သင့်ပါပြီ။ ဟိုတုန်းက အမေရိကန် စီးပွားရေး ပိတ်ဆို့မှုရှိတဲ့အတွက် ကုန်ကြမ်းကို ရောင်းစားခဲ့ရတယ်။ အခု စီးပွားရေး ပိတ်ဆို့မှုကိုလည်း ရုပ်သိမ်းလိုက်ပြီ။ ကုန်ကြမ်းရောင်းဖို့ထက် ပြည်တွင်းမှာ လိုအပ်နေတဲ့ လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ဖို့ လိုပါတယ်။ ပြည်ပကို ရောင်းစားတယ်ဆိုရင်လည်း ဘယ်လောက်ရာခိုင်နှုန်းပဲ ရောင်းတယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်''ဟု သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာဟောင်းဖြစ်သူ ဦးတင်မောင်သန်းက ပြောပြခဲ့သည်။

စီမံကိန်းတွေမလုပ်ခင်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်သူတွေအတွက် အမှန်တကယ် လုံလောက်မှု ရှိ၊ မရှိ၊ ရရှိသုံးစွဲနိုင်မှု ရှိ၊ မရှိ အရင်စဉ်းစား ပြီးတော့မှ ပြည်ပပို့တာကို စဉ်းစားသင့်တာပါ။ မြန်မာနိုင်ငံမှာက Public Policy အားနည်းတဲ့အတွက် ပြည်သူတွေကို စနစ်တကျ မကာကွယ်နိုင်ဘူး ဖြစ်နေတယ် . . .
မြန်မာနိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၆၅ ရာခိုင်နှုန်းသည် သဘာဝသယံဇာတနှင့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရေအားလျှပ်စစ်စီမံကိန်းများ၌ ထမံသီ စီမံကိန်း၊ ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်း၊ ရွှေလီ ရေအားလျှပ်စစ်စီမံကိန်း၊ တာပိန် ရေအားလျှပ်စစ်စီမံကိန်း၊ မေခ-မလိခမြစ်ဝှမ်း စီမံကိန်းများ ပါဝင်နေသည်။
ကရင်ပြည်နယ်ရှိ ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းသည် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး ထွက်ရှိမည့် လျှပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ရောင်းချမည်ဖြစ်သည်။ ချင်းတွင်းမြစ်ပေါ်၌ တည်ဆောက်မည့် ထမံသီရေအားလျှပ်စစ်စီမံကိန်းသည် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြစ်ကာ လျှပ်စစ်များ၏ ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ ပို့လွှတ်ရောင်းချမည် ဖြစ်သည်။

ရွှေလီ ဓာတ်အားပေးစက်ရုံတွင် မဂ္ဂါဝပ် ၂၀၀ ထုတ်လုပ်နိုင်သော တာဝါတိုင် ခြောက်လုံးရှိပြီး မြန်မာနိုင်ငံအတွက် မဂ္ဂါဝပ် ၂၀၀ ပို့လွှတ်နေကာ ကျန်သည့်ပမာဏကို တရုတ်နိုင်ငံသို့ ရောင်းချထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ ဓာတ်အားလိုအပ်ချက်မှာ ၁၈၅၀ မဂ္ဂါဝပ်ရှိမည်ဖြစ်ကာ ထောက်ပံ့ပေးနိုင်သည့် ပမာဏမှာ ၁၄၅၀  မှ ၁၅၀၀ မဂ္ဂါဝပ်ခန့်သာ ရှိကြောင်းလည်း သိရှိရသည်။

''အရင်က ကိုယ်ကြိုက်တာ ကိုယ်လုပ်ခဲ့တယ်။ အခု ဒီမိုကရေစီအစိုးရ ဖြစ်နေပြီ။ မလုပ်နိုင်ရင်ထွက်၊ လုပ်နိုင်သူတက်တာ ပြည်သူ့အစိုးရပဲ။ အရင်က ဘာတွေလုပ်တယ်ဆိုတာ ထင်သာမြင်သာ မရှိဘူး။ အခုက အဖြေမှန်တွေ ပေါ်လာပြီ။ ၀န်ကြီးဌာနတွေရဲ့ ခြစားမှုလိုမျိုးတောင် ပေါ်လာပြီ။ အခုနိုင်ငံက ရှေ့ဆက်ရမှာ။ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတော့မယ်။ ဖယောင်းတိုင်မီးနဲ့ နေရတဲ့တိုင်းပြည်ကို ဘယ်သူလာမှာလဲ။ စီမံကိန်းတွေက ကိုယ့်ပြည်သူကို တကယ်အကျိုးရှိသလား၊ မရှိဘူးလား စဉ်းစားစေချင်တယ်''ဟု မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ကို အများဆုံး တင်ပို့ထားပြီး ပြည်ပပို့ကုန်၏ ၄၀ ရာခိုင်နှုန်းအထိကို တင်ပို့နေခြင်းဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏမှာ ၂၈ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ရေမြေအနေအထားနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာခြင်းဖြစ်သည်။ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံ စွမ်းအင်သုံးစွဲမှု ပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိခြင်းဖြစ်သည်။

ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှထွက်ရှိသည့် ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှ ထိုင်းနိုင်ငံ ကချနဘူရီခရိုင်အထိ သွယ်တန်းသွားမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ ကနဦး တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၂၄၅ သန်းခန့် တင်ပို့ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဓာတ်ငွေ့ကုဗပေ သန်း ၆၀ ခန့်ကို ပြည်တွင်းသုံးအတွက် ပို့လွှတ်မည်ဖြစ်ကြောင်း PTTEPI ရေနံကုမ္ပဏီမှ ရရှိသော သတင်းများ အရ သိရှိရသည်။ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းသည် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် PTTEPI တို့ ဖက်စပ်ဆောင်ရွက်သော လုပ်ငန်းဖြစ်ပြီး ထပ်မံရှာဖွေတွေ့ရှိမှုအပေါ် မူတည်၍ အဆင့်သုံးဆင့်ကို အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရေနံစိမ်းစည်သန်း ၆ ဒသမ ၉၆ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၃၉၆၁၄ ဒသမ ၈၅ သန်း ထုတ်လုပ်ခဲ့ပြီး ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ရတနာသဘာဝဓာတ်ငွေ့မြေနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များတွင် စတင်တင်ပို့ ရောင်းချခဲ့ပါသည်။ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထိုင်းနိုင်ငံသို့ ၃၆ လက်မ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ခန့် နေ့စဉ် ပေးပို့ရောင်းချနေပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၂၄ လက်မ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၆၀ ခန့် နေ့စဉ် ပေးပို့ ရောင်းချလျက်ရှိသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေ၊ ရွှေဖြူ၊ မြ စသည့်သဘာဝ ဓာတ်ငွေ့မြေ အသီးသီးတို့တွင် သဘာဝဓာတ်ငွေ့ ပမာဏ ၄ ဒသမ ၅၃၂ တီစီ အက်ဖ်ခန့် ရှိသည်ဟု ခန့်မှန်းထားသည်။

ယင်းသို့ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စသည့် စွမ်းအင်ရင်းမြစ်များကို အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချမှုများ၊ ထပ်မံရောင်းချမည့် အစီအစဉ်များ ရှိနေချိန်တွင် နိုင်ငံတွင်း၌ လျှပ်စစ်မီး ပြတ်တောက်မှုများ များပြားလာကာ ရန်ကုန်၊မန္တလေး၊ မုံရွာစသည့် မြို့ကြီးများတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ စတင်ခဲ့သည်။ 
မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြ ထုတ်ဖော်မှုများကို မေလ ၂၀ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ပြီး မေလ ၂၁ ရက်နေ့ ဒုတိယ ဆန္ဒထုတ်ဖော်မှုတွင် လူအမြောက်အမြား ပါဝင်လာခဲ့သည်။ အဆိုပါ ဆန္ဒပြ ထုတ်ဖော်မှုများနှင့် ပတ်သက်၍ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စာရေးဆရာ ညီပုလေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်သန်းမြင့်နှင့်အဖွဲ့၊ ကဗျာဆရာ ဥက္ကာကျော် အစရှိသူတို့ အပါအ၀င် ဆန္ဒထုတ်ဖော်သူများ အား အထူးသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့ကာ ယင်းနေ့ မွန်းလွဲပိုင်းတွင် ခေါ်ယူမေး မြန်းခံရသူ အားလုံးနီးပါး နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။

စာရေးဆရာ ညီပုလေးက ''အရင် ဖြတ်သန်းခဲ့တဲ့ စစ်ကြောရေး ပုံစံမျိုး မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန် မေးမြန်းပြောဆိုပြီး လူကြီးလူကောင်းလို ဆက်ဆံပါတယ်။ အခုလို ဆန္ဒဖော်ထုတ်တဲ့သူတွေကို ပြည်ထောင်စုဝန်ကြီးတို့၊ လျှပ်စစ်ဝန်ကြီးတို့နဲ့ တွေ့ပေးချင်လို့ပါလို့ ပြောပါတယ်။ အရေးယူဖို့ မဟုတ်ပါဘူးတဲ့။ စီတန်းလှည့်လည်တဲ့ ဥပဒေ မပြဋ္ဌာန်းရသေးဘူးလို့လည်း ပြောပါတယ်။ အေးအေးချမ်းချမ်း ဆန္ဒဖော်ထုတ်ခွင့် ရတယ်ဆိုတာ လူတွေ သိသွားစေချင်တာ။ ကျွန်တော့် သဘောက ဆူမယ်။ ပူမယ် အကြမ်းဖက်မယ်။ ခဲနဲ့ပေါက်တာတွေ မီးနဲ့ရှို့တာတွေမလုပ် စေချင်ပါဘူး''ဟု ပြောပြခဲ့သည်။
''ကျွန်တော်တို့ ရပ်ကွက်ဆို မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအထိမီး ပေးတယ်။ တခြားရပ်ကွက်က ည ၁၁ ကနေ မနက် ၆ ရတာရှိတယ်။ မနက် ၆ ကနေ နေ့လယ် ၁၁ နာရီပေးတာ ရှိတယ်။ မီးကလာချိန်သာ မမှန်တာ။ ပျက်ချိန်တော့ မှန်တယ်။ လာချိန်မှာ လည်း ပျက်ချင်ရင် ပျက်တယ်။ မီးအား မကောင်းဘူး။ ရေတင်လို့လည်း အဆင်မပြေဘူး။ ကျွန်တော်တို့ဆီမှာ မနေ့ညကတော့ ၇ နာရီလောက် ဆန္ဒဖော်ထုတ်တာ စလုပ်တယ်''ဟု မုံရွာမြို့မှ လူငယ်တစ်ဦးက မေလ ၂၂ ရက် နေ့ ညနေပိုင်းတွင် ပြောပြသည်။
ထို့အတူ ရန်ကုန်မြို့တွင်လည်း လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင်မီးဖြင့် ဆန္ဒဖော်ထုတ်မှုများကို မေလ ၂၂ ရက်နေ့ ၇နာရီ ၀န်းကျင်တွင် မြို့တော်ခန်းမဘေး၌ စတင်ပြုလုပ်ခဲ့သည်။ မဟာဗန္ဓုလလမ်းနှင့် ၃၁ လမ်းအနီးတွင် လုံခြုံရေးတာဝန်ရှိ သူများက ဆက်လက် မသွားရောက်ရန်နှင့် ဖယောင်းတိုင် မီးငြှိမ်းသတ်ရန် ပြောကြားခဲ့ပြီး ညှိနှိုင်းမှုအပြီးတွင် ဆန္ဒဖော်ထုတ်သူများက ဆက်လက်မသွားတော့ဘဲ ထွန်းညှိထားသော ဖယောင်းတိုင်မီးများကို ဆူးလေဘုရားတွင် ထွန်းညှိ ပူဇော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဆန္ဒဖော်ထုတ်သူများသည် ဆူးလေဘုရားတွင် ထွန်းညှိထားသော ဖယောင်းတိုင်မီးများဖြင့် ည ၇နာရီခွဲခန့်တွင် လျှပ်စစ်မီးရရှိရေးအတွက် ၀တ်ပြုဆုတောင်းခဲ့ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ တစ်ဝက်နီးပါးဖြစ်သည့် မဂ္ဂါဝပ် ၈၀၀ ကျော် သုံးစွဲလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေလီ ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ရန်ကုန်အတွက် လျှပ်စစ်ဓာတ်အားကို မဂ္ဂါဝပ် ၄၅၀ သာ ပေးနိုင်တော့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် မတ်လအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သော်လည်း ယင်းနောက်ပိုင်း ပုံမှန်ရရှိခဲ့ပြီး ယခုအခါ ပြန်လည်ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအတွက် ၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ရွှေ့ပြောင်း မီးစက်ကြီး လေးလုံးကို အမေရိကန်အခြေစိုက် General Electric ( GE) ကုမ္ပဏီထံမှ ငှားရမ်းထားကြောင်း မကြာသေးမီက မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြား ခဲ့သည်။
''မီးမမှန်တဲ့အခါ အဓိက အခက်အခဲကြုံရတာတော့ ရေပြဿနာပါပဲ။ ကျွန်မအိမ်မှာ အဆောင်သူချည်း ဆယ်ယောက်ကျော် ရှိတယ်။ ရာသီဥတုက ပူ၊ မီးက ပျက်၊ ပန်ကာက သုံးမရနဲ့။ မီးလာတဲ့အချိန်မှာလည်း အိမ်တွေ အားလုံးက ရေတွေ ၀ိုင်းတင်ကြတော့ ရေက တင်မရဘူး။  ဘယ်စီမံကိန်းက လျှပ်စစ်ဘယ်လောက်နဲ့ မစားရ ၀ခမန်း ကြားနေရတယ်။ ပြီးရင် ပြည်သူတွေဆီကို ကျမလာဘူး''ဟု တာမွေမြို့နယ်နေ ဒေါ်ခင်သန်းက ပြောပါသည်။

''၂၁ ရက်နေ့ကစပြီး တစ်ရက်ကို ခြောက်နာရီနှုန်းနဲ့ မီးပျက်မယ်လို့ ပြောတယ်။ အဲဒီရက်မတိုင်မီ အရင်ရက်တွေကလည်း မီးမမှန်ပါဘူး။ ၂၁ ရက်နေ့မှာတော့ ပိုဆိုးလာတယ်''ဟု တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် နေထိုင်သူ မခင်ဝင်းက ပြောပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ပျမ်းမျှအားဖြင့် နေ့အချိန်တွင် ၁၆၀၀ မဂ္ဂါဝပ်၊ ညအချိန်တွင် ၁၈၀၀ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိ လျှပ်စစ်ဓာတ်အား ပေးနိုင်မှုမှာ နေ့အချိန်တွင် ၉၀၀ မဂ္ဂါဝပ်နှင့် ညဘက်တွင် ၁၁၀၀ မဂ္ဂါဝပ်သာရှိကြောင်း သိရှိရသည်။
''လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လူထုကို အသိပေးသင့်တယ်။ ဘယ်ရေအားလျှပ်စစ် စီမံကိန်းက ဘယ်လောက် ထွက်တယ်။ ဘယ်လောက်ကိုတော့ တင်ပို့ပြီးတော့ ဘယ်လောက်ကို ပြည်တွင်းမှာ သုံးစွဲခွင့် ပေးမယ်ဆိုတာမျိုး ဖြစ်သင့်တယ်။ လက်ရှိတင်ပို့ ရောင်းချနေတဲ့ အနေအထားကို ပြန်လည် သုံးသပ်ဖို့ လိုတယ်။ မကြာခင်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်။ မီးမလာရင် ရင်းနှီးမြှုပ်နှံသူတွေ လန်သွားလိမ့်မယ်။ ဒါကြောင့် အစိုးရအနေနဲ့ စွမ်းအင်နဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်သင့်တယ်လို့ မြင်ပါတယ်''ဟု စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပြောပြခဲ့သည်။

''အဓိကကတော့ အများပြည်သူနဲ့ဆိုင်ရာ မူဝါဒ အားနည်းတာကြောင့်ပါ။ စီမံကိန်းတွေ မလုပ်ခင်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်သူတွေအတွက် အမှန်တကယ် လုံလောက်မှု ရှိ၊ မရှိ၊ ရရှိသုံးစွဲနိုင်မှု ရှိ၊ မရှိ အရင် စဉ်းစားပြီးတော့မှ ပြည်ပပို့တာကို စဉ်းစားသင့်တာပါ။ မြန်မာနိုင်ငံမှာက Public Policy အားနည်းတဲ့အတွက် ပြည်သူတွေကို စနစ်တကျ မကာကွယ်နိုင်ဘူး ဖြစ်နေတယ်''ဟု Gender and Deve-lopment Initiative မှ ဦးဆလိုင်း အိုက်ဇက်ခင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ''အခုလုပ်နေတဲ့ လုပ်ထုံးလုပ်နည်းက အမှတ် (၁) လျှပ်စစ်ကနေ အမှတ် (၂)လျှပ်စစ်က ၀ယ်ပြီး လျှပ်စစ်ပေးရတယ်လို့ ပြောတယ်။ ဒီလို အမှတ် (၁)၊ (၂) ခွဲပြီး ဆောင်ရွက်နေတာကိုက သဘာဝမကျဘူး။ ပြည်တွင်း ဖြန့်ဖြူးဖို့ လျှပ်စစ်ဓာတ်အား မလုံလောက်ဘူးလို့ အမှတ် (၂) လျှပ်စစ်က အကြိမ်ကြိမ် ပြောလာတယ်။ ၀န်ကြီးဌာနတွေအနေနဲ့ ပြည်ပရောင်းဖို့ အဓိကကျသလား။ ပြည်တွင်းအတွက် အရေးကြီးသလား စဉ်းစားဖို့ လိုပါတယ်။ နောက်ထွက်လာမယ့် သဘာဝဓာတ်ငွေ့တွေ၊ လျှပ်စစ်တွေကို ရောင်းစားပြီး ပြည်သူတွ အမှောင်ထဲမှာ နေရမယ်ဆိုရင် သဘာဝမကျပါဘူး''ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ စွမ်းအင်များ ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိနေသော်လည်း ကုန်ခမ်းနိုင်သည့် စွမ်းအင်မျိုးဖြစ်နေသည့်အတွက် စွမ်းအင်နှင့်ပတ်သက်သည့် မူဝါဒများ ရေရှည်အတွက် အလေးထား ချမှတ်ဆောင် ရွက်သင့်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

20 May 2012

ဒေါ်စုကို ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ဦးတင်ရီမှ အထောက်အထားခိုင်လုံစွာ ကန့်ကွက်ခဲ့ပြီ

အလှူငွေတွေကို အလွှဲသုံးစားလုပ်နေတဲ့ ၈၈ မျိုးဆက်ခေါင်းကျောင်းသားများ

၈၈ မျိုးဆက်ကျောင်းသားဟောင်းများအဖွဲ့နဲ့ ပတ်သက်တဲ့ဝေဖန် အကြံပြု သတင်းတွေ ပြည်သူလူထုအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ (၈၈)မျိုးဆက်သစ်ကျောင်းသားဟောင်းအဖွဲ့တွေဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးထက် သူတို့မိသားစုအကျိုးကို ပိုမိုလုပ်ဆောင်နေတဲ့အတွက် ပြည်သူအများစုရဲ့ထောက်ခံအားပေးမှုကျဆင်းလျက် ရှိနေပါတယ်။ အခုခါမှာတော့ တရားဝင်ပါတီတွေ အနေနဲ့ (၈၈) မျိုးဆက် ကျောင်းသားဟောင်းအဖွဲ့အပေါ် ထောက်ပြ ဝေဖန်မှုတွေရှိလာပါတယ်။ 
 မင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ ကျောင်းသားအဖွဲ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေမှာသုံးစွဲဖို့ဆိုပြီး ပြည်တွင်း ပြည်ပက လှူဒါန်းထားတဲ့ငွေကြေးတွေကို သူတို့အဖွဲ့ရဲ့ ရုံးခန်းဖွင့်လှစ်ဖို့ကိစ္စ၊ ရုံးသုံးတယ်လီဖုန်းတပ်ဆင်တဲ့ကိစ္စနဲ့ တစ်ဦးချင်း တယ်လီဖုန်းဝယ်ယူသုံးစွဲမှုတွေအပြင် အဖွဲ့ဝင်တွေထဲက မပြေလည်သူတွေရဲ့စားဝတ်နေရေးကို ထောက်ပံ့ပေးတာကိုလဲ သုံးစွဲခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့တွေပြည်တွင်းနိုင်ငံရေးဟောပြောတဲ့ ခရီးစဉ်တွေမှာလဲ ငွေကြေးတွေ သုံးစွဲခဲ့ပါတယ်။  ပြည်ပခရီးစဉ်တွေမှာ သုံးစွဲဖို့ အတွက်လည်း ငွေကြေးအမြောက်အမြား ချန်ထားတဲ့အကြောင်းနဲ့ အမှန်တကယ် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေ သုံးစွဲတဲ့ ငွေကြေးပမာဏဟာ ပြောပလောက်စရာမရှိဘူးလို့ မေလ (၁၆) ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်ရုံးမှာ ဦးခင်မောင်ဆွေ (စမ်းချောင်း)က ထောက်ပြပြောဆိုခဲ့ပါတယ်။
ဒီလိုမျိုး ထောက်ပြပြောဆိုရဲတဲ့သူတွေဟာ တကယ်တန်းပြောရရင် ပြည်သူလူထုအကျိုးကိုအမှန်သယ်ပိုးလိုစိတ် ရှိသူတွေဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ တကယ်တန်းကျတော့လဲ ဦးခင်မောင်ဆွေ ပြောပြတာတွေနည်းနေပါသေးတယ်။  အလုပ်သမားအခွင့်အရေး၊ တောင်သူလယ်သမားအခွင့်အရေး၊လယ်ယာမြေသိမ်းယူမှုပြဿနာစတဲ့အရေးအကြောင်းတွေ ကို အကြောင်းပြုပြီး ပြည်ပကနေထောက်ပံ့မှုအမျိုးမျိုးရယူနေတာကြာပါပြီ။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဘ၀မြှင့်တင်ရေး လုပ်ငန်းတွေမှာ ထင်သလောက် ပြည့်ပြည့်၀၀သုံးစွဲတာမျိုး လက်ညှိုးထိုးပြစရာမရှိပါဘူး။ အဖွဲ့အစည်းအမျိုးမျိုးကနေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လှုပ်ရှားနေကြပေမဲ့ ပြည်သူတွေကတော့ ဒုံရင်းဒုံရင်းပါပဲ။ ဒါကြောင့်မို့ ၈၈မျိုးဆက်ကျောင်းသား ဟောင်းတွေအနေနဲ့ ပြည်ပအဖွဲ့အစည်းနဲ့အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲနေတာ ရပ်တန်းကရပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြည်သူတစ်ဦးအနေနဲ့ပြောကြားလိုပါတယ်။ 

20 Apr 2012

အသက်သွေးကြော ဧရာဝတီ

မြစ်ဆုံတစ်နေရာကို ၂၀၁၂ ခုနှစ် မတ်လကုန်ပိုင်းက တွေ့ရစဉ်

အချုပ်အခြာအာဏာ

ဘာဖြစ်လို့ သူများအိတ်ထဲက ပိုက်ဆံကို မလိုလောဘစိတ်နဲ့ လိုချင်နေတာလဲ။

ဘာဖြစ်လို့များ သူများအိမ်ထဲက သာယာနေတဲ့မိသားစုရဲ့ ချစ်ကြည်နူးမှုကို ဖြိုခွဲဖို့ ကြံစည်နေတာလဲ။

ဘာဖြစ်လို့ ကိုယ့်အပင်လည်း မဟုတ်။ ကိုယ်ကိုယ်တိုင်လည်း ပြုစုပျိုးထောင် ရေလောင်းပေါင်းသင်မပေးဘဲ ၀င်းမှည့်ရွှန်းစိုတဲ့အသီးဖြစ်လာမှ အားရပါးရ ၀ါးမြိုချင်နေရတာလဲ။

China Power Investment Co.,Ltd ရဲ့ဥက္ကဋ္ဌကို ကျွန်တော့်ရှေ့ကို ထိုင်ခိုင်းပြီး မျက်နှာချင်းဆိုင် ဒေါတကြီး မေးချင်နေခဲ့တဲ့ မေးခွန်းတွေပါ။ မယဉ်ကျေးရင် ခွင့်လွှတ်ပါ။

ကျွန်တော့် မြန်မာပြည်သူတွေက သူတို့နိုင်ငံက မြစ်ဝါမြစ်ကို စိတ်နဲ့တောင် မပစ်မှားမိပါဘူး။ သူတို့နိုင်ငံမှ အထင်ကရ သမိုင်းဝင် မဟာတံတိုင်းကြီးကိုကြည့်ပြီး မြန်မာပြည်သူတွေက လှမ်းကြည့် အားကျနေရုံ၊ အားပေးနေရုံပါပဲ။ကိုယ့်ပစ္စည်းမဟုတ်ဘဲ ဘာမက်မောစရာရှိလဲ။ ကျွန်တော်တို့မှာ အချုပ်အခြာအာဏာ ရှိပြီးသားပါ။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် အခန်း ၁ နိုင်ငံတော်အခြေခံမူများ နိုင်ငံတော်ပုဒ်မ ၅ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုတို့ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်။ ပုဒ် မ(၃၇)နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး မြေပေါ်မြေအောက်နှင့် လေထုအတွင်း သယံဇာတပစ္စည်း အားလုံး၏ ပိုင်ရှင်ဖြစ်သည်။

ပုဒ်မ(၁၆)နိုင်ငံတော်၏ အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဥပဒေ၊ ပုဒ်မတွေကို ဆက် စပ်လေ့လာကြည့်ရင် ဧရာဝတီမြစ်ကြီးဟာ ''ပုဒ်မ(၅)အရ မြန်မာနိုင်ငံတော်ပိုင် စစ်စစ်ဖြစ်နေတာ ထင်ရှားပါတယ်။ ပုဒ်မ(၁၆)အရ သမ္မတကြီးက မြစ်ကို ကာကွယ်ရပါမယ်။ စောင့် ရှောက်ရပါမယ်။ ထိန်းသိမ်းရပါမယ်။ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ထို့အတူ ''ပုဒ်မ(၃၄၁)နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်''လို့ ဖွင့်ဆိုထားပါတယ်။ အကယ်၍ မြစ်ဆုံကြောင့် ပြဿနာ တစ်ခုခု များဖြစ်လာရင် ပြည်သူ့တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ဘက်မှ ကူညီဖို့အသင့် ရှိနေမှာပါ။ ဒါပူစရာ မလိုပါဘူး။

သမ္မတကြီးရဲ့ဘက်က ဧရာဝတီ ချစ်ကြတဲ့ နိုင်ငံတော်ကို ချစ်ကြတဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်တဲ့ ပြည်သူသန်း ၆၀ ရှိပါတယ်။
ဒီမိုကရေစီ ကျင့်စဉ်အရ သမ္မတကြီးဟာ သူ့လုပ်ပိုင်ခွင့် ငါးနှစ်သက်တမ်းအတွင်း မြစ်ဆုံကိစ္စ တာဝန်ယူထားတာ အလွန်သဘာဝကျပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ကြီးဟာ ကျွန် တော်တို့ထက် အသက်သန်းပေါင်းများစွာ ကြီးပါတယ်။ ကျွန်တော်တို့ သမ္မတကြီးတို့ မမွေးမီကတည်းက တည်ရှိနေတာပါ။ ကျွန်တော်တို့ သေဆုံးပြီး မြန်မာပြည် တည်သရွေ့ ဧရာဝတီမြစ်ကြီးက ဆက်လက် ရှင်သန်နေမှာပါ။ ရှင်သန်အောင် ထိန်းသိမ်းပေး ကြရပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာ ဆွေရယ်၊ မျိုးရယ်၊ အသိုင်းအ၀ိုင်းရယ် စတဲ့ သားစဉ်မြေးဆက်တို့ ကျန်ရှိနေဦးမှာပါ။ သူတို့အတွက် ကျွန်တော်တို့ ငဲ့ကွက်ရပါမယ်။ သူတို့အတွက် အမွေကောင်း အဖြစ် ချန်ထားရစ်ရပါမယ်။

ဒါကြောင့် သမ္မတကြီးအနေနဲ့ နောင်ဆက်လက် တာဝန်ယူကြမယ့် နိုင်ငံတော် အကြီးအကဲများကိုလည်း လက်ရှိသမ္မတကြီးနည်းတူ မြစ်ဆုံဆည်ကိစ္စကို လုံးဝရပ်ပစ်လိုက်ဖို့ အကြံပြု တိုက်တွန်းပေးစေလိုပါတယ်။
ဒါဟာ ရေရှည် အမြော်အမြင်ရှိသူ၊ နိုင်ငံတော်နဲ့ ဧရာဝတီကို ထာဝရ ချစ်မြတ်နိုးသူ၊ ပြည်သူ့ရဲ့ ဆန္ဒကို အလေးထားသူ၊ ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာသူအဖြစ် သမိုင်းဝင် မှတ်တမ်းတင်ခံရမှာဖြစ်ပါတယ်။

လူ့သွေးကြောရဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေရင် လူ့အသက်အန္တရာယ် ရှိနေသလို ဧရာဝတီမြစ်ရဲ့ တစ်နေရာရာမှာ ဆည်ဆောက်လို့ ဖြစ်ဖြစ်၊ ရွှေတူးလို့ဖြစ်ဖြစ် ပိတ်ဆို့လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အသက်ကလည်း အန္တရာယ်ဖြစ်လာမှာ ဖြစ်ပါတယ် ...

အသက်သွေးကြော

လူတစ်ဦးစီအတွက် မွေးစမှ သေဆုံးသည်အထိ နှလုံးခုန်နေရပြီး သွေးကြောတွေရဲ့ စီးဆင်းမှုနဲ့အတူ ရှင်သန်မှုအသက်ဓာတ်ကို ရရှိနေကြပါတယ်။
လူသားတွေရဲ့ သွေးကြောတွေ ဖွဲ့စည်းပုံကို လေ့လာကြည့်မိပါတယ်။ နှလုံးက စတင်သွေးပို့လွှတ်ပေးရာမှစကာ သွေးကြောတွေဟာလည်း လည်ပတ်စီးဆင်းနေကြတာပါ။ လူတွေရဲ့ ဦးခေါင်းမှ ခြေဖျားအထိ သွေးကြော တည်ဆောက်ထားပုံကို တွေ့မြင်နိုင်ပါတယ်။ ဦးခေါင်းပိုင်း သွေးကြောငယ်များနဲ့ ပြင်ပ လည်ချောင်းသွေးကြောနဲ့ အတွင်းလည်ချောင်းသွေးကြောတို့ ပေါင်းစည်းပြီး နှလုံးထဲကိုစီးဝင်တဲ့ ပင်မသွေးကြောကြီး ဖြစ်လာတာပါ။

အဲသည်ကမှတစ်ဆင့် ကိုယ်ခန္ဓာ အနှံ့အပြား ပို့လွှတ်ပေးပါတယ်။ လူ့ပယောဂဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အဆီအစိမ့် အစားများတာတွေကြောင့် သွေးကြောတွေရဲ့ တစ်နေရာရာမှာ ပိတ်ဆို့တာ၊ သွေးကြောတွေ ကျဉ်းလာတာ၊ သွေးပုံမှန် မစီးဆင်းနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။
သွေးကြောတွေရဲ့ စီးဆင်းမှု မမှန်ကန်ရင် ရောဂါဝေဒနာတစ်ခုခု ခံစားကြရပါတယ်။ နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ဦးနှောက်သွေးကြောပေါက်ရောဂါ စသည်ဖြင့် ရောဂါပေါင်းစုံ ၀င်ရောက်လာပါတော့တယ်။ သည်အခါလူ တစ်ယောက်အနေနဲ့ ဝေဒနာသည်ဘ၀နဲ့ စိတ်ဓာတ်ကျနေရရှာပါတယ်။ ဒါမှမဟုတ် အသက်ဆုံးရှုံး သွားရပါတယ်။
ဧရာဝတီ

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်ရှိ မြစ်ဖျားခံတဲ့ မေခနဲ့မလိခ မြစ်နှစ်သွယ် ပေါင်းစုံရာမှ ဧရာဝတီမြစ်ကြီး ဖြစ်ထွန်းလာပါတယ်။ ဒီမြစ်ဟာ မြန်မာပြည်သူတွေအတွက် သ ဘာဝကပေးတဲ့ ထာဝရလက်ဆောင်ပါ။ မြန်မာပြည်တွင်းမှာစပြီး မြန်မာပြည်တွင်းမှာ အဆုံးသတ်ပါတယ်။ ပြည်တွင်းဖြစ်စစ်စစ်ပါ။ မျိုးချစ်စိတ်အပြည့်အ၀ ရှိသူပါ။

သစ္စာရှိသည့် မြစ်ကို ချစ်သဒ္ဒါ အပြည့်ပေးကြရမှာ ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေရဲ့ သမိုင်းပေးတာဝန်ပါ။ တာဝန်ယူလိုစိတ်၊ တာဝန်သိတတ်စိတ် ရှိသူတွေရဲ့ မလွဲမ သွေ လုပ်ရမယ့်အလုပ်ပါ။
ဧရာဝတီမြစ်ရဲ့စီးဆင်းပုံက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။
မေခနဲ့ မလိခမြစ်နှစ်သွယ် ပေါင်းစည်းပြီး မြစ်ဆုံနေရာမှစကာ ဧရာဝတီမြစ်ဆိုတာ ပေါ်ထွန်းလာတာပါ။ အင်ဂျန်းရှန်၊ အင်ဆွပ်ဇွမ်ဒေသတွေဟာ ဧရာဝတီရဲ့ မူရင်းဘူမိနက်သန် နေရာပါ။ ဧရာဝတီမြစ်ရဲ့ ကမ်းနဖူးစပ်က ကျောက်စရစ်ခဲလေးတွေ၊ မြစ်ထဲက ငါးလေးတွေ၊ မြစ်ပေါ်က ငှက်ကလေးတွေ၊ နောက်ခံ တောင်တန်းပြာထက်မှ တိမ်တိုက်တွေ၊ တသွင်သွင်စီးမျော နေတဲ့ ကြည်လင်အေးမြတဲ့ ရေတွေသာ မောကြည်နူးစရာအတိပါ။
အင်ဂျန်းရှန်ဒေသခံ တန်ဖဲရွာသူ၊ ရွာသားတွေဟာ နံနက်မိုးသောက် အလင်းရောက်တာနဲ့ ဧရာဝတီမြစ်ကြီးဆီ ရောက်လာကြပါတယ်။ သည်မြစ်ထဲမှာ မျက်နှာသစ်၊ ရေချိုး၊ ငါးဖမ်း၊ ရေပေါ်မှာ ဆော့ကစား၊ သည်လိုနဲ့ သူတို့ဘ၀ဟာ မြစ်ကြီးနဲ့အတူ ကြီးပြင်းလာပါတယ်။ အင်ဂျန်းရှန်ရွာ၊ တန်ဖဲရွာကလူတွေ မြစ်ထဲရောက်နေချိန်။ တစ်ချိန်တည်းမှာပဲ ဂေါဝိန်ဆိပ်ကမ်းမှာလည်း ရွှေမန်းသူတွေ မြစ်ထဲရောက်နေပါပြီ။

ထို့အတူ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ ညောင်ဦး၊ ချောက်၊ မကွေး၊ သရက်၊ ပြည်၊ ကြံခင်း၊ မိုးညို၊ ဟင်္သာတ၊ ဇလွန်၊ ညောင်တုန်း၊ အင်္ဂပူ၊ ပုသိမ်၊ မြောင်းမြစတဲ့ လူတွေလည်းပဲ ဧရာဝတီမြစ်ကြီးထဲမှာ စားဝတ်နေရေးအတွက် ကိုယ်စီကိုယ်စီ ဟန်ချက်ညီညီ တစ်ပြိုင်နက် လှုပ်ရှားနေကြပါတယ်။
ဆိုလိုတာက ဧရာတီမြစ်ကြီး ဟာ မြန်မာပြည်သူတွေနဲ့အတူ နေ့ ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ် ပရိစ္ဆေဒပေါင်းများစွာကောင်းတူဆိုး ဖက်ဖြတ်သန်းလာခဲ့တာ . . . ကြာ ပြီကော။

လူ့သဘာဝလေးတစ်ခု ပြောပြချင်ပါတယ်။ သင်ကိုယ်တိုင်ပန်းကန် မဆေးတဲ့အခါ သူများက ပန်းကန် ဆေးပေးတယ်ဆိုပါစို့။ ရုတ်တရက် ဟိုလူ့ကြောင့် ပန်းကန်ကျကွဲသွားခဲ့ရင် သင်အရမ်းစိတ်ဆိုးပါတယ်။ အရမ်း နှမြောပါတယ်။ ဒါပေမယ့် သင်ကိုယ် တိုင်ပန်းကန်ဆေးတဲ့အခါ ပန်းကန် ကျကွဲသွားရင် နှမြောရုံက လွဲလို့ အိုးလူပဲလေဒါဖြစ်တတ်တဲ့ သဘာဝ ပဲဆိုပြီးခွင့်လွှတ်လိုက်တတ်ကြတယ် မဟုတ်လား။
အသက်သွေးကြောဧရာဝတီ

ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဧရာဝတီမြစ်ကြောင်း စီးဆင်းပုံဟာ လူ့ခန္ဓာကိုယ်အတွင်း သွေးကြောဖွဲ့စည်းစီးဆင်းပုံနဲ့ အတော်တူပါတယ်။ လူ့သွေးကြောရဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေရင် လူ့အသက် အန္တရာယ်ရှိနေသလို ဧရာဝတီမြစ်ရဲ့ တစ်နေရာရာမှာ ဆည်ဆောက်လို့ ဖြစ်ဖြစ်၊ ရွှေတူးလို့ဖြစ်ဖြစ် ပိတ်ဆို့လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အသက်ကလည်း အန္တရာယ်ဖြစ်လာမှာဖြစ်ပါတယ်။

သည်တော့ လူတစ်ယောက်ကို အသက်မသေစေချင်ရင် သွေးကြောတွေ မပိတ်မဆို့ မှန်မှန်စီးဆင်းစေရပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ကြီးကိုလည်း အသက်ရှည်စေချင်တဲ့ စိတ်ကလေးရှိကြရင် အသက်သွေးကြောနဲ့တူတဲ့ ဧရာဝတီမြစ်ကြီးကို ကျန်းမာအောင် မြန်မာပြည်ကိုချစ်တဲ့ မျိုးချစ်စိတ်ရှိသူတိုင်းက ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရပါမယ်။
မြစ်ဆုံက တိုင်းရင်းသားတွေ နည်းတူ ဂေါဝိန်၊ ညောင်ဦး၊ ပြည်၊ ပုသိမ်ဆိပ်ကမ်းတွေက ပြည်သူတွေကလည်း ဧရာဝတီမြစ်ကြီးကို ၀ိုင်းဝန်း စောင့်ရှောက်ကြရပါမယ်။

သဘာဝဘေးဒဏ် ကာကွယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ပြည်သူတွေရဲ့အသိ နိုးကြားလာပါမယ်။ ပြည်သူတွေရဲ့အသိတ ရားနိုးကြားလာမှုကိုလည်း မချိုးနှိမ်မိဖို့ နိုင်ငံတော်က သတိထားရပါမယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ချစ်တဲ့ အသက်သွေးကြော ဧရာဝတီကို ကျွန်တော်တို့ ကာကွယ်ကြရပါမယ်။ နည်းလမ်းစုံနဲ့ ကာကွယ်ရပါမယ်။

ကျွန်တော်တို့မှာ ဖွဲ့စည်းပုံရှိတယ်။ အစိုးရရှိတယ်။ တပ်မတော်ရှိတယ်။ အချုပ်အခြာအာဏာ ရှိတယ်။

ဒါကြောင့် အချုပ်အခြာအာဏာအောက်က အသက်သွေးကြော ဧရာဝတီကို ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် လွှတ်တော်မတက်ဖြစ်ရန် ရာခိုင်နှုန်းများကြောင်း ဦးဥာဏ်ဝင်းပြောကြား

mIMG_555

ဦးဥာဏ်ဝင်းအား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဧပြီလ ၂၃ရက်နေ့တွင် ပြုလုပ်မည့် လွှတ်တော်ပုံမှန် အစည်းအဝေးများသို့ မတက်ဖြစ်ရန် ရာခိုင်နှုန်းများကြောင်း ဦးဥာဏ်ဝင်းက ယနေ့တွင် ပြောကြားလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ၁၅ မိနစ်ခန့် ကြာမြင့်သော သတင်းစာရှင်းလင်း၌ ဦးဥာဏ်ဝင်းက ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။
သတင်းစာရှင်းလင်းပွဲတွင် ဦးဥာဏ်ဝင်းက "၂၃ ရက်နေ့ တက်ရမယ့် လွှတ်တော် အစည်းအဝေးတွေကို NLD က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အခုအချိန်အထိ မသေချာသေးပါဘူး။ ကျွန်တော်တို့မနေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို သွားပါတယ်။ ခုံရုံးကဖိတ်လို့ပါ။ ဘာအတွက်လဲဆိုတော့ ဇယား (၄) ကိစ္စနှင့်ပတ်သက်ပြီးတော့ ခုံရုံးက သူ့ရဲ့ ဥပဒေအမြင်တွေ ရှင်းပြတယ်။ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ ကိစ္စတွေနဲ့ ကျွန်တော်တို့ ဇယား (၄) နဲ့ ဆက်စပ်မှုတွေ။ ဆိုလိုတာက ဇယား (၄)မှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်လို့ မြန်မာလို ပါပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်ဘာသာပြန် အစိုရက ဒီဘက်မှာ uphold သုံးတယ်။ အဲ့ဒီ uphold ဆိုတဲ့စကားလုံးကို နိုင်ငံတကာမှာလည်း သုံးကြောင်း ရှင်းပြတယ်။ မနေ့က တွေ့ရတဲ့ အခြေအနေကို ခြုံပြီးတော့ ပြောလို့ ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ကျွန်တော်တို့ကို ကောင်းမွန်စွာ ဆက်ဆံတယ်။ ကြိုဆိုတယ်။ စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ ဒါကျွန်တော် လက်ခံတယ်။ သို့သော် ရှင်းပြတဲ့ အချက်အားလုံးကို ကျွန်တော်တို့ သဘော မတူတာတွေ ရှိပါတယ်။ သဘောမတူတာကို ကျွန်တော်တို့ ဘာမှ မပြောခဲ့ဘူး။ ဘာကြောင့် မပြောခဲ့ဘူးလဲ ဆိုတာ ကျွန်တော်ပြောမယ်။ ကျွန်တော်တို့ကို ခေါ်ယူ ရှင်းပြရန်လို့ ဖိတ်ခေါ်တာ။ အဲ့ဒီတော့ ရှင်းပြတာ နားထောင်ဖို့ သွားတာ။ နာထောင်ပြီး ပြန်လာတယ်။ သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါလားဆိုရင် ကျွန်တော်တို့က အမှုတစ်ခု ကြားနာနေတာ မဟုတ်ဘူး။ အမှုတစ်ခုဆိုရင်တော့ ကျွန်တော်ရှေ့နေပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်။ ကျွန်တော်ဒီလို မပြောပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ ကောင်းမွန်မွန် ရှင်းပြတာကို နားထောင်တယ်။ ပြန်လာတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကြီးတွေကို ဒီအခြေအနေရှင်းပြတယ်။ ရှင်းပြတဲ့အခါမှာ ကျွန်တော်စောစောတုန်းက ပြောသလို ကျွန်တော် သဘောမတူတဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်လည်း သဘောမတူပါဘူး။ အဲ့ဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြီးပြတ်အောင် ပြေလည်အောင် ကျွန်တော်တို့ ကြိုးစားပါမယ်။ ဘယ်လိုကြိုးစားမလဲဆိုတော့ ကျွန်တော်အခု စာရေးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ဒီစာကို ရေးတယ်။ ဒီစာကို သက်ဆိုင်ရာတွေ ဆီကို ပို့ပါမယ်။ အဲ့ဒီတော့ ၂၃ ရက်နေ့ဆိုတာကတော့ ဒီနေ့ပဲ ၂၀ ရက်နေ့ ဖြစ်နေပြီ။ စာတွေ သွားတာ လာတာနဲ့တော့ ကျွန်တော့်အမြင်တော့ မီနိုင်လောက်တဲ့ အနေအထား မတွေ့ဘူး။ ၂၃ ရက်နေ့ကို မတက်ဖြစ်တဲ့ ရာခိုင်နှုန်းက များပါတယ်။ ကျွန်တော် လောလောဆယ်အားဖြင့် ဒီလောက်ပဲ ပြောနိုင်ပါတယ်" ဟု အမျိုးသာ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါသည်။
အဆိုပါ ပေးပို့မည့် စာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကို လိပ်မူပြီး၊ သမ္မတရုံး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သဘောမတူသည့်အချက်များကို ဖြေဆိုရန် ငြင်းဆိုခဲ့ပါသည်။ ထို့ပြင် လက်ရှိအချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များမှာ အနေဖြင့် ဧပြီ ၂၃ရက်နေ့ လွှတ်တော်ပုံမှန် အစည်းအဝေး တက်ရေး၊ မတက်ရေးနှင့် ပတ်သက်ပြီး သဘောထားမှာ တစ်စုတစ်စည်းတည်းရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄၊ ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက်ပုံစံတွင် “ကျွန်ုပ်.....သည် ........ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။ ထို့အပြင် ယခု ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်”ဟု ဖော်ပြထားပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဧပြီလ ၂၃ရက်နေ့တွင် ပြုလုပ်မည့် လွှတ်တော်ပုံမှန် အစည်းအဝေးများသို့ မတက်ဖြစ်ရန် ရာခိုင်နှုန်းများကြောင်း ဦးဥာဏ်ဝင်းက ယနေ့တွင် ပြောကြားလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ၁၅ မိနစ်ခန့် ကြာမြင့်သော သတင်းစာရှင်းလင်း၌ ဦးဥာဏ်ဝင်းက ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် ဦးဥာဏ်ဝင်းက "၂၃ ရက်နေ့ တက်ရမယ့် လွှတ်တော် အစည်းအဝေးတွေကို NLD က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အခုအချိန်အထိ မသေချာသေးပါဘူး။ ကျွန်တော်တို့မနေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို သွားပါတယ်။ ခုံရုံးကဖိတ်လို့ပါ။ ဘာအတွက်လဲဆိုတော့ ဇယား (၄) ကိစ္စနှင့်ပတ်သက်ပြီးတော့ ခုံရုံးက သူ့ရဲ့ ဥပဒေအမြင်တွေ ရှင်းပြတယ်။ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ ကိစ္စတွေနဲ့ ကျွန်တော်တို့ ဇယား (၄) နဲ့ ဆက်စပ်မှုတွေ။ ဆိုလိုတာက ဇယား (၄)မှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်လို့ မြန်မာလို ပါပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်ဘာသာပြန် အစိုရက ဒီဘက်မှာ uphold သုံးတယ်။ အဲ့ဒီ uphold ဆိုတဲ့စကားလုံးကို နိုင်ငံတကာမှာလည်း သုံးကြောင်း ရှင်းပြတယ်။ မနေ့က တွေ့ရတဲ့ အခြေအနေကို ခြုံပြီးတော့ ပြောလို့ ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ကျွန်တော်တို့ကို ကောင်းမွန်စွာ ဆက်ဆံတယ်။ ကြိုဆိုတယ်။ စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ ဒါကျွန်တော် လက်ခံတယ်။ သို့သော် ရှင်းပြတဲ့ အချက်အားလုံးကို ကျွန်တော်တို့ သဘော မတူတာတွေ ရှိပါတယ်။ သဘောမတူတာကို ကျွန်တော်တို့ ဘာမှ မပြောခဲ့ဘူး။ ဘာကြောင့် မပြောခဲ့ဘူးလဲ ဆိုတာ ကျွန်တော်ပြောမယ်။ ကျွန်တော်တို့ကို ခေါ်ယူ ရှင်းပြရန်လို့ ဖိတ်ခေါ်တာ။ အဲ့ဒီတော့ ရှင်းပြတာ နားထောင်ဖို့ သွားတာ။ နာထောင်ပြီး ပြန်လာတယ်။ သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါလားဆိုရင် ကျွန်တော်တို့က အမှုတစ်ခု ကြားနာနေတာ မဟုတ်ဘူး။ အမှုတစ်ခုဆိုရင်တော့ ကျွန်တော်ရှေ့နေပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်။ ကျွန်တော်ဒီလို မပြောပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ ကောင်းမွန်မွန် ရှင်းပြတာကို နားထောင်တယ်။ ပြန်လာတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကြီးတွေကို ဒီအခြေအနေရှင်းပြတယ်။ ရှင်းပြတဲ့အခါမှာ ကျွန်တော်စောစောတုန်းက ပြောသလို ကျွန်တော် သဘောမတူတဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်လည်း သဘောမတူပါဘူး။ အဲ့ဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြီးပြတ်အောင် ပြေလည်အောင် ကျွန်တော်တို့ ကြိုးစားပါမယ်။ ဘယ်လိုကြိုးစားမလဲဆိုတော့ ကျွန်တော်အခု စာရေးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ဒီစာကို ရေးတယ်။ ဒီစာကို သက်ဆိုင်ရာတွေ ဆီကို ပို့ပါမယ်။ အဲ့ဒီတော့ ၂၃ ရက်နေ့ဆိုတာကတော့ ဒီနေ့ပဲ ၂၀ ရက်နေ့ ဖြစ်နေပြီ။ စာတွေ သွားတာ လာတာနဲ့တော့ ကျွန်တော့်အမြင်တော့ မီနိုင်လောက်တဲ့ အနေအထား မတွေ့ဘူး။ ၂၃ ရက်နေ့ကို မတက်ဖြစ်တဲ့ ရာခိုင်နှုန်းက များပါတယ်။ ကျွန်တော် လောလောဆယ်အားဖြင့် ဒီလောက်ပဲ ပြောနိုင်ပါတယ်" ဟု အမျိုးသာ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါသည်။

အဆိုပါ ပေးပို့မည့် စာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကို လိပ်မူပြီး၊ သမ္မတရုံး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သဘောမတူသည့်အချက်များကို ဖြေဆိုရန် ငြင်းဆိုခဲ့ပါသည်။ ထို့ပြင် လက်ရှိအချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များမှာ အနေဖြင့် ဧပြီ ၂၃ရက်နေ့ လွှတ်တော်ပုံမှန် အစည်းအဝေး တက်ရေး၊ မတက်ရေးနှင့် ပတ်သက်ပြီး သဘောထားမှာ တစ်စုတစ်စည်းတည်းရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄၊ ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက်ပုံစံတွင် “ကျွန်ုပ်.....သည် ........ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။ ထို့အပြင် ယခု ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်”ဟု ဖော်ပြထားပါသည်။

18 Apr 2012

လွန်ခဲ့သော ၆၇ နှစ်က မြန်မာပြည်တွင် မဟာမိတ်တပ်များ လျို့ဝှက်မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေ

လွန်ခဲ့သော ၆၇ နှစ် ဒုတိယကမ္ဘာစစ် ပြီးစီးလုနီးအချိန်နှင့် ပြီးစီးခဲ့ပြီးအချိန်တွင် မဟာမိတ်တပ်များက မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ မြန်မာနှင့်ဗြိတိန် အာဏာပိုင်များသည် ယင်းလေယာဉ်များ ရှာဖွေတူးဖော်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ဗြိတိန်အစိုးရအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ယင်းကိစ္စကို မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ညှိနှိုင်းခဲ့သည်ဟု သိရသည်။ ဒေါင်းနင်းလမ်းမှ သတင်းအရင်းအမြစ်များကို ကိုးကားပြီး ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ တူးဖော်ရေး အကောင်အထည်ပေါ်လာရန် အခြေအနေကောင်းနေကြောင်း သိရသည်။ ဗြိတိန်အရာရှိများအဆိုအရ မြန်မာနိုင်ငံဘက်ကလည်း ယခုကိစ္စအတွက် အထူးပင်စိတ်အား ထက်သန်နေသည်ဟုဆိုသည်။ တူးဖော်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် မိုးရာသီမ၀င်မီ လုပ်ဆောင်ဖြစ်မည်ဟုသိရသည်။ SkyNews ၏ ဖော်ပြချက်တွင်မူ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ရေး စီမံကိန်းတစ်ခု စတင်ရန်အတွက် သဘောတူညီမှုရသည်ဟု ဖော်ပြထားသည်။ လေယာဉ်များမှာ အစိတ်အပိုင်း တစ်ခုစီဖြုတ်ပြီး သယ်ယူလာခဲ့ခြင်းဖြစ်ပြီး မတပ်ဆင်ရသေးမီတွင် မြှုပ်နှံခဲ့သည့် လုံးဝအသုံးမပြုရသေးသော အသစ်များဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ မြှုပ်နှံထားသည့်နေရာကို သိရှိထားပြီဟု ၁၅ နှစ်ကြာ လိုက်လံရှာဖွေနေခဲ့သူ ဗြိတိန်မှ ဒေးဗစ်ကွန်းဒဲလ် အပါအ၀င်ရှာဖွေရေး လုပ်ဆောင်နေသူအချို့က ထုတ်ဖော်ပြောကြားခဲ့သော်လည်း နေရာအတိအကျကိုမူ ထုတ်ပြန်မထားပေ။ တူးဖော်ရေးအတွက် ကျန်ရှိနေသောအခက်အခဲမှာ နိုင်ငံတကာ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများအရ မြန်မာနိုင်ငံအတွင်း၊ အပြင် စစ်လက်နက် တင်သွင်းတင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်သည်။ မကြာမီ အရေးယူပိတ်ဆို့မှုများသာ ရုပ်သိမ်းနိုင်ပါက တူးဖော်သယ်ယူရေးမှာ အဆင်ပြေလာနိုင်ပြီး မြန်မာအစိုးရဘက်မှလည်း တူးဖော်မှုကို ခွင့်ပြုချက်ပေးနိုင်မည့် အခြေအနေရှိသည်ဟု သိရသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လအတွင်းတွင် Spitfire Mark XIV အမျိုးအစား မတပ်ဆင်ရသေးသည့် တိုက်လေယာဉ် အစိတ်အပိုင်းများကို ဗြိတိန်ရှိ ကာဆယ်ဘရွန်းဝစ်ခ်ျအရပ်ရှိ စက်ရုံမှမြန်မာပြည်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ ယင်းလေယာဉ်များတွင် ယခင်အမျိုးအစားကဲ့သို့ မဟုတ်ဘဲ မာလင်းစ်အင်ဂျင်များ မတပ်ဆင်ဘဲ ရိုးရွိုက်စ်ဂရစ်ဖွန်အင်ဂျင်များ တပ်ဆင်ထားခဲ့သည်ဟုဆိုသည်။

မြန်မာပြည်သို့ ရောက်ရှိလာချိန်တွင် လေယာဉ်များမှာ လိုအပ်ချက်ထက် ပိုလွန်နေခဲ့သည်။ စစ်ပွဲမှာ နောက်ဆုံးကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲများမှာ ပစိဖိတ်ဒေသတစ်ဝိုက်ရှိ ဂျပန်တို့၏ နောက်ဆုံးလက်ကျန် ခြေကုပ်ယူရာနေရာများကိုသာ ဦးစားပေးတိုက်ခိုက်မှုကို တိုးမြှင့်အာရုံစိုက်နေရသည့် အချိန်ဖြစ်သည်။ သို့ဖြစ်၍ မြေပြင်အခြေစိုက် Spitfire လေယာဉ်များမှာ လေယာဉ်တင် သင်္ဘောဖြင့် သယ်ယူနိုင်သော Seafire များကဲ့သို့ ကျွန်းများကို တိုက်ခိုက်ရာတွင် မဆင်မပြေသောကြောင့် အသုံးဝင်မှုနည်းပါးလာခဲ့သည်။

သို့ဖြစ်သောကြောင့် မတပ်ဆင်ရသေးသော Spitfire ၁၂ စင်းကို သေတ္တာပုံးများအတွင်းမှ မထုတ်ရသေးမီ အချိန်တွင်ပင် မြှုပ်နှံထားရန် အမိန့်ထွက်ခဲ့သည်ဟုဆိုသည်။

Spitefire လေယာဉ်များ မြန်မာပြည်သို့ရောက်ရှိလာပြီး နှစ်ပတ်အကြာတွင် ဟီရိုရှီးမားတွင် အမေရိကန်က အဏုမြူဗုံးကြဲချခဲ့ပြီး ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နေ့တွင် ဂျပန်တို့ လက်နက်ချခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ထပ် Spitefire ရှစ်စင်းကို ထပ်မံမြှုပ်နှံ သိမ်းဆည်းခဲ့သည်ဟု ယူဆရပြီး စုစုပေါင်း အစင်း ၂၀ အထိ မြန်မာပြည်တွင် မြှုပ်နှံခဲ့သည်ဟု ယူဆရသည်။ Spitfire လေယာဉ် အစင်းရေ ၂၁၀၀၀ အထိ ထုတ်လုပ်ခဲ့ဖူးသော်လည်း ယနေ့အခါတွင် ပျံသန်းနိုင်သော Spitfire အရေအတွက်မှာ ၃၅စင်းသာ ရှိတော့သည်ဟု သိရသည်။

Ref; Telegraph,BBC,AFP,AP
b5_3_08
Spitfire နှင့် Auster လေယာဉ်များကို ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်မြို့တွင် တွေ့ရစဉ်

အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ စတင်ဖြေလျော့၊ ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ စီစဉ်

မန်မာနိုင်ငံပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင်ဖြေလျော့ရန် သြစတြေးလျမှ တရားဝင်ထုတ်ပြန်မှုတစ်ခု
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ စတင်ဖြေလျော့ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ ပြုလုပ်ရန် စီစဉ်နေကြပြီဖြစ်သည်။
အမေရိကန်က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လများ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှုဖြစ်စဉ်များကို မြင်တွေ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုက အဆင့်ငါးဆင့်ဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
''ကျွန်မတို့ဘက်က ရှေ့ဆက်လှမ်းဖို့ ပြင်ဆင်ပြီးပါပြီ။ ပထမအဆင့်အနေနဲ့ မကြာခင်မှာ သံအမတ်ကြီးအဆင့် ရန်ကုန်မှာထားရှိသွားဖို့ သဘောတူညီချက် ရယူသွားပါမယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ဘက်က အဆိုတင်သွင်းသူကို တရားဝင် ကြေညာပါမယ်။ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံထဲမှာ USAID ကိုယ်စားလှယ်အဖွဲ့ကို ထားရှိပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ပုံမှန် နိုင်ငံတွင်း လုပ်ငန်းစဉ်တွေကို အကူအညီပေးသွားပါမယ်။ တတိယအဆင့်အနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကနေ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းစဉ်များအထိ အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေက ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ အကျိုးအမြတ်မယူဘဲ ဆောင်ရွက်နိုင်စေဖို့ပါပဲ။ စတုတ္ထအဆင့်အနေနဲ့ အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုကို လာရောက်နိုင်အောင် ကူညီပေးသွားဖို့ဖြစ်ပါတယ်။ ပဉ္စမအဆင့်ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်ပေးဖို့ အတွက် အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိတ်ဆို့ထားတာတွေကို စိစစ်ပြီး လျော့ချပေးသွားပါမယ်။ ဒီလို သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးမှာ လမ်းမှားပေါ်မှာပဲ ဆက်ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အပေါ်ထားရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်ချက်တွေကိုတော့ ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်ပြီဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere က ဧပြီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
သို့ရာတွင် လက်နက်ရောင်းချမှုကိုမူ ဆက်လက်ပိတ်ပင်ထားဦး မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သြစတြေးလျနိုင်ငံကလည်း မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးကို ထောက်ခံအားပေးသည့် အနေဖြင့် အရေးယူပိတ်ဆို့ထားမှုကို ဖြေလျော့ပေးရန်နှင့် မြန်မာနှင့် ပုံမှန်ကုန်သွယ်ရေး ပြန်လုပ်သွားရန် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကားနှင့် ကုန်သွယ်ရေးဝန်ကြီး ခရိတ်ခ် အီမာဆန်တို့က သြစတြေးလျအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲနေမှုတွေကို နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ကားက''ကျွန်တော်တိုရဲ့ အရေးယူပိတ်ဆို့မှုတွေကို လျော့ချပေးပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးခြင်းအားဖြင့် အခုချိန် မြန်မာပြည်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအပြောင်း အလဲတွေကို ပိုမို ခရီးရောက်စေပါမယ်။ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ပြီးတော့ ဒီအပြောင်းအလဲတွေကို အခြေပြုပြီး မြန်မာပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်စေမယ့် အပြောင်းအလဲတွေ ရေရှည်ဖြစ်နိုင်မယ့် အခြေအနေတွေ ဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပိုလုပ်သွားမယ်'' ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံက ဖြေလျော့ပေးလိုက်သည့် အရေးယူပိတ်ဆို့မှုအချို့မှာ ငွေရေးကြေးရေးနှင့် ခရီးသွားလာခွင့် ဆိုင်ရာပိတ်ဆို့ အရေးယူထားသည့် မြန်မာနိုင်ငံမှတာဝန်ရှိသူ စုစုပေါင်း ၃၉၂ ဦးထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်ပြီး စစ် ဘက် အရာရှိများ အပါအ၀င်ဆက်ပြီး အရေးယူထားသူ ၁၃၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်းနှင့် ဖယ်ရှားပေးလိုက်သူများထဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့နှင့် လွှတ်တော်ထဲမှ ပြုပြင်ပြောင်းလဲရေးလိုလားသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာလက်နက် ရောင်းချမှုကိုမူ ဆက်လက်ပြီး ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများ အနက်အချို့ကို ဆိုင်းငံ့သင့်ကြောင်း ဧပြီလ ၁၃ ရက် နေ့က ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ဥရောပသမဂ္ဂကလည်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် ရှိနေပြီး အချို့သော အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ရန် ရှိနေကြောင်း သတင်းများထွက် ပေါ်နေသည်။
သို့ရာတွင် အရေးယူပိတ်ဆို့မှု မည်မျကို ဖယ်ရှားသင့်သည်၊ မသင့်သည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံများ အကြား အမြင်ကွဲပြားမှုများလည်း ရှိနေသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအားလုံးသည် လာမည့် ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ထိုကဲ့သို့ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင် ဖြေလျော့ပေးနေမှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များကလည်း ကြိုဆိုခဲ့ကြပြီး အရေးယူပိတ်ဆို့မှု များကို ချက်ချင်းရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့ကြသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အီးယူအပါအ၀င် အနောက်နိုင်ငံတချို့ရဲ့ နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုဟာ ပြည်သူကို အဓိကထိခိုက်တယ်လို့ ယူဆပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခြေအနေကို ကြည့်ပြီးမှ sanctions ကို အလုံးစုံ ရုပ်သိမ်းမယ်၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်ထားမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူတွေ အဓိကနစ်နာမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မှန်မှန်ကန်ကန်၊ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက် နိုင်ကြဖို့အတွက် sanctions က အပေး အယူသဘောမျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ဖို့ဆိုရင် sanctions ကို ချက်ချင်းရုပ်သိမ်းသင့်တယ်လို့ ယူ ဆပါတယ်''ဟု ပြောကြားခဲ့သည်။
''စီးပွားရေး ပိတ်ဆို့မှုတွေကတော့ ရုပ်သိမ်းသွားရမှာပဲ။ အခုချိန်မှာ တချို့ကို ရုပ်သိမ်းသွားပြီး တချို့ကိုတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်။ အားလုံး ရုပ်သိမ်းဖို့အတွက် အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက်ပဲ လိုတော့မယ်။ ဘာပဲပြောပြော လုပ်ထုံးလုပ်နည်းအရ ရက် ၆၀ မပြည့်သေးပေမယ့်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD ကို ဧပြီ ၂၃ မှာ စမယ့် လွှတ်တော်ပုံမှန်အစည်းအဝေးကို တက်ဖို့ ဖိတ်ကြားတာ၊ NLD မှတ်ပုံတင်နိုင်အောင် လုပ်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်စေတာတွေဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခင်းအကျင်းတွေဖြစ်နေတယ်။ နောက်ပြီး အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကလည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်လို့ ပြောထားတာတွေ ရှိပါတယ်။ နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေက တိုက်ရိုက်အနေအထားနဲ့ ၀င်လာမှာတော့ မဟုတ်ဘူး။ IMF တို့၊ World Bank တို့ Stock လုပ်ငန်းတွေ အဲဒါတွေက တစ်ဆင့်ဝင်လာမှာ။ အခုချိန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေကို တချို့ရုပ်သိမ်းပေးပြီး တချို့ရပ်ပေးတယ်ဆိုတာ တော်တော်ကောင်းတဲ့ အနေအထားပါ။ တစ်ခု သိထားလို့ရတာက အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှု ဆိုတာ အမေရိကန် အစိုးရရဲ့ မူဝါဒ ပဲ။ အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီက ဒီမူဝါဒကို မလိုက်နာရင်လည်း ဖြစ်တယ်။ အရင်ကလည်း Coca Cola တို့၊ Total တို့တွေ ဒီ နိုင်ငံထဲ လာခဲ့ဖူးတာပဲ။ ရှယ်ယာရှင် တွေက ကန့်ကွက်လို့၊ သူတို့အတွက် အမှန်တကယ် အကျိုးမရှိလို့သာလျင် သူတို့ ပြန်ထွက်သွားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ စီးပွားရေးပိတ်ဆို့မှု ရပ်နားထားတယ် ဆိုရင်ပဲ သက်ဆိုင်ရာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံထဲကို လာလို့ရပါပြီ။ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာလို့မြင်တယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)က ''ဘယ်နိုင်ငံမှာ မဆိုပါ စီးပွားရေးပိတ်ဆို့မှု လုပ်တာကို ကျွန်တော်လည်း နှစ်သက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုတွေကို ဖွင့်လိုက်တဲ့အခါ ဒီလိုဖွင့်လိုက်မှုဟာ သန်းပေါင်း ၆၀ သော ပြည်သူလူထုဆီကို ရောက်နိုင်မှာလား၊ အခြေခံလူတန်းစားတွေဆီကို ရောက်နိုင်မှာလား။ အဲဒါတွေကို ပြန်ကြည့်ရမှာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေကို ကျွန်တော်တို့လည်း ဖွင့်စေချင်ပါတယ်။ အကုန်လုံး မဟုတ်တောင် ပညာရေးနဲ့ ကျန်းမာ ရေးကဏ္ဍတွေမှာ ထိရောက်မှုရှိအောင် ဖွင့်စေချင်တယ်။ တခြားတစ်ဖက်မှာလည်း အစိုးရအဖွဲ့အနေနဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ ဘတ်ဂျက်ကိုတိုး သုံးစေချင်တယ်။ ကျန်တဲ့ အဆင့်တွေကိုလည်း တစ်ဆင့်ချင်းလာခဲ့ပါ။ တိုင်းရင်းသား အရေး ဆွေးနွေးတဲ့အခါမှာလည်း သူတို့ယုံကြည်တဲ့သူနဲ့ ပြေလည်အောင် ညှိနှိုင်းပြီး လုပ်ပေးစေချင်ပါတယ်။ KNU နဲ့တောင် ပြေလည်အောင် လုပ်နိုင်သေးတာပါ။ ကျန်တဲ့သူတွေနဲ့လည်း ပြေလည်အောင်လုပ်နိုင်မယ့် သူတွေနဲ့ အစားထိုးပြီး လုပ်ပေးပါလို့ အစိုးရကို ကျွန်တော်က တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ပါမောက္ခဒေါ်လှမြင့်က ''ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ရလဒ်တွေအရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန်၊ အီးယူ၊ ဂျပန်နိုင်ငံတို့က ဖြေ လျော့ပေးဖို့ ပြင်ဆင်လာကြပါပြီ။ ဒါပေမယ့် ဒါကအစပဲရှိသေးတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်သွားတဲ့အတွက် ပိတ်ဆို့ထားတဲ့နိုင်ငံတွေက ပြန်ဖြေလျော့ပေးမှာ မှန်ပေမယ့် နိုင်ငံက ၀ုန်းဆိုချက်ချင်းကြီးပြောင်း လဲသွားမှာမဟုတ်ဘူး။ မှော်ကြိမ်လုံးနဲ့ တို့လိုက်သလို ချက်ချင်းပြောင်းလဲ သွားမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ရုပ်လိုက်လို့ ဆီကို ရေချိုး ဆေးရိုးမီးလှုံ အခြေအနေဖြစ်မှာတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့အနေအထား ဒီလိုဖြစ် နေတာ အကြောင်းအချက် များစွာရှိတယ်။ ပိတ်ဆို့မှုတွေမှာလည်း အကြောင်းအရင်းများစွာရှိတယ်။ ချ မှတ်ထားတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီး စည်းစနစ်နဲ့ အလုပ်လုပ်တဲ့နိုင်ငံတွေ လည်းဖြစ်တော့ ဒီက ပြောင်းလဲတဲ့ အပြောင်းအလဲတွေအလိုက် ဘယ်လောက်ထိ ပြန်လျော့မယ်ဆိုတာ သူတို့ပဲသိမှာပါ။ ကမ္ဘာမှာ မြန်မာကို မသိသူ ရှိပေမယ့် ဒေါ်အောင်ဆန်းစု ကြည်ကို မသိသူ မရှိလောက်ဘူး။ အခုနိုင်ငံရေးမှာ သူဒီလောက်ထိပါဝင် ခွင့်ရလာတဲ့အတွက် အဲဒီရဲ့တန်ပြန် သက်ရောက်မှုကို မြန်မာနိုင်ငံက ခံစားရမှာပါ။ ဒါကြောင့် မကြာခင်မှာပဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေ ပြန်ဖြေ လျော့တာမျိုး ဖြစ်လာမယ်လို့ ယူဆပါတယ်''ဟု သုံးသပ်ခဲ့သည်။
ပါမောက္ခ ဒေါ်ရီရီမြင့်ကလည်း ''အခုအစပဲရှိပါသေးတယ်။ အမေရိကန်နဲ့ အီးယူရော ဂျပန်ပါ တချို့ကို ပြန်ဖြေလျော့ပေမယ့် တချို့ကို ဆက်စောင့်ကြည့်ဦးမယ့် သဘောရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်က ဆက်ပြီး လုပ်ပြရဦးမယ်။ အမေရိကန်ထက် အီးယူနဲ့ ဂျပန်က ပိုပြီး လိုက်လိုက်လျောလျော ရှိနိုင်တယ်။ ဘယ်ဖြေလျော့မှုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ကောင်းတယ်''ဟု ပြောကြားခဲ့သည်။
ပါမောက္ခဦးမော်သန်းက ပိတ်ဆို့မှုများ ဖြေလျော့လာသည်နှင့်အမျှ နိုင်ငံအတွင်း၌ ပြည်တွင်းပြည်ပ စီးပွားရေးပလေယာများ များလာနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရပိုင်းက စီးပွားရေးယှဉ်ပြိုင်မှုများအကြားတွင် သန့်ရှင်းအောင်၊ တရားမျှတအောင်၊ သင့်တော်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရန်လည်း လိုပါကြောင်း၊ ပြည်တွင်းလုပ်ငန်းများအနေဖြင့်လည်း ခေတ်စနစ်အမျိုးမျိုးကြား၌ လုပ်ဖူးသလို နိုင်ငံတကာ လုပ်ငန်းများအနေဖြင့်လည်း နိုင်ငံမျိုးစုံတွင် နည်းမျိုးစုံဖြင့် လုပ်ခဲ့ဖူးကြသည်ဖြစ်သည့်အတွက် ဥပဒေများ၊ အခွန်များ၊ စည်းမျဉ်း စည်းကမ်းများကြားတွင် လှည့်နိုင် ပတ်နိုင်ကြ၍ အစိုးရက နိုင်ငံနှင့် ပြည်သူလူထု မထိခိုက်အောင် လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုခဲ့သည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများ
ဥရောပသမဂ္ဂ
- ဥရောပသမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် တင်းကျပ်သော အရေးယူမှုများဟု ခေါ်ဝေါ်သော ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ လက်နက်များ၊ ပြည်တွင်းတွင် ဖိနှိပ်ရေးအတွက် သုံးနိုင်သောကိရိယာများ မြန်မာနိုင်ငံသို့ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ပေးပို့မှုများ ကို ပိတ်ပင်ခဲ့သည်။
- သစ်ထုတ်လုပ်ရေး၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးတို့နှင့်ဆိုင်သော ကိရိယာများ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး ယင်းတို့ကို တင်သွင်းခြင်းကိုလည်း ကန့်သတ်ခဲ့သည်။ ယင်းကဏ္ဍများရှိ မြန်မာကုမ္ပဏီများနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။ စွမ်းအင် နှင့် ခရီးသွားလာရေးကဲ့သို့သော ကဏ္ဍများမှာမူ မပါဝင်ခဲ့ပေ။
- ဒီမိုကရေစီရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေး၊ အကျပ်အတည်း ဖြေရှင်းရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့မှအပ အခြားကဏ္ဍများတွင် အကူအညီများပေးအပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလတွင် မြန်မာထိပ်တန်း ခေါင်းဆောင်ပိုင်းမှ ၈၇ ဦး အပေါ် ဗီဇာပိတ်ပင်ထားခြင်းကို ယာယီရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ၄င်းတို့နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ မိသားစုများ၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းကိုမူ ဆက်လက်လုပ် ဆောင်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင်ပင် မြန်မာနိုင်ငံ၌ အကူအညီပေးရေး အစီအစဉ်များနှင့် ဆွေးနွေးမှုများ တိုးမြှင့်နိုင်ရေး ကိုယ်စားလှယ်ရုံးဖွင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- နှစ်နှစ်ကြာမြင့်မည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှု အစီအစဉ်ဖြစ်သော ယူရိုသန်း ၁၅၀ တန်ဖိုးရှိ အစီအစဉ်ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- ၂၀၁၂ ခုနှစ် ဧပြီလ၂၃ ရက် နေ့တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ရန် ဆွေးနွေးကြမည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ လူ ၅၀၀ နီးပါးနှင့်သီးခြား ကဏ္ဍနှင့် လုပ်ငန်း ၉၀၀ နီးပါး၏ ဥရောပရှိ ပိုင်ဆိုင်မှုများထိန်းချုပ်ထားခြင်းကို ယင်းဆွေးနွေးမှုတွင် ဖယ်ရှားပေးဖွယ်ရှိနေသည်။
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို ယာယီဖယ်ရှားရေးကို ထောက်ခံကြောင်း ထုတ်ဖော်ထားသည်။
အမေရိကန်ပြည်ထောင်စု
- ၁၉၉၇ ခုနှစ်တွင် အမေရိကန် နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
- Burma Freedom and Democracy Act of 2003 အရ မြန်မာနိုင်ငံမှ တင်ပို့မှုအားလုံး၊ ဘဏ္ဍာရေး ကူးလူးယှက်နွှယ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းအားလုံးကို ကန့်သတ်ခဲ့သလို မြန်မာနိုင်ငံတွင်းရှိ ဘဏ္ဍာရေးအဖွဲ့ အစည်းများနှင့် မြန်မာအစိုးရထိပ်တန်း ခေါင်းဆောင်ပိုင်း၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ဗီဇာကန့်သတ်ခြင်းများကို ထပ်တိုးခဲ့သည်။ မြန်မာကုမ္ပဏီများနှင့် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။
- ၂၀၀၇ ခုနှစ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတွင် ပါဝင်သူ မည်သူမဆို၊ ယခင်စစ်အစိုးရကို ထောက်ပံ့ပေးသူ မည်သူမဆိုအပေါ် အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း ပြုလုပ်ခဲ့သည်။
-၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရေး စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီနှင့် လေ့လာသုံးသပ်ရေး အစီအစဉ်များ ပေးအပ်ရေးကို အကူအညီပေးနိုင်ရန် ပိတ်ပင်မှု အချို့ကို ဖယ်ရှားပေးခဲ့သည်။
- ကြားဖြတ်ရွေးကောက်ပွဲများ အပြီးတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီကလင်တန်က အရေးယူပိတ်ဆို့မှုများ စတင်ဖြေလျော့နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာအရာရှိများ အမေရိကန်သို့ လွယ်ကူစွာ လာရောက်နိုင်ရေးမှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ထားမှုအား ဖြေလျော့ပေးမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် အမေရိကန်က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။
- သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်နေသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများပေါ်တွင်မူ အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ၾသစေၾတးလ်
- ၂၀၀၇ ခုနှစ် အောက်တိုဘာလက သြစတြေးလျသည် မြန်မာခေါင်းဆောင်ပိုင်းနှင့် ၄င်းတို့၏ အပေါင်းအပါများ၊ ထောက်ခံသူများ အပေါ် အရေးယူ ပိတ်ဆို့ခဲ့သည်။ ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှု အပါအ၀င် ဘဏ္ဍာရေးအရ ချိတ်ဆက်မှုများ၊ ဗီဇာနှင့် ခရီးသွားလာမှုများကိုပါ ပိတ်ပင်ခဲ့သည်။ လက်နက်တင်ပို့မှုနှင့် ပတ်သက်ပြီးလည်း ပိတ်ပင်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။
-၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာသမ္မတနှင့် အခြားပုဂ္ဂိုလ် ၂၀၀ ကျော်အား ဘဏ္ဍာရေးနှင့် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ရုပ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ သို့ရာတွင် စစ်ဘက်ထိပ်တန်းခေါင်းဆောင်အချို့နှင့် လူ့ အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၁၃၀ ခန့်ကို ပိတ်ပင်မှုတွင် ဆက်လက်ထားရှိမည် ဖြစ်သည်။
နော်ဝေ
နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းလိုက်ကြောင်း ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်နက် ကူးသန်းရောင်းဝယ်မှုကိုမူ ဆက်လက်ပိတ်ပင်ထားမည် ဖြစ်သည်။
ကနေဒါ
- ၁၉၈၈ ခုနှစ်ကတည်းက ကနေဒါသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများမှအပ မည်သည့် ကုန်ပစ္စည်းကိုမျှ မတင်ပို့ရန် ပိတ်ပင်ထားခဲ့ပြီး ဖွံ့ဖြိုးရေးအကူအညီများကိုလည်း ရပ်ဆိုင်းခဲ့သည်။
- ယခင်အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။၂၀၀၇ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့ပြီး ကနေဒါနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၊ မြန် မာနိုင်ငံမှ တင်သွင်းမှုတို့ကို ပိတ်ပင်ခဲ့ သလို မြန်မာနိုင်ငံတွင် ဘဏ္ဍာရေး ၀န်ဆောင်မှုများပေးခြင်းကိုလည်း ပိတ်ပင်ခဲ့ပြီး အစိုးရထိပ်တန်းအရာရှိများ၊ အစိုးရနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကနေဒါရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင်မူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ကနေဒါသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြင်ဆင်ရန် (သို့မဟုတ်) အဆုံးသတ်ရန် စဉ်းစား သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
ဂျပန်
၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံက ကိုးနှစ်ကြာ ရပ်ဆိုင်းထားသော ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သည်။မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင်ဖြေလျော့ရန် သြစတြေးလျမှ တရားဝင်ထုတ်ပြန်မှုတစ်ခု

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ စတင်ဖြေလျော့ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ ပြုလုပ်ရန် စီစဉ်နေကြပြီဖြစ်သည်။

အမေရိကန်က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လများ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှုဖြစ်စဉ်များကို မြင်တွေ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုက အဆင့်ငါးဆင့်ဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

''ကျွန်မတို့ဘက်က ရှေ့ဆက်လှမ်းဖို့ ပြင်ဆင်ပြီးပါပြီ။ ပထမအဆင့်အနေနဲ့ မကြာခင်မှာ သံအမတ်ကြီးအဆင့် ရန်ကုန်မှာထားရှိသွားဖို့ သဘောတူညီချက် ရယူသွားပါမယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ဘက်က အဆိုတင်သွင်းသူကို တရားဝင် ကြေညာပါမယ်။ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံထဲမှာ USAID ကိုယ်စားလှယ်အဖွဲ့ကို ထားရှိပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ပုံမှန် နိုင်ငံတွင်း လုပ်ငန်းစဉ်တွေကို အကူအညီပေးသွားပါမယ်။ တတိယအဆင့်အနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကနေ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းစဉ်များအထိ အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေက ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ အကျိုးအမြတ်မယူဘဲ ဆောင်ရွက်နိုင်စေဖို့ပါပဲ။ စတုတ္ထအဆင့်အနေနဲ့ အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုကို လာရောက်နိုင်အောင် ကူညီပေးသွားဖို့ဖြစ်ပါတယ်။ ပဉ္စမအဆင့်ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်ပေးဖို့ အတွက် အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိတ်ဆို့ထားတာတွေကို စိစစ်ပြီး လျော့ချပေးသွားပါမယ်။ ဒီလို သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးမှာ လမ်းမှားပေါ်မှာပဲ ဆက်ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အပေါ်ထားရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်ချက်တွေကိုတော့ ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်ပြီဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere က ဧပြီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ သို့ရာတွင် လက်နက်ရောင်းချမှုကိုမူ ဆက်လက်ပိတ်ပင်ထားဦး မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ သြစတြေးလျနိုင်ငံကလည်း မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးကို ထောက်ခံအားပေးသည့် အနေဖြင့် အရေးယူပိတ်ဆို့ထားမှုကို ဖြေလျော့ပေးရန်နှင့် မြန်မာနှင့် ပုံမှန်ကုန်သွယ်ရေး ပြန်လုပ်သွားရန် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကားနှင့် ကုန်သွယ်ရေးဝန်ကြီး ခရိတ်ခ် အီမာဆန်တို့က သြစတြေးလျအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲနေမှုတွေကို နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ကားက''ကျွန်တော်တိုရဲ့ အရေးယူပိတ်ဆို့မှုတွေကို လျော့ချပေးပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးခြင်းအားဖြင့် အခုချိန် မြန်မာပြည်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအပြောင်း အလဲတွေကို ပိုမို ခရီးရောက်စေပါမယ်။ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ပြီးတော့ ဒီအပြောင်းအလဲတွေကို အခြေပြုပြီး မြန်မာပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်စေမယ့် အပြောင်းအလဲတွေ ရေရှည်ဖြစ်နိုင်မယ့် အခြေအနေတွေ ဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပိုလုပ်သွားမယ်'' ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံက ဖြေလျော့ပေးလိုက်သည့် အရေးယူပိတ်ဆို့မှုအချို့မှာ ငွေရေးကြေးရေးနှင့် ခရီးသွားလာခွင့် ဆိုင်ရာပိတ်ဆို့ အရေးယူထားသည့် မြန်မာနိုင်ငံမှတာဝန်ရှိသူ စုစုပေါင်း ၃၉၂ ဦးထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်ပြီး စစ် ဘက် အရာရှိများ အပါအ၀င်ဆက်ပြီး အရေးယူထားသူ ၁၃၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်းနှင့် ဖယ်ရှားပေးလိုက်သူများထဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့နှင့် လွှတ်တော်ထဲမှ ပြုပြင်ပြောင်းလဲရေးလိုလားသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာလက်နက် ရောင်းချမှုကိုမူ ဆက်လက်ပြီး ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများ အနက်အချို့ကို ဆိုင်းငံ့သင့်ကြောင်း ဧပြီလ ၁၃ ရက် နေ့က ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ဥရောပသမဂ္ဂကလည်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် ရှိနေပြီး အချို့သော အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ရန် ရှိနေကြောင်း သတင်းများထွက် ပေါ်နေသည်။

သို့ရာတွင် အရေးယူပိတ်ဆို့မှု မည်မျကို ဖယ်ရှားသင့်သည်၊ မသင့်သည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံများ အကြား အမြင်ကွဲပြားမှုများလည်း ရှိနေသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအားလုံးသည် လာမည့် ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ထိုကဲ့သို့ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင် ဖြေလျော့ပေးနေမှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များကလည်း ကြိုဆိုခဲ့ကြပြီး အရေးယူပိတ်ဆို့မှု များကို ချက်ချင်းရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့ကြသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အီးယူအပါအ၀င် အနောက်နိုင်ငံတချို့ရဲ့ နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုဟာ ပြည်သူကို အဓိကထိခိုက်တယ်လို့ ယူဆပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခြေအနေကို ကြည့်ပြီးမှ sanctions ကို အလုံးစုံ ရုပ်သိမ်းမယ်၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်ထားမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူတွေ အဓိကနစ်နာမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မှန်မှန်ကန်ကန်၊ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက် နိုင်ကြဖို့အတွက် sanctions က အပေး အယူသဘောမျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ဖို့ဆိုရင် sanctions ကို ချက်ချင်းရုပ်သိမ်းသင့်တယ်လို့ ယူ ဆပါတယ်''ဟု ပြောကြားခဲ့သည်။

''စီးပွားရေး ပိတ်ဆို့မှုတွေကတော့ ရုပ်သိမ်းသွားရမှာပဲ။ အခုချိန်မှာ တချို့ကို ရုပ်သိမ်းသွားပြီး တချို့ကိုတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်။ အားလုံး ရုပ်သိမ်းဖို့အတွက် အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက်ပဲ လိုတော့မယ်။ ဘာပဲပြောပြော လုပ်ထုံးလုပ်နည်းအရ ရက် ၆၀ မပြည့်သေးပေမယ့်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD ကို ဧပြီ ၂၃ မှာ စမယ့် လွှတ်တော်ပုံမှန်အစည်းအဝေးကို တက်ဖို့ ဖိတ်ကြားတာ၊ NLD မှတ်ပုံတင်နိုင်အောင် လုပ်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်စေတာတွေဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခင်းအကျင်းတွေဖြစ်နေတယ်။ နောက်ပြီး အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကလည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်လို့ ပြောထားတာတွေ ရှိပါတယ်။ နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေက တိုက်ရိုက်အနေအထားနဲ့ ၀င်လာမှာတော့ မဟုတ်ဘူး။ IMF တို့၊ World Bank တို့ Stock လုပ်ငန်းတွေ အဲဒါတွေက တစ်ဆင့်ဝင်လာမှာ။ အခုချိန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေကို တချို့ရုပ်သိမ်းပေးပြီး တချို့ရပ်ပေးတယ်ဆိုတာ တော်တော်ကောင်းတဲ့ အနေအထားပါ။ တစ်ခု သိထားလို့ရတာက အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှု ဆိုတာ အမေရိကန် အစိုးရရဲ့ မူဝါဒ ပဲ။ အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီက ဒီမူဝါဒကို မလိုက်နာရင်လည်း ဖြစ်တယ်။ အရင်ကလည်း Coca Cola တို့၊ Total တို့တွေ ဒီ နိုင်ငံထဲ လာခဲ့ဖူးတာပဲ။ ရှယ်ယာရှင် တွေက ကန့်ကွက်လို့၊ သူတို့အတွက် အမှန်တကယ် အကျိုးမရှိလို့သာလျင် သူတို့ ပြန်ထွက်သွားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ စီးပွားရေးပိတ်ဆို့မှု ရပ်နားထားတယ် ဆိုရင်ပဲ သက်ဆိုင်ရာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံထဲကို လာလို့ရပါပြီ။ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာလို့မြင်တယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။

ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)က ''ဘယ်နိုင်ငံမှာ မဆိုပါ စီးပွားရေးပိတ်ဆို့မှု လုပ်တာကို ကျွန်တော်လည်း နှစ်သက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုတွေကို ဖွင့်လိုက်တဲ့အခါ ဒီလိုဖွင့်လိုက်မှုဟာ သန်းပေါင်း ၆၀ သော ပြည်သူလူထုဆီကို ရောက်နိုင်မှာလား၊ အခြေခံလူတန်းစားတွေဆီကို ရောက်နိုင်မှာလား။ အဲဒါတွေကို ပြန်ကြည့်ရမှာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေကို ကျွန်တော်တို့လည်း ဖွင့်စေချင်ပါတယ်။ အကုန်လုံး မဟုတ်တောင် ပညာရေးနဲ့ ကျန်းမာ ရေးကဏ္ဍတွေမှာ ထိရောက်မှုရှိအောင် ဖွင့်စေချင်တယ်။ တခြားတစ်ဖက်မှာလည်း အစိုးရအဖွဲ့အနေနဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ ဘတ်ဂျက်ကိုတိုး သုံးစေချင်တယ်။ ကျန်တဲ့ အဆင့်တွေကိုလည်း တစ်ဆင့်ချင်းလာခဲ့ပါ။ တိုင်းရင်းသား အရေး ဆွေးနွေးတဲ့အခါမှာလည်း သူတို့ယုံကြည်တဲ့သူနဲ့ ပြေလည်အောင် ညှိနှိုင်းပြီး လုပ်ပေးစေချင်ပါတယ်။ KNU နဲ့တောင် ပြေလည်အောင် လုပ်နိုင်သေးတာပါ။ ကျန်တဲ့သူတွေနဲ့လည်း ပြေလည်အောင်လုပ်နိုင်မယ့် သူတွေနဲ့ အစားထိုးပြီး လုပ်ပေးပါလို့ အစိုးရကို ကျွန်တော်က တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပါမောက္ခဒေါ်လှမြင့်က ''ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ရလဒ်တွေအရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန်၊ အီးယူ၊ ဂျပန်နိုင်ငံတို့က ဖြေ လျော့ပေးဖို့ ပြင်ဆင်လာကြပါပြီ။ ဒါပေမယ့် ဒါကအစပဲရှိသေးတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်သွားတဲ့အတွက် ပိတ်ဆို့ထားတဲ့နိုင်ငံတွေက ပြန်ဖြေလျော့ပေးမှာ မှန်ပေမယ့် နိုင်ငံက ၀ုန်းဆိုချက်ချင်းကြီးပြောင်း လဲသွားမှာမဟုတ်ဘူး။ မှော်ကြိမ်လုံးနဲ့ တို့လိုက်သလို ချက်ချင်းပြောင်းလဲ သွားမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ရုပ်လိုက်လို့ ဆီကို ရေချိုး ဆေးရိုးမီးလှုံ အခြေအနေဖြစ်မှာတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့အနေအထား ဒီလိုဖြစ် နေတာ အကြောင်းအချက် များစွာရှိတယ်။ ပိတ်ဆို့မှုတွေမှာလည်း အကြောင်းအရင်းများစွာရှိတယ်။ ချ မှတ်ထားတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီး စည်းစနစ်နဲ့ အလုပ်လုပ်တဲ့နိုင်ငံတွေ လည်းဖြစ်တော့ ဒီက ပြောင်းလဲတဲ့ အပြောင်းအလဲတွေအလိုက် ဘယ်လောက်ထိ ပြန်လျော့မယ်ဆိုတာ သူတို့ပဲသိမှာပါ။ ကမ္ဘာမှာ မြန်မာကို မသိသူ ရှိပေမယ့် ဒေါ်အောင်ဆန်းစု ကြည်ကို မသိသူ မရှိလောက်ဘူး။ အခုနိုင်ငံရေးမှာ သူဒီလောက်ထိပါဝင် ခွင့်ရလာတဲ့အတွက် အဲဒီရဲ့တန်ပြန် သက်ရောက်မှုကို မြန်မာနိုင်ငံက ခံစားရမှာပါ။ ဒါကြောင့် မကြာခင်မှာပဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေ ပြန်ဖြေ လျော့တာမျိုး ဖြစ်လာမယ်လို့ ယူဆပါတယ်''ဟု သုံးသပ်ခဲ့သည်။

ပါမောက္ခ ဒေါ်ရီရီမြင့်ကလည်း ''အခုအစပဲရှိပါသေးတယ်။ အမေရိကန်နဲ့ အီးယူရော ဂျပန်ပါ တချို့ကို ပြန်ဖြေလျော့ပေမယ့် တချို့ကို ဆက်စောင့်ကြည့်ဦးမယ့် သဘောရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်က ဆက်ပြီး လုပ်ပြရဦးမယ်။ အမေရိကန်ထက် အီးယူနဲ့ ဂျပန်က ပိုပြီး လိုက်လိုက်လျောလျော ရှိနိုင်တယ်။ ဘယ်ဖြေလျော့မှုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ကောင်းတယ်''ဟု ပြောကြားခဲ့သည်။
ပါမောက္ခဦးမော်သန်းက ပိတ်ဆို့မှုများ ဖြေလျော့လာသည်နှင့်အမျှ နိုင်ငံအတွင်း၌ ပြည်တွင်းပြည်ပ စီးပွားရေးပလေယာများ များလာနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရပိုင်းက စီးပွားရေးယှဉ်ပြိုင်မှုများအကြားတွင် သန့်ရှင်းအောင်၊ တရားမျှတအောင်၊ သင့်တော်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရန်လည်း လိုပါကြောင်း၊ ပြည်တွင်းလုပ်ငန်းများအနေဖြင့်လည်း ခေတ်စနစ်အမျိုးမျိုးကြား၌ လုပ်ဖူးသလို နိုင်ငံတကာ လုပ်ငန်းများအနေဖြင့်လည်း နိုင်ငံမျိုးစုံတွင် နည်းမျိုးစုံဖြင့် လုပ်ခဲ့ဖူးကြသည်ဖြစ်သည့်အတွက် ဥပဒေများ၊ အခွန်များ၊ စည်းမျဉ်း စည်းကမ်းများကြားတွင် လှည့်နိုင် ပတ်နိုင်ကြ၍ အစိုးရက နိုင်ငံနှင့် ပြည်သူလူထု မထိခိုက်အောင် လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုခဲ့သည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများ

ဥရောပသမဂ္ဂ

- ဥရောပသမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် တင်းကျပ်သော အရေးယူမှုများဟု ခေါ်ဝေါ်သော ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ လက်နက်များ၊ ပြည်တွင်းတွင် ဖိနှိပ်ရေးအတွက် သုံးနိုင်သောကိရိယာများ မြန်မာနိုင်ငံသို့ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ပေးပို့မှုများ ကို ပိတ်ပင်ခဲ့သည်။

- သစ်ထုတ်လုပ်ရေး၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးတို့နှင့်ဆိုင်သော ကိရိယာများ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး ယင်းတို့ကို တင်သွင်းခြင်းကိုလည်း ကန့်သတ်ခဲ့သည်။ ယင်းကဏ္ဍများရှိ မြန်မာကုမ္ပဏီများနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။ စွမ်းအင် နှင့် ခရီးသွားလာရေးကဲ့သို့သော ကဏ္ဍများမှာမူ မပါဝင်ခဲ့ပေ။

- ဒီမိုကရေစီရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေး၊ အကျပ်အတည်း ဖြေရှင်းရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့မှအပ အခြားကဏ္ဍများတွင် အကူအညီများပေးအပ်ခြင်းကို ပိတ်ပင်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလတွင် မြန်မာထိပ်တန်း ခေါင်းဆောင်ပိုင်းမှ ၈၇ ဦး အပေါ် ဗီဇာပိတ်ပင်ထားခြင်းကို ယာယီရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ၄င်းတို့နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ မိသားစုများ၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းကိုမူ ဆက်လက်လုပ် ဆောင်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင်ပင် မြန်မာနိုင်ငံ၌ အကူအညီပေးရေး အစီအစဉ်များနှင့် ဆွေးနွေးမှုများ တိုးမြှင့်နိုင်ရေး ကိုယ်စားလှယ်ရုံးဖွင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- နှစ်နှစ်ကြာမြင့်မည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှု အစီအစဉ်ဖြစ်သော ယူရိုသန်း ၁၅၀ တန်ဖိုးရှိ အစီအစဉ်ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

- ၂၀၁၂ ခုနှစ် ဧပြီလ၂၃ ရက် နေ့တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ရန် ဆွေးနွေးကြမည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ လူ ၅၀၀ နီးပါးနှင့်သီးခြား ကဏ္ဍနှင့် လုပ်ငန်း ၉၀၀ နီးပါး၏ ဥရောပရှိ ပိုင်ဆိုင်မှုများထိန်းချုပ်ထားခြင်းကို ယင်းဆွေးနွေးမှုတွင် ဖယ်ရှားပေးဖွယ်ရှိနေသည်။

- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို ယာယီဖယ်ရှားရေးကို ထောက်ခံကြောင်း ထုတ်ဖော်ထားသည်။

အမေရိကန်ပြည်ထောင်စု

- ၁၉၉၇ ခုနှစ်တွင် အမေရိကန် နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့သည်။

- Burma Freedom and Democracy Act of 2003 အရ မြန်မာနိုင်ငံမှ တင်ပို့မှုအားလုံး၊ ဘဏ္ဍာရေး ကူးလူးယှက်နွှယ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းအားလုံးကို ကန့်သတ်ခဲ့သလို မြန်မာနိုင်ငံတွင်းရှိ ဘဏ္ဍာရေးအဖွဲ့ အစည်းများနှင့် မြန်မာအစိုးရထိပ်တန်း ခေါင်းဆောင်ပိုင်း၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ဗီဇာကန့်သတ်ခြင်းများကို ထပ်တိုးခဲ့သည်။ မြန်မာကုမ္ပဏီများနှင့် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။

- ၂၀၀၇ ခုနှစ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတွင် ပါဝင်သူ မည်သူမဆို၊ ယခင်စစ်အစိုးရကို ထောက်ပံ့ပေးသူ မည်သူမဆိုအပေါ် အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း ပြုလုပ်ခဲ့သည်။

-၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရေး စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီနှင့် လေ့လာသုံးသပ်ရေး အစီအစဉ်များ ပေးအပ်ရေးကို အကူအညီပေးနိုင်ရန် ပိတ်ပင်မှု အချို့ကို ဖယ်ရှားပေးခဲ့သည်။။ - ကြားဖြတ်ရွေးကောက်ပွဲများ အပြီးတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီကလင်တန်က အရေးယူပိတ်ဆို့မှုများ စတင်ဖြေလျော့နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာအရာရှိများ အမေရိကန်သို့ လွယ်ကူစွာ လာရောက်နိုင်ရေးမှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ထားမှုအား ဖြေလျော့ပေးမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် အမေရိကန်က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။

- သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်နေသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများပေါ်တွင်မူ အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ၾသစေၾတးလ်

- ၂၀၀၇ ခုနှစ် အောက်တိုဘာလက သြစတြေးလျသည် မြန်မာခေါင်းဆောင်ပိုင်းနှင့် ၄င်းတို့၏ အပေါင်းအပါများ၊ ထောက်ခံသူများ အပေါ် အရေးယူ ပိတ်ဆို့ခဲ့သည်။ ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှု အပါအ၀င် ဘဏ္ဍာရေးအရ ချိတ်ဆက်မှုများ၊ ဗီဇာနှင့် ခရီးသွားလာမှုများကိုပါ ပိတ်ပင်ခဲ့သည်။ လက်နက်တင်ပို့မှုနှင့် ပတ်သက်ပြီးလည်း ပိတ်ပင်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

-၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာသမ္မတနှင့် အခြားပုဂ္ဂိုလ် ၂၀၀ ကျော်အား ဘဏ္ဍာရေးနှင့် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ရုပ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ သို့ရာတွင် စစ်ဘက်ထိပ်တန်းခေါင်းဆောင်အချို့နှင့် လူ့ အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၁၃၀ ခန့်ကို ပိတ်ပင်မှုတွင် ဆက်လက်ထားရှိမည် ဖြစ်သည်။

နော်ဝေ

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းလိုက်ကြောင်း ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်နက် ကူးသန်းရောင်းဝယ်မှုကိုမူ ဆက်လက်ပိတ်ပင်ထားမည် ဖြစ်သည်။

ကနေဒါ

- ၁၉၈၈ ခုနှစ်ကတည်းက ကနေဒါသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများမှအပ မည်သည့် ကုန်ပစ္စည်းကိုမျှ မတင်ပို့ရန် ပိတ်ပင်ထားခဲ့ပြီး ဖွံ့ဖြိုးရေးအကူအညီများကိုလည်း ရပ်ဆိုင်းခဲ့သည်။

- ယခင်အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။၂၀၀၇ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့ပြီး ကနေဒါနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၊ မြန် မာနိုင်ငံမှ တင်သွင်းမှုတို့ကို ပိတ်ပင်ခဲ့ သလို မြန်မာနိုင်ငံတွင် ဘဏ္ဍာရေး ၀န်ဆောင်မှုများပေးခြင်းကိုလည်း ပိတ်ပင်ခဲ့ပြီး အစိုးရထိပ်တန်းအရာရှိများ၊ အစိုးရနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကနေဒါရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင်မူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ကနေဒါသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြင်ဆင်ရန် (သို့မဟုတ်) အဆုံးသတ်ရန် စဉ်းစား သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

ဂျပန်

၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံက ကိုးနှစ်ကြာ ရပ်ဆိုင်းထားသော ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သည်။