ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ဒီအဖွဲ့နဲ့ တွေ့ရတဲ့အခါမှာ တစ်ခါမှ
မတွေ့ရဖူးသေးတဲ့သူတွေ ဆိုပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့
တရင်းတနှီးလည်းရှိပါတယ်။ မိသားစုတွေလိုပဲဖြစ်တဲ့အခါကျတော့
ကျွန်မတို့ ပြည်ထောင်စုဆိုတာ ဒီလိုပဲဖြစ်ရမယ် စဉ်းစားမိပါတယ်။
ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အားလုံးက အတူတူပါပဲ။ တန်းတူညီတူ နဲ့
သွေးရင်းညီအစ်ကိုမောင်နှမတွေလို ဖြစ်ရပါမယ်။ ပြောတဲ့ဆိုတဲ့ နေရာမှာလည်း ပွင့်ပွင့်လင်းလင်း
ရှိတယ်။ အတွေးအမြင်တွေကလည်း တော်တော်တူပါတယ်။ အဲဒီလို တိုက်ဆိုင်မှုတွေ
သိပ်များတဲ့အခါကျတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ
ကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ကျွန်မကို လာဖို့ဖိတ်ထားတဲ့အတွက်
ကျွန်မကလည်း သွားဖို့ အများကြီးဆန္ဒရှိတယ်။ အစောဆုံးသွားနိုင်တဲ့အချိန်မှာ
သွားချင်တယ်။ သွားနိုင်တဲ့အချိန်မှာ သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့
ပြည်သူပြည်သားတွေအားလုံး နောင်လည်း ဒီလိုလက်တွဲပြီးတော့
အတူလမ်းလျှောက်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုပါတယ်''ဟု မီဒီယာများသို့
ပြောကြားခဲ့သည်။
No comments:
Post a Comment