ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piebalgs တို့ နေပြည်တော်၌ တွေ့ဆုံနေကြောင်း သိရပါသည်။ ကော်မရှင်နာ မင်းကြီးသည် လူသားချင်းစာနာ ထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်ရန်အတွက် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှ ၁၄ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်နှင့်အတူ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုအပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးရန်အတွက် ယူရိုသန်း ၁၅၀ ကို အီးယူမှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment