Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

13 Feb 2012

ဒို့ခွပ်ဒေါင်းအသံ

ခွပ်ဒေါင်းဥဒါန်း

ကောင်းကျိုးအထွေထွေနဲ့

ဒေါင်းအိုးဝေတွန်တဲ့မြေမှာ

အကြောင်းအကြိုးတွေချော်ခဲ့ရလို့

သူကောင်းမျိုးတွေ ကြွေခဲ့ရပြီ ….

ထီးကျိုးစည်ပေါက်

ပလ္လင်ပေါ်မျောက်တက်လို့

ကျွန်ဖြစ်ခဲ့တာလည်းအတော်ကြာ

နွံနစ်ခဲ့တဲ့မြေမဟာ

အဖယ်ဆယ်ရမှာ သေချာပါတယ် ….

သေနတ်ပြောင်း ဘယ်လောက်မှန်မှန်

အမြောက်ဆံဘယ်လောက်ပြင်းပြင်း

မီးတွင်းထဲကခွပ်ဒေါင်း

မျက်စောင်းတ၀င့်ဝင့်နဲ့

ဆက်လက်ချီတက်နေတာ

တွေဝေစရာမရှိ

ဘယ်နေရာမှာကြည့်ကြည့်တွေ့မယ် ….

အာဏာသူခိုး

လူတစ်ကာအငြိုးမကြေတဲ့လက်နက်နဲ့စိန်ခေါ်

အလိမ်ပေါ်နေတဲ့သူတွေ

တိမ်ပေါ်အထိတက်နိုင်မလား ….

ခေတ်အဆက်ဆက်က

အနှစ်နှစ်အလလ

ထက်ထက်ရှရှ

တက်တက်ကြွကြွနဲ့

တွန်ကျူးခဲ့ခွပ်

ဒေါင်းသံ

မိုးယံတစ်လွှားမှာ

အမျိုးမှန်တဲ့အားတွေနဲ့

ဖွံ့ထွားရှင်သန်

တောင်ပံခတ်ရင်း

ခရီးပြင်းထဲက

ထကြွလို့ကြွေးကျော်

စိန်ခေါ်ချိန်ရောက်ဦးမယ် ….

စစ္စလီ

ကြိုက်လွန်းလို့တင်ပေးလိုက်ပါသည်

ရွာပျက်နေတယ်ထင်တာဘဲ

ကိုယ်ပျော်ဖို့အတွက် သူတစ်ပါးရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို

ဆော့ကစားတတ်တဲ့ သူတွေကို မုန်းတယ်ဆိုဘဲ

ဟုတ်တယ်နော်

အကြမ်းအတမ်းတွေ မရှိတော့တဲ့နောက်

အနု အလှတွေဘဲ ရင်ထဲကို ဖြတ်သန်း စီဆင်းစေချင်တာပါ

အေးအေးလေးပါဘဲ

ပူပြင်းလှတဲ့ ရာသီက စိမ်းလှမ်းမှုတွေကို ခြောက်သွေ.စေတာမှန်ရင်

အေးချမ်းလှတဲ့ ဆောင်းနှင်းတွေကကော

အစိမ်းရောင်တွေကို ဆက်ရှိနေစေလို.လား

ဘီးလူးမနဲ.သားလုပွဲမှာ ခေတ်သစ် မဟော်သဓာရှိနေလို.

ရင်ဘတ်ကြီး ခွဲမထွက်သွားတာ

ဘာသီးတွေစားပြီး ရင့်မာနေတာလဲ

အမြဲတောမီးလောင်နေတဲ့ တိုင်းပြည်မှာ

ဘီလူးမတွေ အရမ်းသောင်းကျန်းနေလေရဲ.

ကာလံဒေသံဆိုတာလား

ဦးရာသူ တိုင်ကြေး ဥပဒေဘဲ ဆိုရင်

ပုဂံပြည်က ညှပ်ကြီးတွေ အသုံးမ၀င်တော့ဘူးပေါ့

ကြာရင် ဟုတ်တုတ်တုတ်တွေ သေကုန်မယ်ထင်တာဘဲ

ဟေ့ဟေ့ ငါက ... သနားစရာကောင်းနေတာလား

ဘ၀ပြောင်းနေတာလား ...... ဟင့်အင်း

ရွာပျက်နေတယ်ထင်တာဘဲ

ကိုပြာ