17 Feb 2012
နဝတခောတ်အထူးမျက်လှည့်
လက်ရှိဖြစ်ပျက်နေတဲ့ နေ၀င်းမြေး ၊ ခင်ညွန့်တို့ဟာ ဗမာပြည်သူတွေရဲ့ မြို့မေတ္တာခံယူနေကြခြင်းသည် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တည်းက ခင်ညွန့်က ဦးဆောင်ဦးရွက်ပြု၍ န၀တစစ်အုပ်စုတစ်ခုလုံး စနစ်တကျ ကြိုတင်အကွက်ချ ဖန်တီးပြင်ဆင်ခဲ့တာ ဖြစ်ပါတယ် ။ ဒီအကွက်တွေကို လုံးဝ လက်မခံတဲ့ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦးကို အသေသတ်ခဲ့ပါတယ် ။ တင်ဦးသေတာနဲ့ တပြိုင်နက် နေ၀င်းမြေးတွေကို ထောင်ချ ၊ ခင်ညွန့်က ဟန်ပြ အပြင်မှာ ခဏနေပြ ၊ အားလုံး အစီအစဉ်တွေ အသင့်ဖြစ်ပြီးတဲ့နောက် ခင်ညွန့်က သူကိုယ်တိုင် ထောင်ထဲဝင်ပြ ၊ ဗမာ့နိုင်ငံရေး ဗမာပြည်သူ နိုင်ငံတကာ အသိုင်းဝိုင်း အားလုံးကို မျက်လှည့်ပြ ၊ အားလုံးပြီးသည့်နောက် အခု လို ကိုမင်းကိုနိုင် နှင့် ခင်ညွန့် ကို ယှဉ်တွဲပြီး လွှတ်ပြ ၊ ခင်ညွန့် ၊ နေ၀င်းမြေးတို့ကို ပြည်သူတွေရှေ့မှောက် သေသေသပ်သပ်နဲ့ ပွဲထုတ်ပြလိုက်တဲ့ လုပ်ကွက်က အ၇မ်း ပိရိသေသပ်လွန်းတော့ မည်သူတစ်ဦးတစ်ယောက်ကမျှ ဒီလုပ်ကွက်ရဲ့ မြစ်ဖျားခံရာကို မသိရှိနိုင်တော့ဘူးပေါ့ ။ ဒီဖြစ်စဉ် ဒီရွှေ့ကွက်တွေအားလုံး ကို စနစ်တကျ ရေးသားဖော်ထုတ် တင်ပြသွားပါမယ် ။ ဘာကြောင့် နေ၀င်းမြေး ၊ ခင်ညွန့် ၊ ကိုမင်းကိုနိုင်တို့ကို တပြိုင်နက် လွှတ်ပေးလိုက်ရသလဲ ဆိုတဲ့ နောက်ကွယ်မှာ တိကျခိုင်မာတဲ ဖြစ်ရပ်တွေ ရှိတယ် ။ စစ်တုရင်ကစားနည်းမှာ ဘုရင်မကြီးတစ်ကောင်ပစ်စလက်ခတ်ချကျွေးပြီး နောက်ထပ် ဘုရင်မတွေ ရထားတွေ မြင်းတွေ အစီစဉ်ကျကျ သေသေသပ်သပ် ပြန်ယူသွားတဲ့ အဆင့်မြင့်ဆုံးကစားကွက်ဖြစ်ပါတယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment