Showing posts with label သတင်းတို. Show all posts
Showing posts with label သတင်းတို. Show all posts

4 Jun 2012

သမ္မတဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို တပ်မတော်က အပြည့်အ၀ ထောက်ခံ၊ သင့်တော်သော အချိန်ရောက်ပါက လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျော့ချနိုင်ခြေရှိကြောင်း မြန်မာကာကွယ်ရေးဝန်ကြီး ပြောကြား

AddThis Social Bookmark Button
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောကြားနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများအပေါ် တပ်မတော်က ၁၀၀ ရာခိုင်နှုန်း ထောက်ခံပြီး အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာလုပ်ဆောင်မှု ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ယူရမည်ဖြစ်ပြီး သင့်တော်သော အချိန်တစ်ခုသို့ ရောက်ပါက ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေအရ လွှတ်တော်ထဲသို့ ရောက်နေသော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အရေအတွက်ကို လျော့ချနိုင်ခြေ ရှိသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးသည် စင်ကာပူတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော အာရှလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာပါက တပ်မတော်သည် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်မှု လျော့ချမည်ဟု စကားပြန်တစ်ဦးမှတစ်ဆင့် ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာအစိုးရသစ်သည် နျူကလီးယား သုတေသနစီမံကိန်းကိုလည်း ရပ်ဆိုင်းထားကြောင်းနှင့် အနာဂတ်တွင် ရှေ့တိုးလုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ 

w7_35_15_1
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောကြားနေစဉ်

မြန်မာသည် ယူရေနီယမ်သန့်စင်မှု နည်းပညာကို မြောက်ကိုရီးယားထံမှရရှိခဲ့ကြောင်း ပြီးခဲ့သော နှစ်နှစ်ခန့်က သတင်းထွက်ပေါ်ခဲ့သည်။ ယင်းစီမံကိန်းသည် ကာကွယ်ရေးအတွက်၊ လက်နက်စီမံကိန်းအတွက် မဟုတ်ကြောင်းကို ယခင်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ သုတေသနအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနျူကလီးယားစီမံကိန်း တိုးတက်မှု ရှိနေသည်ဆိုခြင်းမှာ ချဲ့ကားဖော်ပြနေခြင်းသာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
နျူကလီးယားစီမံကိန်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် စစ်ဆေးစရာ၊ ကြည့်ရှုစရာ ဘာမှမရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာသည် ယခင်က မြောက်ကိုရီးယားနှင့် နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေးရှိခဲ့သော်လည်း မိမိတို့၏ ပွင့်လင်းပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကြောင့် မြောက်ကိုရီးယားနှင့် ယင်းကဲ့သို့ ဆက်ဆံရေးများကို ရပ်ဆိုင်းခဲ့ပြီး ပုံမှန်ဆက်ဆံရေးသာ ရှိတော့ ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

25 May 2012

ခရစ်ယာန်ဘုရားကျောင်း၌ ကချင်အမျိုးသမီးအား မြန်မာစစ်တပ်မှ အဓ္ဓမပြုကျင့်

မြန်မာအစိုးရစစ်သားများက ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ အသက် (၄၈)နှစ် ဒေသခံ ကချင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးနှိပ်စက်ပြီး ခရစ်ယာန်ဘုရားကျောင်းဝင်းတွင် အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့ကြောင်း ထိုင်းနိုင်ငံကချင်အမျိုးသမီးအဖွဲ့ (KWAT)၏ မေလ ၁၈ ရက် သတင်းထုတ်ပြန်ချက်က ဆိုသည်။

လုပီရွာမှ ကလေး (၁၂)ယောက်၏ အဘွား ဒေါ်ငွှါးမီ (နာမည်အစစ် မဟုတ်)သည် မေလ ၁ ရက်နေ့တွင် သူ့မ၏ရွာသို့ မြန်မာစစ်တပ် ခမရ ၃၄၇ နှင့် ခလရ ၁၁၈ ပူပေါင်းစစ်ကြောင်းမှ စစ်သားများ ၀င်လာသည်ကိုကြောက်ရွံ့သဖြင့် ရွာ ဘုရားကျောင်းဝင်းတွင် သူမတဦးတည်း တိမ်းရှာင်နေစဉ် စစ်သားများတွေ့ရှိပြီး ဖမ်းဆီး ရိုက်နက်၊ ဓါးမြောက်ဖြင့်ထိုးကာ သတိလစ်သည်ထိ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။


အစိုးရစစ်သားများမှ ၎င်း အမျိုးသမီး၏ခန္ဒာကိုယ် နေရာမရွေး ထုနက်ရိုက်နက်ပြီးနောက် သူမ လဲကျသွားစဉ် အ၀တ်အစားများချွတ်ပြီး စစ်သားများ ၀ိုင်းရံထားကာ အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ဒေါ်ငွှါးမီအား အဓ္ဓမပြုကျင့်နေသည်ကို မြင်တွေ့ခဲ့သည့် ကိုယ်တပိုင်းသေနေသော ဇနီးသည်အား ကျောပိုးလာသူ အသက် (၅၉)နှစ် ဦးယိုးတဂွေ ကိုလည်း အစိုးရစစ်သားများ ဖမ်းဆီးကာ ငွှါးမီနှင့်မလှမ်း မကမ်းရှိ သစ်ပင်တွင်ချည်တုတ်ထားပြီး တုတ်နှင့်ရိုက်၊ သေနတ်ဒင်နှင့်ထု၊ ညာဘက်ပါးနှင့် နံရိုးတွေမှာ ဓားနှင့်ထိုးပြီး ဘယ်ဘက်ပေါင်တွင် ဓါးမြောင်နဲ့ ထိုးခဲ့သည်ဟု အစီရင်ခံစာက ဖေါ်ပြသည်။

သုံးရက်ကြာ မြန်မာစစ်သားများ ထိုသို့ကျူးလွန်ပြုလုပ်ပြီး ပစ်ထားခဲ့သည့် သတိရလိုက်၊ မရလိုက် မေ့မျောနေသည့် ဒေါ်ငွှါးမီနှင့် ဦးယိုးတဂွေ တို့အား မေလ ၄ ရက်နေ့တွင် အခြားရွာသားများတွေ့ရှိပြီး နီးစပ်ရာ ပန်ဝါဆေးရုံသို့ ပို့လိုက်သည်။

ယခုချိန် အဓ္ဓမပြုကျင့်ခံရသည့်အမျိုးသမီးမှာ စိတ်ဝေဒနာခံစားနေပြီး လူများကိုမြင်တွေ့တိုင်း ကြောက်လန့်  ထိတ်လန့် ခြင်း၊ စကားပြောခြင်း မရှိပဲ စိတ်ဂနာမငြိမ်ဖြစ်နေခြင်းကြောင့် လုံခြုံသည့်ဆွေမျိုးနေအိမ်တွင် နေထိုင်စေသည်ဟု KWAT (Kachin Women’s Association of Thailand) မှ ဒေါ်ရှယ်လီဆိုင်းက ပြောသည်။

“အစကတော့ သူ့မကို ကျမတို့ဆီကလူသွားပြီး ဒီကို (ထိုင်းနိုင်ငံ) ခေါ်လာဖို့လုပ်တယ်။ ဒါပေမဲ့ အခုသူက စိတ်ကရောင် ခြောက်ခြားဖြစ်နေတယ်။ ဒါကြောင့် ခေါ်လို့မဖြစ်ဘူးလေ။ အဲဒါကြောင့် လုံခြုံတဲ့ သူတို့ဆွေမျိုးတွေ အိမ်မှာ ပြုစုထားတယ်။” ဟု ပြောသည်။

ဧပြီ ၂၇ တွင် လုပီ အခြေစိုက် နယ်ခြားစောင့် တပ်ရင်း ၁ဝဝ၂ နှင့် မြန်မာစစ်တပ် ပူးပေါင်း တပ်များက နယ်ခြားစောင့်တပ်ထိန်းချုပ်သော ပန်ဝါမြို့ကို ၀ိုင်းထားသည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ၎င်းရွာအနီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယင်းနောက် ယခုလို မြန်မာအစိုးရစစ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ် လာသည်။

ယမန်နှစ် အောက်တိုဘာလက ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျား အား ပြန်ပြေးဆွဲပြီး အုပ်စုလိုက် အဓ္ဓပြုကျင့်ခဲ့သည့် အစိုးရစစ်သားများကို အရေးယူပေးရန် နေပြည်တော် တရားရုံးချုပ်သို့ လျှောက်ထားသည့် အမှုကို တရားရုံးချုပ်က မတ်လက ပယ်ချခဲ့သည်။
ယခု အပြုအမူပေါ် KWAT တာဝန်ခံ မ မွန်းနေလီ က “နေပြည်တော် တရားရုံးချုပ်ရဲ့ သတင်းစကားဟာ ရှင်းလင်းပါတယ်။ မြန်မာစစ်သားများ အရေးယူမခံရဘဲ တိုင်းရင်းသားအမျိုးသမီးများကို အဓ္ဓပြုကျင့်၊ သတ်ဖြတ် နိုင်ခြင်းပါပဲ။” ဟု ခေါ်ဆိုလိုက်သည်။

ယမန်နှစ် ဇွန် ၉ ရက်မှစပြီး မြန်မာအစိုးရက ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ရာတွင် စစ်သားများ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓ္ဓပြုကျင့် သတ်ဖြတ်ခြင်းနှင့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ပြုလုပ်နေကြောင်း နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များက အစီရင်ခံစာများ ထုတ်ဝေခဲ့သည်။

အမျိုးသမီးများအား အဓ္ဓမပြုကျင့်ခြင်းအပေါ် လက်နက်သဖွယ်အသုံးပြုခြင်းနှင့် ကချင် ထိုးစစ်ကို ချက်ချင်းရပ်ပေးရန် မြန်မာအစိုးရသို့ KWAT က တောင်းဆိုလိုက်သည်။

20 May 2012

ပတ္တမြားမြို့သစ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ခိုက်ရန်ဖြစ်မှု အပြန်အလှန် စွပ်စွဲ

ရန်ကုန်၊ မေ ၁၇
တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် ရဲတပ်ရင်းများ တည်ရှိရာ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် မေလ ၁၆ ရက်နေ့ညက အဆိုပါ ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နှက်ကာ ရပ်ကွက်ကို ခြိမ်းခြောက် ပြောကြားခဲ့သည်ဟု ရပ်ကွက်လူထုက ဆိုပြီး ယင်းရဲတပ်ရင်းမှ အရာရှိကမူ ရပ်ကွက်၏ ရန်စမှု သာဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲ ပြောဆိုသည်။

အချင်း ဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းက ယင်းရပ်ကွက် စိန်သပြေ လမ်းပေါ်တွင် ရပ်ကွက်မှ လူငယ်နှစ်ဦးနှင့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးတို့ အချင်းများ ခဲ့သည်ကို အငြိုးထား၍ ည ၇ နာရီ မိနစ် ၃၀ ခန့် မီးပျက် နေချိန်၌ အောင်စည်တော် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်ငါးဦးက ရာဘာတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း၌ ဖြန့်ကြက်ထားသူ ရဲတပ်ဖွဲ့ဝင် ၇၀ ဦးခန့်ရှိပြီး အရိုက်ခံရသူ ရပ်ကွက်မှ ခုနစ်ဦးခန့် ရှိကြောင်း ယင်းဖြစ်ရပ်ကို တွေ့ရှိခဲ့သူ ဦးလှထွေးက ပြောကြားသည်။

"သတ္တိရှိတဲ့ကောင် ထွက်ခဲ့။ တစ်ရွာလုံး မီးရှို့မယ်"ဟု ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက် ပြောဆိုမှုများ ကြောင့် အိမ်အတွင်းသို့ ၀င်ရောက်နေရကြောင်း စိန်သပြေလမ်း၌ နေထိုင်သူ ဦးကျော်မျိုးက ၎င်းကြားခဲ့ရသည်ကို ပြန်လည် ပြောဆိုသည်။
"လမ်းတစ်လျှောက် တွေ့သမျှ ရိုက်နှက် သွားတယ်။ ရေအိုးတွေခွဲ၊ ဆိုင်တံခါးတွေကို ခဲနဲ့ထုသွားတယ်"
ဟု ကွန်ပျူတာဆိုင် ဖွင့်လှစ်ထားသူ အသက် ၁၈ နှစ်ခန့်ရှိ ကိုစိုးမိုးက ဆိုသည်။

"ရဲတွေက အဲလို အကြမ်းဖက်ရင် ကျွန်တော်တို့က ဘယ်သူ့သွား အားကိုးရမှာလဲ"
ဟု ဦးလှထွေးက ပြောဆိုသည်။

အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ တစ်ဦးကမူ လက်ဘက်ရည်ဆိုင်တွင် သာမန် ခိုက်ရန် ဖြစ်ပွားခြင်းသာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက်ခြင်း မဟုတ်ကြောင်း၊ ယင်းဖြစ်ရပ်တွင် ပါဝင် ပတ်သက်ခဲ့သော တပ်ဖွဲ့ဝင်များကို လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း The Voice Weekly ၏ သွားရောက် တွေ့ဆုံ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ယင်းဖြစ်ရပ်အပြီး မေလ ၁၇ ရက်နံနက် ၁ နာရီဝန်းကျင်တွင် ၎င်းတို့တပ်ဖွဲ့မှ အရာခံဗိုလ်တစ်ဦး၏ သားကို ရပ်ကွက်က မှားယွင်း ရိုက်နှက်မှုကြောင့် မင်္ဂလာဒုံ တပ်မတော်ဆေးရုံသို့ တင်ပို့ထားရကြောင်း ၎င်းက တုန့်ပြန် ပြောကြားသည်။

"ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ပြဿနာဖြစ်ရင် မှားလည်း အရေးယူ ခံရမယ်။ မှန်လည်း အရေးယူ ခံရမယ်။ အရပ်သားက မှားမှ အရေးယူ ခံရတာ"ဟု ၎င်းတို့ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပေါ် ရှင်းပြသည်။

24 Apr 2012

အသိပေးအပ်ပါသည်

Eleven Media Group ၏ Website တွင်  NLD သည် ကတိသစ္စာပြုချက်ပါ စကားလုံးပြုပြင်ခြင်း မရှိသည်ကို အကြောင်းပြု၍ လွှတ်တော်မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ပါက မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မည်သို့ ယူဆကြောင်း ဆန္ဒမဲ ကောက်ခံမှုကို ဧပြီလ ၂၀ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ သို့သော် အဆိုပါ ဆန္ဒမဲကောက်ခံမှုအား နည်းပညာအသုံးပြု၍ တစ်ဖက်သတ်ရလဒ်များ ပေါ်ပေါက်ရန် ပြုလုပ်လာသည်ကို စိစစ်တွေ့ရှိပါသည်။ ယင်းသို့ ပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်တွင်လည်း ဆန္ဒမဲ ကောက်ခံမှုကို ခေတ္တရပ်ဆိုင်းခဲ့ရပါသည်။ ထို့ကြောင့် ယခုလက်ရှိ ရလဒ်အား အမှန်အဖြစ် ယူဆနိုင်ခြင်း မရှိပါကြောင်းနှင့် ဆန္ဒမဲကောက်ခံခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
poll

20 Apr 2012

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ်အရေးယူပိတ်ဆို့ထားမှု အားလုံးကို တစ်နှစ်ရပ်ဆိုင်းမည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့ထားမှုများ အနက် လက်နက် တင်သွင်းတင်ပို့မှုမှလွဲပြီး ကျန်အရေးယူပိတ်ဆို့မှု အားလုံးကို တစ်နှစ်ကြာရပ်ဆိုင်းထားရန် သမဂ္ဂ၀င်နိုင်ငံများက မူအားဖြင့် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သည့်အနေဖြင့် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မည့် အစီအစဉ်ကို ယခုလကုန်မှ စတင်ပြီး အကောင်အထည် ဖော်သွားမည်ဖြစ်သည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ယခုလအစောပိုင်းတွင် ပြောကြားထားပြီး ဖြစ်သည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့ထားမှုများ အနက် လက်နက် တင်သွင်းတင်ပို့မှုမှလွဲပြီး ကျန်အရေးယူပိတ်ဆို့မှု အားလုံးကို တစ်နှစ်ကြာရပ်ဆိုင်းထားရန် သမဂ္ဂ၀င်နိုင်ငံများက မူအားဖြင့် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သည့်အနေဖြင့် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မည့် အစီအစဉ်ကို ယခုလကုန်မှ စတင်ပြီး အကောင်အထည် ဖော်သွားမည်ဖြစ်သည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ယခုလအစောပိုင်းတွင် ပြောကြားထားပြီး ဖြစ်သည်။

 မြန်မာ့ကြွေးမြီ အမေရိကန် ဒေါ်လာ ၃ဒသမ ၇ ဘီလျံကို လျော်ပစ်ရန် ဂျပန်စီစဉ်

မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော်ပစ်ရန်နှင့် ရပ်ဆိုင်းထားသော အကူအညီပေးရေး အစီအစဉ်များကို ပြန်စရန် ဂျပန်နိုင်ငံက စီစဉ်နေကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါသည် လာမည့် စနေနေ့တွင်( ဧပြီလ ၂၁ ရက်နေ့တွင်) မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် တိုကျိုတွင် တွေ့ဆုံစဉ်တွင် ယင်းအစီအစဉ်ကို ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့် ရကြောင်း အဆာဟိရှင်ဘွန်း သတင်းစာကဖော်ပြသည်။
မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော်ပစ်ရန်နှင့် ရပ်ဆိုင်းထားသော အကူအညီပေးရေး အစီအစဉ်များကို ပြန်စရန် ဂျပန်နိုင်ငံက စီစဉ်နေကြောင်း သိရသည်။ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါသည် လာမည့် စနေနေ့တွင်( ဧပြီလ ၂၁ ရက်နေ့တွင်) မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် တိုကျိုတွင် တွေ့ဆုံစဉ်တွင် ယင်းအစီအစဉ်ကို ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့် ရကြောင်း အဆာဟိရှင်ဘွန်း သတင်းစာကဖော်ပြသည်။

16 Apr 2012

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ပိုင်း ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခုဖြစ်ပေါ် ဆူနာမီသက်ရောက်နိုင်ခြေရှိသည့်အတွက်

tsunami

ငလျင် လှုပ်ခတ်ခဲ့သော နေရာနှင့် ကမ်းခြေများကို တွေ့ရစဉ် Photo: CNN

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ပိုင်း ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ဖြစ်ပွားခဲ့ကာ အဆိုပါ ငလျင်ကြောင့် ဆူနာမီ သက်ရောက်နိုင်ခြေရှိသည့်အတွက် မြန်မာအပါအ၀င် နိုင်ငံအချို့၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ တောင်ဘက် မိုင် ၁၀၀၀ ခန့်အကွာ မြန်မာနိုင်ငံပြင်ပ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ဘက် ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၈ ဒသမ ၇ အဆင့်ရှိ အင်အားအလွန် ပြင်းထန်သော ငလျင်ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ငလျင်၏ သက်ရောက်မှုများကို မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံ ခဲ့ရပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးစသည်တို့၌ သိရှိခံစားခဲ့ရသည်ဟု သိရှိရသည်။
အဆိုပါ ငလျင်သည် အင်အား ရစ်ခ်ျတာစကေး ၈ ဒသမ ၇ ထက် ကျော်လွန်သော ရေအောက်ငလျင် ဖြစ်သည့်အတွက် ဆူနာမီရေလှိုင်းများ သက်ရောက်နိုင်ခြေရှိ၍ ဆူနာမီ သတိပေးချက်များကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအချို့တွင် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

''ဆူနာမီသတိပေးချက်တွေကို ကမ်းရိုးတန်းဒေသတွေမှာ ပြုလုပ်ထားပါတယ်။ ဆူနာမီဖြစ်ခဲ့ရင် ဆူနာမီလှိုင်းတွေက အခုသတင်း ထုတ်ပြန်တဲ့အချိန်ကနေ နောက်နှစ်နာရီ အတွင်းမှာ ရောက်ရှိနိုင်ပါတယ်။ ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အ စည်းတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ သတင်းထုတ်ပြန်ထားတာပါ''ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ပြောကြားခဲ့သည်။
လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ သြစတြေးလျ၊ မြန်မာ၊ ထိုင်း၊ မော် လ်ဒိုက်၊ မလေးရှား၊ ပါကစ္စတန်၊ ဆို မာလီယား၊ အိုမန်၊ အီရန်၊ ဘင်္ဂလား ဒေ့ရှ်၊ ကင်ညာ၊ တောင်အာဖရိကနှင့် စင်ကာပူတို့သည် ဆူနာမီသက် ရောက်မှုများဖြစ်နိုင်ကြောင်း ဟာဝိုင်ရီအခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးရေးဌာနမှ သတင်းထုတ်ပြန်ခဲ့ သည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းပတ်ဝန်းကျင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီဖြစ်ပေါ်နိုင်ခြေမှာ နည်းပါးကြောင်း ညနေ ၆ နာရီ ၀န်းကျင်တွင် ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ အက်ဒမန်ကမ်းခြေသို့မူ ဆူနာမီလှိုင်း အသေးစားတစ်ခု ရိုက်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှု များအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ကမ်းခြေဒေသများ၌ ဆူနာမီသတိပေးချက်များ ပြုလုပ်ခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေအချို့တွင် သင်္ကြန်ပိတ်ရက်၌ သွားရောက်လည်ပတ်နေကြသော ခရီးသွားများ ကမ်းခြေမှ ပြန်လည်ထွက်ခွာမှုများလည်း ရှိခဲ့သည်။

''ကမ်းခြေမှာ ဆူနာမီသတိပေးချက် ထုတ်ထားတယ်။ ရေထဲကို မဆင်းခိုင်းတော့ဘူး။ တချို့လည်း ပြန်နေကြပြီ''ဟု ချောင်းသာကမ်းခြေမှ ပြန်ရန်ပြင်ဆင်နေသော ခရီးသွားတစ်ဦးက ညနေ ၅ နာရီ မိနစ် ၄၀ တွင်ပြောကြားခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူနာမီနှင့် ပတ်သက်၍ သတိပေးချက်များ လိုက်လံကြေညာခဲ့ကာ စစ်တွေ ကမ်းရိုးတန်းတစ်လျောက်တွင် ကမ်းဝေးငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်လျက်ရှိပြီး ကမ်းနီးငါးဖမ်းလှေများမှာ ၀င်ရောက်လာခြင်း မရှိသေးကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောပြခဲ့သည်။

''ငပလီကမ်းခြေမှာတော့ ည ၇ နာရီအထိ လာရောက်လည်ပတ်သူတွေနဲ့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဆူနာမီနဲ့ ပတ်သက်လို့တော့ ထူးခြားမှုမရှိပါဘူး'' ဟု ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရောက် ခရီးသွားတစ်ဦးက ပြောပါသည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က လှုပ်ခတ်ခဲ့သော ဆူမားတြားငလျင်သည် အင်အားရစ်ခ်ျတာ စကေး ၉ အဆင့်ရှိ ရေအောက်ငလျင်တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံပေါင်းကိုးနိုင်ငံကို ထိခိုက်ခဲ့ရာ လူနှစ်သိန်းသုံးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။

''မြန်မာနိုင်ငံမှာ အဲဒီတုန်းက ကော့သောင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ ထိခိုက်ခဲ့တယ်။ လူ ၆၁ ဦး သေဆုံးခဲ့ပါတယ်။ လှိုင်းရောက်ဖို့ကြာချိန် သုံးနာရီခွဲလောက်ရှိတယ်။ ဆူနာမီရေလှိုင်းအမြင့်က ၁၁ ပေလောက်ရှိ ခဲ့တယ်''ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖြစ်ပေါ်သော ငလျင်ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများသို့ ဆူနာမီသက်ရောက်နိုင်ခြေမရှိတော့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ညနေ ၆ နာရီ ၃၆ မိနစ် တွင် ပြောကြားခဲ့သည်။

ဆူနာမီနှင့် ပတ်သက်သော သတိပေးချက်ကို နိုင်ငံပိုင်ရုပ်သံများမှ တစ်ဆင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။

ဆူနာမီလှိုင်း ဖြစ်ပေါ်နိုင်မှုနှင့် ပတ်သက်ပြီး မိနစ်အလိုက် သတင်းများ

7:20 PM

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် ယခု ည ၇ နာရီအထိ လာရောက်လည်ပတ်သူများဖြင့် အေးချမ်းစွာရှိနေကြောင်းနှင့် ဆူနာမီနှင့် ပတ်သက်၍ ထူးခြားမှုမရှိကြောင်း ငပလီကမ်းခြေတွင် အပန်းဖြေနေသူ တစ်ဦးက ပြောပါသည်။

7:01 PM

စစ်တွေမြို့အတွင်း ဆူနာမီနှင့် ပတ်သက်ပြီး သတိပေးချက်များကို လိုက်လံ ကြေငြာလျက် ရှိနေကြောင်း သိရသည်။ ထို့အပြင် စစ်တွေ ကမ်းရိုးတန်း တလျှောက်တွင် ကမ်းဝေးငါးဖမ်းလှေများ ပြန်လည် ၀င်ရောက်လျက် ရှိနေပြီး ကမ်းနီး ငါးဖမ်းလှေများမှာ ၀င်ရောက်လာခြင်း မရှိသေးဟု သိရပါသည်။

6:52 PM

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၊ မြို့တော် Meulaboh မြို့၏ ကမ်းလွန် ပင်လယ်ပြင်တွင် ရေလှိုင်းအမြင့်ပေ တစ်မီတာ(၃ဒသမ၃) ခန့်သာ မြင့်တက်မှု ရှိခဲ့ကြောင်းသိရသည်။ Meulaboh မြို့သည် ၂၀၀၄ ခုနှစ်က ဆူနာမီဒဏ် ခံခဲ့ရသည့် မြို့ဖြစ်ပြီး ယခု ငလျင် လှုပ်ခတ်ရာ နေရာနှင့် အနီးစပ်ဆုံးတွင် ရှိသော နေရာ တစ်နေရာလည်း ဖြစ်ပါသည်။

6:44 PM

နောက်ဆုံးသိရှိရသော သတင်းများအရ မြန်မာ့ ကမ်းရိုးတန်းဒေသသို့ ဆူနာမီ သက်ရောက်နိုင်ခြေမရှိတော့ကြောင်း၊ အန္တရယ်ကင်းကြောင်း သတင်းကို ည ၈ နာရီ သတင်းတွင် တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူမှ ညနေ ၆နာရီ ၃၆ မိနစ်တွင် ပြောကြားခဲ့ပါသည်။

6:29 PM

ချောင်းသာကမ်းခြေသို့ ရောက်ရှိနေသော ခရီးသွားများ ဆူနာမီ သတိပေးချက်ကြောင့် ကမ်းခြေမှ ပြန်လည် ထွက်ခွာနေကြပြီဖြစ်ကြောင်းနှင့် အချို့သည် ပုသိမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

6:22 PM

ထိုင်နိုင်ငံ အက်ဒမင် ကမ်းခြေသို့ ဆူနာမီလှိုင်းအသေးစာ ရိုက်ခတ်ခဲ့ကြောင်းနှင့် အဆိုပါ လှိုင်းသည် ၁၀ စင်တီမီတာ လေးလက်မခန့် ရှိခဲ့ကြောင့်း ထိုင်း အမ်ျိုးသား သဘာဝဘေးအန္တရယ်စောင့်ကြည့်ရေးဌာနမှ ပြောကြောင်း AFP သတင်းဌာနတွင် ဖေါ်ပြထားပါသည်။

6:14 PM

အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီ ဖြစ်ပေါ်နိုင်မှုမှာ နည်းပါးကြောင်း ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့(BGS)မှ ထုတ်ပြန်ခဲ့ပါသည်။

6:10 PM

မြန်မာ့ကမ်းရိုးတန်းသို့ ဆူနာမီ သက်ရောက်နိုင်ချေနှင့် ပတ်သက်၍ ယနေ့ည ၇နာရီအထိ စောင့်ကြည့်ရန် လိုအပ်ပြီး ည ၇နာရီ အထိ ထူးခြားမှု မရှိပါက ဆူနာမီ သက်ရောက်မှု မဖြစ်နိုင်တော့သဖြင့် စိတ်ချနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်မှ ပြောကြားခဲ့သည်။

5:53 PM

ယနေ့ ညနေ ၆နာရီ ၁၅ မိနစ် နောက်ပိုင်း ဆူနာမီရိုက်ခတ်မှု မရှိပါက မြန်မာနိုင်ငံသို့ ဆူနာမီ သက်ရောက်မှု ဖြစ်နိုင်ချေမရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှူဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ပြောပါသည်။


4:10 PM

အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့သည် ဆိုပါက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း ဒေသများသို့ ယခုအချိန်မှ စတင်ပြီး နောက်ထပ် နှစ်နာရီအတွင်း ရောက်ရှိလာနိုင် သဖြင့် ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိပါသည်။

လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ သြစတေးလျ၊ မြန်မာ၊ ထိုင်း၊ မော်ဒိုက်၊ မလေးရှား၊ ပါကစ္စတန်၊ ဆိုမာလီယား၊ အိုမန်၊ အီရန်၊ ဘင်္ဂလားဒေ့်၊ ကင်ညာ၊ တောင်အာဖရီကနှင့် စင်ကာပူ တို့သည် ဆူနာမီ သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း ဟာဝိုင်ရီ အခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးချက် ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။


4:00 PM

ကမ္ဘာအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။

3:30 PM

မြန်မာစံတော်ချိန် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် အင်ဒိုနီးရှာနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ချစတာစကေး ပမာဏရှိ ငလျင်တစ်ခု ကြောင့် မြန်မာနိုင်ငံအပါဝင် ဒေသတွင်းနိုင်ငံများ၌ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရကြောင်း သိရှိရသည်။

3:20 PM

ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ှိုက်တွင် ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို တိုင်းတာနေဆဲ ဖြစ်ပြီး ဆက်လက် ထုတ်ပြန်မည်ဟု သိရပါသည်။

14 Apr 2012

၂၀၁၂ မဟာသင်္ကြန် အကြတ်နေ့ သတင်းနှင့် မြင်ကွင်းများ

AddThis Social Bookmark Button
tg3-1

၂၀၁၂ခုနှစ် မဟာသင်္ကြန် အကြတ်နေ့ (၁၄-၄-၂၀၁၂)ရက်နေ့တွင် နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ ရန်ကုန်မြို့ရှိ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေပက်ခံကားများ၊ သင်္ကြန်လည်ပတ်သူများဖြင့် စည်ကားခဲ့သည်။
ယနေ့တွင် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်အများစုတွင် လာရောက်ရေကစားကြသူများ ပိုမိုများပြားလာခဲ့ပြီး မဏ္ဍပ်အချို့သည် နံနက် ၇နာရီဝန်းကျင်မှ စတင်ဖွင့်လှစ်ကာ ရေကစားမှုများပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဆင်ခြေဖုန်းရပ်ကွက်များနှင့် မြို့ပြင် ရပ်ကွက်အချို့တွင်လည်း စက်ဘီးစီးကာ ရေပက်ခံထွက်သူများ၊ ဆိုက်ကား ဖြင့်ရေပက်ခံ ထွက်ကြသူများ၊ လမ်းလျောက် ရေပက်ခံထွက်ကြသူများအပြင် ထော်လာဂျီများဖြင့် ရေပက်ခံထွက်သူများနှင့် စည်ကားခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ လမ်းဘေးတစ်လျောက်တွင် တစ်နိုင်တစ်ပိုင် စားသောက်ဖွယ်များကို ရောင်ချနေသူများ၊ စတုဒိသာကျွေးခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့၊အနော်ရထာလမ်းရှိ Sky Net မဏ္ဍပ်တွင် အနုပညာရှင်များ လာရောက်ဖျော်ဖြေမှုဖြင့် စည်ကားခဲ့ပြီး အနော်ရထာလမ်း တစ်လျောက်တွင် ရေပက်ခံကားများဖြင့် စည်ကားခဲ့သည်။
လသာလမ်းမိသားစု၏ စတုဒိသာမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက 'ကျွန်တော်တို့ နှစ်တိုင်း စတုဒိသာ မဏ္ဍပ်လုပ်ပြီး အလှုလုပ်ပါတယ်။ ဒီနှစ်မှာနေ့စဉ် သင်္ကြန်ရက်အားလုံးမှာ စတုဒိသာကျွေးပါမယ်။ အရင်ရက်တွေကထက် ဒီနေ့မှာ လာစားကြတဲ့လူတွေ ပိုများတယ်။ ဒီနေ့ ဘဲဥ၊ ပဲဟင်း၊ ငါးခြောက်ကြော်နဲ့ ထမင်းကျွေးပါတယ်'ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ရုံးရှေ့၊ တံတားဖြူမှတ်တိုင်များနှင့် မီးခွက်ဈေးမှတ်တိုင်များရှိ မဏ္ဍပ်များတွင် ရေပက်ခံထွက်သူများ များပြားခဲ့ပြီး တံတားဖြူမှတ်တိုင်အနီးရှိ ရခိုင်ရိုးရာရေကစားမဏ္ဍပ်တွင်လည်း ရခိုင်ရိုးရာသင်္ကြန်ကစားနည်းကို တစ်ဦးလျင် ၅၀၀ ကျပ်နှုန်းဖြင့် ရေကစားသူလူငယ် အများအပြားရှိခဲ့ကြောင်း သိရသည်။
ကန်တော်ကြီး၊ မျော်စင်ကျွန်းတွင်လည်း Iron Cross အဖွဲ့သားများ၏ ဖျော်ဖြေမှုများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

၂၀၁၂ခုနှစ် မဟာသင်္ကြန် အကြတ်နေ့ (၁၄-၄-၂၀၁၂)ရက်နေ့တွင် နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ ရန်ကုန်မြို့ရှိ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေပက်ခံကားများ၊ သင်္ကြန်လည်ပတ်သူများဖြင့် စည်ကားခဲ့သည်။ ယနေ့တွင် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်အများစုတွင် လာရောက်ရေကစားကြသူများ ပိုမိုများပြားလာခဲ့ပြီး မဏ္ဍပ်အချို့သည် နံနက် ၇နာရီဝန်းကျင်မှ စတင်ဖွင့်လှစ်ကာ ရေကစားမှုများပြုလုပ်ခဲ့ကြသည်။ထို့ပြင် ဆင်ခြေဖုန်းရပ်ကွက်များနှင့် မြို့ပြင် ရပ်ကွက်အချို့တွင်လည်း စက်ဘီးစီးကာ ရေပက်ခံထွက်သူများ၊ ဆိုက်ကား ဖြင့်ရေပက်ခံ ထွက်ကြသူများ၊ လမ်းလျောက် ရေပက်ခံထွက်ကြသူများအပြင် ထော်လာဂျီများဖြင့် ရေပက်ခံထွက်သူများနှင့် စည်ကားခဲ့သည်။

tg3-2

ရန်ကုန်မြို့လယ်ရှိ လမ်းဘေးတစ်လျောက်တွင် တစ်နိုင်တစ်ပိုင် စားသောက်ဖွယ်များကို ရောင်ချနေသူများ၊ စတုဒိသာကျွေးခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့၊အနော်ရထာလမ်းရှိ Sky Net မဏ္ဍပ်တွင် အနုပညာရှင်များ လာရောက်ဖျော်ဖြေမှုဖြင့် စည်ကားခဲ့ပြီး အနော်ရထာလမ်း တစ်လျောက်တွင် ရေပက်ခံကားများဖြင့် စည်ကားခဲ့သည်။
လသာလမ်းမိသားစု၏ စတုဒိသာမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက 'ကျွန်တော်တို့ နှစ်တိုင်း စတုဒိသာ မဏ္ဍပ်လုပ်ပြီး အလှုလုပ်ပါတယ်။ ဒီနှစ်မှာနေ့စဉ် သင်္ကြန်ရက်အားလုံးမှာ စတုဒိသာကျွေးပါမယ်။ အရင်ရက်တွေကထက် ဒီနေ့မှာ လာစားကြတဲ့လူတွေ ပိုများတယ်။ ဒီနေ့ ဘဲဥ၊ ပဲဟင်း၊ ငါးခြောက်ကြော်နဲ့ ထမင်းကျွေးပါတယ်'ဟု ပြောကြားခဲ့သည်။
tg3-3

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ရုံးရှေ့၊ တံတားဖြူမှတ်တိုင်များနှင့် မီးခွက်ဈေးမှတ်တိုင်များရှိ မဏ္ဍပ်များတွင် ရေပက်ခံထွက်သူများ များပြားခဲ့ပြီး တံတားဖြူမှတ်တိုင်အနီးရှိ ရခိုင်ရိုးရာရေကစားမဏ္ဍပ်တွင်လည်း ရခိုင်ရိုးရာသင်္ကြန်ကစားနည်းကို တစ်ဦးလျင် ၅၀၀ ကျပ်နှုန်းဖြင့် ရေကစားသူလူငယ် အများအပြားရှိခဲ့ကြောင်း သိရသည်။ ကန်တော်ကြီး၊ မျော်စင်ကျွန်းတွင်လည်း Iron Cross အဖွဲ့သားများ၏ ဖျော်ဖြေမှုများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

၂၀၁၂ မဟာသင်္ကြန် အကျနေ့ သတင်းနှင့် မြင်ကွင်းများ

tg2-1

tg2-4

သင်္ကြန်အကျနေ့တွင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးလမ်းအပါအ၀င် ရန်ကုန်မြို့တွင်းတွင် နံနက်ခင်းပိုင်း ကပင် ရေပက်ခံကားများ၊ မဏ္ဍပ်များတွင် ရေကစားသူများနှင့် ရေပက်ခံသူများဖြင့် စည်ကားခဲ့သည်။

ရန်ကုန်မြို့တွင်းအပြင် ဆင်ခြေ ဖုန်းရပ်ကွက်များတွင်လည်း စက်ဘီးများဖြင့် ရေပက်ခံထွက်သူ များ၊ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ ကားဖြင့် ရေပက်ခံထွက်သူများဖြင့် လည်းစည်ကားခဲ့သည်။

ကန်တော်ကြီး မျှော်စင်ကျွန်း အတွင်း၌ Iron Cross အဖွဲ့မှ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်းဝိုင်းတို့၏ ဖျော်ဖြေ မှုနှင့်အတူ ကန်တော်ကြီးအတွင်း၌ ရေကစားသူများ၊ အနားယူသူများဖြင့်လည်း များပြားခဲ့သည်။

tg2-2

"ကျွန်တော်တို့ မနက်က ပြည်လမ်းပေါ်က မဏ္ဍပ်တွေဆီကိုသွားတာ မနက်ကတည်းကစပြီး အဲပုဂံနဲ့ Alpine မဏ္ဍပ်ကိုမရောက်ခင် IBCမရောက် ခင်အထိ လမ်းပေါ်မှာ ကားတွေ ပိတ်နေတယ်။ ဒါနဲ့ ပြန်လှည့်ပြီး ကမ္ဘာအေးစေတီလမ်း ဘက်ကိုသွားခဲ့တယ်။ အဲဒီမှာလည်း Naing Group မဏ္ဍပ်ရှေ့မှာ အချိန်တော်တော်ကြာအောင် စောင့်ခဲ့ရတယ်။ ဒီနှစ်သင်္ကြန်အကျ နေ့မှာတော့ အကြိုနေ့ထက် ပိုပြီးစည် ကားခဲ့ပြီး သာသာယာယာ နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်"ဟု သင်္ကြန်တွင်း ကားဖြင့် ရေပက်ခံထွက်သူလူငယ် တစ်ဦးက ပြောပါသည်။

အဲပုဂံမဏ္ဍပ်၊ Alpine မဏ္ဍပ်များရှိရာ ပြည် လမ်းတွင် မဏ္ဍပ်လုံခြုံရေးအပြင် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးပိုမိုထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ သင်္ကြန်အကျနေ့တွင်လည်း မေတ္တာ၊ ကုသိုလ်၊ ဗေလုဝတို့ဦးဆောင်သော သာဓုပါဗျာ သံချပ်အဖွဲ့သညှ်SKy Net မဏ္ဍပ်၊ Lucky 7 မဏ္ဍပ်တို့တွင် အနှစ်နှစ်ဆယ်ကျော်ပျောက် ဆုံးနေသော သံချပ်များကိုဖြေဖျော်ခဲ့သည်။ ထိုသံချပ်တွင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ထည့်သွင်းသီ ဆိုခဲ့ကြသည်။

tg2-5

"မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကိုဟာသနှောပြီး သင်္ကြန်မှာ တစ်နှစ်တခါ သံချပ်တိုက် ပြောပြတဲ့ သဘောပါ။ ပြီးတော့နောင်မျိုး ဆက်သစ်လူငယ်တွေကို သံချပ်ဆို တာဒီလိုထိုးရတယ်ဆိုတာပြချင်တဲ့ သဘောပါပဲ"ဟု သာဓုပါဗျာအဖွဲ့မှ ကုသိုလ်ကပြောပါသည်။ ထို့အပြင် အချို့မဏ္ဍပ်များတွင် လည်း စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

8 Apr 2012

အော် ခင်ညွှန့်ခင်ညွှန် ခုထိလိမ်တုန်း ဘာလိုချင်သေးတာလဲ

တခြားတော့ မဟုတ်ပါဘူး၊ ဗိုလ်ခင်ညွန့်၏ သတင်းစာ အင်တာဗျူးကို တွေ့လိုက်ရတော့ မနေနိုင်ဘဲ ပရိတ်သတ်ကို ပြေးမြင်မိလို့ မိတ်ဆက်မလို့ပါ။ ဒေါ်စု အသက်ကို ကျွန်တော် ကယ်ခဲ့တာပါ…တဲ့။ ========================== ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းမှာ ဒေါ်စုကားတန်းကို အစိုးရ ထောက်ခံသူတွေ ၀ိုင်းတိုက်နေတုံး ထောက်လှမ်းရေးတွေ လွှတ်ပီး ဒေါ်စုကို ဘေးကင်းရာ ရောက်အောင် ပို့်ပေးခဲ့တာ သူဖြစ်တဲ့အကြောင်း ခင်ညွှန့်က Bangkok Post သတင်းစာနဲ့ ဗျူးရာမှာ ပြောသတဲ့။ (8 April, Spectrum, Bangkok Post) ပုရိတ်သတ်များ ဝေဖန်ပိုင်းခြားနိုင်စေရန် ထပ်ဆင့် ပြောပြပါရစေ

8 Mar 2012

ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု နောက်လ ၉ရက်သို့ ထပ်မံချိန်းဆို




ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)
ယခင်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ အောကစ် ဟိုတယ်၌ ဖြစ်ပွားခဲ့သည့် ဟိုတယ်ဝန်ထမ်း မအေးအေးကြည်အား ပါးရိုက်မှုဖြင့် တရားစွဲခံထားရသည့် အမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက မတ်လ ၉ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။
ယနေ့နံနက် ၁၁နာရီတွင် စတင်စစ်ဆေးရန် ချိန်းဆိုထားသည့် အမှုမှာ ယနေ့စစ်ဆေးခြင်းမရှိသေးပဲ လာမည့်မတ်လ ၉ ရက်နေ့သို ချိန်းဆိုလိုက်ကြောင်း သိရှိရသည်။
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း မအေးအေးကြည်က ဂျပန်နိုင်ငံသား အိုကာဟာရှီကလည်း တားဆီးမှုဖြင့် ပြန်လည် တရားစွဲဆိုထားသဖြင့် တရားရုံးမှ အာမခံတောင်းခံသဖြင့် ဟိုတယ်ဝန်ထမ်းများ ထဲမှ အာမခံပေးထားရသည်ဟုလည်း သိရှိရသည်။
YPI

28 Feb 2012

Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းနှင့် ဂျပန်နိုင်ငံသားတို့ အပြန်အလှန် တရားစွဲဆိုထားသည့် အမှုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်စစ်ဆေးမ

orchid

ဖေဖော်ဝါရ်ီလ ၂၂ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးမှ ပြန်လည် ထွက်ခွာလာသော ဂျပန်နိုင်ငံသားအား တွေ့ရစဉ်

Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံ သားတို့နှစ်ဦး အပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပုဇွန်တောင် တရားရုံးမှ စတင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ပုဇွန်တောင် တရားရုံးမှ အဆိုပါဖြစ်စဉ်မှ တရားခံ၊ တရားလိုများ ကိုတရားရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်ကခေါ်ယူခဲ့သော်လည်း နှစ်ဖက်အကျိုးဆောင်မည့် ရှေ့နေ့များ က ကိုယ်စားလှယ်အဖြစ်လိုက်ပါ ဆောင်ရွက်ရန် တရားရုံးသို့ လျှောက်ထားခဲ့ ခြင်း၊ စကားပြန်များ ထားရှိရန်နှင့် ပတ်သက်သည့် အကြောင်းရင်းများကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ စတင်စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း ပုဇွန်တောင်တရားရုံးနှင့် ရှေ့နေ့ထံမှ သိရှိရသည်။

မြန်မာအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်.... (၂၄)နှစ်မှ ဂျပန်နိုင်ငံသား ....(၅၇)နှစ်ကို အမှုဖွင့်ပြီး၊ တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ အဆိုပါ ဂျပန်နိုင်ငံသားက ဟိုတယ်သို့ ပြင်ပ မှမိန်းကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသည့် အတွက် ဟိုတယ်စည်းကမ်း အရ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ရာ မှ၊ ဂျပန်နိုင်ငံသား . . .က မကျေနပ် ၍ ဒေါ်. . . အား ပါးရိုက်သည့်အတွက် ဒေါ်. . . မှ ဂျပန်နိုင်ငံသား . . . အပေါ် အမှုဖွင့်တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဂျပန်နိုင်ငံသားဘက်မှ ဟိုတယ်သို့ ပြန်လာစဉ် ဧည့်ကြို ကောင်တာတွင် အပ်ထားသော အခန်းသော့အား တောင်းရာ မပေးသည့်အပြင်၊ ဟိုတယ်အပြင်သို့ အတင်းမောင်းထုတ်သည့် အကြောင်းရင်းများဖြင့် အမှုဖွင့်ပြီး တိုင်ကြားထားခြင်းဖြစ်ကြောင်း တိုင်ကြားချက်မှ သိရှိရပါသည်။

23 Feb 2012

မဲဆွယ်စည်းရုံးလှုပ်ရှားမှုများကို ကန့်သတ်မှုများရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကန့်ကွက်ပြောကြားပြီး နာရီပိုင်းအကြာတွင် ကချင်ပြည်နယ်ရွေးကောက်ပ

မဲဆွယ်စည်းရုံးလှုပ်ရှားမှုများကို ကန့်သတ်မှုများရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ စည်းရုံးရေးခရီးစဉ်နှင့်ပတ်သက်၍ ကန့်သတ်မှုများကို ပယ်ဖျက်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရှိ၌ မဲဆွယ်စည်းရုံးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး(Campaign Manager) ဦးဉာဏ်ဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းများကို ၀န်ကြီးဌာနက ၀င်ရောက်စွက်ဖက်ခွင့်ပြုထားပါက ယခုကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်တရားမျှတမှု ရှိနိုင်ရန်ခဲယဉ်းကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လှည်းကူးမြို့နယ်၌ လူထုစည်းရုံးဟောပြောပွဲပြုလုပ်ရန်အတွက် ဘောလုံးကွင်းကိုတောင်းခံခဲ့ရာ ကော်မရှင်က ခွင့်ပြုပြီးဖြစ်သော်လည်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက တားမြစ်ခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲကော်မရှင်ထံတင်ပြရာ ဘောလုံးကွင်းအတွင်း ဟောပြောခွင့်ပြန်လည်ရရှိ ခဲ့သော်လည်း နောက်ပိုင်းတွင် မည်သည့်အားကစားကွင်းတွင်မှ ဟောပြောစည်းရုံးမှု မပြုလုပ်ရန်တားမြစ်ခြင်း၊ မြစ်ကြီးနားခရီးစဉ်ကို လုံခြုံရေးအရ ဟုဆိုကာ တားမြစ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ကိုယ်စားလှယ်လောင်းအမည်မထွက်ရှိသေးသဖြင့် ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေးကို တားမြစ်ထားကြောင်းနှင့် ထိုသို့တားမြစ်ခြင်းမှာ ဥပဒေနှင့်ဆန့်ကျင်နေကြောင်း၊ပါတီအချို့မှာ မဲဝယ်မှုများရှိနေကြောင်း ဦးဉာဏ်ဝင်းက ထည့်သွင်းပြောဆိုခဲ့သည်။ ထိုကဲ့သို့ ပြောကြားခဲ့ပြီး နောက်အဆိုပါနေ့ မွန်းလွဲပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်နှင့်ပတ်သက်ပြီး ကန့်သတ်မှုများကို ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဗဟိုအောင်နိုင်ရေးအဖွဲ့အတွင်းရေးမှူး(Campaign Manager) ဦးဉာဏ်ဝင်း၏ ပြောကြားချက်အရ သိရပါသည်။


မည်သည့်အားကစားကွင်းတွင်မှ ဟောပြောစည်းရုံးမှုမပြုလုပ်ရန် တားမြစ်ခြင်း၊ မြစ်ကြီးနားခရီးစဉ်ကို လုံခြုံရေးအရဟုဆိုကာ တားမြစ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ကိုယ်စားလှယ်လောင်းအမည် မထွက်ရှိသေးသဖြင့် ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေးကို တားမြစ်ထားကြောင်းနှင့် ထိုသို့တားမြစ်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်နေကြောင်း . . .

''ကချင်ပြည်နယ် မြစ်ကြီးနား ကော်မရှင်အဖွဲ့ခွဲက ပြည်နယ် NLD ကိုခေါ်ပြီး ပြောတာပါ။ ပြန်ခွင့်ပြုတယ်ဆိုပြီး ပြောတာပါ။ အရင်ကန့်သတ်ထားတာတွေ ဖျက်လိုက်ပြီဆိုပြီး ပြောတာပါ''ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး(Campaign Manager) ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က ''ကြားတာပဲ ရှိပါသေးတယ်။ စာကို မြင်ရတာတို့၊ အမိန့်ကို မြင်ရတာတို့ အဲဒီလိုမဟုတ်ပါဘူး။ ဒါပေမယ့်လို့ ခေါ်ပြောတယ်ဆိုတာ အပေါ်ကပြောတယ်ဆိုတော့ ရသွားတဲ့ သဘောပါပဲ။ အသေးစိတ်အောက်မှာညှိရမယ့်ဟာတွေ ရှိပါသေးတယ်။ အစပိုင်းက အားကစားကွင်း သုံးခွင့် မပြုဘူး။ ခရီးစဉ်လည်း ခွင့်မပြုဘူး ဆိုပြီးရှိခဲ့တာပါ''ဟုပြောကြားခဲ့သည်။

19 Feb 2012

၂၀၁၁ ဧပြီလ ၅ ရက်နေ့မှ ၂၀၁၂ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတထံသို့ တင်ပြတိုင်ကြားစာ ၆၆၆၀ စောင် အနက် တရားသူကြီး၊ တရားစီရင်မှုများနှင့် လာဘ်ပေးလာဘ်ယ

၂၀၁၁ ဧပြီလ ၅ ရက်နေ့မှ ၂၀၁၂ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတထံသို့ တင်ပြစာ ၆၆၆၀ စောင် တင်ပြတိုင်ကြားသည့် အထဲတွင် တရားသူကြီး၊ တရားစီရင် မှုများအပါအ၀င် လာဘ်ပေးလာဘ်ယူမှုများ ပါဝင်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က “နိုင်ငံတော်သမ္မတရဲ့တာဝန်ပေးချက်အရ သမ္မတရုံးဝန်ကြီး ဌာနအနေနဲ့ Good Governance and Clean Government အတွက် သမ္မတရုံးကို ရောက်ရှိ လာတဲ့ တင်ပြစာတွေထဲက စိစစ်ပြီးတဲ့ အမှုပေါင်း ၂၇၈၀ စောင်၊ ဆက် လက်စိစစ်ဆဲက ၁၉၅၁ စောင်၊ အဆင့်မမီနှင့် အကြိမ်ကြိမ် တိုင်ကြားမှု ၁၉၂၉ စောင်ရှိပါတယ်။ အဲဒီအမှုတွေမှာ တရားသူကြီးကို တိုင်ကြားမှု ၄၉ စောင်၊ တရားစီရင်မှုကိုတိုင် ကြားမှု ၈၆ စောင်၊ ရှေ့နေကို တိုင်ကြားမှု ၃၉ စောင် ရှိပါတယ်။ တရားမမှုမှာတော့ အမွေမှု ၂၄ စောင်၊ မြေမှု ၃၆၆ စောင်၊ ရာဇ၀တ်မှုကတော့ အလွဲသုံးစားမှု ၅၁ စောင်၊ လူသတ်မှု ခြောက်စောင်၊ မုဒိမ်းမှုကိုးစောင်၊ အမျိုးသမီးမှုရှစ်စောင်၊ ညှင်းပမ်းနှိပ်စက်မှု ၂၉ စောင်၊ လိမ်လည်မှု ၆၄ စောင်၊ လာဘ်ပေးလာဘ်ယူမှု ၄၁ စောင်၊ ဘာသာရေးဆိုင်ရာ ၆၉ စောင်၊ အလုပ်သမား အချင်းချင်း တိုင်ကြားမှု ၁၃၂၅ စောင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို တိုင်ကြားမှု ၂၁၉ စောင်၊ တပ်မတော်ဆိုင်ရာ ၇၀ စောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ၁၂၆ စောင်၊ ဆရာဝန်တိုင်ကြားမှု ၁၂ စောင်၊ အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းတိုင်ကြားမှု ၄၆ စောင်၊ စည်ပင် ၀န်ထမ်း ၇၂ စောင်၊ ပညာရေးဝန်ထမ်း ၇၄ စောင်ရှိပါတယ်။ အဲဒီထဲ ကစိစစ်ပြီး မှန်ကန်ကြောင်း တွေ့ရသူတွေကို ကျူးလွန်သော ပြစ်မှုအလိုက် ထောင်ချထုတ်ပစ်ခြင်း၊ ထုတ်ပစ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ အဆင့် လျှော့ခြင်း၊ အဆင့်တိုးမြှင့်မှုကိုရပ် ဆိုင်းခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ မှတ်တမ်းဝင် သတိပေးခြင်း၊ နှုတ်ဖြင့် သတိပေးခြင်းတို့ကို ဆောင်ရွက်ပြီး အရေးယူထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

တိုင်ကြားတင်ပြရာတွင်လည်း နစ်နာသူကိုယ်တိုင် တိကျသည့် အထောက်အထားဖြင့် တိုင်ကြားတင်ပြ ချက်များကိုသာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး မမှန်မကန်တိုင်ကြားသူများကို မှတ်တမ်းဝင် သတိပေးခဲ့ ပြီးနောင်တွင် မနာလိုဝန်တိုမှု၊ လုပ်ကြံ မှု၊ အသရေဖျက်လိုမှု ကြောင့် မမှန် မကန်တင်ပြ တိုင်ကြားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ၀န်ထမ်းများ အပါအ၀င် နိုင်ငံသားအားလုံးက တာဝန်သိသိ၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်း စည်းမျဉ်းဥပဒေ၊ စည်းကမ်း ဥပဒေအတိုင်း တိတိကျကျလိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

18 Feb 2012

ဂျပန် အမျိုးသားက မြန်မာ အမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်မှု စပ်ဆက် facebook သတင်း

ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်

ရဲ့ ဖြစ်ရပ်မှန် လေးပါ။

28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်

ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။

ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်

စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့

အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်

General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။

ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို

တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက်

ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်

က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။

ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေး

စာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်

ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် သြော် ငါ့တို့

နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလား

လို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ ရင်ထုမနာတွေး

မိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။

ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရ

တယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန်

ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။

17 Feb 2012

ဂျပန် အမျိုးသားက မြန်မာ အမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်မှု စပ်ဆက် facebook သတင်း

ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်

ရဲ့ ဖြစ်ရပ်မှန် လေးပါ။

28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်

ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။

ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်

စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့

အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်

General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။

ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို

တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက်

ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်

က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။

ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေး

စာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်

ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် သြော် ငါ့တို့

နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလား

လို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ ရင်ထုမနာတွေး

မိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။

ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရ

တယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန်

ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။

မြန်မာအမျိုးသမီးကို ပါးရိုက်တဲ့ဂျပန်အား ကာလုံက ပြည်နှင်ဒဏ်ပေးပြီး လာခွင့်ပိတ်

ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ

ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။

ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ကာလုံခေါင်းဆောင် မင်းအောင်လှိုင် (ချီးကျူးဖို့စောပါသေးတယ်)

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။

Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲကမ္ဘောဇလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း သံတွဲလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွား

အဲကမ္ဘောဇလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် KBZ 243 ဖြစ်သော ATR 72 လေယာဉ်တစ်စင်းသည် ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်က သံတွဲလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါမတော်တဆမှုကြောင့် ခရီးသည်တစ်ဦးမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်းလည်း သိရပါသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်းစုစုပေါင်း ၅၇ ဦးပါဝင်သော အဆိုပါလေယာဉ်မှာ ရန်ကုန်- ညောင်ဦး-ဟဲဟိုး-သဲတွဲ-ရန်ကုန် ခရီးစဉ်ဖြစ်ပြီး၊ ဟဲဟိုးလေဆိပ်မှ နံနက် ၁၀နာရီ ၈မိနစ်တွင် ထွက်ခွာလာခဲ့ပြီး သံတွဲလေဆိပ်သို့ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်က ဆင်းသက်စဉ်ယင်းကဲ့သို့ ပြေးလမ်းချော်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

''လေယာဉ်က ပြေးလမ်းပေါ်ကချော်ပြီး လေဆိပ်အဆောက်အအုံကိုကျော်ပြီး ဘယ်ဘက်ကို ထိုးဆင်းသွားခဲ့တယ်။ ဒါကြောင့်မို့ လေယာဉ်ရဲ့ရှေ့ Nose Wheel ကြိုးသွား ပြီး၊ နံပါတ် ၁ အင်ဂျင်ရဲ့ ဘယ်ဘက်က ပန်ကာ ကောက်သွားပါတယ်။ ခရီးသည်တွေကတော့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး'' ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ လေယာဉ်မတော်တဆမှုကြောင့် သဲတွဲလေဆိပ်သို့ရောက်ရှိနေခဲ့သော ခရီးသည်များအား အဲကမ္ဘောဇလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဖြင့် သွားရောက်ခေါ်ဆောင်နေပြီဟု ဆက်လက်သိရှိရပါသည်။

13 Feb 2012

ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံကလေးများနေ့မိန့်ခွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇ နှစ်ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံကို ဖော်ပြလိုက်ပါသည်။

"ဒီကနေ့ကို ကလေးများနေ့လို့ ဘာလို့သတ်မှတ်လဲဆိုတာ ပြောပြချင်ပါတယ်။ အမေတို့နိုင်ငံက ကလေးတွေက မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ ဘယ်လိုဖြစ်သင့် တယ်၊ ဘယ်လိုစိတ်ဓာတ်မျိုးထားသင့်တယ်ဆိုတာကို နားလည်အောင်လို့ ဒီနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်တာပါ။ အခုဒီကဗျာလေးမှာဆိုရင် ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား ဆိုတာမှာ ဇာနည်ဆိုတာ အာဇာနည်ကနေလာတာ ၊ အာဇာနည်ဆိုတာ မူလအဓိပ္ပာယ်အရ၊ အိန္ဒိယကလာတဲ့အဓိပ္ပာယ်အရ ပြောရရင် မျိုးရိုးကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် တချို့ ကမျိုးရိုးဆိုတာ အလွယ်စဉ်းစားလိုက် လို့ရှိရင်တော့ မိဘ၊ မိသားစုကောင်း တယ်မြင့်တယ်လို့သတ်မှတ်ကြတယ်။ အမေတို့တကယ့် အာဇာနည် တကယ့်မျိုးရိုးကောင်းတယ်ဆိုတာ စိတ်ထားမှန်ကန်ပြီး စိတ်ထားဖြူ စင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ ဒီလိုပဲ အမေတို့က သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာလုပ်တယ်ဆိုတာ ကလေးများကတကယ်ကို မြင့်မြတ်တဲ့ စိတ်ထားတွေထားနိုင်အောင်လို့ဖြစ်တယ်။ ကလေးတွေက ကလေးများနေ့ကိုလာလို့ရှိရင် မုန့်စားရမယ်။ လက်ဆောင်လေးတွေရမယ်။ ပြိုင်ပွဲလေးတွေဝင်မယ်။ ဒီလိုပျော်တာလည်း မှန်ပါတယ်။ အမြဲပဲစဉ်းစားရမှာက ဘာဖြစ်လို့ ကလေးတွေကို ဒီလိုပျော်အောင်လုပ်သလဲဆိုတာက ကလေးတွေကို ပျော်အောင်လုပ်ပြီးတော့ အမှန်ပြောရရင် မှန်မှန်ကန်ကန် သင်ပေးချင်လို့။ ကျောင်းကိုသွားရရင် ပျော်တဲ့ကလေးတွေရှိတယ်။ ကျောင်း သွားတာ ပျော်ကြရဲ့လား။ တစ်ချို့ကလည်း ပျော်တယ်။ တစ်ချို့ကလည်း မပျော်ဘူး။ ကျောင်းသွားတာပျော်မှ စာသင်ယူလို့ရမယ်။ ကျောင်းမှာမပျော်လို့ရှိရင် စာသင်ယူလို့မရဘူး။ ဒါကြောင့်မို့ အမေတို့ကနေပြီးတော့ ကလေးများနေ့မှာ ကလေးတွေကို ပျော်အောင်လုပ်တဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကို မှန်မှန်ကန်ကန် သင်ခန်းစာတွေ သင်ပေးချင်လို့ပဲ။ ဒီလိုဘာဖြစ်လို့ ကလေးများနေ့လုပ်လဲ။ ကလေးတွေဟာ ဘယ်လိုလူကြီးတွေဖြစ်လာစေချင်သလဲဆိုတာကို အမေတို့က ပြချင်လို့ ဒီလိုကလေးများနေ့ လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကလေးများနေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါ။ စားရတာလည်း ကောင်းကောင်းစားပါ။ ရတဲ့လက်ဆောင်တွေအတွက်လည်း ၀မ်းသာကြပါ။ ပြိုင်ပွဲဝင်တဲ့ကလေးတွေလည်း ဆုရကြပါစေ။ ဒါပေမယ့် ဘယ်တော့မှ မမေ့ရမယ့်ကိစ္စကတော့ ဒီကလေးလေးတွေဟာ တစ်ချိန်တစ်ခါမှာ အမေတို့ရဲ့နိုင်ငံကို အကျိုးပြုရမယ့်ကလေးလေးတွေ၊ နိုင်ငံအတွက် အလုပ်လုပ်ရမယ့်ကလေးတွေမို့ ဒီလိုအလုပ်လုပ်ရမယ့် လူကြီးတွေဖြစ်လာရမယ်ဆိုတာလည်း မမေ့ပါနဲ့လို့ ကလေးတွေကို တိုတိုတောင်းတောင်းပဲ ပြောချင်ပါတယ်။ ရှည်ရှည်ပြောရင် ကလေးတွေက နားမထောင်ချင်ဘူး။ တက်ရောက်လာတဲ့ ကလေးလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပါသည်။