30 Mar 2012

သင်္ကြန်ကိုချစ်သော

မြန်မာပြည်သူ/ပြည်သားအားလုံး၂၀၁၂
မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှစပြီးလွတ်လပ်သောအသံ
လွတ်လပ်သော သံချပ်များနဲ့နှစ်စဉ်ရေသဘင်ပွဲတော်ကို မြန်မာ့ရိုးရာ
အတိုင်းအောင်မြင်စွာ နှစ်စဉ်ကျင်းပနိုင်ကြပါစေ..................



ခောတ်မောင်းသံ

27 Mar 2012

မင်းတို့တွေခုထိစားလို့မဝကြသေးဘူးလား တော်တော်သောက်ရှကိနည်းတဲ့ကောင်တွေ

စစ်ဘီလူးသန်းရွှေနှင့်ပြည်သူ့ဂုတ်သွေးစုပ်စစ်ဖုတ်ကောင်များ၏ ပင်စင်လစာ များ




ဗိုလ်ချုပ်ကြီးတို့ရဲ့ ပင်စင်လစာ၊ နိုင်ငံရေးဆုငွေစာရင်းကို မိုးမခ http://moemaka.blogspot.com/ မှာ တွေ့ရပါတယ်။

ဗိုလ်သန်းရွှေ ပင်စင်လစာက သိန်းတရာ တဲ့။ စာဖတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး ဒီလစာငွေတွေကို ဘာလုပ်မလဲ မသိရပါဘူး။
နိုင်ငံရေးဆုငွေအဖြစ် သိန်းနှစ်ရာကျော် ရပါတယ် တဲ့။

ဗိုလ်သန်းရွှေ ပင်စင်ယူတဲ့နေ့ကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့လို့ အဲဒီမှာ ရေးထားပါတယ်။ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီး နောက်တနေ့မှာ ဗိုလ်သန်းရွှေ ပင်စင်ရသွားတာ ဖြစ်ပါတယ်။

အဲဒီစာမှာ ဖော်ပြထားချက်အရ ဆိုရင် ဗိုလ်မောင်အေးလည်း အဲဒီနေ့မှာ နားပါတယ်။ ပင်စင်ငွေပမာဏကလည်း တပ်ချုပ်ကြီးဟောင်းနဲ့ မတိမ်းမယိမ်း ရပါတယ်။

ဗိုလ်အောင်ထွေး၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်ကျော်ဝင်းတို့ရဲ့ ပင်စင်လစာက ခြောက်သိန်းကျော်ပါတယ်။
ခြောက်သိန်းပဲ ဆိုတော့ နည်းတယ်လို့ မပြောနိုင်ပါဘူး။ တခြားဗိုလ်ချုပ်တွေက တသိန်းကျော်ပဲ ရလို့ပါ။

ထူးခြားချက်နောက်တခုကတော့ ဗိုလ်ခင်ညွန့်၊ ဗိုလ်ဝင်းမြင့်တို့ ၂ ယောက်ကို ပင်စင် ခံစားခွင့်မပြုတာပါပဲ။

အဲဒီ ပင်စင်လစာ စာရွက်ကို ဒီမှာ http://3.bp.blogspot.com/-pVCGYnkbYKI/T2mpDyeQg6I/AAAAAAAAUNU/7yR3T... ကြည့်နိုင်ပါတယ်။ ( ကိန်းဂဏန်းတွေကို ဖတ်ရလွယ်အောင် အနီစက်

25 Mar 2012

၈၈ မျိုးဆက် ကျောင်းသားများပါဝင်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကွန်ရက် ဖွဲ့စည်း

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ပါဝင်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ရက်ကို ဖွဲ့စည်းလိုက်ပြီး ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သော အချက်အလက်များကို စတင်စုဆောင်းသွားမည်ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ကွန်ရက်သည် လွတ်လပ်သော အရပ်ဘက် လူအဖွဲ့အစည်းတစ်ရပ်အနေဖြင့် ရပ်တည်သွားမည်ဖြစ်ကာ မည်သည့် အထောက်အပံ့မှ ရယူခြင်းမရှိဘဲ ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ထို့အပြင် မီဒီယာများ အပါအ၀င် ပြည်သူလူထု၏ သတင်းပေးမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ရယူသွားမည်ဖြစ်ပြီး မဲရုံကိုယ်စားလှယ်များ ထားရှိပြီး ဆောင်ရွက်မှုများလည်း ပြုလုပ်သွားမည်ဟု သိရပါသည်။

ပြန်လည်လွတ်မြောက်လာခြင်း နှစ်လသာရှိသည့်အတွက် စောင့်ကြည့်မှုပြုလုပ်ရာတွင် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို အစီရင်ခံစာ ရေးသားသွားမည်ဖြစ်ပြီး မသမာမှုတစ်ခုတည်းအတွက် မဟုတ်ဘဲ နောင်လာမည့် ရွေးကောက်ပွဲများတွင် အားနည်းမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်ကြောင်း သိရသည်။ အစီရင်ခံစာကို ကျင်းပပြီးတစ်ပတ်အကြာတွင် အကြမ်းတင်ပြမည်ဖြစ်ပြီး၊ တစ်လအကြာတွင် အချောတင် ပြသွားမည်ဟု သိရပါသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များတွင် စွပ်စွဲတိုင်တန်းသူ၏ ပြစ်ဒဏ်သည် အများဆုံးဖြစ်၍ စွပ်စွဲတိုင်တန်းပြီး မသမာမှုပြုရန် ကြံစည်နေသူများ သတိပြုစရာဖြစ်

ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ် ဒဏ်များထဲတွင် စွပ်စွဲတိုင်တန်းသူ၏ ပြစ်ဒဏ်သည် အများဆုံးဖြစ်၍ စွပ်စွဲတိုင်တန်းပြီး ရွေးကောက်ပွဲကို မသမာမှုပြုရန် ကြံစည်နေသူများ သတိပြုစရာ ဖြစ်လာကြောင်း ပြဌာန်း ဥပဒေများအရ သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်တန်းသူ၏ ပြစ်ဒဏ်သည် လက်ရှိပြဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များထဲတွင် အမြင့်ဆုံးဖြစ်ကြောင်း ဥပဒေပြဌာန်း ချက်များအရ သိရသည်။

ပြစ်မှုများကို ရဲအရေးယူပိုင် ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားခြင်းကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့တွင် သတ်မှတ်ထားခြင်းဖြစ်ပြီး ပြစ်မှုများနှင့် ပြစ်ဒဏ်များအခန်းတွင် ပြဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

''ပြစ်မှုတစ်ခုဟာ ရဲအရေးပိုင်တဲ့ ပြစ်မှုဖြစ်တယ်ဆိုရင် တရားရုံးမှာ ဦးတိုက်လျောက်စရာ မလိုပါဘူး။ ပြစ်မှုကျူးလွန်တာကို သိလျင်သိချင်း ရဲတပ်ဖွဲ့ဝင်တွေက တိုက်ရိုက် အရေးယူနိုင်ပါတယ်။ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိတာကို ဆိုလိုပါတယ်။ ရဲအရေးမပိုင်ဘူးဆိုတာကတော့ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိတာကို ဆိုလိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ထားတော့ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိနေပါတယ်'' ဟု ရှေ့နေတစ်ဦးက ဆိုပါသည်။
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်းရှိ ပုဒ်မ ၆၅ တွင် ပြဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

မည်သူမဆို ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်တန်းကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ပုဒ်မ ၆၄ တွင် ပြဌာန်းထားချက်အရ သိရသည်။

''ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေထဲမှာ စွပ်စွဲတိုင်တန်းတာကို သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး အခြားပြစ်ဒဏ်တွေက တစ်နှစ်အထိပဲ ရှိပါတယ်။ ဒဏ်ငွေ ဆိုရင်လည်း စွပ်စွဲတိုင်တန်းတာကို ကျပ်သုံးသိန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်ပြီး၊ အခြားပြစ်မှုကျူးလွန်တာ တွေကို ကျပ်တစ်သိန်းအထိပဲ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်'' ဟု ဥပဒေပညာရှင်တစ်ဦးက ဆိုပါသည်။

22 Mar 2012

တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိ စည်းရုံးဆောင်ရွက်လျက် ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ပြောကြား

aungthaung

တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိစည်းရုံး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြောကြား ခဲ့ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။

အဆိုပါဂျာနယ်မှ ငြိမ်းချမ်း ရေးအတွက် အားစိုက်နေရချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အားနည်း မသွားဘူးလား ဟူသော မေးမြန်းချက်အပေါ် ''မနည်းပါဘူး။ သေချာစီမံပြီးသားပါ။ မနည်းပါဘူး။ ကျွန်တော်တို့ အသားကျပြီးသား ဖြစ်ပါတယ်။ တစ်အိမ်ဆင်း တစ်အိမ်တက် ကိစ္စတွေ၊ ထိထိမိမိ စည်းရုံးနိုင်တဲ့ ကိစ္စတွေအားလုံးက ဆောင်ရွက်ပြီးသားပါ။ ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နေဆဲပါ'' စသည်ဖြင့် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြန်လည်ဖြေကြားထားသည်ကို ဖော်ပြချက်အရ သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မှု နှင့်ပတ်သက်၍လည်း ''မငြိမ်ပါဘူး။ သူ့လို အုန်းအုန်းကျွတ်ကျွတ် ဆိုတာကတော့ အရှေ့အလယ်ပိုင်း ပုံသဏ္ဍာန်တွေ ဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သူကပြနေတာ။ ဒါကတော့ နိုင်ငံရေးအရ image ကောင်းအောင်ပေါ့ဗျာ။ ဒါကလူထုတွေ တအားထောက်ခံတယ်၊ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါကလုပ်လို့ လွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင် ရပါတယ်။ မြို့ခံတွေ ဘယ်လောက်ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့'' စသည် ဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။

ထို့အပြင် ၄င်းက ''ဘာမှမလုပ်ပေးနိုင်ဘူး ဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူး ဆိုတာတွေက ကတိပေးထားတဲ့သူတွေကို သရော်တာ။ ပြည်သူ့အကျိုး လုပ်နေတဲ့သူ တွေကို ကိုယ်မလုပ်နိုင်လို့ ဝေဖန်တဲ့ သဘောလေးလည်း ဆောင်တယ်။ တကယ်တမ်းကျတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြု လုပ်တာကောင်းတယ်လို့ ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက် လုပ်ပေးတာကောင်းတယ် ဆိုတာမျိုးပဲ ပြောရမှာ။ ပြည်သူ့အတွက် လုပ်ပေးတာမကောင်းဘူးလို့ ပြောလာတာ တွေက ဒီနိုင်ငံရေး အဓိပ္ပါယ်ကို ကျွန်တော်လည်းနားမလည်ပါဘူး။ ဘာဖြစ်လို့ ပြောတာလည်းဆိုတာ ကျွန် တော်လည်းမသိဘူး။ ကျွန်တော်တို့ အဲဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီးတော့ မှ တရားဥပဒေစိုးမိုးရေး လိုလားတယ် လို့ အကြိမ်ကြိမ် နေရာတိုင်းမှာ ပြောတယ်။ တကယ့်လက်တွေ့မှာ သူတို့သွားတာ၊ လာတာတွေအားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာသလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာပြန် ဆန်းစစ်လိုက်ရင် သိတယ်''ဟု ပြောကြားထားသည်ကို တွေ့ရပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ထဲရောက် ရှိပါက ဥပဒေပြင်မယ်ဟု ပြောဆိုနေခြင်းနှင့် ပတ်သက်၍ လျှပ်တပြက်ဂျာနယ် မှ မေးမြန်းချက်ကိုလည်း ''ရောက်ရုံနဲ့တော့ မပြင်နိုင်ပါဘူး။ ဥပဒေပြင်မယ်ဆိုတာ ပုဒ်မကရှိပြီးသားပါ။ လွှတ်တော်ထဲမှာ ပြင်နိုင်တဲ့ဥပဒေနဲ့ ပြည်သူကိုချပြပြီးမှ ပြင်နိုင်တဲ့ဥပဒေ အဲဒီတော့ သူရဲ့လုပ်ငန်း၊ လုပ်နည်း က ဘာလဲဆိုတော့ လွှတ်တော်ထဲမှာ ပြင်နိုင်တဲ့ဥပဒေက ဘာတွေလည်းဆိုတာ ပြဌာန်းပြီးသားပါ။ အဲဒီဥပဒေတွေလုပ်ရင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၂၀ ရာခိုင်နှုန်းက ထောက်ခံပြီးတော့ တင်မှရနိုင်မှာ။ ၂၀ ရာခိုင်နှုန်းရအောင် လွှတ်တော်ကို တင်ရဦးမှာ။ တင်ရုံပဲရှိသေးတယ်။ တင်ပြီးရင် လွှတ်တော်အများစုက ၇၅ ရာခိုင်နှုန်းက ထောက်ခံမှပြင်လို့ရမှာ။ ဒါလွှတ်တော်တုန်းက ပြင်နိုင်တဲ့ဥပဒေ'' ဟု ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ဖြေကြားထားသည်ကို တွေ့ရပါသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်က မတ်လ ၁၆ ရက်နှင့် ၁၉ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်များတွင် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ၊ မဲစာရင်းများတွင် မှားယွင်းမှု၊ မပြည့်စုံမှုများနှင့် စပ်လျဉ်း၍ ဖော်ပြခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏မတ်လ ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများ ပိုမို များပြားလာပါကြောင်း၊ မင်းကင်းမြို့ နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စမြင်ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုး ပါတီက ၄င်းတို့ပါတီ အစည်းအဝေးသို့ တစ်အိမ်တစ်ယောက် မတက် မနေရ တက်ရောက်ရန် ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အမိန့်ပေး ဖိတ်ကြားမှု ပြုလုပ်နေသည်ဟု သိရှိ ရပါကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ မင်းကင်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစန်းဝင်း ဆိုသူက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌကို ပုတ်ခတ်ပြောဆို ဟောပြောခြင်းသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေပါကြောင်း၊ ပျဉ်းကိုင်းကြီးအုပ်စ တဲကြီးရွာမူလလွန်ကျောင်းကို ငွေကျပ် ၃ သိန်းခွဲ လှူဒါန်းခဲ့ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရပါက နောက်ထပ် ငွေ ၃ သိန်းခွဲ ပေးလှူမည်ဟု ဟောပြောခဲ့ကြောင်း ကြားသိရပါကြောင်း၊ ယင်းလုပ်ရပ်မှာ မဲဝယ်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေကြောင်း တွေ့ရှိရပါကြောင်း ဖော်ပြထားသည်

20 Mar 2012

ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ

နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့ အတူ ပညာရေးစနစ်ပါ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်တွင်းလွှတ်တော်ပ ပြောဆိုဆွေးနွေးမှုတွေ အခုတလော အဆက်မပြတ် ကြားနေရတယ်။ ၀မ်းသာအားတက်စရာပါပဲ။
သန်ရာသန်ရာ အကြံပေးကြ

ပြည်သူလူထုထဲက စိတ်ဝင်စား သူတွေသာမက သားသမီး ပညာရေးအတွက် စိတ်ဝင်စားတဲ့ မိဘများကလည်း ဂျာနယ်တွေကတစ်ဆင့် ၀င်ရောက်ဆွေးနွေး အကြံပေးကြတာတွေ ဖတ်ရတယ်။ တချို့ကတော့ တစ်ခုလုံး ခြုံပြီး ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ ကိုယ်သန်ရာသန်ရာ အ ကြောင်းအရာတစ်ခုကို ထည့်သွင်း သင်ကြားပေးစေချင်ကြောင်း အကြံပြုကြတယ်။ ဥပမာတချို့က စိုက်ပျိုးရေးပညာသင်ပေးပါလို့ အကြံပြုပြီး တချို့က စက်မှုနည်းပညာ အခြေခံနဲ့ အိုင်တီပညာအခြေခံ သင်ပေးပါလို့ အကြံပြုတယ်။ ဒီလိုပဲ AIDS တားဆီး ကာကွယ်ရေးကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ လူ့အခွင့်အရေးတို့ ပြည်သူ့နီတိတို့လို လူမှုရေး ပညာရပ် ကိစ္စတွေလည်း မဖြစ်မနေ ပါဝင်သင့်တယ်လို့ အကြံပြုသူတွေလည်း ရှိကြတယ်။ စည်းကမ်းတကျ လမ်းဖြတ်ကူးရေးကို မူလတန်းအရွယ်ကတည်းက သင်ကြားပေးသင့်တယ်လို့ အကြံပြုသူလည်း ရှိတယ်။

ဂီတနဲ့ပန်းချီသင်ပေးပါ

ကလေးတွေ စိတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေဖို့ ငယ်စဉ်ကတည်းက ဂီတနဲ့ ပန်းချီ သင်ပေးပါ၊ နိုင်ငံတကာက ကျောင်းတွေမှာလည်း သင်ပေးတယ်။ ရှေးခေတ်က မြန်မာစာသင်ကျောင်းတွေမှာလည်း ပန်းချီဆရာတွေခန့်ပြီး သင်ကြားပေးပါတယ်လို့ တိုက်တွန်း နှိုးဆော်သူတွေလည်း ရှိ တယ်။ အကြံပေးချက်တွေ အားလုံးဟာ အဖိုးတန်တဲ့ အကြံပေးချက်တွေချည်း ဖြစ်တယ်။ ဒါပေမဲ့ သင်ရိုးညွှန်းတမ်းထဲမှာ အားလုံးပါအောင် ထည့်ဖို့ဆိုတာတော့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ထင်ပါတယ်။ ကျောင်းသုံးစာအုပ် ပြုစုရေးသားတဲ့အခါမှာ ပညာ ပေးတဲ့ အကြောင်းအရာတွေချည်း တန်းစီပြီး ထည့်သွားလို့ မဖြစ်ပါဘူး။ စာသင်ရတာ ပျော်စရာဖြစ်အောင် ပေါ့ပါးတဲ့ အကြောင်းအရာ လေးတွေလည်း ညှပ်ပြီး ထည့်ပေးရပါတယ်။

ကျွမ်းကျင်သူနဲ့ တိုင်ပင်

ဘယ်အရွယ် ကလေးအတွက် ဘယ်လိုရေးပြီး ဘယ်လိုပေးရမယ်ဆိုတာကို သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ ပညာရှင်များသာ သိနိုင်ပါတယ်။ လူတိုင်း ၀င်ရေးလို့ မရပါဘူး။ မူလတန်း ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ် ပြုစုရေးသားမယ်ဆိုရင် သင်ကြားရေး၊ စိတ်ပညာ ကျွမ်းကျင်သူတွေ၊ ကလေး စိတ်ပညာပါရဂူတွေ၊ မူလတန်းဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ သင်ရိုးညွှန်းတမ်း ပညာရှင်တွေက ရေးဆွဲကြရမှာဖြစ်တယ်။ ဘယ်အရွယ်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ဘယ်လောက်ရှိတယ်ဆိုတာကို ကလေးစိတ်ပညာ ပါရဂူတွေမှ သိပါတယ်။ သူတို့နဲ့ ညှိ နှိုင်းခြင်းမပြုဘဲ လုံးဝ မရေးသင့်ပါဘူး။

စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ

သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေး အသက်အရွယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့မူကို အခိုင်အမာ ချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဟိုကပြော၊ ဒီကပြောနဲ့ ပြောသမျှတွေနောက်လိုက်နေရင် ငါးပွက်ရာ ငါးစာချသလို အချိန်သာကုန်ပြီး ငါးရဖွယ်မရှိ ဖြစ်တတ်တယ်။ ပညာရေးနဲ့ပတ်သက်ပြီး စနစ်သစ်ဆို စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ မနည်းတော့ဘူး။ ကြားထဲက ကျောင်းသူ ကျောင်းသားတွေပဲ ဒုက္ခရောက်ကြရတယ်။

မပါမဖြစ်ပါရမယ့် သူတွေ

ဒီတစ်ကြိမ်တော့ သေသေချာချာ အချိန်ယူပြီး ဆောင်ရွက်သင့်တယ်။ တတ်သိနားလည်တဲ့ ပညာရှင်မှန်သမျှဆီက အကြံပြုချက်တွေ ရအောင် ယူသင့်တယ်။ လက်တွေ့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေရဲ့ အသံတွေကိုပါ နားထောင်ဖို့ လိုပါတယ်။ ကာယကံရှင်တွေရဲ့ ဆွေးနွေး ဝေဖန်ချက်တွေကို ထည့်သွင်းမစဉ်းစားဘဲနဲ့ မှန်ကန်တဲ့ စီမံကိန်းတစ်ရပ် ပေါ်ထွက်မလာနိုင်ဘူး ဆိုတဲ့အချက်ကို မမေ့သင့်ကြဘူး။ ပညာရေးမှာ ကာယကံရှင်က ကျောင်းသားရယ်၊ ဆရာရယ်၊ မိဘရယ် ဖြစ်တယ်။ ဒီသုံးဦးဟာ ပညာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းပွဲ မှန်သမျှကို မပါမဖြစ် ပါဝင်ရမယ့်သူတွေ ဖြစ်တယ်လို့ ဆိုချင်တယ်။

ဂရုမစိုက်ခဲ့ကြလို့

မှားမှားမှန်မှန် ခိုင်းရင်ခိုင်းတဲ့ အတိုင်းလုပ်ဆိုတဲ့ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ဘာတစ်ခုမှ ထိရောက် အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြတာဟာ ပါဝင်ပတ်သက်နေတဲ့ ကာယကံရှင်တွေရဲ့ အသံတွေကို လုံးဝ ဂရုမစိုက်ခဲ့ကြလို့ ဖြစ်တယ်။ ရှေးရှေးက ၀န်ကြီးတစ်ပါး နောက်တော်ပါ တွေနဲ့ တိုင်းခန်းလှည့်လည်ရာမှာ အညာဒေသရောက်တော့ ဒီနှစ်မိုးလေ မမှန်လို့ ထန်းအထွက်နည်းတဲ့အတွက် ထန်းသမားများ ထန်းလျက် ကုန်သည်များ စားဝတ်နေရေးခက်ခဲကြောင်း ဒေသခံတွေက တင်ပြကြတယ်။ အဲဒီတော့ ၀န်ကြီးက ထန်းသမားတွေကို မျိုးကောင်းမျိုးသန့်တွေ ထုတ်ပေးလိုက်၊ မြစ်ရေတင်စီမံကိန်းကို ဒီဒေသအရောက်တိုးချဲ့လိုက်ဖို့ အမိန့်တော် ချမှတ်လိုက်သတဲ့။


သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေးအသက်အရွယ်အလိုက် ကျွမ်းကျင်သူပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့ မူကို အခိုင်အမာ ချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ် ...

လူမှန်နေရာမှန်

ဒီမိုကရေစီခေတ်ကို မဖြစ်ဖြစ်အောင် ထူထောင်မယ်ဆိုရင်တော့ ထန်းမျိုးစေ့ကောင်း ထုတ်ပေးလိုက်ဆိုသူတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်နေရာ ဘယ်ဌာန ဘယ်စီမံကိန်းမျိုးမှာမဆို တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ လူမှန်နေရာမှန်ဖြစ်ဖို့ လိုတယ်။ စီမံကိန်းတွေ ရေးဆွဲချမှတ်ရာမှာလည်း ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ပတ်သက်နေကြတဲ့ ကာယကံရှင် ပြည်သူလူထုဆီက အကြံပေးချက်၊ တင်ပြချက်တွေကို ဂရုစိုက်နားထောင် ကြဖို့လိုပါတယ်။

၁၉၅၃ ခုနှစ်က စာအုပ်

ရှေးခေတ် ပထမတန်း ဖတ်စာအုပ်ထဲမှာ ပါတာလေးတွေကို နမူနာအဖြစ် ရေးပြလိုက်ပါတယ်။ မြန်မာဖတ်စာသစ်လို့ ခေါ်ပါတယ်။ အဖုံးမှာ ဒေါင်းတံဆိပ်ကြီးပါလို့ ဒေါင်းဖတ်စာလို့ ခေါ်ကြတယ်။ စာမျက်နှာ ၁၀၂ မျက်နှာပါပြီး တန်ဖိုး K 1-50 (တစ်ကျပ် ငါးဆယ်ပြား)ဖြစ်တယ်။ Approved by Text Book Committe, Rangoon လို့ဖော်ပြပြီး British Burma Press. Rangoon Gazette Limited က ၁၉၅၃ ရိုက်နှိပ်ထားတာ ဖြစ်တယ်။ ပထမ နှစ်မျက်နှာက ဗျည်းနဲ့သရတွေကို သင်ထားတာဖြစ်ပြီး သင်ခန်းစာ တစ်က လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ က ကာ ကား၊ ကိ ကီ ကီး ခြောက်လုံးနဲ့ ၀ါကျတွေ ရေးထားပါတယ်။

ဤပုဝါနီ၏။
မီးရထားစီးပါ။
မရီငါးမစားရ။
မနီသတိထားပါ။
အနာမထိရ။
ထီးပါသလား။

သူငယ်များနှင့် ဖားတို့အကြောင်း

သင်ခန်းစာ ၂ ကျတော့ ကု ကူ ကူး၊ ကေ ကေ့ ကေးတို့ သင်ပါတယ်။ လေ့ကျင့်ခန်းက -

ဘဦးရေကူးနေသည်။
ဆေးကု၍မရပါ။
မနေ့က လေလာ၏။
အသီးနုနု မခူးရ။
ဥတုရာသီအေး၏။ တို့ဖြစ်တယ်။

သင်ခန်းစာ ၇ ကစပြီး ၀ါကျ တိုလေးတွေစသင်ပါတယ်။ 'သူငယ်များနှင့် ဖားတို့အကြောင်း' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ -

၁။ သူငယ်များသည် ရေကန်တစ်ကန်အနီး၌ ကစားကာနေကြ၏။
၂။ ထိုကန်ထဲက ဖားအများနေကြသတည်း။
၃။ ထိုအခါ ဖားကြီးက မောင်တို့သည် သူတစ်ပါးနာအောင်၊ သေအောင် မကစားရာ။ ဆင်ကျီစားရာ ဆိတ်မခံသာပါဟုဆို၍ ရေထဲသို့ ငုပ်သွားလေ၏။

တန်ခူးရက်မစုံ ၂၉

သင်ခန်းစာ ၉ ကျတော့ တြိချိုး သဖြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ - 'ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့်အဖိုးအို၊ ဟောကြည့်ပဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ် ဖိုးလနတ်သား' ကဗျာကို စ မိတ်ဆက်ပေးတယ်။ သင်ခန်းစာ ၁၂ က 'ပျိုလေးတို့အိမ် ဦး၊ ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ၊ ကျေး တွေကအုံ' ဆိုတဲ့ကဗျာပါ။ သင်ခန်းစာ ၁၆ က 'အတတ်ပညာ၊ ကြိုးစားကာ သင်ပါမေ့သားလှ' အစချီတဲ့ ပညာအကြောင်း သံပေါက်ပါ။ သင်ခန်းစာ ၂၀ က ယုန်နှင့်လိပ်တို့ အကြောင်း ပုံပြင်ပါ။ သင်ခန်းစာ ၂၆ ကျတော့'သန့်ရှင်းသော အ၀တ်ကိုဝတ် ခြင်းအကြောင်း' ခေါင်းစဉ်နဲ့ ၀ါကျတိုလေး ရှစ်ခု ရေးထားတယ်။ ၃၇ မှာတော့ 'ဥဒေါင်းယောင်ဆောင်သော ကျီးအကြောင်း' ပုံပြင်ဖြစ်တယ်။ ၄၁ က '၀ံပုလွေနှင့်သိုးငယ်အကြောင်း' ပုံပြင် ပါ။ ၅၁ က'ကျီးနှင့်မြေခွေးအကြောင်း' ပုံပြင်ပါ။ ၅၆ ကျတော့ 'တန်ခူးရက် မစုံ ၂၉၊ ကဆုန်ရက်စုံ ၃၀' ဆိုတဲ့ မြန်မာလများအကြောင်း ဖြစ်ပါတယ်။

အတုယူနိုင်ကြပါစေ

သင်ခန်းစာ ၆၀ ကနေအကြောင်း၊ ၆၂ က လနှင့်ကြယ်များ အကြောင်း၊ နောက်ဆုံး သင်ခန်းစာ ၆၄ ကတော့ ညီက အစ်ကိုထံ ပေးစာဆိုတဲ့ ပေးစာရေးနည်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဆရာများ သတိပြုရန် အမှာစာဆိုပြီး သင်ခန်းစာများ သင်ကြားနည်း ကို ရှင်းလင်းပြောထားတာ ဖြစ်ပါတယ်။ ဒီဖတ်စာလေး ကြည့်လိုက်ရုံနဲ့တင် သင်ရိုးညွှန်းတမ်းတို့ ဖတ်စာတို့ ရေးဆွဲပြဋ္ဌာန်းရာမှာ သက်တမ်းအလိုက် ဘယ်လိုအဆင့်ဆင့် ပေးသွားရမယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကောင်းတာတွေ အတုယူနိုင်ကြပါစေ လို့ သတိပေး နှိုးဆော်လိုက်ရပါတယ်။

 ဘယ်သူ့ကို မဲပေးကြမှာလဲ ... (၂)

AddThis Social Bookmark Button

''ကျွန်တော်ဘယ်သူ့ကို မဲပေးလိုက်သလဲ ကျွန်တော်သိတာပေါ့။ သူတို့လည်း သိမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်မဲ ဘယ်သူရသွားလဲဆိုတာ တော့ သူတို့ပဲသိတယ်''

ဘရာဇီးလ်က ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ အမီလ်ကာ ဘရူနာဇိုဖီလ်ဟို ပြောတာပါ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ...။ အင်း။ ထားပါတော့လေ။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။
အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်လုပ်တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ စိတ်ကျေနပ်မှုရလောက်တဲ့ အခြေအနေမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကတော့ မျှော်လင့်မထားဘဲကို ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စခဲ့တာ လုံးဝမဟုတ်ပါဘူး။ တက်လာတဲ့ ကြံ့ခိုင်ရေးအစိုးရ လက်ထက်မှာမှ စခဲ့တာပါ။ ဒါကိုတော့ အသိအမှတ် ပြုရပါမယ်။ Revolution ကို မကြုံချင်တဲ့ အစိုးရသစ်ဟာ R ဖြုတ်ပြီး ဖြည်းဖြည်းချင်း ပြောင်းလဲတဲ့ ဆင့်ကဲဖြစ်စဉ် Evolution အတိုင်း အပြောင်းအလဲကို လုပ်ပေးခဲ့တယ်လို့ ထင်တာပါပဲ။

နှစ်နှစ်အကြာမှာတော့ ရွေးကောက်ပွဲတွေ တစ်ကျော့ ပြန်လာပါပြီ။ ဒီတစ်ခါ ရွေးကောက်ပွဲကတော့ အစိုးရအဖွဲ့နဲ့ အုပ်ချုပ်မှုအာဏာပိုင်းမှာ အပြောင်းအလဲ ကြီးကြီးမားဖြစ်စေနိုင်တဲ့ အတိုင်းအတာမှာ မရှိပါဘူး။ သမ္မတ၊ ဒုသမ္မတနဲ့ ၀န်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေ၊ ပြည်နယ် ၀န်ကြီးတွေဖြစ်သွားကြတဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်များရဲ့ လစ်လပ်သွားတဲ့နေရာ အနည်းငယ်ကိုပဲ ပြန်ရွေးကြရမှာပါ။

ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အာဏာအပြောင်းအလဲဖြစ်ဖို့ (ဒါမမဟုတ်) အာဏာ ဆက်လက်တည်မြဲဖို့အတွက် အဓိကကျတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျ အပြောင်းအလဲအပေါ် မြန်မာအစိုးရ တကယ် လျှောက်နေတယ်ဆိုတာ သက်သေပြရမယ့် ရွေးကောက်ပွဲပါ။ အတိုက်အခံတွေဘက်ကလည်း နိုင်ဖို့ထက် မျှတတယ်၊ မမျှတဘူးဆိုတာကို အဓိကစောင့်ကြည့်ဖို့၊ အဲဒီအပေါ်မှာ ဘယ်လို ရှေ့ဆက်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ အဓိကကျတဲ့ ရွေးကောက်ပွဲပါ။ ကျွန်တော်တို့ ပြည်သူတွေ အတွက်ကရော။ ရွေးချယ်စရာ ပိုမိုစုံလင်လာတဲ့ ရွေးကောက်ပွဲမှာ ကိုယ်ပေးတဲ့ မဲတစ်ပြား ပေးတဲ့သူဆီ အမှန်တကယ် ရောက် မရောက် ဒုတိယ အကြိမ်မြောက် ဆန်းစစ်ရမယ့် ပွဲပါ။ ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများရဲ့အစ ဖြစ်လာနိုင်ပါ တယ်။ ရွေးချယ်စရာ စုံလင်လာတဲ့ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ သွားပေးကြည့်တာတော့ မမှားဘူး ထင်ပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲ မစခင် စဉ်းစားကြည့်မိတယ်။ ပြောင်းပြန်စောက်ထိုး စဉ်းစားပုံနဲ့ပါ။ ဘယ်လိုလူမျိုးကို ရွေးမလဲဆိုတာထက် ဘယ်လိုလူမျိုးကို မရွေးဘူးလဲ ဆိုတာကိုပါ။ အဲဒီတုန်းက မရွေးသင့်တဲ့သူ ခြောက်မျိုးအကြောင်း ရေးခဲ့ပါသေးတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲမှာလည်း မရွေးသင့်တဲ့သူ ခြောက်မျိုးအကြောင်းက ပြန်စကြည့်ပါမယ်။

  • (၁) ဒေါင်းယောင်ဆောင်သော ကျီး
  • (၂) သစ္စာဖောက်
  • (၃) အခွင့်ရေးသမား၊ သာကူး
  • (၄) လက်ဝေခံ၊လက်ကိုင်တုတ်
  • (၅) ဆိုင်းသံဗုံသံကြားရင် ကချင်ကြသူတွေ၊ ပါလေရာတွေ
  • (၆) နေ့ခင်းကြောင်တောင် အိပ်မက်မက်သူတွေ ဆိုပြီးတော့ပါ။

ဒီခြောက်မျိုးထဲ မပါတဲ့သူမျိုး ရွေးသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။ အခု နှစ်နှစ်လောက် ရှိလာပြီဆိုတော့လည်း ဘယ်သူတွေက ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေ၊ ဘယ်သူတွေကတော့ လက်ကိုင်တုတ်တွေ၊ ဘယ်သူတွေကတော့ အခွင့်အရေးသမားတွေ ဆိုတာ တော်တော်လေးတော့ ရှင်းရှင်းလင်းလင်း ဖြစ်လာပါပြီ။ စင်ဒရဲလားလေးနဲ့မှ တော်မယ့်ဖိနပ်ကို မိထွေးသမီးတွေစွပ်လို့ မတော်ဘူးဆိုတာလည်း ပြောတဲ့အတိုင်း ဖြစ်လာခဲ့တာပါပဲ။

နေ့ခင်းကြောင်တောင် အိပ်မက်မက်ခဲ့သူတွေလည်း အိပ်မက်က လန့်နိုးလာကြပြီ ထင်ပါတယ်။ လက်ဝေခံတို့၊ သာကူးတို့ဆိုတာကတော့ ခေတ်တိုင်း၊ နိုင်ငံတိုင်းက နိုင်ငံရေးနယ်ပယ်မှာ ရှိနေဦးမှာဆိုတော့ အဲဒါတော့ မတတ်နိုင်ဘူးပေါ့။ ကိုယ့်ဘာသာကိုယ် ကြည့်ရွေးကြပေါ့။

တစ်ခါအလိမ်ခံရရင် လိမ်တဲ့သူအပြစ်။ နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူကိုက အတာ။ အလိမ် ခံရတဲ့သူ အပြစ်ဖြစ်သွားပြီ။ အဲဒီတော့ အလိမ်မခံရအောင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်ရင်ထဲ ရှိတဲ့အတိုင်း မှန်မှန်ကန်ကန် မဲပေးရုံနဲ့ မပြီးပါဘူး။ အဲဒီမဲတွေ မှန်မှန်ကန်ကန် ဖြစ်ဖို့ပါ အားလုံးက တတ်နိုင်သရွေ့ ၀ိုင်းဝန်းကြရမှာပါ။

ရွေးကောက်ပွဲ မသမာမှုဆိုတာ အစိုးရဘက်က ဖြစ်စေ၊ အတိုက်အခံတွေဘက်က ဖြစ်စေ ဘယ်ဘက်ကမဆို လုပ်နိုင်တာပါပဲ။ ၂၀၁၀ ပြည့်နှစ်တုန်းကတောင် အောင်ပွဲရ ကြံ့ခိုင်ရေး ပါတီကိုယ်တိုင်က တချို့ မဲဆန္ဒနယ်တွေမှာ သူတို့ကိုယ်စားလှယ်တွေ မဲ အလိမ်ခံရတယ်ဆိုတဲ့ ကိစ္စတွေ ကော်မရှင်ကို တိုင်ခဲ့ပါသေးတယ်။ ဒါကိုကြည့်ရင် မသမာမှုဆိုတာ ရှိနိုင်တယ်။ ဟိုဘက်ကရော၊ ဒီဘက်ကပါ ခံရနိုင်တယ်ဆိုတာ ရှင်းနေပါတယ်။

ဒီတော့ မဲဆိုတာ ဘယ်လိုခိုးလို့ ရတယ်၊ ဘယ်လို မသမာမှုလုပ်လို့ ရတယ်ဆိုတာကိုပါ သိထားရင် ပိုကောင်းပါလိမ့်မယ်။ ဒါမှအဲဒါတွေကို မဲဆန္ဒရှင်တွေက ဟန့်တားနိုင်မှာပါ။

မဲ မသမာမှုဆိုတာ အခြေခံအားဖြင့် ခွဲရင် နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ကိုယ်စားလှယ်လောင်းတစ်ဦး မဲများအောင် မသမာမှုလုပ်တာ၊ နောက်တစ်မျိုးက ပြိုင်ဘက် ကိုယ်စားလှယ် မဲနည်းအောင် မသမာမှုလုပ်တာပါ။ ကျွန်တော်တို့က မဲခိုးတယ်၊ မဲခိုးတယ်ဆိုရင် ဒီဘက်ပုံး ထဲများအောင်လုပ်တာပဲ မျက်လုံးထဲ ပေါ်တတ်ကြတာ။ ဟိုဘက်ပုံးထဲ နည်းအောင်လုပ်ရင်လည်း ရနိုင်တယ်ဆိုတာကို သတိ မမူမိတတ်ကြဘူး။ မဲများအောင် လုပ်တယ်ဆိုတဲ့ နေရာမှာ မဲဝယ်တာ၊ သူများကိုပေးထားတဲ့ မဲကို ခိုးတာ၊ မဲလာမပေးတဲ့ သူရဲ့ မဲကို ကိုယ့်မဲ လုပ်ပစ်တာဆိုပြီး ရှိပါတယ်။ သေသွားတဲ့သူကိုတောင် မဲပေးဖို့ အတုမှတ်ပုံတင်ပြီး ထည့်တာ ရှိပါတယ်။ ဒါကတော့ ဖုတ်သွင်းမဲပေးနည်း (zombie voting)လို့ ခေါ်ရင်ကောင်းမယ်။

ကိုယ့်လူကို မဲရုံတွေပတ်ပြီး မဲထည့်ခိုင်းတာလည်း ရှိပါတယ်။ ဒီတစ်ယောက်ထဲက ဟိုမဲရုံလည်း အမည်ပေါက်၊ ဒီမဲရုံလည်း အမည်ပေါက်နေတာမျိုးပေါ့။ မကြာသေးခင်က ရုရှားရွေးကောက်ပွဲမှာ လူတွေကို ကားတွေနဲ့ တင်ပြီး အဲဒီလိုမျိုး မဲရုံတွေ ပတ်ထည့်ခိုင်းတာတဲ့။ အဲဒါကို ချားရဟတ် မဲခိုးနည်း carousel voting လို့ ခေါ်ပါတယ်။ ကျွန်တော်ကတော့ အဲဒါကို ချားစီးမဲခိုးနည်းပဲ ခေါ်ချင်ပါတယ်။ အဲဒီလိုပဲ ကိုယ်ရောက်နေတဲ့ နယ်မှာ လည်း အမည်ပေါက်၊ အဲဒီမှာ ကြိုတင်မဲထည့်ခဲ့ပြီးတော့ ကိုယ့်ဇာတိပြန်လာပြီး နောက်တစ်ခါထပ်ထည့်။ ဒါမျိုးလည်း ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း တစ်ပြိုင်နက်ကောက်ထားတာ မရှိလေတော့လည်း ခက်တာပါပဲ။

နောက်တစ်မျိုးကတော့ မဲပုံးချိန်း၊ မဲပုံးပေါင်းပေါ့။ ဒါမျိုးကတော့ မဲရုံကိုယ်စားလှယ်တွေ သိက္ခာရှိရင် လုပ်လို့ မလွယ်ပါဘူး။ မဲရုံတွေက သေးသေး သေးသေးနဲ့ အများကြီးဖြစ်နေပြီး သိက္ခာရှိတဲ့သူက နည်းနေရင်တော့ ပြဿနာရှိပါတယ်။ ပြိုင်ဘက်ကိုယ်စားလှယ်ရဲ့ မဲနည်းအောင် လုပ်တဲ့အကြောင်း ပြောရပါဦးမယ်။ အဲဒါကတော့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တဲ့နည်းက အဓိကပေါ့။ မင်းအဲဒီလူကိုပေးရင် ဘာဖြစ်သွားမယ်။ ဘာညာပေါ့။

နောက်တစ်နည်းက မဲရုံနားမှာ အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်ပြီး လူတွေမဲလာ မပေးကြအောင် လုပ်တာပါ။ ပြီးတော့ ပြိုင်ဘက်ကိုယ်စားလှယ်ရတဲ့ မဲတွေကို ပယ်မဲထဲ များများထည့်ပစ်လိုက်တာပါ။ အမှန်ခြစ်က မပီသဘူး၊မှန်သလို မှားသလို ဖြစ်နေတယ် ဘာညာပေါ့။

ရိုးရှင်းပြီး တစ်ခေတ်တစ်ခါက အနောက်နိုင်ငံတွေမှာတောင် အသုံးများတဲ့ မဲမသမာတဲ့ နည်းတစ်နည်းလည်း ရှိပါသေးတယ်။ ဒါကတော့ ကျွန်တော်တို့ ပြောပြောနေတဲ့ ''မာကင်'' နည်းပဲ။ လျို့ဝှက် မဲ ပေးရပေမဲ့ ကိုယ်ဘယ်သူ့ကို ပေးတယ်ဆိုတာ သိသွားအောင် မဲ မှာ အမှတ်အသားလုပ်တဲ့ နည်းပေါ့။ အဲဒီတော့ ဟိုလူ့ကို ငါပေးမှန်းသိရင် ငါ့ကိုများ ဒုက္ခပေးလေမလားဆိုပြီး ကြောက်ကြတာပေါ့။ အမှန်တော့ ရဲရင့်တဲ့သူများရင် ဘာမှလုပ်လို့မရပါဘူး။


ကြားဖြတ် ရွေးကောက်ပွဲမှာတောင် တရားမျှတမှုမရှိရင်တော့ အနာဂတ်ကမလှ ဖြစ်သွားပါလိမ့်မယ်။ နိုင်ခြင်း ရှုံးခြင်းထက် တရားမျှတမှု ရှိ၊ မရှိက ပိုအရေးပါပါတယ်။ မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ ပြန်လာပါလိမ့်မယ် . . .

နောက်ဆုံးတစ်မျိုးကတော့ ကြိုတင် မဲ တွေကို မသမာမှုလုပ်တဲ့ နည်းပါ။ အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်းတွေဟာ မဲ ပေးတဲ့နေ့မှာ တာဝန်ကျနေရင် လာပေးဖို့ မလွယ်ပါဘူး။ တချို့ဆို မဲရုံ ၀န်ထမ်းလည်း လုပ်ရတော့ အဲဒီအချိန်ကျမှ ပေးဖို့ ဘယ်လွယ်မလဲ။ အဲဒီတော့ သူတို့လည်း မဲမပေးရ မရှိစေရအောင် ဒီလိုလုပ်ပေးထားတာပါ။ ဒါပေမဲ့ ကြိုတင်မဲက လာပေးတဲ့မဲလောက်၊ ဒါမမဟုတ် လာပေးတဲ့မဲထက် များနေရင်တော့ မူမမှန်ဘူးပေါ့။ ''မာကင်''လုပ်ထားတဲ့ ကြိုတင်မဲ ဆိုရင်တော့လည်း ဘယ်လာတရားတော့မှာလဲ။ မဲပေးတာတောင် တရားမျှတမှုမရှိရင် ဘယ်လာဒီမိုကရေစီ ဖြစ်တော့မှာလဲ။ ကြိုတင်မဲပေးလည်း လွတ်လွတ်လပ်လပ် လျို့ဝှက်စွာ ပေးခွင့်ရှိအောင် လုပ်ပေးကြဖို့ လိုပါတယ်။

လာပေးနိုင်တဲ့သူများအဖို့မှာ တော့လာပေးကြတာပဲ ကောင်းပါတယ်။ မဲရုံရှေ့မှာ တန်းစီရတာ ပျော်စရာမဟုတ်လား။ ပေးရမယ့် မဲရုံနဲ့ စာရင်းကိုတော့ ပေးမယ့်နေ့မတိုင်ခင်ကတည်းက ကြိုစစ်ဖို့ လိုပါလိမ့်မယ်။ နာမည် မှားတာ၊ နှစ်နေရာမှာ ပါနေတာ၊ ပါကိုမလာတာ စသဖြင့် စစ်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။

မဲရေတွက်မှုမှာလည်း တရားမျှတဖို့ စောင့်ကြည့်ရမယ့် နှစ်ဆင့် ရှိပါတယ်။ ဥပဒေအတိုင်း ကြိုတင်မဲတွေကို မဲရုံမဖွင့်မီ အများရှေ့မှာ ရေတွက်ဖို့၊ အဲဒီမဲတွေဟာ ရှိသင့်တာထက် မများဖို့၊ မဲရုံပိတ်ခါနီးမှ ကြိုတင်မဲတွေ ရောက်လာတာမျိုး မရှိဖို့ စောင့်ကြည့်ခွင့် ရှိရပါမယ်။ နောက်တစ်ချက်ကတော့ မဲရေတွက်ရာမှာ ထင်သာမြင်သာရှိဖို့ပါ။

များသောအားဖြင့် နယ်က မဲရုံတွေက ခြံဝင်းရှိတဲ့ အဆောက်အအုံထဲမှာထားပြီး မဲရေချိန် ခြံထဲတောင် ၀င်မရတာမျိုးက မဖြစ်သင့်ပါဘူး။ ခပ်လှမ်းလှမ်းကပဲဖြစ်ဖြစ် ရပ်ကြည့်ခွင့် ပေးသင့်ပြီး အားလုံးရှေ့မှာ ရေတွက်သင့် ပါတယ်။ ကျေးရွာများတဲ့ နယ်တွေမှာ ဆိုရင် မဲရုံတွေက အရမ်းများတာကြောင့် သက်ဆိုင်ရာပါတီက မဲရုံစောင့်သူတွေတင် မကဘဲ ရပ်မိရပ်ဖတွေ ပြည်သူတွေအားလုံးက စောင့်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။
အခု ရွေးကောက်ပွဲဟာ ခွပ်ဒေါင်းနဲ့ ခြင်္သေ့ အားပြိုင်ပွဲ မဟုတ်ပါဘူး။ အဲဒီထက် ပိုအရေးပါပါတယ်။

အာဏာအပြောင်းအလဲမဖြစ်နိုင်တဲ့ မဲဆန္ဒနယ် အနည်းငယ်ပဲ ပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတောင် တရားမျှတမှုမရှိရင်တော့ အနာဂတ်က မလှဖြစ်သွားပါလိမ့်မယ်။ နိုင်ခြင်း ရှုံးခြင်းထက် တရားမျှတမှု ရှိ၊ မရှိက ပိုအရေးပါပါတယ်။

မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ပြန်လာပါလိမ့်မယ်။

19 Mar 2012

မြန်မာနိုင်ငံတွင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် ထိုင်းကဲ့သို့ မလေးရှား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် စက်မှုဇုန် ဖွင့်လှစ်

7254

လှိုင်သာယာ စက်မှုဇုန် နေရာအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံများ ကဲ့သို့ မလေးရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် စက်မှုဇုန်တည်ထောင်ခွင့် ရနိုင်ရန် စီစဉ်နေကြကြောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော မလေးရှား စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

“မလေးရှားက ထိပ်တန်းစီးပွားရေး လုပ်ငန်းတွေ၊ စက်မှုကုန်ထုတ်လုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေ အပါအ၀င် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် တစ်နေရာစီ တစ်ကွဲတစ်ပြား လုပ်တာထက် စက်မှုဇုန်တစ်ခု တည်ထောင်ပြီး မလေးရှားလုပ်ငန်းတွေ တစ်စုတစ်စည်းတည်း လုပ်နိုင်ဖို့ ကြိုးစားပြင် ဆင်နေကြတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့လို လုပ်ခွင့်ရချင်တာပါ”ဟု မလေးရှားဘဏ် တစ်ခုနှင့် စီးပွားရေးလုပ်ငန်း အချို့၏ မြန်မာပြည် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောကြားပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ထားဝယ် ရေနက်စီမံကိန်းနှင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်နေပြီး မကြာမီ အကောင်အထည် ဖော်လာနိုင်သည့် မြ၀တီနှင့် ဘားအံစက်မှုဇုန်တို့တွင်လည်း ရင်းနှီးမြှုပ်နှံလိုကြောင်း သိရသည်။ ဂျပန် နှင့် တောင်ကိုရီးယားတို့မှာ ရန်ကုန် တောင်ပိုင်းခရိုင်အတွင်းရှိ သီလ၀ါ ဆိပ်ကမ်းနှင့် သီလ၀ါစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လျက်ရှိပြီး မြန်ကိုကဲ့သို့ မြို့သစ်တည်ဆောက်ရေး စီမံကိန်းများလည်း ပါဝင်သည်။ တရုတ်နိုင်ငံသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ရင်းနှီးတည်ဆောက်နေပြီး အဆိုပါ ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ယူနန်ပြည်နယ်သို့ ကုန်စည်များ သယ်ယူပို့ဆောင်ရန်နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများမှ တင်သွင်းလာ သော ရေနံနှင့် မြန်မာ့ပင်လယ်ပြင်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့တို့ကို ကျောက်ဖြူမှ ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသော ပိုက်လိုင်းမှတစ်ဆင့် ၂၀၁၃ ခုနှစ်တွင် စတင်တင်ပို့မည် ဖြစ်သည်။

အရှေ့တောင် အာရှဒေသ၏ စီးပွားရေး ဦးဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် မြန်မာ နိုင်ငံတွင် စီးပွာရေးရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ပြင်ဆင်နေပြီး နိုင်ငံရေး ဆက်ဆံရေး တိုးမြှင့်သည့်အနေဖြင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Datuk Seri Anifah Aman သည် မတ်လ ၁၅ မှ ၁၇ ရက်နေ့ထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသို့ မလေးရှားဝန်ကြီးချုပ် Najib Tun Razak မကြာမီ လာရောက်မည်ဟု သိရပြီး မလေးရှားထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများပါ လိုက်ပါလာမည်ဟု သတင်းရရှိသည်။

ထို့အတူ မလေးရှားနိုင်ငံ၏ ထိပ်တန်းဘဏ်လုပ်ငန်းရှင် Mr. Dato' Sri Nazir Rarak ဦးဆောင်သောအဖွဲ့ ဖြစ်သော Asean Business Club ၀င် စီးပွားရေးလုပ်ငန်းရှင် အချို့ကလည်း ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြကြောင်း သိရသည်။

ယခုမြန်မာနိုင်ငံသို့မလေးရှား နိုင်ငံခြားရေး ၀န်ကြီးလာရောက်ခြင်းသည် မလေးရှားဝန်ကြီးချုပ် မလာရောက်မီ ရှေ့ပြေးလာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလပိုင်းက လည်း မလေးရှား ၀န်ကြီးချုပ်ဟောင်း Dr Mahathir Mohamad's လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း Tun Abdullah Ahmad Badawi နှင့်ဇနီးတို့ အလည်အပတ် လာရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနှင့် မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းတို့အကြား ပတ်သက် ဆက်နွှယ်နေသည့် စီးပွားရေး နယ်ပယ်များစွာရှိပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများကို အဓိက ဆောင်ရွက်လျက် ရှိကြောင်း၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ ၂၀၁၁ ခုနှစ်တွင် မလေးရှားရင်းဂစ် ၂ ဒသမ ၄၃ ဘီလျံရှိပြီး ၂၀၁၀ ပြည့် နှစ်ထက် ၂၆ ဒသမ ၈ ရာခိုင်နှုန်း တိုးလာကြောင်း မလေးရှား အစိုးရ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ထပ်မံတင်ပြနိုင်ရန် လျော်ကြေးငွေကျပ် ၁၂၀၀၀ ဖြင့် ပြန်သိမ်းခံခဲ့ရသည့် မြေကွက်ပိုင်ရှင်များနှင့် နိုင်ငံရေးပါတီ

7259
ဦးကိုကိုကြီးနှင့် ဦးခိုင်မောင်ရည်တို့အား အနန္တမေတ္တာ ကျောင်းတိုက်တွင် တွေ့ရစဉ်

လျော်ကြေး ငွေ၁၂၀၀၀ကျပ်ဖြင့် ပြန်လည်သိမ်းခံခဲ့ရသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေကွက်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ထပ်မံတင်ပြ နိုင်ရန် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်သည့် ကျောင်းသားဟောင်းများနှင့် မြေကွက်ပိုင်ရှင်များ မတ်လ ၁၇ ရက် နေ့ကဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ၁၂၆ ရပ်ကွက်ရှိ အနန္တမေတ္တာ ကျောင်းတိုက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အစိုးရ၀န်ထမ်းများသို့ မြေကွက်ချထားခဲ့မှုများ ပယ်ဖျက်ခဲ့မှုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၄ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်ပြခဲ့ကြောင်းလည်း သိရှိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ၈၈မျိုး ဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက “လက်ရှိကြုံ တွေ့နေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုယ်စားပြုဒီမိုကရေစီနဲ့ တိုက်ရိုက်ဒီမိုကရေစီ ဆိုတဲ့ပုံစံနှစ်ခုနဲ့ ကြိုးစားသွားမယ်။ ကိုယ်စားပြု ဒီမိုကရေစီနည်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပြီး တိုက်ရိုက် ဒီမိုကရေစီကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာဏာပိုင် အဖွဲ့အစည်း မဟုတ်ပေမယ့် ပြည်သူတွေဘက်က ရပ်တည်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟုဆိုခဲ့သည်။

ဦးခိုင်မောင်ရည်က မြေကွက်များ ချထားပေးစဉ်က စည်းကမ်းချက် အချို့နှင့် အပိုစည်းကမ်းများ ထုတ်ထားသည်ကိုတွေ့ရကြောင်း၊ အပိုစည်းကမ်းများတွင် သုံးလအတွင်း လာရောက်နေထိုင်ခြင်း၊ ဆောက်လုပ်ခြင်း မပြုလုပ်ရဟု ပါရှိကြောင်း၊ နေထိုင်မည်ဆိုပါကလည်း မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီ မှု မရှိသည့်အတွက် သွားရောက်နေထိုင်မှု မပြုခြင်းဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ် နှင့် ညီညွတ်သည့် အခြေအနေများကို မြို့ပြစီမံကိန်းချထားသူက ဖန်တီးပေးမှ ပြည်သူများ နေနိုင်မည် ဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိသေးဘဲ သွားရောက်နေထိုင်ခြင်း မပြုသေးသည့် ပြည်သူများအပေါ် မြေကွက်သိမ်းမည်ဆိုသည့် ထုတ်ပြန်ချက် မှာ မဆီလျော်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

9 Mar 2012

အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံးသို့ ရောက်ရှိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တံတားဦးမြို့နယ်ရှိ ဒေသခံများနှင့်အတူ တွေ့ရစဉ်

မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံး သို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။

မတ်လ ၃ ရက်နေ့မှ စတင်ခဲ့သော အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် မဲဆွယ်စည်းရုံးခြင်းများကို လေးရက်ကြာ ပြုလုပ်ခဲ့သည်။

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ မြန်မာနိုင်ငံဟာ အနှစ် ၂၀ ကျော်အတွင်းမှာ အရှေ့တောင်ဒေသရဲ့အောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီလို အောက်ဆုံးအဆင့် လောက် ရောက်စရာ နိုင်ငံမျိုး မဟုတ်ပါဘူး။ သဘာဝအားဖြင့် ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါတယ်။ လူတွေက ဘယ်လိုပြောသလဲဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံကချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲတယ်တဲ့၊ ဒီလို ပြောပါတယ်။ နိုင်ငံက ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲတယ်ဆိုတာ ဘာကြောင့်လဲလို့ စိစစ်ရင် အဓိကကတော့ အစိုးရစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေကို ဦးစားမပေးတဲ့ အစိုးရ၊ ပြည်သူတွေကို မျက်နှာမပူတဲ့ အစိုးရ၊ ပြည်သူတွေကို မလေးစားတဲ့ အစိုးရဆိုရင် တိုင်းပြည်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ပြည်သူတွေက ဆင်းရဲမှာပါပဲ''ဟု ပြောကြားခဲ့သည်။

''လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဒီနှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း နိုင်ငံအဆင့်ကနေ အောက်ဆုံးကို ရောက်သွားတယ်။ ဒီလိုအောက်ဆုံးအဆင့်ကို ရောက်သွားရတာဟာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် အုပ်ချုပ်မှုစနစ် မမှန်လို့ပဲလို့ သုံးသပ်ရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူဟာ ဒီပြည်သူပဲ။ နိုင်ငံလည်း ပြောင်းလဲမသွားဘူး။ ပြည်သူလည်း ပြောင်းလဲမသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ အရင်တုန်းက မြန်မာနိုင်ငံကို လိုက်မမီနိုင်တဲ့၊ မြန်မာနိုင်ငံကို စံနမူနာအဖြစ်ထားခဲ့ရတဲ့ နိုင်ငံတွေ ရှေ့တန်းမှာ ရောက်သွားတယ်။ ဥပမာ စင်ကာပူ ဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးလို့ သတ်မှတ်ခံထားရတယ်။ မြန်မာတော်တော်များများ ပညာတတ်ရင် စင်ကာပူမှာ သွားပြီး အလုပ်လုပ်ကြတယ်။ တော်ရုံ တန်ရုံ ပညာတတ်ရုံနဲ့ ဟိုက လက်မခံဘူး။ တကယ်တော့ စင်ကာပူဆိုတာ မြန်မာနိုင်ငံထက် နောက်ကျပြီးမှ လွတ်လပ်ရေးရတာ။ အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်လာမယ့် လီကွမ်ယူက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တာ။ အခု ကျွန်မတို့အနေနဲ့ နှစ် ၂၀ အတွင်း စင်ကာပူကို မီစေရမယ် ဆိုတဲ့ ကတိပေးရဲရဲ့လား စဉ်းစားနေတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့သော အဆိုပါဟောပြောမှု၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ပြည်သူလူထု၏ လက်ရှိအခြေအနေများအပေါ် ထောက်ပြပြီး လူ့စွမ်းအားအရင်းအမြစ်ပေါ် အခြေခံသော နိုင်ငံတစ်ခု တည်ဆောက်ရန် ပြောကြားခဲ့သည်။ ''စင်ကာပူဟာဆိုရင် ကျွန်းနိုင်ငံ သေးသေးလေးပဲ။ ဘာသယံဇာတမှလည်း မရှိဘူး။ သူ့မှာရှိတာဆိုလို့ လူသားအရင်းအမြစ်ပဲ ရှိတယ်။ ကံကောင်းတာတစ်ခုက လွတ်လပ်ရေးရပြီးပြီးချင်း တက်လာတဲ့အစိုးရဟာ ပညာတတ်တွေ ဖြစ်လို့ပါပဲ။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ပြည် သူဟာ သယံဇာတပဲဆိုတာ သူတို့ သိခဲ့ကြတယ်။ ပြည်သူတွေရဲ့ အရည်အချင်းတက်လာအောင်လုပ်မှ နိုင်ငံတိုးတက်မယ်ဆိုတာ သိတဲ့အတွက် ဒါကိုအလေးပေးပြီး လုပ်ဆောင်ခဲ့လို့ တိုးတက်သွားတာဖြစ်ပါတယ်။ တကယ်တော့ သဘာဝဓာတ်ငွေ့တို့ ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာ ကုန် သွားမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပြန်လည်တည်ထောင်ရာတွင် မျိုးဆက်သစ်လူငယ်တို့၏ အခန်းကဏ္ဍကို အဓိက ဦးစားပေး ပြောဆိုသွားခဲ့ပြီး အသက်မွေးဝမ်းကျောင်းပညာများ ယခုထက် ပိုမိုသင်ကြားပေးနိုင်ရန် ပြောဆိုခဲ့ကာ လူငယ်များအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ရပ်တည်နိုင်သော ခေတ်တစ်ခေတ် ရောက်အောင် ကြိုးပမ်းရမည်ဟု ပြောကြားခဲ့သည်။


8 Mar 2012

ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု နောက်လ ၉ရက်သို့ ထပ်မံချိန်းဆို




ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)
ယခင်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ အောကစ် ဟိုတယ်၌ ဖြစ်ပွားခဲ့သည့် ဟိုတယ်ဝန်ထမ်း မအေးအေးကြည်အား ပါးရိုက်မှုဖြင့် တရားစွဲခံထားရသည့် အမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက မတ်လ ၉ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။
ယနေ့နံနက် ၁၁နာရီတွင် စတင်စစ်ဆေးရန် ချိန်းဆိုထားသည့် အမှုမှာ ယနေ့စစ်ဆေးခြင်းမရှိသေးပဲ လာမည့်မတ်လ ၉ ရက်နေ့သို ချိန်းဆိုလိုက်ကြောင်း သိရှိရသည်။
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း မအေးအေးကြည်က ဂျပန်နိုင်ငံသား အိုကာဟာရှီကလည်း တားဆီးမှုဖြင့် ပြန်လည် တရားစွဲဆိုထားသဖြင့် တရားရုံးမှ အာမခံတောင်းခံသဖြင့် ဟိုတယ်ဝန်ထမ်းများ ထဲမှ အာမခံပေးထားရသည်ဟုလည်း သိရှိရသည်။
YPI

ဒေါ်အောင်ဆန်းစုကြည့်ကို မကြိုဖို့၊ မကြည့်ဖို့ မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင် အမိန့်ထုတ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ပါတီစည်းရုံးရေးခရီးစဉ်က
အပြန်မှာ နေပြည်တော် တပ်ကုန်းမြို့ ရှိ မြန်မာ့အသံ ရေဒီယို အသံလွှင့်ရုံမှာ တနိုင်ငံလုံးကို မဲဆွယ်

ပြောကြားမယ့် မိန့် ခွန်းကို အသံသွင်းယူဖို့ ရှိကြောင်းသိရပါတယ်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့ မှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။


မတ်လ ၅ ရက်နေ့မှာ နေပြည်တော်တပ်ကုန်းအသံလွှင့်ရုံ
ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်
တဲ့အခါမှာ မြန်မာ့အသံဝန်ထမ်းအားလုံး ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှ မကြည့်ရ၊ မကြိုရ

လို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ်
ဦးသိန်းအောင်က ၀န်ထမ်းတွေကို အမိန့်ထုတ်လိုက်ပါတယ်။

နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများကို သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ အဆိုပါ အမိန့် ကို ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောပါတယ်။



ဝန်ထမ်းတွေကို ခေါ်ပြီး အမိန့်ထုတ်တဲ့ အဲဒီအစည်းအဝေးမှာ သူက ၀န်ထမ်းတွေကို တွေ့မှာလား၊ မတွေ့ဘူးလားဆိုပြီးတော့ (၅) ကြိမ်တိတိ မေးတယ်လို့ မြန်မာ့အသံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ၀န်းထမ်းတွေက မတွေ့ပါဘူးလို့ ဖြေရပါတယ်။ ပြီးတော့ ဦးသိန်းအောင်က အင်တာနက်မကလို့ ကြိုက်တာတင်လို့လည်း ကြိမ်းဝါးလိုက်ကြောင်း မြန်မာ့အသံဝန်ထမ်းများက Myanmar

News Now ကိုပြောပြပါတယ်။

4 Mar 2012

နှလုံးသားထဲက ကစ္ဆပနဒီ

ကစ္ဆပနဒီတံတားနှင့် ကစ္ဆပနဒီခေါ် ကုလားတန်မြစ်

လူ့အဖွဲ့အစည်းများ၊ လူ့သမိုင်းကြောင်းများသည် မြစ်ကြီးများကို အမှီပြု ဖြစ်ထွန်းလာကြသည်။ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်သည်လည်း ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုတို့ စတင်အခြေချရာမြစ်တစ်ခု ဖြစ်သည်။ ယင်းမြစ်ကမ်းနံဘေးတွင် လက်ဝဲကိုးဆယ့်ကိုးမြို့၊ လက်ယာ ကိုးဆယ့်ကိုးမြို့ တည်ထောင်နေထိုင်ခဲ့ကြသည်။ မြစ်များ၊ ချောင်းများသည် ဒေသခံများအတွက် ဆက်သွယ်သွားလာရာ ဘ၀အတွက် မှီခိုရာဖြစ်သည်။ ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် ရွက်လှေများ၊ ပိုက်လောင်းငယ်များက ပန်းချီကားတစ်ချပ်အလား ယခုထိ မြင်တွေ့နိုင်သေးသည်။ လှေကလေးတစ်စင်းကိုအမှီ ပြုမြစ်ကို ဆန်ခါဆန်၊ စုန်ခါစုန်တစ်ရွာခွာ တစ်ရွာကပ် ရုန်းကန်နေသည့် ဘ၀တွေကိုလည်း ကုလားတန်မြစ်ပြင်တကြော တွေ့မြင်နိုင်သည်။

ကုလားတန်မြစ်သည် ဟိုးချင်းတောင်တန်းကြီးများပေါ်က အဖျားခံစီးဆင်းကာ အင်းပေါက်ဝတွင် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်နေသည်။ ကုလားတန်မြစ်နံဘေးတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပလက်ဝမြို့လေး မြို့ကတည်ရှိနေသည်။ မြစ်ရေသည် မြို့နှစ်မြို့ကို ရေငန်ပေးသော်လည်း မြို့နှစ်မြို့ကို ရေချိုပေးထားသည်။ အထက်ပိုင်းမြစ်ရေသည် စိမ်းဖန့်ဖန့် အရောင်ဖြစ်နေပြီး ပကတိကြည်လင်နေသည်။ မြစ်ရေကိုအားထားကာ စိုက်ပျိုးသီးနှံတို့ စိုက်ပျိုးနိုင်ကြသည်။ မြစ်ဝပိုင်းဒေသခံတို့က မြစ်ရေဖြင့် မွေးမြူရေးလုပ်နိုင်ကြသည်။

ကျောက်တော်တောင်ထက်ကနေ မြစ်ပြင်ကိုငေးကြည့်လိုက်လျှင် ၀ါတစ်ကွက်၊ စိမ်းတစ်ကွက် လယ်ကွင်းပြင်များကို မြင်ရပြီး မြစ်ကမ်းနှစ်ဖက်ကို ပေါင်းကူးပေးထားသည့် ကစ္ဆပနဒီတံတားကြီးက ခံ့ညားစွာ မြစ်၏ အလှဂုဏ်ကို ဖော်ထုတ်နေသလို လှမ်းမြင်ရပါသည်။တံတားကြီးမရှိချိန်က ကမ်းနှစ်ဖက်ကို ငှက်သမ္ဗန်များဖြင့် ကူးခဲ့ရသည်။ အခုတော့ ကျောက်တော်မြို့မှာ လွန်ခဲ့သော ၁၀ နှစ်ကျော်အချိန်ကနှင့် လုံးဝခြားနား သွားပြီဖြစ်သည်။ ကုလားတန်မြစ်ဖျားမှ ထွက်ကုန်များ ဒေသအသီးသီးသို့ ကုန်ကားများဖြင့် နေ့စဉ် တင်ပို့နိုင်နေပြီ။ ကုန်းလမ်း ဆက်သွယ်ရေး ကောင်းလာတော့ တစ်ရက်လုံးစီးပြီးသွားရသည့် သင်္ဘောခရီးစဉ်ကလည်း ရပ်ဆိုင်းသွားပြီဖြစ်သည်။ ကျောက်တော်မြို့သည် ပြောင်းလဲလာနေသည်က သိသာလွန်းသည်။

ကားအ၀င်အထွက် လူအ၀င်အထွက်များနေပြီး ကုလားတန်မြစ်ဖျား တောင်ပေါ်ဒေသ၏ တံခါးပေါက်သဖွယ်ဖြစ်လာသည်။ မြစ်ကမ်းနံဘေးက မြို့ရွာများ ပြောင်းလဲလာနေသလို ကုလားတန်မြစ်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာနေသည်။ ကမ်းတချို့ကိုဖြိုပြီး ကမ်းတစ်ဖက်ကို ဖို့ပေးသည်။ မြစ်လယ် မြေနု သောင်တန်းကြီးများကလည်း တဖြည်းဖြည်း ကြီးကြီးလာနေသည်။

ကုလားတန်မြစ်ကမ်းဘေးတစ်နေရာ

မိုးရာသီတွင် တောင်ပေါ်က ဒလဟောဆင်းလာသည့် တောင်ကျရေများက မြစ်ကမ်းနဖူး မြို့ရွာတွေကို ၀ါးမျိုတတ်လာပြီ။ ချင်းတောင်တန်းတွင် သစ်ပင်တွေနည်းလာသလို တောင်မြေပြိုဆင်းမှုတွေ၊ ကမ်းပါးယံပြိုဆင်းမှုတွေ ကြုံတွေ့လာရသည်။ ချင်းတောင်ပေါ်ဒေသခံ များမှာ ဆက်သွယ်သွားလာမှု မလွယ်ကူသေးသည့်အတွက် ကုလားတန်မြစ်ကို အားထားသွားလာနေရသည်။

အိန္ဒိယနိုင်ငံသည် ပင်လယ်ထွက်ပေါက်တစ်ခုအဖြစ် အသုံးချရန် ကုလားတန်မြစ်ကို မျက်စိကျလာသည်။ ယင်းအတွက် ရာနှုန်းပြည့် အကုန်ကျခံကာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ အဆိုပါစီမံကိန်းတွင် ကုလားတန်မြစ်ဝ စစ်တွေမြို့တွင် ဆိပ်ကမ်းကြီးတစ်ခုကို တည်ဆောက်နေရာ ဒေသခံတို့အတွက် စိတ်ဝင်စားစရာ ဆိပ်ကမ်းတစ်ခု ဖြစ်လာခဲ့သည်။ ဆိပ်ကမ်းသစ်တစ်ခုကို တည်ဆောက်နေသည်ကိုသာ သိနေပြီး စီမံကိန်းတိုင်းသည် မိမိတို့နှင့် ပါဝင်ပတ်သက်ခွင့် မရှိ၊ ပြောပိုင်ခွင့် မရှိလို့ ပိုနေမြဲ၊ ကျားနေမြဲသာ မှတ်ထင်နေမိကြသည်။ သို့ရာတွင် နှလုံးသားထဲ ကကစ္ဆပအတွက် စိုးရိမ်မကင်းကြ။

''အိန္ဒိယကို ကားလမ်းဖောက်မယ်လို့တော့ ကြားတယ်။ ဘယ်အနားကဖောက်မှာလဲ၊ ဘယ်အချိန်ဖောက်မှာလဲတော့ မသိဘူး။ ဒါပေမယ့် မဟာမြတ်မုနိဘုရားနားက ပလက်ဝထိ လမ်းဖောက်နေတာတော့ မြင်တယ်။ ဒီလမ်းဟာ အိန္ဒိယထိသွားမှာလားတော့ မသိဘူးလေ'' ဟု ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာသားတစ်ဦးက ပြောသည်။

ကုလားတန်ကို ချစ်သူများက ဒေသခံများ၏ သဘောထားများကို လေ့လာဆွေးနွေးလာခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးမှုများကို ပြည်တွင်းအင်ဂျီအိုများက ကွင်းဆင်းကာ ဒေသခံများနှင့် တွေ့ဆုံလေ့လာခဲ့ကြခြင်း ဖြစ်သည်။ လေ့လာတွေ့ရှိချက်များကို ဒေသခံများအတွက် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ဖို့ တင်ပြဆောင်ရွက်နေကြသည်။

ကုလားတန်စီမံကိန်းတွင် စစ်တွေမှ အိန္ဒိယနယ်စပ်ထိ ကားလမ်း ၁၂၂ ကီလိုမီတာ၊ ရေလမ်း ၁၅၈ ကီလိုမီတာ ပါဝင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်တွင် တံတားပိုင်းတည်ဆောက်ရေးလုပ်ငန်း ပြီးဆုံးမည်ဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် လမ်းပိုင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးဆုံး မည်ဟု သိရသည်။

စီမံကိန်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနှင့် အိန္ဒိယနိုင်ငံများမှ တာဝန်ရှိသူများက နယူးဒေလီတွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်ရာ မူဘောင်သဘောတူစာချုပ်၊ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ပရိုတိုကော၊ ထိန်းသိမ်းခြင်းနှင့် စီမံ ခန့်ခွဲခြင်း ပရိုတိုကောများကို ၂၀၀၈ ခုနှစ် ဧပြီလ ၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးငွေအနေဖြင့် စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၇၄သန်းခန့်၊ ပလက်ဝ မှ မြန်မာအိန္ဒိယနယ်စပ်အထိ အဝေးပြေးလမ်း ဖောက်လုပ်ရန် အမေရိကန် ဒေါ်လာ ၁၄၀ သန်းခန့် စုစုပေါင်း ဒေါ်လာ၂၁၄ သန်းခန့် ကုန်ကျမည် ဖြစ်သည်။


မြစ်ပြင်တွင် ပိုက်လောင်းလေးနှင့် ၀မ်းစာရှာဖွေနေသူများ၏ ပုံရိပ်များသည် ကုလားတန်မြစ်၏ ထူးခြားသက်ဝင်နေသည့် ပုံရိပ်များပင်ဖြစ်သည်။ ကမ်းနှစ်ဖက်က တောင်တန်းများ၊ စိုက်ခင်းများ၊ မြို့ရွာများ၊ ဘုရားစေတီများ စသည့် လွမ်းမောဖွယ် မြင်ကွင်းများကလည်း နှလုံးသားကို ဆွဲကိုင်လှုပ်ရှားစေသည်။ ရေကြည်စိမ်းမြ ကစ္ဆပ၏အလှသည် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေဟု ဆုတောင်းရင်း ...


စီမံကိန်းနှင့် ဆက်နွှယ်ကာ ပြောင်းလဲလာမည့် ဒေသများလည်း ရှိနေသည်။ မြစ်ကြောင်းသွားသင်္ဘောများ သွားလာမှုမှာ စစ်တွေဆိပ်ကမ်းမှ ပလက်ဝဆိပ်ကမ်းထိသာ ဖြစ်သဖြင့် ပလက်ဝတွင် ဆိပ်ကမ်းသစ်ကြီး တစ်ခုတည်း ဆောက်ရန်ရှိနေပြီး ပလက်ဝမြို့သည် ကုလားတန်အထက် ပိုင်းတွင် ဆိပ်ကမ်းမြို့အဖြစ် ပြောင်းလဲလာမည်ဖြစ်သည်။ လျာထားသော ဆိပ်ကမ်းမှာလည်း ပလက်ဝမြို့၏ အရှေ့ဘက်ကမ်းတွင် ရှိနေသဖြင့် ကုလားတန်မြစ်ကူး တံတားသစ်တစ်ခုလည်း တည်ဆောက်ရမည်ဖြစ်သည်။ မြစ်ကြောင်းချဲ့မှု မြစ်ကြောင်းတူး ဖော်မှုများကိုလည်း စစ်တွေနှင့် ပလက်ဝမြို့ကြားတွင် ဆောင်ရွက်မည်ဖြစ်သည်။ နောက်နေရာတစ်ခုက နှစ်နိုင်ငံကားလမ်းစီမံကိန်း၏ ကားဂိတ်နှင့် သိုလှောင်ရုံများ တည်ဆောက်မည့် စက်ပိုက်ပြင်ကျေးရွာ ဖြစ်သည်။ ယင်းမှတစ်ဆင့်ကားလမ်းသည် အိန္ဒိယရှိ အမှတ် (၈)လမ်းမကြီးသို့ တိုက်ရိုက် ဆက်သွယ်သွားမည်ဖြစ်သည်။ စီမံကိန်းသည် ဒေသခံများအပေါ်မည်သို့ သက်ရောက်မည်၊ မည်သည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းမည်ကို သိလိုကြသူများသာရှိပြီး ကျေနပ်လောက်အောင် ရှင်းလင်းချက်များ ထွက်ပေါ်လာမည်ကို မျှော်လင့်နေကြသည်။

ကစ္ဆပနဒီမြစ်သည် ရေချိုမြစ်ဖြစ်သည်။ သဘာဝတောတောင်များ နောက်ခံဖြင့် လှပသော ပန်ချီကား တစ်ချပ်ဖြစ်သည်။ ဒီမြစ်ရေကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည်။ မြစ်ပြင်ကို အမှီပြုပြီး ကုန် သွယ်ရေး လုပ်ကိုင်ကြသည်။ သယ်ယူပို့ဆောင်ရေး လုပ်ကိုင်ကြသည်။ ရခိုင်ပြည်နယ်၏ နှလုံးသားမြစ်ဟု ဆိုလျှင်ပင် လွန်မည်မဟုတ်ပါ။ မြစ်ပြင်တကြော စုန်ဆန်နေသည့် ငှက်သမ္ဗန်များ၊ မြစ်ပြင်တကြော ပျံဝဲနေသည့် ငှက်စင်ရော်များ၊ မြစ်ပြင်မှာ ပိုက်လောင်းလေးနှင့် ၀မ်းစာရှာဖွေနေသူများ၏ ပုံရိပ်များသည် ကုလားတန်မြစ်၏ ထူးခြားသက်ဝင်နေသည့် ပုံရိပ်များပင်ဖြစ်သည်။ ကမ်းနှစ်ဖက်က တောင်တန်း များ၊ စိုက်ခင်းများ၊ မြို့ရွာများ၊ ဘုရားစေတီများ စသည့် လွမ်းမောဖွယ် မြင်ကွင်းများ ကလည်း နှလုံးသားကို ဆွဲကိုင်လှုပ်ရှားစေသည်။ ရေကြည်စိမ်းမြ ကစ္ဆပ၏အလှသည် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေဟု ဆုတောင်းရင်း......

အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းရေး လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ ပြီးစီးသည်အထိ စောင့်ဆိုင်းရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

7235

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပ ပါလီမန်အမတ်နှင့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌတို့အား တွေ့ရစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန် အမတ်နှင့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တစ်နာရီခန့်တွေ့ ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ ဥရောပ ပါလီမန်အမတ်နှင့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ဥက္ကဋ္ဌ ဂျာမန်အမတ် Dr. Werner Langen က အလွန် ကောင်းမွန်သည့် ဆွေးနွေးမှုတစ်ခုဖြစ်ကြောင်း၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ အတွက် မဲဆွယ်စည်းရုံးမှုများ၊ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှုများနှင့် ပတ်သက်သည့် အမြင်များ၊ လာမည့်ကြားဖြတ် ရွေးကောက်ပွဲများလွတ်လပ်ပြီးတရား မျှတမှုဖြစ်ရေးနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများ၊ လူ့အခွင့်အရေး အခြေအနေများ၊ ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ၁၉၉၀ ပြည့်နှစ်က ဥရောပပါလီမန် က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သည့် Sakharov ဆုကို လာရောက်လက်ခံရယူရန် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန်သို့ လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ ပြီးနောက် လာရောက်ရန်လည်း ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပသွားမည့် ကြားဖြတ် ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားပြန့်ပွားရေး အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထောက်ခံသွားမည် . . .

ထို့ပြင် ၎င်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန် သို့ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ပြီးနောက်လာရောက်ရန်လည်း ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပသွားမည့် ကြားဖြတ် ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတ မှုရှိ၊ မရှိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားပြန့်ပွားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်းတို့ ကိုလည်း ပြောကြားခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က အလွန်ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှု တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆောင်ရွက်ရာတွင် ထောက်ခံသူများက ကျွန်မတို့နှင့်အတူ ခရီးတစ်လျှောက်လုံး ရှိနေသည်ကို သိရှိရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ ယင်းကဲ့သို့ ထောက်ခံမှုများ နှင့်အတူ ကျွန်မတို့အနေဖြင့် လိုချင်သည့် ရည်မှန်းချက် ပန်းတိုင်ကို အနာဂတ်တွင် ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာ တွင် လုပ်ဆောင်စရာများ အများကြီး ကျန်ရှိနေပါသေးကြောင်း၊ မည်သည့် အရာမျှ အလွယ်တကူ မရရှိပါကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မီဒီယာများက သိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာတွင် ဧည့်သည်အဖွဲ့နှင့်အတူ လိုက်ပါလာသည့် သတင်းထောက်တစ်ဦးက လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ အတွက် မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ နှင့်ပ တ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ရာ ၎င်းက “အားလုံး အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အဆင်ပြေ ချောမွေ့စွာနဲ့ ဆောင်ရွက်နေပါတယ်။ တချို့ နေရာတွေမှာတော့ အခက်အခဲ တချို့နဲ့ ကြုံရတာပေါ့။ ဒါပေမယ်လို့လည်း နေရာတိုင်းမှာတော့ မဟုတ်ပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဥရောပသမဂ္ဂက ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းရေးအတွက် လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ ပြီးစီးသည်အထိ စောင့်ရန်ဆိုခြင်းမှာ လုံးဝ သင့်မြတ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဥရောပပါလီမန်အ မတ်နှင့် အာဆီယံကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ ဖေဖော်ဝါ ရီလ၂၈ရက်နေ့က သွားရောက်တွေ့ဆုံပြီး ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက် မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံမှု တိုးမြှင့်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ နိုင်ငံပေါင်း ခြောက်နိုင်ငံမှအဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် ခြင်းဖြစ်ပြီး အောင်မြင်သည့် ခရီးစဉ် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ် သတ်မှတ် ပြောင်းလဲပေးရမည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်

မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ကို နိုင်ငံခြား တက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ် သတ်မှတ်ပြောင်းလဲ ပေးရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ နိုင်ငံတော် အစိုးရသစ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားရေး၊ ကျောင်းသားလူငယ်များ၏ အမျိုးသား ပညာရည်မြင့်မားရေးအတွက် ပြုစုပျိုးထောင်ပေးလျက် ရှိရာတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ်သတ်မှတ်ပြောင်းလဲပေးရေး ကို အဓိကပြောကြားခဲ့ပြီး သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း နိုင်ငံတော်စီးပွားရေးကို တိုက် ရိုက်အထောက်အကူပြုနိုင်သော အသုံးချ သုတေသနလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန် ဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရသည်။


တက္ကသိုလ် ဗဟိုကောင်စီနှင့် တက္ကသိုလ် ပညာရေးအဖွဲ့ ကောင်စီတို့ အထက်တွင် နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးသော National Education Committe ခေါ် အမျိုးသားပညာရေး ကော်မတီရှိ . . .

အဆင့်မြင့်ပညာရေးကဏ္ဍ၌ တက္ကသိုလ်များ ဗဟိုကောင်စီကို တက္ကသိုလ်ပညာရေးနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ရန်၊ လမ်းညွှန်မှုပြုရန် နှင့်ကြီးကြပ်ရန်၊ တက္ကသိုလ်ပညာ အဆင့်အတန်း၊ သင်ရိုးမာတိကာ၊ စာမေးပွဲနှင့် Academic ပညာရေးဆိုင်ရာ ကိစ္စအရပ်ရပ်အား ကြီးကြပ် ရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး တက္ကသိုလ်ဗဟိုကောင်စီနှင့် တက္ကသိုလ် ပညာရေးအဖွဲ့ ကောင်စီတို့ အထက်တွင် နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးသော National Education Committe ခေါ် အမျိုးသားပညာရေး ကော်မတီရှိပြီး အဆိုပါ ကော်မတီအနေဖြင့် နိုင်ငံတော်၏ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျော ညီထွေရှိသော နိုင်ငံတော်၏ စီးပွားရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို ထိန်းသိမ်းမြှင့်တင် ပေးနိုင်သော ပညာရေးစနစ် တစ်ခု တိုးတက်အောင်မြင်ရေး အတွက် ဆောင်ရွက်ရန် တာဝန်အရှိဆုံး အမြင့်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရအဖွဲ့သစ် (၁)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းပြော၊ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးအတွက် မည်သ

အစိုးရအဖွဲ့သစ် တာဝန်ယူခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်၌ မတ်လ ၁ရက်နေ့တွင် မိန့်ခွန်းပြော ကြားခဲ့ပါသည်။

7232a

ထို့သို့ မိန့်ခွန်းပြောကြားရာ၌ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးအတွက် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်း၏ တိုက်တွန်းမှု ဖိအားပေးမှုကြောင့် မဟုတ်ဘဲ ပြည်သူ့ဆန္ဒ အကောင်အထည် ဖော်ခဲ့ခြင်းသာ ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့အစိုးရဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့အကျိုး ထမ်းဆောင်ရမယ့် ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ မိဘပြည်သူအားလုံး လိုလားတောင့်တ နေခဲ့တဲ့ အမျိုးသားပြန်လည် ပေါင်းစည်း ညီညွတ်ရေးဆိုတဲ့ သမိုင်းပေး တာဝန်ကြီးကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ ဖိအားပေးမှုကြောင့် ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေရဲ့ဆန္ဒကို ကျွန်တော်တို့ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော်၌ မိန့် ခွန်းပြောကြားရာတွင် တိုင်းရင်းသား အရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေး အစရှိသည်တို့နှင့်အတူ အမျိုးသားပြန်လည် သွေးစည်းညီညွတ်ရေးကို အဓိကထား ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရအဖွဲ့သစ် စတင်တာဝန်ယူချိန်မှာပင် မိဘပြည်သူအားလုံး လိုလားတောင့်တနေသည့် အဓိက ဆန္ဒ(၂) ရပ်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ ဆန္ဒနှစ်ခုမှာ(၁)ပြည်သူအများ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုခြင်း (၂) နိုင်ငံကို စီးပွားရေး ကောင်းမွန်ပြီး ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံဖြစ်လိုခြင်း အစရှိသည်တို့ ဖြစ်သည်ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

တစ်နှစ်တာ ကာလအတွင်း နိုင်ငံရေးအကျဉ်းသား နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်း၊ ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ် ဆောင်ရွက်ပေးခဲ့ခြင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများကို လမ်းဖွင့်ကြိုဆိုခဲ့ခြင်းမှာ အမျိုးသား ပြန်လည် ပေါင်းစည်းညီညွတ်ရေး နှင့် နိုင်ငံတည်ဆောက်ရေးတွင် အားလုံး ပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက် ပြောကြားခဲ့သည်။

7232
ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်လာကြသူများကို နိုင်ငံတော်သမ္မတက နှုတ်ဆက်နေစဉ်

“တစ်ဖက်နဲ့တစ်ဖက် ထိတွေ့ဆက်ဆံမှုကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ ကျွန်တော်တို့ အစိုးရလက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။ ကချင်၊ ကယား၊ က ရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိ တဲ့ တိုင်းရင်းသားများနည်းတူ ဗမာ ဆိုတာဟာလည်း ပြည်ထောင်စုကြီး ထဲက တိုင်းရင်းသား လူမျိုးစု တစ်ခု ပဲ ဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးတစ်ခုကို အားလုံးမျှဝေရရှိပြီး တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက် ဟာ ကျွန်တော်တို့ အစိုးရရဲ့ လိုလားချက်လည်းဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန် က ပြောပါသည်။

“တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး ကျွန်တော် ပြောချင်ပါ တယ်။ (၁၈)နှစ်၊ (၁၉)နှစ် အရွယ်ရှိ တဲ့ လက်နက်ကိုင် တိုင်းရင်းသားလူ ငယ်လေးတွေက ပြောကြတယ်။ ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော် တကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီလို မယုံမရဲဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုး ရရဲ့ ခံယူချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန် တော်တို့အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော် တို့အားလုံးရဲ့ သမိုင်းပေး တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတက ပြောပါသည်။

ယင်းကဲ့သို့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရာတွင် ခက်ခဲကြီး လေးမှု ရှိသော်လည်း တာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ယုံကြည်ချက် အပြည့်အ၀ ရှိနေပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ထိတွေ့ခဲ့ပြီးနောက်ပိုင်း ထိုယုံကြည်ချက်မှာ ပိုမိုခိုင်မာလာကြောင်း ထပ်မံပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကို အ ရေးကြီးပါတယ်။ဒီကနေ့ ကျွန်တော် တို့ အစိုးရအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေ မရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ကို အခြေခံတဲ့ ယုံကြည်မှုနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ပြောပါသည်။

အစိုးရအဖွဲ့အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အဆင့် သုံးဆင့်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ပထမအဆင့်မှာ ပြည်နယ်အဆင့်တွေ့ဆုံ ဆွေးနွေးရန်ဖြစ်ပြီး ဒုတိယအဆင့် မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးရန် ဖြစ်ကြောင်း၊ အဆိုပါ ဒုတိယ အဆင့်တွင် နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်များ တွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ လွှတ်တော်တွင်း ရောက်ရှိပါက အခြားသော တိုင်းရင်းသားများနှင့် အကျေအလည် ဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အ ဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် စသော အချက်များပါဝင်ပြီး ဒုတိယအဆင့် သဘောတူညီချက် ရရှိသည်နှင့် တတိယအဆင့်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“တတိယအဆင့်မှာတော့ နိုင်ငံတော် အစိုးရ၊ တိုင်းရင်းသား ခေါင်း ဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံ ရေးအင်အားစုတွေ၊ ပြည်သူ့ ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိ တဲ့ အဓိကကျတဲ့ Political Player တွေအားလုံးပါဝင်တဲ့ ဤလွှတ်တော်ကြီး အတွင်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်းမယ့် သန္နိဋ္ဌာန်ကို ကျွန်တော်တို့ အားလုံး ၀မ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ က ပြောခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၁၀)ပါ ပြဋ္ဌာန်းချက်နှင့် အညီ ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့သစ်၏ ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲ ကိစ္စရပ်များကိုလည်း အကျဉ်းချုံ့ တင်ပြခဲ့ပါသည်။ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခဲ့သည့် အစီအစဉ်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယသမ္မတ နှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးများလည်း တက် ရောက်ခဲ့ကြပါသည်။

2 Mar 2012

ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် GSM ဖုန်းများ ချထားပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျပ် ၂၃၀၀၀၀ ဖြင့် GSM ဖုန်းများ ချပေးမည်ဟု ထပ်မံသတင်းထွက်

ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် ဂျီအက်စ်အမ် ဖုန်းများကို ချထားပေးမည် ဟု သတင်းများ ထွက်ပေါ်ပြီး ရက်ပိုင်း အတွင်း ကျပ် ၂၃၀၀၀၀ ဖြင့် ချထားပေးမည်ဖြစ်ကြောင်း ထပ်မံသတင်း ထွက်ပေါ်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဂျီအက်စ်အမ်ဖုန်းများကို တစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၀ နှုန်းဖြင့် ချထား ပေးရန်ရှိသည်ဟု သိရှိခဲ့ရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ပြန်လည် ညှိနှိုင်းချက်များအရ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဂျီအက်စ်အမ် ဖုန်းတစ်လုံးလျှင် ၂၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြောင်းလဲ လျာထားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်နီးစပ်သူ တစ်ဦး၏ ထပ်မံ ပြောကြားချက်အရ သိရှိရသည်။

“ဂျီအက်စ်အမ်ဖုန်းတွေရဲ့ တန်ဖိုး တွေနဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ အချိန်နဲ့အမျှ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ သုံးစွဲနိုင်မယ့် ဈေးနှုန်းကို ချိန်ဆနေပါတယ်”ဟု နေပြည်တော် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြောကြားခဲ့သည်။

လာမည့် မတ်လ ၅ ရက်နေ့ တွင် စတင်ချပေးမည်ဟု သတင်း ထွက်ပေါ်နေသည့် ဂျီအက်စ်အမ် ဖုန်းများ ၏ နံပါတ်ကို ၀၉-၄၂ နံပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မတ်လ ၁ရက်နေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်များ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားနေစဉ် - Photo : AFP

နိုင်ငံတော် သမ္မတသည် အစိုးရအဖွဲ့သစ် တာဝန်ယူခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်များကို စုစည်းဖော်ပြအပ်ပါသည်။

- "တစ်နှစ်ပြည့်ကာလမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိသလို စိန်ခေါ်မှုတွေလည်း အများအပြား တွေ့ဆုံရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ အစိုးရအပေါ် သံသယရှိနေသူတွေ၊ မယုံမကြည်ဖြစ်နေသူတွေ၊ ပြည်တွင်းမှာရော ပြည်ပမှာပါ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့မိဘ ပြည်သူတွေဟာ ခေတ်အဆက်ဆက် အစိုးရစနစ်မျိုးစုံကို တွေ့ကြုံ ခံစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ ပကတိ အခြေအနေမှန်တွေကို ကြည့်ပြီး ကျွန်တော်တို့ အစိုးရဟာ ဘယ်လိုအစိုးရမျိုး ဖြစ်မလဲဆိုတာကို အကဲဖြတ်ကြမှာ ဖြစ်သလို ဒီကနေ့ ကျွန်တော်တို့ အစိုးရ ဆောင်ရွက်နေတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အနာဂတ် သမိုင်းကြောင်းအတွက် အထူးပဲ အရေးကြီးလှတဲ့ လမ်းကြောင်းသစ်ပေါ်မှာ လျှောက်လှမ်းနေရတယ် ဆိုတာကိုလည်း ကျွန်တော်တို့ လေးလေးနက်နက် သိရှိ နားလည် ခံယူထားပြီးဖြစ်ပါတယ်။"

- မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်၊ ပါဝင်နိုင်သူတွေ အားလုံး ပါဝင်ခွင့်ရရှိရေး ကိုလည်း All Inclusive Political Process ကို ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်ခဲ့ပါတယ်။ အမျိုးသားပြန်လည် ပေါင်းစည်း ညီညွတ်ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့် ရရှိရေးအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့အစိုးရရဲ့ တစ်နှစ်တာကာလ သက်တမ်းအတွင်းမှာ အကျဉ်းသားပေါင်း ၂၈၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ သမိုင်းကြောင်း တစ်လျှောက် ပြန်ကြည့်ရင် လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ရေ အများဆုံးပေးခဲ့တဲ့ မှတ်တမ်းအသစ်လဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို မျှော်မှန်းပြီး ဇန်နဝါရီလအတွင်းမှာ နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

- "ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ All Inclusive Political Process မှာ ခေတ်အဆက်ဆက်က အခွင့်အရေးတွေ တောင်းဆိုနေကြတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့ အညီ ဒီနိုင်ငံရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေ အားလုံး တန်းတူရည်တူ ပါဝင်ခွင့်ရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ သွေးရင်းညီကို တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည် မပေါ်ခဲ့တဲ့အိပ်မက်၊ လွင့်ပျယ်ပျောက်ပျက် ခဲ့ရတဲ့ မျှော်လင့်ချက်တွေလဲ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ထိတွေ့ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။"

- "ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင် ၊ရှမ်း အစရှိတဲ့ တိုင်းရင်းသားများနည်းတူ ဗမာဆိုတာဟာလည်း ပြည်ထောင်စုထဲက တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးကို အားလုံးမျှဝေရရှိကြဖို့၊ တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ ကျွန်တော်တို့ အစိုးရရဲ့ လိုလားချက်လဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးရဲ့ မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး ကျွန်တော် ပြောပြချင်ပါတယ်။ ၁၈နှစ် ၁၉နှစ်အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်၊ ကျွန်တော်တို့လဲ လပ်တော့တွေ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော် တစ်ကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော်အခိုင်အမာ သံန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီလိုဖရိုဖရဲဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနင့်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့ အားလုံး ဖြည့်ဆည်းပေးဖို့တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန်ကြီး တစ်ရပ်ဖြစ်ပါတယ်။"

- ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေမရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

- ‎"ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပါတ်သတ်ပြီး ပြည်တွင်းပြည်ပက မေးမြန်းနေကြတာတွေ ရှိပါတယ်။ မိဘပြည်သူတွေကလည်း သိချင်နေကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကို ခုခံကာကွယ်ရုံကလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်သေးတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို ဆက်လက်ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြောဖြစ်ပါတယ်။ ယနေ့ မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေနဲ့ ပါတ်သတ်ပြီး တစ်ဖက်နဲ့တစ်ဖက် လက်ညိုးထိုး အပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးညှိုနိုင်းနိုင်ဖို့ အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခတ်မှုတွေ ရပ်စဲဖို့လိုပါတယ်။ ဒီအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက် ကတိကဝတ်တွေ အပြန်အလှန်ထားရှိဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့ အစိုးရနဲ့ ကချင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တာဝန်လဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်ဘေးသင့် တိုင်းရင်းသားတွေအတွက် ထောက်ပံ့ကူညီမှုတွေ၊ ပြန်လည် နေရာချထားရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသလို ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီနိုင်အောင်လည်း လမ်းဖွင့် ဆောင်ရွက်ပေးနေပါတယ်။"

- လက်ရှိ ပြည်သူများ အကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ ငါးထောင်တန် မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်လို့လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက်များနဲ့ အညီ အကောင်းဆုံး နည်းလမ်းများ ရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

- သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ လျော့နည်း စေရေးအတွက်လည်း ရေရှည်ကာလမှာ မော်တော်ကား ဈေးနှုန်းတွေကို နိုင်ငံတကာ နည်းတူ လျော့ကျအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

- ကျွန်တော်တို့ အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကတော့ လူတန်းစား တစ်ခုတည်း၊ အသိုင်းအ၀ိုင်း တစ်ခုတည်း တိုးတက် ကြီးပွားစေရေး မဟုတ်ဘဲ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ခုလုံး အတွင်းမှာ ရှိတဲ့ အလွှာအားလုံး၊ လူတန်းစား အားလုံး၊ နိုင်ငံသားအားလုံး လွှမ်းခြုံပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်ရုံသာမက၊ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာဖို့ ရရှိခံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေ တိုးတက်မြင့်မားလာဖို့၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက် မဆုံးရှုံးစေဖို့အထိ ရည်ရွယ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

- ဒီကနေ့ ကျွန်တော်တို့ အစိုးရကို နေရာ အနှံ့က အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောကြားနေတာ တွေလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ အပြုသဘော မဆောင်တဲ့ ကောလဟာလ တွေလည်း ကျွန်တော်တို့ ကြားသိနေရာပါတယ်။ ကျွန်တော်တို့ အစိုးရဟာ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေ ပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြား ခြားနား တာက လွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့ အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

- လက်ရှိ နိုင်ငံတော်ရဲ့ ငွေရေး ကြေးရေး အခြေအနေ၊ ပြည်ပ ကြွေးမြီ၊ ဘတ်ဂျက်လိုငွေ စတဲ့ မက်ခရို စီးပွားရေး အခြေအနေ အရပ်ရပ်ပေါ် မူတည်ပြီး အခြေအနေ အချိန်အခါ သင့်ရင် သင့်သလို လစာ၊ စရိတ်တွေ တိုးမြှင့်ပေးနိုင်အောင်လည်း ကြိုးစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

- လူတန်းစား ကွာဟချက်တွေ၊ ဆင်းရဲနွမ်းပါးမှုတွေ ကြီးကြီးမားမား တည်ရှိနေသေးပြီး ပြည်သူ တစ်ဦးချင်းစီရဲ့ ၀င်ငွေနိမ့်ကျ နေသေးတဲ့ ဒီကနေ့အချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူ့ ၀န်ထမ်းတွေ ဖြစ်တာနဲ့ အညီ ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေ အပြည့်အ၀ ဖြည့်ဆည်းနိုင် အောင် မိမိတို့ကြောင့် ဖြစ်ပေါ်ရတဲ့ အပို ကုန်ကျ စရိတ်တွေ လျော့နည်း ပပျောက်သွားအောင် စိတ်ရင်း စေတနာခံပြီး ထမ်းဆောင်သွားကြဖို့ ပြောကြားလိုပါတယ်။

- မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရ၀န်ထမ်း အရေအတွက် စုစုပေါင်းဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ဒသ၃ ရာခိုင်နှုန်း ရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရ ဖြစ်တာနဲ့ အညီ အစိုးရ ၀န်ထမ်းမဟုတ်သော သာမန် လက်လုပ်လက်စား ပြည်သူ ၉၆ဒသမ၇ ရာခိုင်နှုန်းခန့်ကို ပြန်လည် ငဲ့ကွက်ဖို့ လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးမှုတွေကြောင့် အရပ်ရပ် ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ၀န်ထမ်းတွေ လစာတိုးမြှင့် ပေးလိုက်လို့ ခံသာပေမယ့် အစိုးရ၀န်ထမ်း မဟုတ်တဲ့ (၅၈) သန်းသော ပြည်သူတွေဟာ ဒီနောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်ယန္တရား တစ်ခုတည်းကိုပဲ အလေးပေး စဉ်းစားလို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ကျွန်တော်တို့ အနေနဲ့ လစာ (သို့မဟုတ်) ထောက်ပံ့ကူညီမှုတွေ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။