Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

4 Jun 2012

အမှတ်တရ ကဏ္ဍ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၁-) (အောင်မိုးဝင်း)

 မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၁-) (အောင်မိုးဝင်း) feb29,12



“ ပေးဆပ်ခဲ့သမျှ အတွက် ၊ မမေ့ကောင်းရာ အဖြစ်၊ သစ္စာပန်းတစည်း” ……..(ကို)မင်းကိုနိုင်



“သမိုင်းရဲ့ အမှန်တရား ဆုံးဖြတ်ချက်ကို ဘယ်အရာနဲ့မှ ပြောင်းလဲလို့မရနိုင်ပါ” …(ကို)မြတ်စံ



ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသမှာ ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေအတွက် ရန်ကုန်၊ မန္တလေးမြို့တွေမှာ အခမ်းအနားလုပ်တဲ့အခါ ကိုမင်းကိုနိုင် နဲ့ ကျောင်သားတချို့ ဟာ အပြင်းအထန် နေမကောင်းတဲ့ ကြားကနေ အခမ်းအနားကို တက်ခဲ့ကြတယ်၊ တိုင်းပြည်အတွက် အလုပ်များနေတဲ့ ကြားကနေ၊ တခုတ်တရ တက်ရောက် ပြောဆိုဆွေးနွေးကြတယ် လို့ ဆိုတယ်။

သူတို့ရဲ့ စကားလုံးတွေကလည်း ရင်ကို ထိခတ် ခံစားစေခဲ့တယ်။ သမိုင်းရဲ့ အလင်းအမှောင်ကို နားလည်တန်ဘိုးထား သူတွေက၊ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း သုံးသပ်ခံစားတယ်။ လူ့အဖွဲ့အစည်းမှာ တရားမျှတမှုတွေ၊ မေတ္တာတွေ ထွန်းကားဖို့အတွက်၊ တည်ငြိမ်စွာ ဖြတ်သန်းကြတယ်။ ဆုံးရှုံးမှုနဲ့ ညီညွတ်မှုတွေရဲ့ အပေးအယူကို နားလည်ကြတယ်။

မြောက်ပိုင်းအရိုးတွန်သံများရဲ့ အဆင့် (၃) ကို ဖြတ်ကြတဲ့အခါ၊ ကျနော်တို့ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မျက်နှာဖုံးတွေ ကွာကျလာမယ်။ စိတ်ဓါတ်အဆင့်အတန်း တူရာ စုကြမယ်။ နိုင်ငံရေးသုံးသပ်နိုင်စွမ်း ရေချိန် အနှိမ့်အမြင့်ပေါ်မှာ မူတည်ပြီး၊ ယုတ်မာ ရိုင်းစိုင်းမှု့ကို မလိမ့်တပတ် ကာကွယ်ချင်သူတွေ၊ အရက်ပုန်းရောင်းသူဆီမှာ တောက်တိုမယ်ရ အသုံးခံရသူတွေရဲ့ သွေးရူးသွေးတန်းတွေ ၊ စကားသံတွေကိုလည်း ရံဖန်ရံခါ ကြားနေရမယ်။

သူတို့ကိုတော့ “ ကမ္ဘာပျက်နေတဲ့အချိန်မှာ ရွာက ဇာတ်မင်းသားဂိုက် နဲ့ စတီဒီယို အဆိုတော် ဖြစ်ချင်သူတွေပါလား” လို့ နားလည်ပေးလိုက်ပါတယ်။ တကယ်တော့ ဒီလိုလူတွေကို စဉ်းစားနေစရာ အကြောင်းမရှိပါဘူး။ ရာဇဝတ်မှုရဲ့ အရိပ်တွေက နွယ်မြက်ရိုင်းတွေလို တရိပ်ရိပ်တက် ချည်နှောင်နေတဲ့အချိန်မှာ၊ ကြွင်းထဲက ကြွက်တွေဆိုတာ အပေါ်ကို မော့ကြည့်ရင်း စုတ်တသတ်သတ် ကျန်ရစ်ခဲ့ကြရမှာပါ။

”ခွေးအ နှစ်ကောင်ကို အမဲလိုက်ခြင်း”

တခါတုန်းက လူဆိုးလူမိုက်ဆန်ဆန် အုပ်စုဖွဲ့ပြီး သခင်အားရ ကျွန်ပါးဝလုပ်၊ သူများတွေကို ဆဲဆို ခြိမ်းခြောက်လေ့ရှိတဲ့ လူတယောက်ကို မေးကြည့်မိဘူးတယ်။ ခြင်္သေ့ နဲ့ ခွေးအ ရဲ့ ကွာခြားမှုကို ရှင်းရှင်းလင်းလင်း နားလည်လား ဆိုတဲ့ မေးခွန်းပါ။

ခြင်္သေ့ ဆိုတဲ့ ကောင်က တကောင်တည်း အမဲလိုက်ဖို့ ဝန်မလေးဘူး။ လတ်လတ်ဆတ်ဆတ်အသားကို စားလေ့ရှိတယ်။ ခွေးအ ကတော့ အုပ်စုရှိမှ အမဲလိုက်ရဲလေ့ရှိတယ်။ သူတို့ရဲ့ထောင်ချောက်ထဲကို ဝင်လာမှ ကိုက်သတ်ရဲတဲ့ သတ္တိရှိတယ်။ သူများတွေရဲ့ စားကြွင်းစားကျန်တွေကို ကိုက်ချီစားသောက်ဖို့ ဝန်မလေးသလို၊ ယုတ်မာ ကောက်ကျစ်တဲ့အကြံတွေ ကျင့်သုံးဖို့လည်း ဝန်လေးသူတွေ မဟုတ်ဘူး။

အဖွဲ့အစည်း အသီးသီးက လူတွေဟာ အမှန်တရားကို ရှာဖွေတဲ့အခါ၊ မိမိတို့အနေနဲ့“ ခွေးအ တွေ လား၊ ခြင်္သေ့ လိုမျိုး သတ္တိရှိသူတွေ လား” ဆိုတဲ့အချက်ကို ကိုယ့်ဘာသာ မေးခွန်းထုတ်ကြဖို့ လိုပါလိမ့်မယ်။


ဇော်ဇော်မင်း ( မိုးညှင်း)

ဇော်ဇော်မင်း ( မိုးညှင်း) နဲ့ သန်းဇော် ( မန္တလေး) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ဒေသဆီက အလင်းပြန်ဝင်လာတဲ့ ရာဇဝတ်ကောင် နှစ်ယောက်ပါ။ ၁၉၉၂ ခု၊ ဖေဖေါ်ဝါရီ (၁၂) အာသံကုန်းပေါ်က ခေါင်းဖြတ်သတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဖမ်းခံထားရတဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက် ညှင်းဆဲ နှိပ်စက်ခဲ့သူတွေဖြစ်တယ်။ ကျောင်းသားတွေကို သတ်ဖြတ်၊ လက်နက်ကိုင်တော်လှန်ရေးကို ဦးကျိုးအောင်လုပ်ခဲ့၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို သမိုင်းရဲ့ အပုတ်နံ့တွေ ထဲမှာ ပိုးစိုးပက်စက် ထားပစ်ခဲ့ပြီးတဲ့နောက်၊ သူတို့ဟာ တာဝန်တခု ပြီးဆုံးသွားပြီ လို့ ယူဆဟန် တူပါတယ်။ ဗမာပြည်ထဲကို လက်နက်ချ အလင်းဝင်လာခဲ့ကြပါတယ်။

မြောက်ပိုင်းဒေသမှာ ရန်သူ့ သူလျှို လို့ စွပ်စွဲခံရတဲ့သူတွေက စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ခါးသီးနာကျင်စွာ ရှင်သန်နေရချိန်မှာ၊ ရာဇဝတ်ကောင် နှစ်ဦးဖြစ်တဲ့ ဇော်ဇော်မင်း နဲ့ သန်းဇော် တို့ကတော့၊ စစ်ထောက်လှမ်းရေးတွေနဲ့ စီးပွားရေးလုပ် ၊ အကာအကွယ်ယူပြီး ဆောင့်ကြွား ဆောင့်ကြွား လျှောက်သွားနေခဲ့ကြပါတယ်။ ပြည်တွင်းကို ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားတွေက “ ခင်ဗျားတို့က ဘာတွေလဲ ။ ကျနော်တို့ကိုကျတော့ ရန်သူ့ထောက်လှမ်းရေး လို့ စွပ်စွဲ၊ နှိပ်စက် ညှင်းပမ်းခဲ့ပြီး၊ အခုကျတော့ ခင်ဗျားတို့က စစ်ထောက်လှမ်းရေးတွေနဲ့ပေါင်း ၊ ဒီမိုကရေစီအင်အားစုတွေကို ချေမှုန်းနေတယ်။ နှောင့်ယှက်တားဆီးနေတယ်” လို့ မျက်နှာချင်းဆိုင် သွားပြောပြီး စိန်ခေါ်ကြတဲ့အခါ၊ အဲ့ဒီ ရာဇဝတ်ကောင် နှစ်ကောင်က စစ်ထောက်လှမ်းရေးတွေဆီ ပြေးကပ်ပြီး၊ ” ကျောင်းသားတွေဟာ သူတို့ကို ရန်လုပ်နေတဲ့အတွက် အကာအကွယ်ပေးပါ ” လို့ အကူအညီတောင်းခဲ့ကြပါတယ်။

စစ်ထောက်လှမ်းရေးတွေကလည်း သူတို့ရဲ့ လူနှစ်ယောက်ကို အကာအကွယ်ပေးခဲ့ပါတယ်။ “ဇော်ဇော်မင်းနဲ့ သန်းဇော်ကို နှောင့်ယှက်တဲ့သူ ဘယ်သူမဆို၊ အဖမ်းခံရမယ်” အထိ ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့ကြပါတယ်။

ကျောင်းသားတပ်မတော် မြောက်ပိုင်း မျက်နှာဖုံးစွပ်ထားခဲ့ပြီး၊ စစ်ထောက်လှမ်းရေးနဲ့ ပလူးပလဲလုပ်နေတဲ့ ဇော်ဇော်မင်းနဲ့ သန်းဇော် တို့ဟာ တောထဲမှာ သူတို့နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားတွေ၊ ဝိညာဉ်တွေအပေါ်မှာ ယနေ့တိုင် မထေမဲ့မြင် ပြုလုပ် စော်ကားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ပါဂျောင်ဒေသတုံးကလို ကျောင်းသားတွေကို နှိပ်စက်သတ်ဖြတ်ဖို့၊ သူတို့အတွက် အခွင့် မသာတော့ဘူး ဆိုတာကိုလည်း နားလည်နေပုံရပါတယ်။

ဒီလို ခွေးအ နှစ်ကောင် ဟာ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်က ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး အင်အားစုတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်ဖြိုခွဲခဲ့တဲ့ စွမ်းအားရှင်တွေနဲ့ အဆင့်အတန်းအတူတူပဲ ဖြစ်တယ်။

စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ ဆိုတာ တယောက်ချင်းစီ နေထိုင်နေတဲ့အခါ သိတ်ကြောက်တတ်ပါတယ်။ အုပ်စုရှိမှ၊ အကာအကွယ်ရှိမှ မိုက်ရိုင်းကြမ်းကြုတ်တဲ့ အလုပ်ကို လုပ်ရဲခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ စိတ်ရောဂါပညာရှင်တွေရဲ့အဆိုအရတော့ အကြမ်းဖက်မှုတွေကို မီးကုန်ယမ်းကုန် ကျူးလွန်ခဲ့မိသူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှာ အကြီးမားဆုံး ချို့ယွင်းချက်၊ အားနည်းချက်တွေ အပြည့်ရှိကြတယ် လို့ဆိုတယ်။



အာသံတောင်ကုန်းရဲ့ လူမသိသူမသိ တောနက်နက်ထဲမှာ ကျောင်းသားသွေးကို သောက်ခဲ့တဲ့ ခွေးအ နှစ်ကောင်ရဲ့ အားနည်းချက်ကို စောင့်ကြည့်ကြရပါမယ်။ မန္တလေး၊ မိုးညှင်း၊ မိုးကောင်း ဘက်က သတင်းမီဒီယာသမားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ သူတို့ရဲ့ လက်ရှိပုံပန်းသဏ္ဍာန်တွေ၊ လှုပ်ရှားမှုတွေ ကို အဆက်မပြတ် မှတ်တမ်းတင်ထားပြီး၊ ဓါတ်ပုံတွေကို ပြည်သူလူထုကြားမှာ ဖြန့်ထားပေးသင့်ပါတယ်။ တချိန်ချိန်မှာ အသုံးဝင်လာမှာမို့ပါ။


(ABSDF မြောက်ပိုင်း တောခိုကျောင်းသား ၁၅ ဦးအား ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြသူ အများစု ပါဝင်သော သက်သေခံ အထောက်အထား ၁၀ယောက်တွဲ ဓါတ်ပုံ။) ၀ဲမှယာ= အောင်ကြီး(ယခု SSA)၊ လှဆိုင်း(ယခု အေဘီမြောက်ပိုင်း)၊ စိန်အေး၊ သံချောင်း(ယခု-သာယာဝတီထောင်)၊ ကချင်ကျော်ကျော်(ယခု အေဘီ မြောက်ပိုင်း)၊ ဒေါက်တာနိုင်အောင်(အေဘီဗဟို-ယခု မဲ့ဆောက်)၊ခင်မောင်ဝင်း(DVB-ယခု နော်ဝေး)၊ ဇော်ဇော်မင်း(ယခု ပြည်တွင်း)၊ နေဒွန်း(ယခု ယူအက်စ်အေ)၊ ရော်နယ်အောင်နိုင်(ယခု ချင်းမိုင်)။

”၁၉၉၀ ဗကသများ ညီလာခံ”

အမေရိကားမှာ ABSDF ခေါင်းဆောင်တယောက်နဲ့ ဆုံတွေ့တုန်းက “ ၁၉၉၀ မန္တလေးမှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံမှာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကိုယ်စားလှယ်တွေ လာရောက် တက်ခဲ့ကြတာ သိလား” လို့ မေးခဲ့မိတယ်။ သူက မြေပေါ်ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့ တော်တော်အလှမ်းဝေးပါတယ်။ “ မသိဘူး” တဲ့။ ကျနော် စိတ်တော်တော်လေသွားတယ်။

တခါတလေ ”ဒီလူတွေ မြေပေါ်ကျောင်းသားလှုပ်ရှားမှု့ သမိုင်းကို မသိဘဲနဲ့ ခင်ဗျားတို့ ဘယ်လို တော်လှန်ရေးလုပ်လဲ ”လို့ မေးကြည့်ချင်တယ်။ ဘာမှလည်း ဖြစ်လာမှာ မဟုတ်တော့ မမေးဖြစ်ခဲ့ပါဘူး။

တကယ်တော့ မစိုးရိမ်တိုက်ဟောင်းထဲမှာ ဗကသ ရဲဘော်တွေရဲ့ ဧည့်ဝတ်ကျေမှုကို မြိန်ရည်ရှက်ရည် စားခဲ့ကြတဲ့ မြောက်ပိုင်းဒေသမှ ကျောင်းသားတပ်မတော် ရဲဘော်တွေအနေနဲ့ မန္တလေး၊ ရန်ကုန်မှ တောခိုလာတဲ့ ကျောင်းသားတွေဟာ ”ရန်သူ့ သူလျှို မဟုတ်ဘူး” ဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါဖြင့် ဒီလို ရက်ရက်စက်စက် နှိပ်စက် ညှင်းပမ်းမှုကြီးကို ငြိမ်သက်စွာ ထိုင်ကြည့်နေခဲ့တာဟာ ဇော်ဇော်မင်း တို့နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့တာလား။ မတတ်သာလို့ ဝင်ရောက် မစွက်ဖက်ခဲ့တာလား။



ခွပ်ဒေါင်းအလံတော်အောက်မှာ ကိုယ့်ရဲဘော်ချင်း လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေက သူတို့ရဲ့ လိပ်ပြာတွေကို ဘယ်လို သန့်စင်ကြမလဲ။ သစ္စာအဖောက်ခံလိုက်ရတဲ့ မြို့က လူတွေအတွက်တော့၊ အမှန်တရား ပေါ်ပေါက်ရေးကလွဲလို့ မည်သည့်အဖွဲ့အစည်းကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုကြပါလိမ့်မယ်။

ကျောင်းသားထု ညီညွတ်ရေး နဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာရှိမှု၊ မရှိမှု ဆိုတာ၊ အမှန်တရားပေါ်မှာ ဘယ်လောက် သတ္တိရှိရှိ ရပ်တည်တိုက်ပွဲဝင်သလဲ ဆိုတဲ့အချက်ပေါ်မှာ အဓိက မူတည်ပါတယ်။ တရားမျှတမှုကို “ဘူး”ကွယ် ငြင်းပယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ညီညွတ်စရာ အကြောင်းတစက်မှ မရှိပါ။

သတင်းမီဒီယာ ခေတ်ကြီးမှာ၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေနဲ့ အကြမ်းဖက်နေတဲ့ ခေတ်ကြီးမှာ ---- အနှစ်မပါတဲ့ ဟန်ရေးပြမှုတွေကို ကျော်လွန်ပြီး ၊ တယောက်နှလုံးသားကို တယောက် အကဲခတ်တတ်ဖို့ လိုပါလိမ့်မယ်။

မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲနဲ့ ပတ်သက်ပြီး၊ ကာယကံရှင်တွေရဲ့ ပြောဆိုသံတွေကို ဆက်လက်နားစွင့်သွားပါမယ်။ ဘယ်သူ ဘာလဲ ဆိုတာရှင်းရှင်းလင်း သိရှိနားလည်နေကြမှတော့၊ ကိုယ့်ရဲ့ နည်းဗျူဟာတွေကို စံနစ်တကျ တည်ဆောက်ကြရပါလိမ့်မယ်။

တရားကို နတ်စောင့်ပါတယ်။ နစ်နာခံစားရသူတွေအားလုံးအတွက် တရားမျှတတဲ့ မနက်ခင်း မကြာခင် လင်းလက်တောက်ပနိုင်စေရပါမယ်။

(အောင်မိုးဝင်း)

3 Jun 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၀-) - အောင်မိုးဝင်း- အမှတ်တရ ကဏ္ဍ



မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ရဲ့ အဆင့် (၃) ကို ရောက်လာပြီ။ ဒီအဆင့်ဟာ ကြိုတင်ပြောထားသလိုပဲ၊ မုန်တိုင်းပိုထန်လာမယ်။ မျက်နှာဖုံးတွေ ပိုကွာကျလာမယ်။ စည်းဝိုင်းအတွင်းမှာ တရားဝင် ရင်ဆိုင်ဖို့ ကမ်းလှမ်းကြတော့မယ်။ နန်းအောင်ထွေးကြည်ကတော့ လူသတ်သမားရော်နယ်အောင်နိုင်နဲ့ တာဝန်ရှိသူများကို ကဗျာတပုဒ်နဲ့ ရာဇသံပေးလိုက်တယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျောင်းသားတွေကလည်း သူတို့သာ ထောက်လှမ်းရေးမှန်ရင် သက်သေပြပါ ဆိုတဲ့ စိန်ခေါ်မှုတရပ်ကို တရားဝင်ကြေငြာခဲ့တယ်။

တကယ်တော့ အမှန်တရားဖေါ်ထုတ်ရေးအဆင့်က ပြီးဆုံးသွားပြီ။ ဘယ်သူတွေက လက်နက်ကိုင် တော်လှန်ရေးကို ဖျက်ဆီးခဲ့သူတွေလဲ၊ ဘယ်သူတွေက ဒီမိုကရေစီရေးလှုပ်ရှားသူအစစ်လဲ ဆိုတာတွေကလည်း ရှင်းရှင်းကြီးဖြစ်သွားပြီ။ မြောက်ပိုင်းဒေသ အရိုးတွန်သံများ ( အပိုင်း- ၁၀- ) ကို ဆက်လက်တင်ပြလိုက်ပါတယ်။

(၁) “ ကိုထွန်းအောင်ကျော် ကို ပုဂ္ဂိုလ်ရေးအရတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးမှာတော့ ကိုယ်တာဝန် ကိုယ်ကျေအောင်လုပ်ရတာပါပဲ” တဲ့ ရော်နယ်အောင်နိုင်ရဲ့ဧရာဝတီ မဂ္ဂဇင်းအင်တာဗျူးကို ဖတ်လိုက်မိတဲ့ မိတ်ဆွေတယောက်က “ အောင်မလေး အင်တာဗျူးတွေက သောက်ကျိုးနည်းလောက်အောင် ကြီးကျယ်လှချည်လားကွာ။ လက်နက်ကိုင်တော်လှန်ရေး ဆိုပါလားဟေ့။ မန္တလေးဆန္ဒပြပွဲမှာတောင် သွေးမရှိခဲ့တဲ့ကောင်က ဘယ်နေရာမှာ သွားပြီး လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သလဲ မသိဘူး” လို့ ပြောဆိုပြီး ခုံကို ပုတ်လိုက်တယ်။ ကျနော်ကတော့ စိတ်မပါတပါ ပြုံးနေမိတယ်။

“ မန္တလေးသားတွေနဲ့ ဗကသ များအဖွဲ့ချုပ်ဟာ “ ထွန်းအောင်ကျော် ကို ချစ်သလား၊ ရော်နယ်အောင်နိုင် ကို မုန်းသလား” ဆိုတာ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ပွဲက တဆင့်၊ ဖေ့ဘွတ် စာမျက်နှာတွေက တဆင့်၊ ရှင်းလင်းတဲ့အဖြေတခု ပေးပြီးပြီလို့ ထင်ပါတယ်။

၁၉၉၂ မှာ ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်သတ်အပြီးမှာတော့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ အပုတ်နံ့တွေက နိုင်ငံတကာမှာ တထောင်းထောင်းထနေပြီ။ ထိုင်းနိုင်ငံသတင်းထောက်၊ ရင်ဒီ က၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်တွေနဲ့တွေ့ပြီး အင်တာဗျူးတဲ့အခါ၊ သူတို့က အတည်ပေါက်ပဲ၊ ရဲရဲကြီး ဂတိပေးခဲ့တယ်။


“ အသတ်ခံရသူတွေထဲမှာ ကျောင်းသားစစ်တယောက်မှားပါခဲ့မယ် ဆိုရင် ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်သွားမယ်” ဆိုပဲ။ အင်း- ကိုယ့်ဘာသာ စိန်ခေါ်မှုအရဆိုရင်တော့၊ ကြိုးမိန့်ကျမှာက တကြိုးတောင် မကဘူး၊ အပြင် (၃၇) မင်း၊ အတွင်း (၃၇) မင်းပါ ပင့်ပြီး (၃၈) ကြိုးတောင်း၊ အခမ်းအနားလုပ်၊ ကွပ်မျက်ရမလို ဖြစ်နေပြီ။

(၂) နန်အောင်ထွေးကြည်ရဲ့ ရာဇသံ ကဗျာ ကို ဖတ်အပြီးမှာတော့ “ဗမာပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသမီးတယောက်က သူပုန် လို ဟန်ဆောင်နေတဲ့ ယောင်္ကျားရင့်မာကြီးတွေကို စိန်ခေါ်တာ ဒီတခါပဲ ရှိမယ်ထင်တယ်” လို့ တွေးလိုက်မိတယ်။ “ကျနော်တို့မှာ ခိုင်မာတဲ့ သက်သေတွေရှိပါတယ်” ဆိုတဲ့သူတွေရဲ့ ငြိမ်သက်မှုကလည်း သူရဲဘောကြောင်တာထက် ဆိုးဝါးလွန်းလှတယ်။ ဘာပဲဖြစ်ဖြစ် သုတေသနစာတမ်းအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးက “ ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ ဝေါဟာရ ပဲ ဖြစ်တယ်။ ဒီ ဝေါဟာရဘယ်လိုပေါ်ပေါက်ခဲ့သလဲ၊ ဘယ်လို ဇာတ်လမ်းမျိုးဖြစ်မလဲ ဆိုတာကို ကာယကံရှင်တွေရဲ့ ရှင်းလင်းချက်စာတမ်းတွေကို စောင့်မျှော်နေခဲ့တယ်။

ဒီတပတ်မှာ ကိုအောင်ထူး ရဲ့လက်မှတ်နဲ့ထုတ်ဝေခဲ့တဲ့ ABSDF စတိတ်မန့် ( ၁၉၉၂ မတ်လ ၁ ရက်) နဲ့ ဒေါက်တာနိုင်အောင်ရဲ့ သတင်းစာရှင်းလင်းပွဲ ( ၁၉၉၂ မေလ ၃၁) ကို နှိုင်းယှဉ် သုံးသပ်ကြဖို့ တင်ပြလိုက်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။


မြောက်ပိုင်း ကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံထားရသည့် ရန်သူ့ သူလျှိုများနှင့် ပတ်သက်ပြီး ကျောင်းသား တပ်မတော် ဥက္ကဋ္ဌ ၏ သတင်းထုတ်ပြန်ချက်(မြန်မာ ဘာသာပြန်)

ကချင်ဒေသကိုတစ်လကြာ အလည်သွားပြီးတဲ့နောက်မှာ ကျနော်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ် ယခင်ကထက်ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊ အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကို ရိုးရိုးသားသား ဖတ်ရှု့နားထောင်ခဲ့ပါတယ်၊ ငြိမ်ဝပ်ပိပြားရေး အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေး ယန္တယား တစ်ခုဖြစ်နေသော မြန်မာနိုင်ငံအမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB)ဟာ ရှစ်လေးလုံး ပြည်သူအုံကြွမှုကြီးကို ဝရုန်းသုန်းကား ဖြစ်အောင်၊ မင်းမဲ့စရိုက်ဖြစ် လာအောင် ဖန်တီးခဲ့မှုတွေမှာ အဓိက တာဝန်ရှိခဲ့ပါတယ်၊ သူတို့ဟာစနစ်ကျ ခိုင်မာတဲ့စီမံချက်နဲ့ အတူ မိမိတို့ အတိုက်အခံ အင်အားစုတွေ အတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ရှုပ်ထွေးမှု၊ ညီညွတ်ရေးဖြိုခွဲမှု တို့ကို ဖန်တီးကာ၊ အပေါ်စီးက ရအောင် ကြိုးစားခဲ့ကြပါတယ်။

သူတို့ရဲ့ လူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့ ထိုးဖေါက်ဝင်ရောက်လာကြတာဖြစ်တယ်၊
သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံ အင်အားစုတွေပဲဖြစ် တယ်၊ သူတို့ရဲ့ မဟာဗျူဟာ တစိတ်တပိုင်းအရ၊ ABSDF ဟာ ပစ်မှတ်တခုဖြစ်ခဲ့ပြီး၊ သူတို့ရဲ့ သူလျှိုတွေကို “ရေလှိုင်းစစ်ဆင်ရေး” ခေါင်းစဉ်အောက်မှ ထိုးဖေါက်ဝင်ရောက်နိုင်ရေးပင်ဖြစ်တယ်၊

သူတို့အဓိကလုပ်ဆောင်ရမဲ့အရာတွေကတော့-
၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး
၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး
၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး
၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊

နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်သည့် ၁၉၉၂နှစ်ကုန်ပိုင်း တွင် ဖြစ်ပါသည်၊ တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပခင်အလင်းဝင်ကြရန်ဖြစ်တယ်။ ကျန်နေမဲ့အုပ်စုတွေကိုတော့ ဖိအားတွေကိုအပြင်းအထန်ပေးပြီးအမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အချိန်တွင်အလင်းဝင်ကြရန်ပင်ဖြစ်သည်၊

(ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်တွေကတော့ အမျိုးသားညီလာခံကို ၁၉၉၂ ကုန်ပိုင်းမှာ ကျင်းပလိမ့်မယ် ဆိုတဲ့အချက်ကို သိရှိပြီးသားဖြစ်တယ်) လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး၊ နောက်ဆုံးကျန်ရှိနေ ဦးမည်ဖြစ်သည့်အုပ်စု တွေကတော့ ပြင်းထန်တဲ့ စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊

ကျနော်အနေနဲ့ ရန်သူ့သူလျှို (၁၅) ယောက်ကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ် လို့ ယုံကြည်တာ ကြောင့် ထပ်မံအငြင်းပွားစရာ မရှိတော့ပါ။


ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် လုပ်ငန်းစဉ်တလျှောက်လုံးမှာ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း ဗဟိုကော်မတီ ကိုယ်စား ကျနော့်အနေနဲံ့ တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊


ဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးသော ရန်သူ့သူလျှိုတွေကို အပြုသဘောဆန်စွာဖြေရှင်းသွားမယ်ဆိုတဲ့ အကြောင်းကို နိုင်ငံတကာ အသိုင်း အဝိုင်း ထံ ရှင်းပြချင်ပါတယ်။

မကြာသေးခင်ကပဲ ကျနော်၊ ABSDF မြောက်ပိုင်းကော်မတီ နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး အောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်၊

၁၊ ABSDF အနေဖြင့် နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး
၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုအပေါ် ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကို သာမန်အဖွဲ့ဝင်တွေ အဖြစ်ပြန်လည်လက်ခံ သွားရန်၊
၃၊ ကျနော်တို့ အနေဖြင့်လုံးဝလက်မခံနိုင်သောရန်သူ့ သူလျှိုများကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ် အစိုးရများ အနေဖြင့်လည်း သူလျှိုများအား မြန်မာပြည်ဒီမိုကရေစီရေးပြောင်းလဲမှုရရှိသည်အထိလက်ခံသွားပါရန် ABSDF အနေဖြင့် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊

၎၊ အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊ သူတို့ကိုထောင်ဒဏ်တစ်နှစ်စီချမှတ်ပြီး မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊သူတို့တစ်တွေဟာ ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာ ယုတ်မာရက်စက်တဲ့ အာဏာရှစ်စနစ်ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့ အနာဂတ်အကျိုးစီးပွါးနဲ့လူအခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တို့အနေဖြင့် သူတို့နဲ့ပတ်သက်တဲ့ ရန်သူ့သူလျှို မှတ်တမ်း အထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်။

ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာ ရန်သူ့သူလျှိုတွေရဲ့ အနာဂတ်အတွက် ကျနော်တို့ကို နားလည်စွာဖြင့်ပူးပေါင်းဆောင်ရွက်မှုပေးသွားကြ ပါရန်မေတ္တာရပ်ခံအပ်ပါသည်၊


ဆန္ဒမွန်များဖြင့်
( လက်မှတ်)
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်

ဒေါက်တာနိုင်အောင်
ဥက္ကဌ
ဗဟိုကော်မီတီ
ABSDF

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၃)
တကယ်တော့ တတိယအဆင့်မှာ မုန်တိုင်းရဲ့ ဗဟိုချက်မဟာ ဘယ်ကိုဦးတည်တော့မယ်ဆိုတာ လူတိုင်းနီးပါးသိနေပြီ။ ဒါပေမယ့် မိုးပြိုနေတာကို မသိတဲ့ ပုရွက်ဆိတ်တကောင်ကတော့၊ "နိုင်ငံရေးလူပျက်"တယောက် လို လုပ်နေတဲ့အခါ ကျနော့မှာ သူ့ကို ကြည့်စေချင်တဲ့ ရုပ်ရှင်ကားလေးတကားနဲ့ နှုတ်ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

In The Bedroom ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ပြောပြချင်ပါတယ်။ ၂၀၀၁ ခုနှစ်က အကယ်ဒမီ (၅) ဆုရတဲ့ကားလေးပါ။ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ရဲ့ ဆိတ်ကမ်းမြို့လေးတမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုလေးတခုအကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးပါ။ ဇာတ်လမ်းအတိုချုပ်ကို ပြောရရင်၊ ဒေါက်တာ “မက်” နဲ့ “ရုဒ်” လို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ ဖရန့် လို့ ခေါ်တဲ့သားလေးတယောက်ပဲရှိတယ်။ သူ့တို့ရဲ့သာလေး ဖရန့်က “နက်တလီ” လို့ခေါ်တဲ့ အသက်ကြီးကြီး မိန်းမတယောက်နဲ့ချစ်ရည်မျှနေခဲ့တယ်။ “နက်တလီ” ရဲ့ ယောင်္ကျားဟောင်း “ရစ်ချတ်”က အင်မတန်ဆိုးသွမ်းတယ်။ မိန်းမဟောင်း နက်တလီ ဆီကို လာလာပြီး နှိပ်စက်ရိုက်နှက်လေ့ရှိတယ်။ တရက်မှာတော့ နက်တလီကို လာနှိပ်စက်လေ့ရှိတဲ့“ရစ်ချတ်” နဲ့ “ဖရန့်” ထိပ်တိုက်တွေ့ကြ၊ ထိုးကြကြိတ်ကြပြီး၊ ရစ်ချတ် ဆိုတဲ့လူဆိုးက “ဖရန့်”ကို ပစ်သတ်ပစ်လိုက်တယ်။


ဒီအမှုဟာ တရားရုံးကိုရောက်ရှိခဲ့ပေမဲ့၊ လူသတ်မှုကို မျက်မြင်သက်သေအဖြစ်ထွက်ဆိုမဲ့သူမရှိဘူး။
“နက်တလီ” ဆိုတဲ့ အမျိုးသမီးကလည်း သူမရှေ့မှာ ဖြစ်ပျက်ခဲ့တာကို ကိုယ်တိုင်မြင်ခဲ့ပေမဲ့ ရစ်ချတ် ရဲ့ အန္တရာယ်ကို ကြောက်နေ တာကြောင့်၊ အဖြစ်မှန်ကို မထွက်ဆိုရဲဘူး၊ တရားသူကြီးကလည်း လုံလောက်တဲ့ မျက်မြင်သက်သေမရှိခဲ့တဲ့အတွက် ရစ်ချတ်ကို လူသတ်မှုနဲ့ အပြစ်ပေးလို့မရဘူး၊ ဒီလိုနဲ့ လူသတ်သမား ရစ်ချတ်တယောက် ရာဇဝတ်မှုကနေ ကွင်းလုံးကျွတ်လွတ်သွားခဲ့တယ်။

ဒေါက်တာ “မက်” နဲ့ “ရုဒ်” အတွက်တော့၊ သူတို့သားကို သတ်သွားတဲ့ လူသတ်သမား ရစ်ချတ် ကို မြို့ကလေးမှာ တွေ့တွေ့နေရခြင်းဟာ ခြောက်လှန့်နေတဲ့အိပ်မက်ဆိုးတခုကို မက်နေရသလိုမျိုးပါပဲ။

သူတို့နှစ်ယောက် ညရောက်ရင် အိပ်ယာပေါ်မှာ အဲ့ဒီ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားမှုတွေကို ပြောကြတယ်။ အိပ်မပျော်ကြဘူး။ br> အသတ်ခံရတဲ့ ဖရန့် ရဲ့ အမေဖြစ်သူ “ရုဒ်” ဟာ ခံစားရတာတွေများလာတော့ အိမ်မှာ ယောင်္ကျားဖြစ်သူ ဒေါက်တာ မက် ကို အော်ဟစ် တောင်းဆိုတယ်။
“ ရှင်တခုခု လုပ်စမ်းပါရှင်၊ ကျမ ဒါတွေကို ဆက်မခံစားနိုင်တော့ဘူး” တဲ့။

ဒေါက်တာရစ်ချတ် တယောက် ဆေးခန်းပိတ်ပြန်တဲ့အခါ အိမ်ကို မပြန်သေးပဲ ဘား တခုကိုသွားတယ်။ မိတ်ဟောင်းဆွေဟောင်းတချို့နဲ့ တိုင်ပင်တယ်။ နောက်မကြာဘူး။ သူတို့ရဲ့ အစီအစဉ်ကို စတင်တော့တယ်။ တညမှာ “ရစ်ချတ်” နေတဲ့အိမ် ကို သွားပြီး စောင့်တယ်။ အပြင်ကပြန်လာတဲ့ “ရစ်ချတ်” ကို သေနတ်နဲ့ချိန်ပြီး၊ သူ့ရဲ့ အဝတ်အစားတွေကို အိပ်ထဲထည့်ခိုင်းတယ်။ စားပွဲပေါ်မှာ ခရီးသွားသလိုလို သက်ရောက်စေမဲ့ လေယာဉ်လက်မှတ် ဖြတ်ပိုင်းလေးကို တင်ထားခဲ့တယ်။

“ရစ်ချတ်” ကတော့ သူသတ်ခဲ့တဲ့ ဖရန့် ရဲ့ အဖေ ဒေါက်တာ“မက်” က သူ့ကို ဒီမြို့ကလေးမှာ မမြင်စေချင်တော့လို့၊ မြို့ကနေ ထွက်သွားခိုင်းတာ လို့ ထင်နေတယ်။ တကယ်တော့ မဟုတ်ဘူး။ ဒေါက်တာ “မက်” က ရစ်ချတ် ဆိုတဲ့ကောင်ကို တောအုပ်တခုထဲမှာ ခေါ်သွားပြီး ပစ်သတ်ပစ်လိုက်တယ်။ မနက်လင်းတော့ အိမ်ပြန်လာတဲ့ ဒေါက်တာ ရစ်ချတ်ကို သူ့အမျိုးသမီး ရုဒ် က တချက်ကြည့်ပြီး ဘာမှမမေးတော့ဘူး။ ဇာတ်လမ်းလေးက အဲ့သလို အဆုံးသတ်ထားတယ်။


အပေါ်ယံဇာတ်လမ်းကို ကြည့်လိုက်မယ် ဆိုရင်တော့ In the Bedroom ရုပ်ရှင်ကားဟာ လက်စားချေမှုတခုကို ရိုက်ပြတာလို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်း၊ အနုပညာအသိုင်းအဝိုင်းတခုလုံးက ဒီဇာတ်ကားကို တခုတ်တရ အမွှန်းတင် ပြောဆိုကြသလို၊ နယူးယောက်တိုင်းမ် သတင်းစာကြီးက ဆိုရင် “ဆယ်စုနှစ်တွေအတွင်းမှာ အရေးကြီးဆုံးရုပ်ရှင်ကား တကား နဲ့ ဒီကိစ္စဟာ ဘာကြောင့်အရေးကြီးသလဲ” ဆိုတဲ့ ဆွေးနွေးထောက်ခံဝေဖန်မှုတွေကို ဝေဝေဆာဆာ ရေးသားခဲ့တယ်။

ဒီကားကို ဘာကြောင့် အကယ်ဒမီ ဆု (၅) ဆုပေးခဲ့တာလဲ။ ရာဇဝတ်မှု ဇာတ်လမ်းနဲ့ နောက်ခံထားတဲ့ ရုပ်ရှင်ကားတကားကို နိုင်ငံတကာပြည်သူတွေ ဘာကြောင့်ကြိုက်ခဲ့ကြသလဲ။ အဓိကအချက်တွေကတော့ လင်မယားနှစ်ယောက် ညတိုင်ရင် အိပ်ယာပေါ်မှာ ရင်ဖွင့်ပြောဆိုကြတဲ့ အပြန်အလှန်စကားပြောခန်းတွေ၊ စိတ်ခံစားမှုတွေပဲဖြစ်တယ်။ သူတို့နှစ်ယောက်ပြောဆိုနေကြတဲ့ ခံစားမှုတွေ၊ ဒဿန တွေကို လူတွေက ခံစားနားလည်နိုင်ခဲ့ကြတယ်။

ဒါကြောင့်လည်း အဆင့်အတန်းရှိတဲ့ နိုင်ငံတကာအနုပညာအသိုင်းအဝိုင်းဟာ၊ စာနာနားလည်ခံစာနိုင်မှု ကို အရေးပါတဲ့ ကျင့်ဝတ်အဖြစ်ထည့်သွင်းပြီး အမှတ်ပေးခဲ့ကြတာဖြစ်တယ်။

(၄)
စာနာနားလည်မှုမရှိတဲ့ အနုပညာသမားတွေရဲ့ အောက်ခြေလွတ်မှု၊ အတ္တကြီးမားမှုတွေကိုလည်း ကျနော်တို့လောကထဲမှာ တခါတလေတွေ့ရတတ်ပါတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေမှန်းမသိပဲနဲ့ အငြိမ့်စင်က မီးစလိုက်ကို စိတ်ဆွဲနေသလိုမျိုး ဟိုဟာပြောရင် ဒီကိစ္စက မှိန်သွားမယ် ပြောလို့ပြော၊ ပုရွက်ဆိတ်နဲ့ ပုရုတ်ဆီကို ဥပမာပေးလို့ပေး ခက်တော့တာပဲ။ ယုတ်မာရက်စက်သူနဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတာ ဘယ်တုံးကမှ အချင်းချင်းမဖြစ်ခဲ့သလို၊ ရန်သူ လို့ သတ်မှတ်ထားသူတွေဆီကနေ “ အဘ ကျနော်နိုင်ငံခြားသွားမလို့ မုန့်ဘိုးပေးပါအုံး” ဆိုတဲ့ မျက်နှာပြောင်ပြောင် အလုပ်တွေလည်း ကျနော်တို့မလုပ်ခဲ့ပါဘူး။

မိသားစုတခုလုံးလည်း နိုင်ငံခြားကို ပို့မထားခဲ့ပါဘူး။ “ခွှင့်လွတ်ခြင်းတရားတွေ တသွင်သွင်ပြောပြီး ကိုယ်ကဘယ်လိုသဘောထားကြီး ကြောင်း ပြောဆိုနေမှုတွေဟာ မရိုးသားတဲ့ လေလံတင်မှု၊ လက်ခုပ်သံမျှော်မှု တခုဖြစ်တယ်” တဲ့။
ကိုယ့်ဘာသာ သတိထားရမှာက အဇာတသတ်နောက်လိုက်မဖြစ်မိဖို့ရယ်၊ လူရည်လည်သူတွေချင်းဆက်သွယ်ပြီး NGOs တွေနဲ့ပေါင်းစီးပွားရေးလုပ်ဖို့ကြိုးစားနေကြတဲ့ နိုင်ငံရေးစားကျက်ထဲမှာ မမျောပါမိဖို့ရယ် ဆိုတဲ့အချက်ပါပဲ။

(၅)
“ရန်သူစစ်တပ်က ထောင်ချီသတ်တာကျတော့ ဘာမှမပြောဘူး။ လူ (၁၅) ယောက် (၃၀) လောက် သတ်ခံရတာကို ပြောနေတယ်၊ ငါတို့ရဲဘော်တွေ ဘယ်လိုပေးဆပ်ခဲ့ရတယ်” ဆိုတဲ့စကားကို ကြားမိတော့ ကျနော်တို့အညာဘက်မှာ နောက်ပြောင် ပြောဆိုနေတဲ့ “တံတားကြိုး သခင်များ” ဆိုတဲ့ဝေါဟာရကို သွားသတိယမိတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဖက်ဆစ်ဂျပန်တွေ စစ်ရှုံးဆုတ်ခွာသွားတော့၊ တော်လှန်ရေးမှာလေးလေးနက်နက်မပါဝင်ခဲ့ဘူးသူတွေက လက်ပတ်တွေစည်း၊ လက်နက်တွေကိုင်ပြီး တော်လှန်ရေးခေါင်းဆောင်ယောင်ယောင်ထွက်လာကြတော့တယ်။ ရွာထိပ်က တံတားကြီးကို ချိုးကြပစ်လိုက်ပြီး၊ သူတို့တိုက်ထုတ်လိုက်လို့ ဖက်ဆစ်ဂျပန်တွေပဲထွက်ပြေးသွားသလိုလို၊ လုပ်ကြတော့တယ်။ မကြာပါဘူး။ သခင် ဆိုတဲ့နာမည်တွေကို ရှေ့မှာတပ်ပြီး၊ တည်ငြိမ်မှုမရှိသေးတဲ့ ရွာမှာ ရွာသားတွေကို အနိုင်ကျင့်တော့တယ်။ အကြောင်းသိသူတွေကတော့ သူတို့ကို တံတားကျိုးသခင် များလို့ ခေါ်ဝေါကြတာပေါ့။ ဒါပေမဲ့ သူတို့က အုပ်စုဖွဲ့ပြီး-
“ ငါတို့က ဘယ်လိုအနစ်နာခံခဲ့တယ်” ဆိုတာတွေပြော၊ ထန်းတောထဲမှာလည်း ညနေတိုင်ရင်မူးရူး၊ သောက်ထားတဲ့အရက်ဖိုး၊ ထမင်းဖိုးကိုလည်းမပေး၊ တွေ့ကရာ စော်ကားတော့တာပဲ။


အခုကျနော်တို့တတွေ ကြုံတွေ့နေရတဲ့ ပြည်ပနိုင်ငံရေးမှာလည်း အဲ့သလို “တံတားကျိုးသခင်များ” က နေရာအနှံ့တွေ့နေရတယ်။
တကယ် လက်နက်ကိုင်တိုက်လာတဲ့ ရဲဘော်တွေက အမှန်တရား နဲ့ ရိုးသားမှု ကို ဘာနဲ့မှ မလဲဘူး။
သူတို့ပေးဆပ်ခဲ့ရတာတွေကိုလည်း စာဖွဲ့ပြောမနေဘူး။ “ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုချစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး ကို ဆက်ဆင်နွဲရမယ်၊ ဘုံရန်သူကို မျက်ခြေမပြတ်နဲ့” လို့ ဟစ်ကြွေးနေသူတွေကို ကြည့်လိုက်တော့၊ တော်တော်များများက နိုင်ငံတကာ ဒိုနာတွေ ဆီက ငွေလိမ်တောင်းနေသူတွေ၊ တတိယနိုင်ငံတွေမှာ သောက်စားမူးယစ်နေသူတွေ၊ အစိုးရဆီက လူမှုဖူလုံရေး လိမ်တောင်းစား နေသူတွေကိုသာ တွေ့ရတယ်။

လူမှုတော်လှန်ရေးတရပ်လုပ်တယ်ဆိုတာ ဖက်ဆစ် အစိုးရကျူးလွန်နေတဲ့စရိုက်တွေကို အတုယူဖို့မဟုတ်ဘူး။
တော်လှန်ရေးလုပ်ခဲ့တာကို အကြောင်းပြပြီး အခွင့်အရေး ယူဖို့မဟုတ်ဘူး။
အစိုးရဘက်က သတ်တာတွေကိုပြောပြီး၊ ငါတို့ဘက်က ယုတ်မာတာတွေကို ပါးစပ်ပိတ် ထားလို့ အဆိုပြုတဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့။

လူနေမှုအဆင့်မြင့်တဲ့နိုင်ငံတွေမှာ နေပြီး ကြံ့ဖွံ့လို စိတ်ဓါတ်တွေ မွေးနေကြ၊ ခြစားအကျင့်ပျက်သူတွေနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့လုပ်နေကြ တာတော့ စိတ်မကောင်းစရာပဲ။

ပြောသာပြောရတာပါ။ ဘာမှမဟုတ်ပဲ စစ်သွေးကြွပုံစံတွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရှိန်ကိုယ်ဝါတောက်ပပြနေတဲ့ လူတွေက လက်ချိုးရေ လို့ရပါတယ်။
သူတို့က ကျောင်းသားတပ်မတော်ကို ချစ်ဟန်ဆောင်ပြီး၊ အကျင့်ပျက်လူတယောက်နှစ်ယောက်ကို အကာအကွယ်ပေးနေတာ လူတိုင်းက သိနေပေမဲ့ သူတို့လို လိုက်အဆင့်မနိမ့်ချင်လို့ ယှဉ်ပြီး မပြောပဲနေကြတာ။
တကယ်တိုက်လာခဲ့တဲ့ ဒီမိုကရေစီရေးလိုလားသူတွေနဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေ က အမှန်တရားနဲ့ ရိုးသားမှုကို ချစ်တယ်။ မြောက်ပိုင်းလူသတ်မှုကို အကြီးအကျယ်ရှုတ်ချပြီး စာနာနားလည်စွာပါဝင်နေကြတယ်။

ပြည်တွင်းကို သဝဏ်လွှာတွေပို့ကြတယ်။

အဲ့သလို ခိုင်မာတည်ကြည်တဲ့ ABSDF ရဲဘော်တွေရှိနေမှတော့ ကျန်တဲ့ ပြည်ပရောက် ကြံ့ဖွံ့တွေဆိုတာ၊ ဓါတ်တိုင်အောက်မှာ ပျံဝဲနေတဲ့ တရာသီစာ ပရစ်အော်သံတွေ အဖြစ်သာ ဆူညံကျန်ရစ်ခဲ့တာပါ။

တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေ မကြာခင်ကြားကြရပါလိမ့်မယ်။


(အောင်မိုးဝင်း)
-------------------------------------------------------------------

- "သမိုင်းအဖျက်ခံရသူများ၏ ..စိန်ခေါ်သံ" -(နန်းအောင်ထွေးကြည်)-၂၀-၂ -၂၀၁၂

ကြောက်စရာ မလို ၊ ပုန်းစရာလည်း မလို။
ပြေးစရာ မလို ၊ ရှောင်စရာလည်း မလို။
မှန်တယ်ထင်ရင် ၊ ရင်ဆိုင်လိုက်ပေါ့။
အားလုံးကိုယ်စား ……ငါက မင်းကို စိန်ခေါ်တယ်။

အနှစ် ၂၀ လုံး၊ စကားတွေ ဖေါင်ဖွဲ့။
သူလျှိုမို့လို့ ...သတ်ရပါသည်။
စပိုင် မို့လို့ ..အပြစ်ပေးရပါသည်။
ရင်နဲ့မမျှ ၊ နာကျင်ခဲ့ရ။
အချိန်မတန်သေး၍ ၊ရေငုံ နှုတ်ဆိတ်နေခဲ့ရသည်။


ငါ့လက်ထဲမှာ.. သေနတ်မရှိ။
ခုတ်ဖြတ်ဖို့လည်း.. ဓါးမရှိပါ။
လက်ဖြတ်ပစ်ဖို့ ...မိုင်းမရှိ။
ရက်စက်ဖို့လည်း ...ကားစင်မရှိပါ။

ကွန်ပြူတာခလုတ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို
မင်းက ဘာလို့ကြောက်နေလဲ....
အချိန်မဆွဲနဲ့ .......ရှောင်မပြေးနဲ့........

ယောက်ျားဆိုတာ
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့........
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။

ဟိုးတချိန်က ...မနောမြေမှာ
ဂုဏ်ယူဝံ့ကြွား ...မင်း ပြောခဲ့တယ်။
”ကျောင်းသားစစ် တစ်ယေါက် မှားပါခဲ့ရင်..
ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်မတဲ့ ……….။”

ကြောက်နေပြီလား ။
အယောက် ၁၀၀ ဟာ ...ကျောင်းသားတွေပါ။
မင်းမှန်တယ်ဆို ...ခု ရင်ဆိုင်စမ်း။
အားလုံးကိုယ်စား …… ငါက မင်းကို စိန်ခေါ်တယ်။

ရ ထားတဲ့ စစ်ချက်များ... တင်ပြလိုက်စမ်း။
ရိုက်ထားတဲ့ကား... ချပြလိုက်စမ်း။
မင်းသား မင်းသမီး ...တင်ကာထားသမို.
ကြည့်လိုက်ခြင်းသည်...
ငါက ဒါမေး ..မင်းက ဒါဖြေ....
ဇာတ်တိုက်ထားတဲ့... ပြက်လုံးကွက်များ...။

မရှိတဲ့ အဆိပ် ...လုပ်ယူပြသ....
ဓါတ်ခဲထဲမှ အမှုံ့များနဲ့ ...လိမ်ညာကေါက်ကျစ်....
ဒါလား ကျောင်းသား... မင်း မပြောနဲ့။
မင်းမှန်တယ်ဆို ...ရင်ဆိုင်လိုက်စမ်း။
အားလုံးကိုယ်စား …………ငါက မင်းကို စိန်ခေါ်တယ်။


ဒေါင်းစစ်စစ်က ၊ ကျီးဖြစ်ခဲ့ရ။
ဒေါင်းယေါင်ဆောင်တဲ့ ... ကျီးလို လူတစု အုပ်ချုပ်ခဲ့လို့...
ရွှေဝါရောင်ဒေါင်း ...အနက်မှောင်လွှမ်းခဲ့။


ကမ္ဘာမကြေ မြန်မာပြည်...
ခွပ်ဒေါင်းတို့ရဲ့ စိန်ခေါ်သံတွေ... ပျံ့နှံ့နေပြီ ။

နားထောင်လိုက်စမ်း......။ ကြောက်နေပြီလား...။
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း။
အားလုံးကိုယ်စား..... ငါက မင်းကို စိန်ခေါ်တယ်။

လူ မသတ်ခဲ့သော ကျောင်းသားလက်များ.....
မိဘပြည်သူ... ကြည်ဖြူလိမ့်မယ်။
ကျောင်းသားဆိုတာ... ဖြူစင်ရတယ်။
သွေးညှီနံ့နဲ့ ကင်းဝေးရတယ်။

ရှေ့ဆက် မပြောနဲ့ ...ကျောင်းသားပါ..လို့။

မကဒတ က ...ကျောင်းသားတပ်မတော်။
မင်းတို့တတွေက ကျောင်းသားသတ်မတော်။

မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း။ အားလုံးကိုယ်စား….. ငါက မင်းကို စိန်ခေါ်တယ်။

မင်းတို့တတွေရဲ့ သမိုင်းကြွေး..
မင်းတို့ ပြန်ပေး...။
AB ကို ဖြူစင်အောင်လုပ်။
ပြည်သူတွေကြား... ရွံအောင် မလုပ်နဲ့။

မင်းတို့တတွေကို
ကျောင်းသားသမိုင်းမှာ ကမ္ဗည်းတင်လိုက်မယ်။
စစ်အာဏာရှင် ဖက်ဆစ်များနဲ့ တဂိုဏ်းထဲလို့။

ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ။
“မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ။
အားလုံးကိုယ်စား …… ငါက မင်းကို စိန်ခေါ်တယ်။

ငါတို့ သမိုင်းစစ် ...ပေါ်ထွန်းနေပြီ။
မင်းတို့ သမိုင်းညစ် ...အများသိပြီ။
ငါ့မိဘထံ... ငါပြန်ရဲတယ်။
ငါ့ပြည်သူ့ရင် ငါခိုလှုံရဲတယ်။
ငါတို့တတွေမှာ အပြစ်မရှိပါ …….။
မင်းတို့ မှာသာ ...အပြစ်က အနှစ် ၁၀၀ ……..။

ငါ့လို မင်းတို့...့  ပြည်တော် ပြန်ရဲလား။
ပြည်သူ့ ရှေ့ မှောက် ...လျှောက်လှမ်းရဲလား။
သံဃာမြတ်ကို ...ဖူးမျှော်ရဲလား။
၈၈ မျိုးဆက်အပေါင်းနဲ့ .... ပြန်ပေါင်းရဲလား။
မျိုးဆက်သစ်များနဲ့ .....တွေ့ ဆုံရဲလား။
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း။
အားလုံးကိုယ်စား …. ငါက မင်းကိုစိန်ခေါ်တယ်။




(၁၉၉၁ မှ ၁၉၉၂ ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား "ရော်နယ်အောင်နိုင်"နှင့် လူသတ်မှုများအား ၀ိုင်းဝန်း အားပေးခဲ့သော၊တာဝန်ယူခဲ့သော "ခေါင်းဆောင်ပိုင်း"တို့အား ရည်စူးပါသည်။)

(နန်းအောင်ထွေးကြည်)

---------------------------------------------------------------------

”e-mail ,face book တို့မှ သဘောထားမှတ်ချက် တချို့”

ပထမဆုံး လူထုအားနဲ့ ဒါဏ်ခတ်မှုလုပ်ရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်။
မြောက်ပိုင်းရက်စက်ယုတ်မာမှုကို ကျူးလွန်ခဲ့တဲ့ သူတွေ၊ အဲ့ဒီကိစ္စကို တာဝန်ခံပါတယ် ပြောပြီး သတ်မိန့် ထုတ်ခဲ့တဲ့သူတွေ အပါအဝင် အဲ့ဒီလူတွေနဲ့ ပေါင်းချင်း ထုတ်နေကြတဲ့ သူတွေအားလုံးကို ကျွန်တော်တို့ အားလုံးက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့တဲ့ သူတွေကို ဝိုင်းပြီး ကျဉ်ထားလိုက်ခြင်းမျိုး နဲ့ ပထမဆုံး ဒဏ်ခတ်မှု လုပ်ကြရင် ဘယ်လိုနေမယ် ထင်ပါသလဲ။

နောက်ပြီးတော့ သူတို့ကို တွေ့ရာနေရာတွေမှာလဲ အယုတ်တမာတွေကို ကျဉ်သလို ထားကြရင် အဲ့ဒီ မသူတော်တွေနဲ့ မသူတော်မှီနေတဲ့ သူတွေပဲ သူတို့အသိုင်းအဝိုင်းမှာ ကျန်တော့မှာပါ။

တရားဥပဒေအရ ပြစ်ဒဏ်မပေးရသေးခင်မှာ လူထုဒဏ်ခတ်နည်းနဲ့ စုပေါင်းပြီး ဝိုင်းဒဏ်ခတ်ကြရအောင်။

သူတို့တွေကော၊ သူတို့သားသမီး၊ မိသားစုတွေကော ဝိုင်းကျဉ်ကြရင် အယုတ်တမာတွေ ပထမဆုံးတန်ပြန်ရလာဒ်ရကြပါလိမ့်မယ်။

(ငြိမ်းချမ်း)-

-----------------------------------------------------------------
သိပ်ကောင်းတဲ့ အကြံဥာဏ်ပါ။
လူတိုင်းလည်းလုပ်နိုင်သလို ချက်ခြင်းလည်း အကောင်အထည် ဖော်နိုင်တဲ့ကိစ္စပါ။
ပထမဦးဆုံး ဒီလုပ်ရပ်ကနေစပြီး နောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့လူတွေ၊
ပါဝင်ပတ်သက်ခဲ့တဲ့လူတွေ၊
အမိန့်ပေးခဲ့တဲ့လူတွေ၊ တာဝန်မယူချင်ပဲ ခေါင်းရှောင်ချင်တဲ့လူတွေ
သူတို့အားလုံး မိမိအပြစ်ကို မိမိသိပြီး တရားဝင် ၀န်ချတောင်းပန်လာတဲ့ အထိ စွဲစွဲမြဲမြဲ လုပ်ကြဖို့လိုပါတယ်။

ကျနော်တို့ကတော့ ကိုငြိမ်းချမ်းအကြံဥာဏ်ကို နှစ်သက်လက်ခံတဲ့အတွက် စတင်ကျင့်သုံးပါမယ်။
ဒီလူတွေ (ပြစ်မှုကျူးလွန်ခဲ့တဲ့လူတွေ၊ ပါဝင်ပက်သတ်ခဲ့တဲ့သူတွေ) ဂျပန်ကို မလာနိုင်အောင်၊ လာခဲ့ရင်လည်း ခေါင်းမထောင် နိုင်အောင်၊ လူရာမ၀င်နိုင်အောင်၊ မိမိအပြစ်ကို မိမိသိပြီး ၀န်ခံလာအောင် လုပ်မယ်လို့ ကတိပေးပါတယ်။

ရိုးသားမှုတိုင်းကို လေးစားလျက်-
(စိုးဝင်းရှိန်)
(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)


ပေးပို့သူ---- ငြိမ်းချမ်း။
----------------------------------------------------------------

မြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်တဲ့ကိစ္စ ကို စဉ်းစားခိုင်းတဲ့ ကိုသူရ(ဇာဂနာ ဂတုံးကြီး)သို့ ကျနော်အိုးဝေအောင်က စဉ်းစားမိသမျှ အနည်းငယ် ရေးချလိုက်မိပါတယ်။

(( ဇာဂနာက မြောက်ပိုင်းကိစ္စကို ပေါ့ပျက်ပျက် ပြောသွားတယ် လို့ ကွန်မန့်တချို့မှာ ဖတ်ခဲ့မိလို့ ကွန်မန့်ပြန်ရေးပြီး ”ဘယ်မှာပြောသွားတာလဲ ။ညွှန်ပြပေးဖို့“ ပြန်မေးခဲ့ပေမယ့် လိုချင်တဲ့ လင့်ခ် စောင့်ပေမယ့် မရခဲ့လို့-ကိုယ်တိုင်ရှာဖွေလိုက်တော့ အခုတွေ့ရှိခဲ့ပါတယ်။

အဲဒီစကားကို ကိုသူရက ၂၀၁၂ခု၊၂လပိုင်း၊၄ရက်နေ့ ၊၀ါရှင်တန်ဒီစီမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲ ယူကျု ရုပ်သံဖိုင် (၂၃း၁၆) မှာ စပြီး ပြောခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။

http://youtu.be/7Irr0ruwcs8

ဇာဂနာပြောတဲ့ မြောက်ပိုင်းကိစ္စအကြောင်းအရာ အကျဉ်းချုပ်က-
” အခုမီဒီယာတွေမှာ ထိုးတင်နေကြတာ မြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်ဖြတ်တဲ့ကိစ္စ။
အဲဒီမှာ သတ်တဲ့အရေအတွက်နဲ့ စစ်တပ်က သတ်ခဲ့တဲ့ မြန်မာလူမျိုးအရေအတွက် ဘယ်ဟာပိုများလဲ။
....ထိန်လင်းတို့၊မောင်မောင်ဝမ်းတို့ သူတို့ တကယ်ကြုံခဲ့တာ မှန်ပါတယ်။
... ဘယ်သူလှည့်ကွက်ထဲကို ဘယ်သူ ၀င်နေတယ် ဆိုတာ နည်းနည်း စဉ်းစားကြပါဦး။
...ကျနော်တို့ ကိုယ်တိုင် ပုရွက်ဆိတ်တွေ ဖြစ်ကုန်တယ်။အဲဒါလေးလည်း စဉ်းစားစေချင်တယ်....”တဲ့။

ကိုသူရကို ကျနော်စဉ်းစားမိတာလေး ပြန်ရေးပြလိုက်ပါတယ်။
”မြန်မာစစ်တပ်နဲ့စစ်ထောက်လှမ်းရေးတွေ သတ်ခဲ့တယ်ဆိုတာက သူတို့က သူတို့နဲ့ဆန့်ကျင်ဘက်မှန်သမျှကို ရန်သူလို့ သဘောထားပြီး သတ်ခဲ့တာ။သူတို့သတ်တာ ရှင်းတယ်။မထူးဆန်းဘူး။ရန်သူကို ရန်သူလို မြင်ပြီး သတ်တာ။))
((မြောက်ပိုင်းမှာ သတ်ခဲ့တဲ့ကိစ္စက ကိုယ့်တော်လှန်ရေး ရဲဘော်ရဲမေ မိတ်ဆွေအချင်းချင်းကို ရန်သူလို့ စွပ်စွဲပြီး သတ်တာ။အရေအတွက်နည်းပေမယ့် အရမ်းကို ထူးဆန်းတယ်။မြန်မာ့သမိုင်းမှာ မေ့ခိုင်းလို့ မရတဲ့ သတ်ဖြတ်မှု..။))
အဲဒီသတ်ဖြတ်မှုကို မြန်မာစစ်တပ်က သတ်ဖြတ်မှုထက် အရေအတွက် မများဘူး..ဆို တိုင်း forgive လုပ် မခိုင်းပါနဲ့။ forget လည်း လုပ်မခိုင်းပါနဲ့။
အရေအတွက် ထက် အရည်အချင်းက ဒီကိစ္စမှာ အရေးပိုကြီးပါတယ်။

((လူသတ်တဲ့ စစ်တပ်က သူ့ သမားရိုးကျအလုပ် လူသတ်ရမှာ၊လူသတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံရမှာ.. ထူးဆန်းစွာ ဖော်ထုတ်စရာ မလိုဘူး။ပေါ်နေပြီးသား။))

((အေး.. ဒါပေမယ့်..လူသတ်တဲ့ စစ်တပ်ကို ပြုပြင်ပြောင်းလဲ ပြောင်းပြန်လှန်ကာ တော်လှန်ချင်လို့ တော်လှန်ရေးလုပ်ဖို့ လာကြတဲ့ ကျောင်းသားတွေက သူတို့အချင်းချင်း ပြန်သတ်ကြတဲ့ သမားရိုးကျမဟုတ်တဲ့ ..မှားယွင်းတဲ့ အတွေးအခေါ်တွေ ..အရည်အချင်းတွေနဲ့ ဖောက်ပြန်ရက်စက်စွာ ခေါင်းဖြတ်သတ်ခဲ့ကြတဲ့ အမှုက အရမ်းကို ထူးဆန်းနေတယ်။အဲဒါတွေ နှစ်၂၀ကျော် မပေါ်ခဲ့လို့ အခု ဖော်ထုတ်နေတယ်။))

အဲဒီ မတရားတဲ့ ..ထူးဆန်းတဲ့ ..ကိုယ့်အချင်းချင်း ပြန်သတ်တဲ့ အမှု ပေါ်ခဲ့တာဟာ ကိုသူရ ရဲ့ "ပရုပ်ဆီ အ၀ိုင်းခံရတဲ့ ပုရွက်ဆိတ် ဥပမာ" ကို လွန်ခဲ့တဲ့ နှစ်၂၀ကျော် ကာလကတည်းက အဲဒီ လူသတ်သမားတွေဆီ ကြိုတင် အမှီ သတင်းစကား မပို့ပေးနိုင်ခဲ့တဲ့ ကိုသူရရဲ့ အားနည်းချက်လို့ အပြစ်တင်ချင်တယ်။

ဒါ့ကြောင့် မြောက်ပိုင်းက လူသားစား ပုရွက်ဆိတ် တစုဟာ သူတို့ကိုယ်တိုင် မြောက်ပိုင်းကွင်းထဲ ၀ိုင်းထိုင်ပြီး -ပုရွက်ဆိတ် တော်လှန်ရေးသမားအချင်းချင်း ခေါင်းဖြတ်ကိုက်သတ်ပြီး ပြီးသွားခဲ့ပြီ ထင်ခဲ့ပေမယ့် - အခု သူတို့ကွင်းထဲကနေ သူတို့ကိုယ်တိုင် မရုန်းထွက်နိုင်ဘဲ ရှိနေသေးတာမို့ - ဒီကွင်းထဲက ရုန်းကန်ရှင်သန်ခြင်းမရှိအောင်- ဒီကွင်းထဲမှာပဲ လုံးပါးပါးပြီး ကြိုးကွင်းစွပ်ပြီး သေအောင် -အမှုမှန်ဖော်ထုတ်နေမှုတွေကို မှေးမှိန်အောင် -ကိုသူရတို့ လို လူတွေ "လှည့်ကွက်စကားတွေ ၀င်မပြောသင့်ပါ.."လို့ စဉ်းစားမိတဲ့အတိုင်း ရေးချလိုက်ပါတယ်။
အရေအတွက်နဲ့အရည်အချင်း ကွဲပြားပါစေ ကိုသူရ ဇာဂနာရေ။

(အိုးဝေအောင်)

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၉) ”(အောင်မိုးဝင်း)+ "ကြွေလွင့်ခဲ့သော ကြယ်ပွင့်များအား တိုင်တည်ခြင်း" (နန်းအောင်ထွေးကြည်)

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၉) ”(အောင်မိုးဝင်း) feb13,2012
"ကြွေလွင့်ခဲ့သော ကြယ်ပွင့်များအား တိုင်တည်ခြင်း" (နန်းအောင်ထွေးကြည်)
" ABSDF မြောက်ပိုင်းအရေးကိစ္စကို ဆန်းစစ်ခြင်း" (ထွန်းအောင်ကျော်)
"နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂)မှ ကောက်နုတ်ချက် တချို့” (ဟစ်တိုင်) 


အမှတ်တရ ကဏ္ဍ

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၉) ” (အောင်မိုးဝင်း) feb13,2012

(အမှာ)

မြောက်ပိုင်းဒေသ အရိုးတွန်သံများ ( ဆောင်းပါး-၇-) မှာ အစီရင်ခံစာ တင်သူတဦးဖြစ်တဲ့ ရဲဘော်ကျော်ခိုင်ဝင်းက အဲ့ဒီကာလတုံးက ကိုရီးယား နိုင်ငံမှာပါ။ အခုတော့ သူက ကချင်ပြည်နယ် မိုးညှင်းကို ပြန်ရောက်နေပါပြီ..တဲ့။၊ မြောက်ပိုင်းဒေသရဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲအကြောင်းကို သိချင်ရင် သူ့ကို ဆက်သွယ်မေးမြန်းနိုင်ပါသတဲ့။ သူ့ရဲ့ ဖုံးနံပါတ်၊ ၀၉၄၉၃၀၁၈၀၁ ဖြင့်ဆက်သွယ်နိုင်ပါကြောင်း။


”ဆောင်းပါး ( အပိုင်း-၉-) ကို ဆက်လက်တင်ပြလိုက်ပါတယ်။”

"လူသတ်သမားများရဲ့ စိတ္တဇ ရောဂါ"

တရုတ်ပြည်ရဲ့ ဝရုန်းသုန်းကား ယဉ်ကျေးမှု တော်လှန်ရေးကို ဦးဆောင်ခဲ့သူ၊ လေးဦးဂိုဏ်းအဖွဲ့ခေါင်းဆောင်၊ (မော်စီတုံးရဲ့ မိန်းမ) Jiang Qing ကို ဖမ်းဆီးစစ်ဆေးတဲ့ တရားခွင်က စိတ်ပျက်စရာ အလွန်ကောင်းပါတယ်။ သူမ ရဲ့ ခက်ထန်ခေါင်းမာမှုကို နောက်ဆုံးချိန်ထိ အထင်အရှားတွေ့ခဲ့ရပါတယ်။ တရားရုံးမှာ သူမကြောင့် သေကြေပျက်စီးခဲ့သူတွေရဲ့ဆွေမျိုးသားချင်းတွေ၊ ပါတီဝင်တွေက မျက်ရည်နဲ့ပြောပြီး ရင်ဖွင့်နေစဉ်မှာတောင် ..သူမဟာ မထေ့မဲ့မြင် ငေါက်ငမ်း သရော်တော်တော် တုံ့ပြန်ခဲ့တယ်။ သူမရဲ့ ရာဇဝတ်မှုတွေကို မှန်ကန်တဲ့လုပ်ရပ်လို့ သူမ ကိုယ်တိုင်က ယုံကြည်နေပုံရပါတယ်။

တကယ်တော့ သူမဟာ ရုပ်ရှင်မင်းသမီး၊ ပြဇာတ်မင်းသမီးအဖြစ် ရှင်သန်ရပ်တည်ခဲ့တဲ့ အမျိုးသမီးတယောက်ဖြစ်တယ်၊။ မော်စီတုံး ကို ချဉ်းကပ်ပြီး နိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ ဇာတ်ကောင်တယောက်ဖြစ်လာခဲ့တယ်။ သူမရဲ့ ခက်ထန်မာကျောမှု့၊ ခေါင်းမာမှုတွေကို လူကြားထဲမှာ ဘယ်လိုပဲ ပြပြ၊ သူမတယောက်တည်း နေတဲ့အခါကျတော့ အထီးကျန်သိမ်ငယ်စိတ်တွေနဲ့ ခြောက်လှန့်နေတတ်ပါတယ်။ လူ့အဖွဲ့အစည်းက သူမကို လက်မခံတော့ဘူး ဆိုတာကို သူမ ကောင်းကောင်းသိပါတယ်။ ၁၉၉၁ မှာ ကျန်းမာရေးအခြေအနေကြောင့် ထောင်အပြင်ဆေးရုံကို တက် ကုသခွင့်ရခဲ့ပါတယ်။ ထောင်တွင်းကို ပြန်မရောက်တော့ပါဘူး။ သူမကိုယ်တိုင် သတ်သေပစ်လိုက်ပါတော့တယ်။

တကယ်တော့ တရုပ်ပြည် ရဲ့ ယဉ်ကျေးမှုတော်လှန်ရေး အဖြစ်အပျက်ရယ်၊ ၁၉၉၄ ရဝမ်ဒါမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုသုတ်သင် ရှင်းလင်းရေးတွေကို ကြည့်လိုက်မယ်ဆိုရင်... ဝရုန်းသုန်းကား လှုံ့ဆော်မှုတွေကြောင့် လူအုပ်ဟာ သွေးကြွလာပြီး၊ အုပ်စုတစု ကို အုပ်စုတစုက စွပ်စွဲသတ်ဖြတ်ခဲ့ကြတာပါ။ ဒီလိုမျိုးအဖြစ်အပျက်တွေကို Mob Psychology လို့ခေါ်ပါတယ်။

ဒါပေမယ့် မြောက်ပိုင်း ကိစ္စမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကတော့ လူတွေကို သွေးအေးအေးနဲ့ လပေါင်းများစွာ ဖမ်းဆီးနှိပ်စက်၊ ခုတ်ထစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲအကြောင်း ပြောကြတဲ့အခါ၊ လူသတ်မှုကို ကျူးလွန်ခဲ့သူတွေက သူတို့ကပဲ မှန်သယောင်ယောင် ပြောဆိုနေမှုတွေကို ကြားရတိုင်း၊ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အမှားတွေကို ဦးဆောင်ခဲ့သူ၊ Jiang Qing ရဲ့ ကိုယ့်ဘာသာ သတ်သေမှုတွေကို သတိရ ဖြစ်ပါတယ်။


"ရုပ်ရှင်ကားနှစ်ကား၊ ရွေးချယ်မှုနှစ်ခု "

အဖွဲ့အစည်းတွေဟာ ကိုယ့်သမိုင်းကို ဘယ်လိုအဆုံးသတ်မလဲ ဆိုတဲ့ မေးခွန်းကို စဉ်းစားနိုင်ဖို့အတွက် ရုပ်ရှင်ကားနှစ်ကားကို မိတ်ဆက်ပြီး သတိပေးချင်ပါတယ်။ တကားကတော့ ဗမာပရိသတ်တွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ “ ဝံပလွေများနှင့် ကခုန်ခြင်း” Dance with Wolves ဆိုတဲ့ရုပ်ရှင်ပါ။ လူဖြူတွေ အမေရိကားကို ကျူးကျော်သိမ်းပိုက်တဲ့ သမိုင်းနောက်ခံလေးတွေကို တင်ပြရင်း၊ ဒါရိုက်တာ “ကယ်ဗင်ကော်စနာ” က အဆိုးအကောင်း၊ ကျူးကျော်မှု နဲ့ တုန့်ပြန်မှု၊ အမှားနဲ့ အမှန်တွေကို ပွင့်ပွင့်လင်းလင်း ချပြတယ်။ ဒေသခံ အမေရိကန်တွေရဲ့ ပျက်စီးသွားတဲ့ဘဝတွေကို စာနာ နားလည်အောင် ရိုက်ပြခဲ့တယ်။ သူများတွေရဲ့ဘဝကို စာနာ နားလည်ရင်း၊ သမိုင်းအမှားတွေကို ဝန်ခံခဲ့တဲ့ကားမို့လည်း Dance with Wolves ဟာ ဆုအများကြီး ဆွတ်ခူးခဲ့ပါတယ်။

နောက်ရုပ်ရှင်ကားတကားကတော့ American History X “ အမေရိကန်သမိုင်း အိတ်(-က်)(-စ်) ဆိုတဲ့ ကားပါ။ Ku Klux Klan လို့ ခေါ်တဲ့ လူဖြူအစွန်းရောက် ကေသုံးလုံးတွေအကြောင်း ကြားဖူးမိကြပါလိမ့်မယ်။ လူဖြူတွေသည်သာ မြင့်မြတ်တယ် ဆိုတဲ့အယူအဆ နဲ့ အာဖရိကန် အမေရိကန်တွေကို နည်းပေါင်းစုံ သတ်ဖြတ်နှိပ်စက်ခဲ့တဲ့ ကေသုံးလုံးလူငယ်တယောက် ...အကျဉ်းထောင်ထဲကို ရောက်သွားတဲ့အချိန်မှာတော့၊ သူလေးစားခဲ့တဲ့ ကေသုံးလုံးခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါး၊ မကောင်းမှုမျိုးစုံနဲ့ ပတ်သက်နေတယ် ဆိုတာကို ထင်ထင်ရှားရှားသဘောပေါက်လိုက်တယ်။ ကိုယ်ကျင့်သိက္ခာကို တန်ဘိုးထားတဲ့သူဟာ ကေသုံးလုံးခေါင်းဆောင်တွေကို ရှောင်ဖယ် အန်တုလာတဲ့အခါ၊ သူ လေးစားခဲ့ဖူးတဲ့ ကေသုံးလုံးဂိုဏ်းတွေကပဲ သူ့ကို ဖိနှိပ်ရက်စက်တော့တယ်။ နောက်ဆုံး ယောက်ျားခြင်း အဓမ္မကျင့်ခံရသည်အထိ ခံခဲ့ရတယ်။ ထောင်ကလွတ်တော့ လူဖြူအစွန်းရောက်တွေ နဲ့ ပတ်သက်နေတဲ့ သူ့ညီကို၊ ထောင်အတွေ့အကြုံတွေပြောပြီး၊ ကေသုံးလုံးဂိုဏ်းတွေနဲ့ အဝေးဆုံးမှာ နေဖို့ သတိပေးခဲ့တယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အမေရိကန်သမိုင်းကို သင်တဲ့အခါ၊ ကေသုံးလုံးတွေရဲ့ သမိုင်းကို အမွှန်းတင် ခြီးမြှောက် ပြောဆိုရဲတဲ့သူ မရှိပါဘူး။

ဒါကြောင့် ”ငါ့အဖွဲ့အစည်းမှ ငါ့အဖွဲ့အစည်း ” ဆို အော်ဟစ်၊ သူများတွေရဲ့ သမိုင်းကိုလည်း မလေးစား၊ မှားခဲ့တဲ့သူတွေဘက်က တိတ်တဆိတ် ရပ်တည်နေကြမယ် ဆိုရင်တော့ ကေသုံးလုံးတွေရဲ့ သမိုင်းဆိုးတွေလိုပဲ လူတွေရဲ့ နှုတ်ဖျားမှာ ကျန်ရစ်ခဲ့မှာ အမှန်ပါ။

ကျနော်ပြောခဲ့သလိုပဲ။ ကိုထွန်းအောင်ကျော်တို့ ကျဆုံးခြင်းအကြောင်းကို ဖေ့စ်ဘွတ်ခ်မှာရေး၊ အနှစ် (၂၀) အခမ်းအနားတွေ ကျင်းပပြီး မေ့လျော့သွားမယ် လို့ တွက်ထားရင်တော့ မှားသွားပါလိမ့်မယ်။ မုန်တိုင်းက ဆက်လက်တိုက်ခတ်နေမှာပါ။ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး အပေါ်မှာ တာဝန်မဲ့၊ သတ္တိမဲ့၊ အရည်အချင်းမဲ့တဲ့ သူများရဲ့ အသည်းမာမှု၊ မသိကျိုးကျွံပြုမှုဆိုတာတွေဟာ တကယ်ဖြစ်နိုင်ပါ့မလား။ သူရဲဘောကြောင်စွာ တိတ်ဆိတ်နေတာကော မဖြစ်နိုင်ဘူးလား။ အနာဂတ်ကို စိတ်ဝင်စားပါတယ်။


"တရားခံများ၊ သက်သေများနှင့် ငရဲ၏ လားရာ "

မြောက်ပိုင်း ကျောင်းသားတပ်မတော်အတွင်းက အစုလိုက်အပြုံလိုက်လူသတ်မှုမှာ တာဝန်ရှိသူ ခေါင်းဆောင် (၃) ဦးကတော့ ”ရော်နယ်အောင်နိုင်၊ သံချောင်း ( ထောင်တွင်း) နဲ့ မျိုးဝင်း ( သေဆုံး)” တို့ဖြစ်ပြီး၊ စစ်ကြောရေးကို ဦးဆောင်ပြီး ခေါင်းဖြတ်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ ”လှဆိုင်း ( လက်ရှိ ABSDF မြောက်ပိုင်း) ၊ သန်းဇော် ”တို့ဖြစ်တယ် ဆိုတာ အားလုံးသိပြီးကြပြီးဖြစ်ပါတယ်။

ဆောင်းပါး (-၉-) မှာ ဆွေးနွေးတင်ပြချင်တဲ့ အကြောင်းအရာကတော့ ၁၉၉၂ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကျောင်းသား တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုပဲ ဖြစ်ပါတယ်။
သတင်းထုတ်ပြန်မှုတွေက အင်္ဂလိပ်လိုတွေချည်းဖြစ်နေတော့ အောက်ခြေကျောင်းသားရဲဘော်တွေက ကောင်းကောင်းသိရှိခဲ့ဟန် မတူပါဘူး။
အင်္ဂလိပ်လို ထုတ်ပြန်ခဲ့တာလည်း အကြောင်းရှိပုံရပါတယ်။
မြောက်ပိုင်း ABSDF အစုလိုက်အပြုံလိုက် လူသတ်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှာ နာမည်ပျက်လာတော့ ABSDF ခေါင်းဆောင် တွေဟာ သူတို့အဖွဲ့အစည်းကို အဖတ်ဆည်ဖို့ ကြိုးစားခဲ့ပုံရပါတယ်။
ဒါပေမယ့် အဖတ်ဆယ်ဖို့ ကြိုးစားခါမှ သက်သေဖြစ်ခဲ့ရပြန်ပါတယ်။




” ကိုအောင်ထူး ( ယ္ခု - ရှေ့နေများကောင်စီ၊ BLC) လက်မှတ်နဲ့ အင်္ဂလိပ်လို ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်မှုကို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ပေးထားပါတယ်။”

ABSDF ( ဘယ်ဘက်တွင် စည်းတံဆိပ်နှင့် ခွပ်ဒေါင်း)
ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
ဗဟိုကော်မတီ ( ဋ္ဌာနချုပ်)

ABSDF ( မြောက်ပိုင်းဒေသ) မှ ခိုင်လုံသော သက်သေများနှင့်တွဲထားသော အစီရင်ခံစာအရ၊ စစ်အစိုးရရဲ့ သူလျှို (၁၅) ယောက်ကို သတ်ဖြတ်ကွပ်မျက်ပစ်လိုက်ပါပြီ။

(၁) သတ်ဖြတ်ကွပ်မျက်ပစ်လိုက်တဲ့ ရန်သူ့သူလျှို (၁၅) ယောက်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်သွယ်ခဲ့တဲ့ စစ်အစိုးရရဲ့ ထောက်လှမ်းရေး တိုက်ပိတ် (ခ) သန်းထွန်းစိုး ရဲ့ အပေါင်းအပါများဖြစ်ပါတယ်။ သန်းထွန်းစိုး ဆိုသူဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီးနောက်- ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဆီသို့ ဝင်ရောက်လှုပ်ရှားခဲ့ပါတယ်။ နောက် မကြာခင်မှာ၊ စစ်အစိုးရ ( SLOC) ထံသို့ လက်နက်ချသယောင်ယောင် ဟန်ဆောင်ပြီး၊ ”ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) နှင့် အမြဲမပြတ် ဆက်သွယ်လှုပ်ရှားနေသည် ” ဟု ထွက်ဆိုခဲ့ပါသည်။ စစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေးဗျူရို ( MIS) နဲ့ အမျိုးသားထောက်လှမ်းရေးဗျူရို ( NIB) တို့ရဲ့ ညွှန်ကြားချက်အောက်မှာ၊ တိုက်ပိတ်(ခ) သန်းထွန်းစိုး နဲ့ အပေါင်းအပါ သူလျှို (၁၅) ယောက် တို့ဟာ “ ဒေါ်အောင်ဆန်းစုကြည် သည် လက်နက်ကိုင်သူပုန်များ နှင့် ဆက်သွယ်ခဲ့သည်” ဆိုတဲ့ ဇာတ်လမ်းအတုတခုကို ဖန်ဆင်းခဲ့ပါတယ်။ ဒီလိုဖန်တီးခြင်းအားဖြင့် သူမကို ရာဇဝတ်မှု ဥပဒေ နှင့် ဆက်နွယ်ဖမ်းဆီးနိုင်မှာဖြစ်ပါတယ်။


(၂) ၁၉၈၈ အရေးတော်ပုံ ကာလအတွင်း၊ စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေဟာ အပြစ်မဲ့ ပြည်သူတွေကို လုယက်ခြင်း၊ ရာဇဝတ်သားတွေကို ထောင်မှလွှတ်ပေးပြီး အစားအစာနဲ့သောက်ရေတွေထဲမှာ အဆိပ်ခတ်ခြင်း--- စတဲ့ အဖျက်အမှောင့် လုပ်ငန်းတွေ ကျူးလွန်အောင် လှုံ့ ဆော်ခဲ့ကြတယ်။ သူတို့ကို ဖမ်းဆီးမိပြီး ပြည်သူ့ခုံရုံးမှာ တင်တဲ့အခါ ကြားသိခဲ့ရပါတယ်။ သာမန်ပြည်သူတွေလိုပဲ ဝတ်စားဆင်ယဉ်ထားတဲ့ စစ်ထောက်လှမ်းရေးတွေဟာ၊ ဒေါသထွက်နေတဲ့ ပြည်သူလူထုကြီးကို ခေါင်းဖြတ်သတ်တဲ့ဖြစ်ရပ်တွေ ကျူးလွန်အောင် သွေးထိုးလှုံ့ဆော်ကြပြီး ၊ စစ်တပ်မှ အာဏာသိမ်းခွင့်ရေစေတဲ့ နည်းလမ်းတခုကို ဖန်တီးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြီး ဂုဏ်သိက္ခာပျက်ယွင်းအောင် ပြုလုပ်ခဲ့ကြပါတယ်။ ( အမျိုးသားခေါင်းဆောင်တယောက်ဖြစ်တဲ့ သူမအနေနဲ့ စစ်အာဏာမသိမ်းခင်နဲ့ စစ်အာဏာသိမ်းအပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအတွက် ဘာတခုမှ လုပ်ပေးလို့ မရတော့ပါဘူး) ။ ABSDF ( မြောက်ပိုင်း) မှာ ကွပ်မျက်သတ်ဖြတ်ခဲ့တဲ့ ရန်သူ့သူလျှို (၁၅) ယောက်ဟာ အဲ့ဒီထောက်လှမ်းရေးတွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး---- ( ကြိုးစားဖတ်ပေမယ့် စာကြောင်းထဲမှာပါသော စာလုံးများ မရှင်းပါ။ သို့သော် အရေးမကြီးပါ။ စွပ်စွဲချက်တွေကို ခန့်မှန်းလို့ရပါသည်။)

(၃) မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက်၊ စစ်အစိုးရဟာ ရန်ကုန်ကျောင်းသား၊ မန္တလေးကျောင်းသား၊ -- စတဲ့ မတူကွဲပြားတဲ့ နယ်မြေအသီးသီးမှ ကျောင်းသားအုပ်စုတွေကို အုပ်စုခွဲစေလွှတ်ပြီး “ရေလှိုင်းစစ်ဆင်ရေး” ကို ဆင်နွှဲခဲ့ပါတယ်။မတူကွဲပြားတဲ့ အတွေးအခေါ်တွေနဲ့ ABSDF ခေါင်းဆောင်တွေရဲ့ နေထိုင်မှုပုံစံတွေကို မေးခွန်းထုတ် ဝေဖန်လာခဲ့ပါတယ်။
စစ်အစိုးရပြုလုပ်တဲ့ အမျိုးသားညီလာခံ မစတင်ခင်မှာ၊ ABSDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အထင်အမြင် လွဲမှားအောင် ဖန်တီးပြီး၊ ABSDF ရဲ့ ဂုဏ်သိက္ခာ နှိမ့်ဆင်းကာ လက်နက်ချ အညံ့ခံစေခြင်းများ ဖြစ်ပေါ်အောင် ဖန်တီးခဲ့ကြပါတယ်။

စစ်အစိုးရရဲ့ စီမံကိန်းအရ၊ အမျိုးသားညီလာခံကျင်းပနေချိန်အတွင်းမှာ လက်နက်မချတဲ့ ကျောင်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်။
ဒါဟာ ABSDF ကို ကွဲပြဲအောင်လုပ်မယ့် စစ်အစိုးရရဲ့ နိုင်ငံရေး အစီအစဉ်တရပ်ပဲဖြစ်ပါတယ်။


(၄) တခြားတဘက်မှာတော့၊ “ရေလှိုင်းစစ်ဆင်ရေး”အရ၊ ရှစ်လေးလုံး အရေးတော်ပုံ သုံးနှစ်ပြည့်မှာ၊ ရန်သူ့သူလျှိုတွေဟာ ကျောင်းသားခေါင်းဆောင်နဲ့ မဟာမိတ်တွေကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ၊ ကွန်မန်ဒို လို့ ယူဆရတဲ့ သူတို့ထဲက တချို့ဟာ၊ ရေလှိုင်းစစ်ဆင်ရေးကို ဆင်နွှဲဖို့အတွက် အသေးစားလက်နက် (၁၅) လက်နဲ့ လက်နက်ခဲယမ်း မီးကျောက်တွေကို သယ်ဆောင်လာခဲ့ကြပါတယ်။ အဲ့ဒါတွေကိုလည်း သိမ်းဆည်းရခဲ့မိပါတယ်။

(၅) ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ ဆိုခဲ့ပေမယ့် စွပ်စွဲခံရသူတွေဟာ ခုခံကာကွယ်ပိုင်ခွင့် ရှိခဲ့ပါတယ်။
ရန်သူ့သူလျှိုတွေရဲ့အမှုကို တရားရုံးမှာ ကြားနာခဲ့ပါတယ်။ စွပ်စွဲခံရသူတွေအနေနဲ့ သူတို့ဟာ ရန်သူ့သူလျှိုတွေဖြစ်ကြောင်း၊ သူတို့ကို ကွပ်မျက် မသတ်ဖြတ်ခင်မှာ ရှင်းလင်းစွာ ဝန်ခံထွက်ဆို သက်သေခံခဲ့ပါတယ်။ ။

( ကိုအောင်ထူး လက်မှတ်)
အောင်ထူး
အတွင်းရေးမှူး (၁)
ဗဟိုကော်မတီ
ကျောင်းသားတပ်မတော် ( ABSDF) မတ်လ(၁) ရက်၊ ၁၉၉၂

----------------------------------------------------------------------------

ကိုအောင်ထူး ( ယ္ခု - ရှေ့နေများကောင်စီ၊ BLC)

ကျနော်ဗျာ- ၁၉၉၂ မတ်လ (၁) ရက်မှာ ထုတ်ဝေတဲ့ ကျောင်းသားတပ်မတော်ရဲ့ စတိတ်မန့်ကို ဖတ်ပြီး.. BLC က ကိုအောင်ထူး ကို အကြံပေးချင်ပါတယ်။ “ ခင်ဗျားဗျာ- တတ်နိုင်ရင် ရှေ့နေလုပ်မစားပါနဲ့။ ခင်ဗျား လိုက်တဲ့ အမှုက ရှုံးပြီး ခင်ဗျားလူ ထောင်ကျမှာစိုးလို့ပါ” လို့။ ဘာကြောင့် ကျနော် ဒီလိုအကြံပေးရပါသလဲ။ ခင်ဗျားတို့ပဲ ထုတ်ပြန်ကြေငြာချက်ကို သုံးသပ်ကြည့်ပေတော့။

ထုတ်ပြန်ချက်ထဲက နံပါတ်(၁) ကတော့ ထားလိုက်တော့။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာထားပြီး စိုးရိမ်ရှာလို့ဖြစ်တာ လို့ နားလည်ပေးလို့ရပါတယ်။

အချက် (၂) ကိုကြည့်ဗျာ။ ၁၉၈၈ မှာ စစ်ထောက်လှမ်းရေးတွေဟာ ဒေါသထွက်နေတဲ့လူအုပ်ကြီးကို ခေါင်းဖြတ်သတ်ဖို့ လှုံ့ဆော်ခဲ့တယ် လို့ဆိုတယ်။


(ထောင်ကျနေတဲ့ သံချောင်း)


((အသစ်ပြန်ဖွဲ့တဲ့ မြောက်ပိုင်းအေဘီမှာ ပြန်ပါလာတဲ့ လဆိုင်း(ခ)လှဆိုင်း))

မြောက်ပိုင်းဒေသမှ အဲ့သလို၊ မိုက်မိုက်ရိုင်းရိုင်း ခေါင်းဖြတ်သတ်ခဲ့တာ ဘယ်သူတွေလဲ။
မျိုးဝင်း၊ သံချောင်း၊ လှဆိုင်၊ သန်းဇော် --- တို့တတွေလား၊

ကိုထွန်းအောင်ကျော်နဲ့ စွပ်စွဲခံရသူတွေလား။

ထုတ်ပြန်ချက်က ရှေ့နောက် မညီဘူးဖြစ်နေတယ်။
ထုတ်ပြန်ချက်ထဲက ဥပမာတွေကလည်း တက်တက်စင်အောင်လွဲနေတယ်။
ကိုထွန်းအောင်ကျော် ဆိုတာ ဗကသ ( အထက်ဗမာပြည်) ခေါင်းဆောင်တယောက်ဖြစ်တယ် ဆိုတဲ့ သမိုင်းကို မသိခဲ့ကြတာလား။

သိသိချည်းနဲ့ ခေါင်းဖြတ်သတ်ခဲ့ကြတာလား။ ခက်တော့နေပြီ။
သမိုင်းနားမလည်ဘဲနဲ့ အဖွဲ့အစည်းခေါင်းဆောင်လုပ်တော့၊ ပေါက်လွှတ် ပဲစားပဲ ဖြစ်တော့မှာပေါ့။

အချက် (၃) ကို ဆန်းစစ်ကြည့်ပါ။
မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင်တွေဟာ ရေဘင်မျက်မှန်တွေတပ်ပြီး မာဖီးယား ခေါင်းဆောင်တွေလို နေခဲ့ကြတယ်လို့ ဆိုတယ်။
ရဲဘော်တွေက ငပိ နဲ့ စားနေရချိန်မှာ ခေါင်းဆောင်တွေက လခယူ၊ ကိုယ်ဆုပ်လက်နှယ်ပြုစု ပေးမယ့် တပည့်တပန်းတွေ ထား ခိုင်းစားကြတာပါ။
ဒါကို မြင်နေတဲ့ ရဲဘော်တွေမှာ ဝေဖန်ပိုင်ခွင့် မရှိဘူးလား။

ဒေါ်ချိုချိုကျော်ငြိမ်းရဲ့ မွေးစားသား လို့ လူသိများတဲ့ မောင်မောင်ကြွယ် ဆို ..အဲ့သလို အခွင့်ထူးခံ ခေါင်းဆောင်တွေကို ဆန့်ကျင်လေ့ရှိလို့ ၊ သူ့ကို မျိုးဝင်းက ညှိုးခဲ့တာလို့ သိရတယ်။

ကျနော်ကတော့ ခေါင်းဆောင်တွေ ခြစား အကျင့်ပျက်တာ ယုံတယ်။
ထိုင်းနယ်စပ်နဲ့ မဲဆောက်မှာလည်း ဒီအတိုင်းပဲလေ။
လူတွေကို အခွင့်အရေးပေး၊ ငွေပေးပြီး ပျက်စီးအောင်လုပ်၊ အပြစ်ကျူးလွန်သူခြင်း ကျောခြင်းကပ်ထားတဲ့ အစုတ်ပဲ့ဆုံး နိုင်ငံရေးကို ပြပါဆိုရင် မဲဆောက်၊ ချင်းမိုင် နိုင်ငံရေးပါပဲ။

သူတို့နဲ့ သန်းရွှေ ရဲ့ စစ်အစိုးရ အကျင့်စရိုက်တွေဟာ သူမသာ ၊ ကိုယ်အသုဘ ပါပဲ။

အချက် (၄) ကတော့ ကာယကံရှင်တွေကိုသာ မေးကြည့်ပါတော့။ နှိပ်စက်စစ်မေးတုံးက မရခဲ့တဲ့ အဆိပ်တွေ၊ လက်နက်တွေကို ကိုယ့်ဘာသာ ဘယ်ကရှာပြီး သတင်းစာ ရှင်းလင်းပွဲလုပ်လည်း မသိပါဘူး.. တဲ့။

ကဲ-- ကိုအောင်ထူး နဲ့ ၁၉၉၂ ကျောင်းသားတပ်မတော် ( ဗဟိုဋ္ဌာနချုပ်) ခေါင်းဆောင်များကို အတိတ်ရဲ့ စဉ်းစားစရာများကို တွေးစေပြီး ၊ ဆောင်းပါး (-၉-) ကို နိဂုံးချုပ်ပါရစေ။

ကိုထွန်းအောင်ကျော် နှင့် ကျဆုံးခဲ့သော ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ရဲဘော်များ ကောင်းရာသုဂတိလားပါစေ။
မတရားသဖြင့် နှိပ်စက်စော်ကားသူများလည်း မသန့်ရှင်းသော ဝိညာဉ်တွေမှ ဆေးကြောသန့်စင် လွတ်မြောက်နိုင်ကြပါစေ။
အမှန်တရား ပေါ်ထွန်းပါစေ။

(အောင်မိုးဝင်း)


--------------------------------------------------------------------------

"ကြွေလွင့်ခဲ့သော ကြယ်ပွင့်များအား တိုင်တည်ခြင်း" (နန်းအောင်ထွေးကြည်)

(၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ.) တွင် ABSDF (NB) တွင် ရက်စက်စွာ ညှင်းဆဲ သတ်ဖြတ်ခံခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များအား ရည်စုး၍-)

ကိုကြီးရေ ...

ဒီနေ.နှစ် ၂၀ ပြည့်ခဲ့ပြီ ။ မငယ် တစ်နေ့ မှ မေ့မရပါဘူး၊ ကိုကြီးနဲ. ဂီတအကြောင်းတွေ ပြောခဲ့ပြီး အတူ တီးခဲ့ ဆိုခဲ့ကြတာတွေကို သတိရနေဆဲပါ။ ဂစ်တာတီးပြီး ”ကြွေရဲသောကြယ်များ” သီချင်း ဆိုမိတိုင်း မငယ် ငိုခဲ့မိတာကြောင့် ဂစ်တာ မကိုင်ဖြစ်တာ.. Australia ရောက်ကထဲကပါ။

မှတ်မိသေးတယ်။

ကိုကြီး မငယ်ကို ဘဏ္ဍာရေး သင်တန်းတက်ခိုင်းတော့ မငယ်ကို တီးတိုးပြောခဲ့တယ်။ ”မငယ်..မင်းငါ့ကို မျက်နှာငယ်အောင် မလုပ်နဲ.နော်။ KIA ကြားမှာ ကျောင်းသားတပ် သိက္ခာတက်အောင်လုပ်။” မငယ်ကလည်း“ဟုတ်ကဲ့ ” လို့ဆိုခဲ့တယ် ။ မိဘလက်ထက်မှာ ၁၀ တန်းကို အောင်ဖို. အကြိမ်ကြိမ် ဖြေဆိုလာခဲ့တဲ့ မငယ်ဟာ၊ ကိုကြီးကို ကြည့်ပြီး..”အင်းပါ”လို့ ပြောခဲ့တယ်။ မငယ် ကတိတည်ပါတယ်နော်။ အဲဒီသင်တန်းမှာ မငယ် ဆုရခဲ့တယ်လေ။ ကိုကြီးက မငယ်ကို ပြုံးကြည့်ပြီး ပြောတယ်။ ”ဂုဏ်ယူတယ်” တဲ့။ ယူနီဖေါင်းတောင် အသစ်တစုံ ရလိုက်သေးတယ်။

မှတ်မိသေးတယ်။

ABSDF (NB) ရဲ. မိုင်းဖေါက်ခွဲရေး သင်တန်းကို မငယ်ကို တက်ရောက်သင်စေဖို. ရွေးချယ်ခဲ့ပြန်တယ်။ ”မင်းက စိတ်ငြိမ်ပြီး အာရုံစူးစိုက်မှု ရှိတယ်။ အန္တရာယ်ကြီးတဲ့ သင်တန်း။ ဒါပေမယ့် မင်းကို ယုံကြည်တယ်။ ကေါင်းကေါင်းသင်..” တဲ့ ။ မငယ်လဲ ကေါင်းကေါင်း သင်ယူခဲ့ပါတယ်။ သူများထောင်တဲ့မိုင်းကို မငယ် ကျော်နိုင်ခဲ့ပေမယ့် ..မငယ်ထောင်တဲ့မိုင်းကို မောင်မောင်ကြွယ် ထိသွားလို. ပြစ်ဒဏ်အနေနဲ. အရိုက်ခံလိုက်ရသေးတယ်။ အဲဒီ ဖေါက်ခွဲရေး သင်တန်းနောက်ဆုံးနေ.မှာပဲ မငယ် အဖမ်းခံခဲ့ရတယ်လေ။

မှတ်မိသေးတယ်။

မငယ်တို.အားလုံး အဖမ်းခံရပြီး Ronald အောင်နိုင်နဲ. မျိုးဝင်းတို. အဆိပ်တွေ ထုတ်ခိုင်းတာ ဘယ်သူမှ မထုတ်ပေးနိုင်တော့ မငယ်တို.ကို လက်ဖြတ်ဖို.လုပ်တဲ့နေ.လေ၊ မငယ်တို.အားလုံးရဲ.လက်မှာ ယမ်းပျော့တွေ ချည်ထားပြီး၊ ရော်နယ်အောင်နိုင်တို.က သူတို.လိုချင်တာတွေ ထုတ်မပေးရ ကေါင်းလား ဆိုပြီး ၊ ကိုကျော်ဝေ လက်ကို မိုင်းခွဲပြီး ဖြတ်ခဲ့တယ်။ကိုကြီး၊ ကိုရဲလင်းနဲ. မငယ်တို.အားလုံး တောင်းပန်ကြတော့မှ ၊ နောက်ထပ် အချိန်တပတ် ခွင့်ပေးပြီး ၊ မငယ်တို.ကို ဆွေးနွေးတိုင်ပင်ခိုင်းတဲ့နေ.လေ၊ အဲဒီနေ.ဟာ ဒီနေ.အတွက် သမိုင်းဝင်မယ့်နေ.တစ်နေ. ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ် ကိုကြီး။၊ ဆွေးနွေးပွဲမှာ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေကို တစ်ယေါက်တစ်ပေါက် ပြောဆိုနေကြပေမယ့်.. အားလုံးဟာ တစ်ယေါက်ကို တစ်ယေါက်ကြည့်ပြီး ”ငါလဲ မင်းလိုပဲ ” ဆိုတဲ့ အသိနဲ. ”အော်.. ဒုက္ခ ဒုက္ခ ၊ ဘယ်လိုမှ အဖြေရှာ မရ ” ဖြစ်နေချိန်မှာ ကိုကြီးက မငယ်နား ရောက်လာပြီး.. မငယ်ကို လက္ခဏာ တောင်းကြည့်တယ်လေ၊ အဲဒီမှာ ကတိဆိုတာ ဖြစ်ခဲ့တာပေါ့၊

မှတ်မိသေးတယ်။

ကိုကြီးကပြောတယ်။” မငယ်..မင်းမသေနိုင်ဘူး။ မင်းလွတ်သွားလိမ့်မယ်။ မင်းမှာ ဥပစ္ဆေဒက ကံ မပါဘူး။ မင်းလက္ခဏာမှာ ထူးခြားချက်ရှိတယ် ။တစ်နေ့..မင်း ငါတို့အားလုံးရဲ့သမိုင်းကို ပြောပေးနော်..တဲ့ ။ မငယ်က ...”ကိုကြီး...အခုလက်မှာ မိုင်းချည်ထားတဲ့ သူတွေကို ကြည့်လိုက် ၊ အားလုံးအသတ်ခံရမယ့်သူတွေ ။ မငယ်လည်း သေမှာပဲ ” ဆိုတော့ ”မင်း..သစ္စာဆိုပါ..”တဲ့ ။ အသုံးမကျတဲ့ ကျမ ...ဘုရားမှာ သစ္စာ မဆိုတတ်လို့ ..”မငယ်..ပါဠိလို မသိဘူး.” ဆိုတော့ ကိုကြီးက ပြုံးပြီး ...”မလိုဘူးလေ ..ကိုယ်ဟုတ်ရင် ဟုတ်တယ် ။ မဟုတ်ရင် မဟုတ်ဘူးပေါ့..”တဲ့ ။ ”ဘုရားကို တိုင်တည်ပါ ”တဲ့ ...ဆိုတော့ မငယ်လည်း ..”ဟုတ်ကဲ့..ကိုကြီး”လို. ကတိပေးမိ ပြန်တယ်နော်။ ကိုကြီးရေ ...တကယ်ပဲ၊ မငယ် သေဒဏ်ထဲမှာ ပါခဲ့ပေမယ့် ..နောက်ဆုံးစက္ကန်.မှာ မငယ်လွတ်ခဲ့တယ်၊ မငယ်ကို သတ်ဖို.တောင် ဆွဲထူပြီးပြီ၊

ကိုကြီးရေ ....

အချိန်ကာလ နှစ်၂၀ အထိ စောင့်စားခဲ့ရတာ ခွင့်လွှတ်ပါ။ နိုင်ငံရေးကို ပြန်ကြည့်တော့ ဒေါ်စုလဲ မလွတ်သေး။ ၈၈ခေါင်းဆောင်များနဲ. နိုင်ငံရေးသမားများလည်း အထဲမှာ အကျဉ်းချခံနေရဆဲ၊ မငယ်တို.လို ထောက်လှမ်းရေးလို. အစွပ်စွဲခံပြီး အနှိပ်စက်ခံထား၇တဲ့ ..ကိုရဲလင်း၊ ဘိုဘို၊ ထိန်လင်း၊ မိုးကြီး၊ ရာပြည့် ..စသော မြောက်ပိုင်းမှ ကျောင်းသားများလည်း စစ်အစိုးရကို ဆန်.ကျင်မှုနဲ. ထောင်ဒဏ် ၇ နှစ်နဲ. အနှစ် ၂၀ ချခံထားခဲ့၇တယ်။ သူတို.မျက်နှာတွေကို ထောက်ရှူ.ပြီး မငယ် မြိုသိပ်ထားခဲ့ရတာပါ။

”လွတ်လပ်တဲ့ တိုင်းပြည်မှာ နေနေရပြီး ငါ့စိတ်တွေ အကျဉ်းကျနေတယ် ဟာ.” လို. ထိန်လင်း အင်္ဂလန်ရောက်ခါစက မငယ် သူ.ကို ဖွင့်ပြောခဲ့တယ်၊ ကတိပေးထားပြီး အကေါင်အထည် မဖေါ်ဖြစ်လို. တခါတရံ အိပ်မက်ဆိုး မက်တယ်၊ အိပ်မက်မက်ပြီးတိုင်း ငိုရလို. တညလုံး မအိပ်နိုင်ပဲ မိုးလင်းခဲ့ရတဲ့ ညတွေ အများကြီး ရှိခဲ့တယ် ကိုကြီး။

ကိုကြီးရေ ....

ရောက်ရာနေရာက ကြည့်လိုက်ပါနော်၊ ABSDF (NB) ကျောင်းသားများ ပြုလုပ်တဲ့ပွဲကို ကိုမင်းကိုနိုင်နဲ. ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ဆုတောင်း အမျှဝေခဲ့ကြပြီး၊ ကိုကြီးရဲ. အထက်မြန်မာပြည်ဗကသ မျိုးဆက်သစ်တွေနဲ. မြောက်ပိုင်းကျောင်းသားဟောင်းတွေ လက်တွဲပြီး ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြပြီ။ ပြည်ပမှ မကဒတရဲဘော်ဟောင်းတွေနဲ. ပြည်တွင်းမှ မိဘပြည်သူတွေလည်း ၀မ်းနည်းစွာဖြင့် ဆုတောင်းမှုတွေ ပြုနေကြပြီ။

ကိုကြီးရေ ....

မပြီးဆုံးသေးပါဘူး၊ ပြီးဆုံးတဲ့နေ.အထိ မငယ်တို.အားလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို. ကတိ ထပ်ပေးလိုက်ပါတယ်။

ကိုကြီးတို.အတွက် ကုသိုလ်ပြု အမျှဝေသံကြားရင် သာဓုခေါ်ကြပါ။

ကိုကြီးထွန်းအောင်ကျော်နှင့်တကွ ABSDF မြောက်ပိုင်းတွင် ကျဆုံးခဲ့သောသူများ ကေါင်းရာသုဂတိလားကြပါစေ။
ဝိဉာဉ်များ လွတ်မြောက်ကြပါစေ။
ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး စနစ်ဆိုးမျိုးနဲ. မကြုံတွေ.ရပါစေနဲ. လို့ ဆုတောင်းမေတ္တာပေးပို့လျှက်-

နန်းအောင်ထွေးကြည် ( မငယ်)

-----------------------------------------------------------------------

" ABSDF မြောက်ပိုင်း အရေးကိစ္စကို ဆန်းစစ်ခြင်း။ "(ထွန်းအောင်ကျော်)

ABSDF မြောက်ပိုင်းတွင်ဗဟိုဥက္ကဌကိုထွန်းအောင်ကျော်အပါအဝင်အဖွဲ့ဝင်၃၀ ကျော်ကိုညှင်းပန်းနှိပ်စက်ပြီး လူ မဆန်စွာ သတ်ဖြတ်ခဲ့ကြသည့် အပြင်လူ ၇၀ ကျော် ကိုရက်ရှည်လများနှိပ်စက်ညှင်းပန်းခဲ့ကြသည့် အဓိက တရားခံ မြောက်ပိုင်းခေါင်းဆောင်များဖြစ်သော ရော်နယ်အောင်နိုင်(ထိုင်း)၊ မျိုးဝင်း (သေဆုံး)၊ သံချောင်း (ထောင်တွင်း) တို့နှင့် တောင်ပိုင်းဗဟို မှ မြောက်ပိုင်း သတ်ဖြတ်မှုကိုလုံးဝတာဝန် ယူသဘောတူခဲ့သည့် ဥက္ကဌ ဒေါက်တာနိုင်အောင်နှင့် ဦးဆောင်ဗဟိုကော်မီတီဝင် များဖြစ်သော ဗဟိုရောက်မြောက်ပိုင်း ကိုယ်စားလှယ် ကိုလှဌေး (ယခုအိန္ဒိယ အေဘီဦးစီး)နှင့်နိုင်အောင် ဖက်ဗဟို ကော်မီတီဝင်များ အနေနှင့်တာဝန်ယူ ဖြေရှင်းရမည် မှာသာဓကထင်းရှားစွာရှိနေပေသည်။

လက်ရှိကိုသံခဲဦးဆောင်နေသောABSDF ဗဟိုကော်မီတီကို ၊ မန္တလေးတွင်ပြု လုပ်မည်ဖြစ်သောအောင်းမေ့ ဘွယ် အခန်းအနားသို့၊ ဝမ်းနည်း ကြောင်သဝဏ်လွှာ အချိန်မှီပို့ပေးရန် တိုက်တွန်းခဲ့သော်လည်း လက်ရှိ ဗဟိုခေါင်းဆောင်များမှ မပို့ပေးဘဲ နေခဲ့ကြသည်၊
အေဘီဗဟိုကော်မီတီထဲတွင်မြောက်ပိုင်းကိစ္စသည် အကြီးအကျယ် မှားယွင်းမှု ဖြစ်သည်ကို လက်ခံကြသူများ ရှိသော်လည်းအဓိက အာဏာချုပ်ကိုင်ထားသူ တချို့က ဒေါက်တာ နိုင်အောင်ဖက် ခြမ်းဗဟိုတွင် သဘောတူပါဝင် ဆုံးဖြတ်ခဲ့ကြသူများ ဖြစ်ခဲ့သဖြင့် မိမိတို့မှားမှန်း သိလျက်လုပ် သင့်သည်ကိုမလုပ် ဘဲအမှားကိုပြင်ရန်သတ္တိမရှိဘဲ မြောက်ပိုင်းကိစ္စ္စကိုမြေမြုပ်သဂြိုင်္ရန် ဆိတ်ဆိတ်နေခဲ့ကြသည်ကို တွေ့ရသည်မှာ ဝမ်းနည်းစရာဖြစ်သည် ။

ကျွနုပ်အနေနှင့်မကဒတကိုသမိုင်းမညစ်စေချင်သည့်စေတနာဖြင့်တိုက်တွန်း ခဲ့သော်ငြားလည်း လက်ရှိမကဒတ ခေါင်းဆောင် တချို့၏ ဒေါက်တာ နိုင်အောင်၏ စားကြွင်း စားကျန်များ စားထားသည့် အပင်းမှ ရုန်းမထွက်နိုင်ဘဲ ကိုယ်ပါ ရောပါမည့် ဘေးမှလွတ်ရန်၊ ကိုနိုင်အောင် မညိုညင်စေရန် မန္တလေး အထိမ်းအမှတ်ပွဲကိုစာ ထုတ်ပြန် ပေးရေး မလုပ်ဘဲ ပျက်ကွက်ခဲ့ကြလေသည်။

မြောက်ပိုင်းကိစ္စကိုဆန်းစစ်လျှင်-
၁။ မြောက်ပိုင်းခေါင်းဆောင်အမည်ခံရာဇဝတ်ကောင်များဖြစ်သော ရော်နယ်အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း တို့သည်တရားခံများ၊ တာဝန်အရှိဆုံးသူများဖြစ်ကြောင်းမီးမောင်းထိုးပြထားသည်။

၂။ နိုင်အောင်ဗဟိုမှထုတ်သည့်စာတွင်အတိအလင်းမြောက်ပိုင်း လုပ်ရပ်ကိုထောက်ခံ အတည့်ပြု ထားခဲ့ပြီး၊ အတွင်းရေးမှူး ကိုအောင်ထူးမှ ထိုသူများသည် သူလျှိများဖြစ်ကြောင်း လုံးဝတာဝန်ယူကြောင်း လက်မှတ်ရေး ထုတ် ပြန်ခဲ့သည်။

၃။ ထို့အပြင်ဒေါက်တာနိုင်အောင်ကိုသန်းဝင်းကိုပေးပို့သည့်အီးမေးတွင်ကိုမိုးသီးကနှစ်ခြမ်းမကွဲခင်သူလျှိများကို သတ်မိန့်ပေးခဲ့သည့်အထောက်အထားရှိသည်ဟုဆိုသည်။

(က) သို့ရာတွင်ယနေ့အထိထိုအထောက်အထားကို၊ ကိုနိုင်အောင်မှထုတ်ပြန်ပေးခြင်းမရှိချေ။

(ခ) မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုသည်မိုးသီး-နိုင်အောင်နှစ်ခြမ်းကွဲသည့်အချိန် အထိ မဖြစ်သေး၊ နှစ်ခြမ်းကွဲစဉ်၊ မြောက်ပိုင်း ကိုယ်စားလှယ် ကိုလှဌေးက မြောက်ပိုင်းသည် ကိုနိုင်အောင်ဖက်ခြမ်းတွင် ပြတ်ပြတ်သားသား ရပ်တည်ကြောင်း ကြေငြာပြီး ကိုနိုင်အောင်တို့ဖက်သို့ ပူးပေါင်းသွား ခဲ့သည်။

(ဂ) ကိုနိုင်အောင်မြောက်ပိုင်းသို့ကချင်ကျော်ကျော်တို့နှင့်သွားရောက်ြ့ပီးမြောက်ပိုင်းထောက်ခံမှုကိုရယူအောင်ပွဲ ခံခဲ့သည့် အချိန်အထိ၊ မြောက်ပိုင်း တွင်လူသတ်မှု မဖြစ်သေး။

(ဃ) ကိုနိုင်အောင်ကိုယ်တိုင်ကိုယ်ကျအကျဉ်းသားများကိုစစ်ဆေးပြီးတချို့ကိုကိုယ်ထိ လက်ရောက် ရိုက်နှက် စစ်ဆေးသွားခဲ့သည် ကိုလွတ်လာ သူများ၏ တိကျခိုင်လုံသော ထွက်ချက်ရှိနေခဲ့သည်။

(င) ကိုနိုင်အောင်တို့နှင့်တူပါလာသောကချင်ကျော်ကျော်က ၊ကိုနိုင်အောင်တို့ ပြန်သည့်အခါ ကချင်တွင် ကျန်ခဲ့ပြီး သေဒါဏ် ကျခံရသူများထဲတွင် ပါဝင်နေသည့် နန်းခင်ထွေးကြည်ကို သေဒါဏ်ချမှတ်ထားခြင်း အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့သဖြင့် နန်းခင်ထွေးကြည် သေဒါဏ်မှ လက်မတင်လေး လွတ်မြောက်သွားခဲ့ရပြီး အဖြစ်မှန်များကို ထုတ်ဖေါ်ခွင့်ရခဲ့ခြင်း ဖြစ်သဖြင့် ကချင်ကျော်ကျော်ကို ကျေးဇူးတင် ရပေသည်။

(စ) မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ ကိုမိုးသီးဖက်ခြမ်းမှလူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်ကြောင်း ဗြောင်စာထုတ် ခဲ့ခြင်းသက်သေ ခိုင်လုံစွာရှိနေခဲ့သည်ကို အားလုံး သိရှိဖတ်ရှုပြီးဖြစ်သည်။
ထိုကြောင့်မိုးသီးဖက်ခြမ်းသည်မြောက် ပိုင်းလူသတ်မှုနှင့်မပတ်သက်ကြောင်းသိနိုင်သည်။

ကျွနုပ်သည် ကိုနိုင်အောင်အုပ်စု၊ ကိုမိုးသီးအုပ်စု ဘယ်အုပ်စုကိုမှဘက်လိုက်မည်မဟုတ်၊
ကျွနုပ်စိတ်ဝင်စား သည်မှာ ကိုယ်စတင်၍နေ့မအိပ်ညမအိပ်ပျိုးထောင် ပေးခဲ့သောမကဒတ ကျောင်းသား တပ်မတော်ကြီးကိုခုတုံး လုပ်ခါ ကိုယ်နေရာ ရရေး၊
အာဏာရရေးတို့ကို အဆင်ချင်တုံတရားမရှိဘဲသွေးစွန်းထင်း စေခဲ့သူများကိုဖေါ်ထုတ် ပြီးအရေးယူနိုင်ရေး၊
အနာဂါတ်မြန်မာ့နိုင်ငံရေးတွင်ဝင်မရှုပ်နိုင်ရေးတို့ကိုသာရည်ရွယ်ပါသည်။
ဘယ်သူ့ကိုသာစေဘယ်သူ့ကိုနာစေမရှိပါ။

ရန်ကုန်တွင်မြောက်ပိုင်းအောင်းမေ့ခြင်းအခမ်းအနားသို့မင်းကိုနိုင်တို့၈၈မျိုးဆက်များတက်ရောက် အားပေးခဲ့သလို၊ ဖေဖေါ်ဝါရီ ၁၂ ရက် မန္တလေးတွင်ပြုလုပ်သော အခမ်းအနားသို့ ကိုမြအေးနှင့် ၈၈မျိုးဆက်များ တကူးတက တက်ရောက်ပြီးကိုမြအေးမှ “ ကိုထွန်းအောင်ကျော်နဲ့ ကိုမောင်မောင်ကြွယ် တို့ဟာ ကျောင်းသားတွေဖြစ်တယ် ဆို တာကျွန်တော့အသက်နဲ့ထပ်ပြီးအာမခံရဲပါတယ်” လို့ပြောတာကိုကြည့်ရင် မြောက်ပိုင်းကိစ္စဟာ ကျောင်းသားတွေ ကသူလျှိုတွေကို သတ်တာ မဟုတ်ဘဲ၊ သူလျှိုတွေအာဏာရူးတွေက ကျောင်းသားတွေကိုသတ်တာ လိုဖြစ်နေတာ ကိုတွေ့ရမှာဖြစ်တယ်။

လက်ရှိABSDF ဗဟိုမှာမသန်ရှင်းတဲ့သူတွေပါနေတယ်၊ မြောက်ပိုင်းအောင်းမေ့ဘွယ် အထိမ်းအမှတ်ပွဲကို ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ရမှာ ကိုလက်တွန့်နေတဲ့ ဗဟိုကော်မီတီဟာအမဲစက် စွန်းနေတာကို ဆေးကြောဘို့မ လုပ်ဘဲနွံ့ထဲကို ထပ်နှစ်လိုက်သလို ခံစားရတယ်၊
အောက်ခြေရဲဘော်တွေကိုမကြည့်ဘဲ၊ ငါတို့လုပ်ချင်တာလုပ် မယ်ဘယ်သူ့မှဂရုမစိုက်ဘူး၊
အဖွဲ့အစည်းနံမည်ပျက်ချင်ပျက်ပစေ၊ ငါတို့မှားခဲ့တာ၊ငါ့ဆရာတွေမှားခဲ့တာမပေါ် အောင်ဖုံးမယ်ဆိုတဲ့ တပါးကျွန်စိတ်ဓါတ်ဟာ မဆလ၊ နဝတ တပ်တွေမှာရှိသလို ဒီမိုကရေစီရေး တိုက်ပွဲဝင်နေ တယ်ဆိုတဲ့ မကဒတထဲမှာလဲ ရှိနေတာဝမ်းနည်းစွာ တွေ့နေရပြီ။

ဒါကြောင့်မကဒတကနေမြောက်ပိုင်းကိစ္စကို စုံ စမ်းဘို့ကော်မီရှင်ဖွဲ့တယ်ဆိုတာလဲ၊
ဒေါသထွက်နေတဲ့ပြည်သူတွေကိုခေတ္တငြိမ်ဆေးများကြွေးပြီးနှစ်သိမ့်လိုက် သလားလို့သံသယရှိတယ်။

တချို့က ABSDF ကိုတိုက်ခိုက်ဘို့မြောက်ပိုင်းကိစ္စကိုဘန်းပြနေတာ၊ ABSDF ကိုဖျက်သိမ်းဖို့တောင် ပြောလာကြ ပြီဆိုပြီး ညာသံပေး ဒီလိုဖေါ်ထုတ်မှုကို မလိုလားအပ်ဘူး၊ အချိန်မကျသေးဘူး ဆိုပြီး၊ ABSDF နဲ့ အဖြစ်မှန်ဖေါ်ထုတ် ရေးကို ရင်နာလွန်းလို့ ကြိုးစားနေတဲ့သူတွေနဲ့ လှည့်ရန်တိုက်ပေးဘို့ အကွက်ဆင် လာကြတယ်။

အဲဒီလိုအော်နေ ကြသူတွေကိုကြည့်လိုက်တော့ကိုနိုင်အောင့်တပည့်တပန်းတွေ ဖြစ်နေတာကို တွေ့ရတော့ သိပ်မအံ့သြမိပါဘူး

အဖွဲ့နဲ့ပေးအပ် ထားတဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးပြစ်မှု ကျူးလွန်သူတွေကို ဖေါ်ထုတ်နေတဲ့သူတယောက် အနေနဲ့တခု အာမခံနိုင် တာက ငါဟာABSDF ကိုပျက်အောင် လုပ်နေတာမဟုတ်ဘူး၊
ကိုယ့်ရဲ့ဥာဏ်စွမ်းရှိသမျှ နဲ့တတ်နိုင်သမျှ ကြိုးစားကာကွယ်ပေးနေတာဖြစ်တယ်၊
လက်ရှိဗဟိုကော်မီတီရဲ့ဦးဆောင်မှုမကောင်း ရင် ငါတို့ဘယ်လောက် အားပေးအားပေးပျက်မှာဘဲ၊
ဗဟိုအနေနဲ့အမှန်တရားကိုကြောခိုင်း၊ ပြည်သူတွေရဲဘော် တွေရဲ့လိုလားချက်တွေ ကိုမျက်ကွယ်ပြု၊ လုပ်သင့်တာကိုသတ္တိရှိရှိမလုပ်ဘဲ တွေဝေနေရင် ပြည်သူက ကြောခိုင်း တာကိုခံရမှာဘဲ။

ABSDF ဗဟိုမှာသဝဏ်လွှာပို့ဘို့ကိစ္စကိုဘာကြောင့်မလုပ်တာလဲ? ဘယ်သူ့မှာတာဝန်ရှိလဲ? သိရရင်သိပ်ကောင်းမယ်၊
အခုသမိုင်းဆေးတဲ့အချိန်ရောက်ပြီ၊ ဘယ်သူကသန့်ရှင်းကြောင်းစစ်တမ်းထုတ်ဖို့လိုပြီ။


(ထွန်းအောင်ကျော်-USA)

----------------------------------------------------------------

"နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) မှ ကောက်နုတ်ချက်တချို့ ပြန်လည် ဖော်ပြလိုက်ပါတယ်။"(ဟစ်တိုင်)

”၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံ ရသည့် (၁၅) ဦး”

(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) -
(အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ-) သူမ၏ တောင်းဆိုမှုအရ သံချောင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း( ရန်ကုန်)
( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ ”မင်းဘာတတ်နိုင်သေးလဲ ” ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့ ။)

(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)

(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၈) ရဲဘော်ရန်အောင်( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

၁၂) ရဲဘော် အေးမြင့်( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိ (နန်းအောင်ထွေးကြည်)နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး- ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။

သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သံချောင်း မှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။

ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ် သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။

လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။

”ကြေငြာခြင်းမရှိဘဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး။”

(၁) ကိုကျော်ဝေ ( မန္တလေး) –

စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။
ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး)

၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ- စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသ ခံယူရသည်။ KIA မှ-” စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း” ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှုကို ၊ သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည် ” ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။

မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ ”တွေ့သည့်နေရာ ခုတ်သတ်ဖို့ ”အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ- တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ ”မည်သို့မည်ပုံ စိုးဝင်းသန်း ပျောက်ဆုံးကြောင်း” သတင်းရယူသည်။

သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်း မဟုတ်ဘဲ ရောဂါပျောက်ကင်းသဖြင့်- ABSDF ကျောင်းသားများ လာခေါ်မည်ကို စောင့်ဆိုင်းနေသည်။

သို့သော်လည်း- မျိုးဝင်းမှ “ ငါ သေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် ၊ တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ..” ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။

(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ- ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ-” မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက၊ ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး၊ အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်”ဟု ကတိပေးသဖြင့် ၊ မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)

(၃) ဝင်းနောင် ( ရန်ကုန်)

၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်။

(၄) ရန်ရှင်း

( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်။)

(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး)

( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည်။)

”လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး”

(၁) ရဲဘော် စိုးမင်းအောင်

(၂) ဗဟိုကော်မတီဝင် ဦးစိန် ( ရန်ကုန်)

(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)

(၄) ရဲဘော် အေးကျော်

(၅) ရဲဘော် ကျော်ဋ္ဌေး

(၆) ရဲဘော်ကျော်ကျော်ဦး

(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)

(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)

(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)

(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)

(၁၁) အောင်မင်း ( မန္တလေး)

(၁၂) အရှည်ကြီး ဝင်းသိန်း

(၁၃) ရဲဘော် စိုးကြီး

(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

”စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄) ဦး။”

( ၁) ညီညီကျော် ( မန္တလေး)

(၂) ရဲဘော် သက်တင် ( ဗန်းမော်)

(၃) ဂမ်လီ ( လဇွန် ဂမ်လီ)

(၄) စိုးကြိုင်

မျိုးဝင်း ၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး။

( ၁ ) တပ်ကြပ်ကြီး ခင်မောင်ဇော် ( မန္တလေး ) ဗဟို စစ်ရုံးတာဝန်ခံ

(၂) ရဲဘော် မိုးဇော်ထွန်း (ခ) မိုးကြီး ( ရန်ကုန်)

(၃) ရဲမေ သင်းသင်းညီ ( ရန်ကုန်)

ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၊ ၁၉.၂. ၁၉၉၂ တွင် မိဘများထံ စာရေးခေါ်သောကြောင့် ၊ မိဘများ ABSDF( မြောက်ပိုင်း) သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား -”မိဘများ လာရောက်ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ” ကတိကို ABSDF(NB) ခေါင်းဆောင်များက ကတိဖျက်ခဲ့ပြီး” မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော် မိဘများအားတောတွင်း တွင် ခေါ်ဆောင်ထားမည် ” ဟု အကြပ်ကိုင်သဖြင့် မိမိတို့မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။ မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည် ”ဟု ပြောခဲ့ပါသည်။

ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက် စုံထောက်ပြီး လက်အုပ်မိုးကာ ကျောင်းသားခေါင်းဆောင်များအား ရှိခိုး ငိုယိုတောင်းပန်ကာ- ”မိမိတို့ (၇)ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေးရန် ”ပြောဆို ပန်ကြားခဲ့ပါသည်။ မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်ခဲ့သူ (၇) ဦးမှာ-

(၁) ရဲမေ နန်းအောင်ထွေးကြည် ( ရန်ကုန်)

(၂) ရဲဘော် ဝဏ္ဏဇော် ( ရန်ကုန်)

(၃) ခရိုင်မှူး ရဲလင်း (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။)

(၄) ရဲဘော် မိုးကျော်သူ (ခ) ဘိုဘို ( ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒစ် ၂၁ နှစ် ချမှတ်ခဲ့သည်။)

(၅) ရဲဘော် ညီညီအောင် (ခ) ဒိုဇာ ( ပဲခူး)

(၆) ကိုညီညီ ( မန္တလေး)

(၇) ရဲဘော်ကျော်နိုင်ဦး (ခ) ကြောင် ( သာယာဝတီ)

မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ -ထောင်အတွင်းတွင် ကျန်ရှိနေသော ကျောင်းသား (၅၆) ဦး ထောင်ဖောက် ထွက်ပြေး လွတ်မြောက်သွားကြသည်။ ထို ညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီး တို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦး ထောင်ဖောက်ပြေးမှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော ထောင်မှူး လှမျိုးအောင် အပါအဝင်၊ ကျောင်းသား (၃) ဦးအား တာဝန်ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။

ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အားစုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊ မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။

တပ်ရင်းများအတွက် လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF ( မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တိုးမြှင့်ရယူလိုက်သော အောင်နိုင် ( ယ္ခု - ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘောတူညီမှု၊ ဦးဆောင်ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင် နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီး ABSDF ( မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက်ရောက်ခိုင်းပြီး ကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန်ထမ်းဆောင်စေခဲ့သည်။

မှတ်မိသလောက်ဆိုလျှင်- ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ ( ၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။

နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊ အောင်နိုင် နှင့် မြင့်စိုး (ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင် ဝမ်းစာရှာ စားသောက်နေသော အရပ်သား လူငယ်လူရွယ်များအား လက်နက်ပြ ဖမ်းဆီးပြီး ABSDF ( မြောက်ပိုင်း) ကျောင်းသားတပ်မတော်၏ အင်အားအဖြစ် ဖြည့်ဆည်းခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့် အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။

(နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) မှ ကောက်နုတ်ချက်တချို့ ဖြစ်ပါတယ်။) (ဟစ်တိုင်)

1 Jun 2012

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ”( အပိုင်း ၇+၈) (အောင်မိုးဝင်း )

"ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့တကွ ရဲဘော်ရဲဘက်များ၏ နှစ်(၂၀)မြောက်နေ့သို့ ဖိတ်ကြားစာများနှင့် ပေးပို့သော သ၀ဏ်လွှာ"
"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း ၇+၈) (အောင်မိုးဝင်း )"feb5,12
"မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့်ပတ်သက်ပြီး ကျောင်းသားတပ်မတော် ဥက္ကဌ(ဒေါက်တာနိုင်အောင်)၏ ၁၉၉၂ခုနှစ် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ (Dr .Naing Aung.1992)"
"မြန်မာစစ်ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော (၁၅) ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး- ABSDF မှ သဘောထားထုတ်ပြန် ကြေငြာချက်(ABSDF led by Moe Thee Zune.1992)"

အမှတ်တရ ကဏ္ဍ

”ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့တကွ ရဲဘော်ရဲဘက်များ၏ နှစ်(၂၀)မြောက်နေ့သို့ ဖိတ်ကြားစာများ”

ရန်ကုန်မှာ ၂နေရာ+မန်းလေး+အင်္ဂလန်+အမေရိက တို့မှာ ကျင်းပကြမယ့် အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်ကြပါရန် ဖိတ်ကြားခြင်း။

”ရန်ကုန်၊အလုံမြို့နယ်မှာ ၂လပိုင်း ၁၀ရက်နေ့ သောကြာနေ့မှာ ကျင်းပမယ့် ဖိတ်စာ။ ”



----------------------------------------------------------------------------

”ဖေဖော်ဝါရီ၁၃ရက် တနင်္လာနေ့မှာ ၊ရန်ကုန်-ဗဟန်းမြို့နယ်မှာ ကျင်းပကြမယ့် ဖိတ်စာ။”



"အေဘီမြောက်ပိုင်းတွင် လုပ်ကြံခံရသူ ကျောင်းသား၊ လူငယ်များ ရည်စူးသည့် ရန်ကုန်မြို့၊ ပဏ္ဏိတာရာမ ရွှေတောင်ကုန်းရိပ်သာ ဆွမ်းကျွေးပွဲဖိတ်စာ"

ABSDF မြောက်ပိုင်းမှာ တပ်ဖွဲ့ဝင် အချင်းချင်း မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသား ကိုထွန်းအောင်ကျော် (Mandalay)နှင့်တကွ အကြွေစောခဲ့ရှာသော ကျောင်းသားအားလုံးကို ရည်စူးပြီး ရေစက်ချ ကုသိုလ်ပွဲကို February 13, 2012 မှာ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ၊ အမှတ်- ၈၀(က) သံလွင်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်၊ ကျဆုံးသွားသူတို့အတွက် ထိုက်တန်တဲ့ ကုသိုလ်ပြု အမျှပေး ဆုတောင်းပွဲ ဖြစ်ပါတယ်။

ပြည်တွင်းနိုင်ငံရေး အခြေအနေများကြောင့် ABSDF (north camp ) မှာ ၁၉၉၂ ခုနှစ်က ကျဆုံး (မတရား စွပ်စွဲ သတ်ဖြတ်ခံရ) သွားသူတို့အတွက် သူတို့၏ မိဘများဆွေမျိုးများသည် သူတို့၏သားသမီးများအတွက် လွတ်လပ်စွာ အမျှဝေ ကုသိုလ်လုပ်ခွင့် မရခဲ့ရှာပါ။ ဗုဒ္ဓဘာသာ အစဉ်အလာအရ ကျဆုံးသွားသော သူများကို စိတ်ဝယ်ထားပြီး အမျှဝေ ကုသိုလ်ကေါင်းမှု ပြုလုပ်ခြင်းသည် မွန်မြတ်သောအလုပ် ဖြစ်ပါသည်။

ကျဆုံးသွားသော ကျောင်းသားများသည် နှစ် ၂၀ ကြာခဲ့ပြီဖြစ်သော်လည်း သူတို့၏ သတ္တိ၊ ရပ်တည်မှုနှင့် ဂုဏ်သိက္ခာတို့ အတွက် ထိုက်တန်စွာ ဂုဏ်ပြုနိုင်ရန် အလို့ငှာ (၀ိပဿနာတရားကို နေ့နေ့ညည ကျင့်ကြံအားထုတ်နေသော သူတော်စင် ယောဂိများ၏ တရားစခန်းတွင်) ကျဆုံးသွားသူများအား ရည်ရွယ်၍ ဆွမ်းကျွေးအမျှဝေ ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

Date: ဖေဖေါ်ဝါရီလ ၁၃ ရက်၊ တနင်္လာနေ့ မနက် ၁၁ နာရီ၊

Time: 11 AM ဆွမ်းကျွေး၊ 12:15 PM အမျှဝေ

- Place: ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ (ရွေတောင်ကြား)၊ အမှတ်-၈၀ (က)၊ သံလွင်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်: တရားစခန်း (+၉၅၁) ၅၃၅ ၄၄၈။ မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း … Contact: Ma April Oo(+951) 579538 မဧပရယ်ဦး (ရန်ကုန်)။ မိုးအောင် (၆၅၁) ၂၆၁ ၉၂၉၂ USA။ ဒေါ်အေး (347) 393-0848 USA။ ကိုကျော်စွာ (ရန်ကုန်) (၀) ၉၇၃၀၅၃၁၄၀။

--------------------------------------------------------------------------------

မန်းလေးမှာ ၂လပိုင်း ၁၂ရက်နေ့၊ပြည်ထောင်စုနေ့မှာ ကျင်းပကြမယ့် ဖိတ်စာ။



"အေဘီမြောက်ပိုင်းတွင် လုပ်ကြံခံရသူ ကျောင်းသား၊ လူငယ်များ ရည်စူးသည့် မန္တလေးမြို့၊ မြ၀တီမင်းကြီးကျောင်းတိုက် ဆွမ်းကျွေးပွဲဖိတ်စာ"
ရှစ်လေးလုံးနောက်ပိုင်း ကျောင်းသားသမိုင်းမှာ
သဏ္ဍာန်မျိုးစုံနဲ ဖြတ်သန်းခဲ့ကြတဲ့ …
မသေအသက် ဆက်ခဲ့သူများ …
သေဖော်ရဲဖက် လက်တွဲဖက်များ …
တာဝန်တွေတွက် လျှို့ဝှက်ခဲ့သူများ …
စာနာစိတ်ထား လုပ်ဖော်ဖက်များ …
စုစည်းတွေ့ ဆုံလို့  …..

ရက်ရက်စက်စက် အသက်ကိုစွန့် ခဲ့ကြတဲ့
ကျောင်းသားတို့ရဲ့ သူရဲကောင်းသရုပ်ကို
အမှန်တရားနဲ့ ဖော်ဆိုကြမယ်
ကုသိုလ်မျှဝေ ကျွတ်လွတ်စေကြမယ်
မှတ်တမ်းပြုချီ ထိမ်းမှတ်တည်စေကြမယ်
တည်ကြည်လေးနက် ခံစားချက်နဲ့
အားလုံးပါဝင်စေဖို့ ဆန္ဒပြုဖိတ်ခေါ် ပါရစေ …

မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ
နေ့ ရက်- ၁၂.၂.၂၀၁၂။
အချိန်- နံနက် (၁၀)နာရီ ဆွမ်းကပ်၊ နေ့လည် (၁)နာရီ ။ ဂုဏ်ပြု အခမ်းအနား။
နေရာ- မြဝတီမင်းကြီးကျောင်းတိုက်၊ ဘုံပျံတောရ၊ အမှတ်(၆၂)၊ ပန်းခြံလမ်း၊ စက်မှု(၁)၊ပြည်ကြီးတံခွန်မြို့နယ်-မန္တလေး … ။

သေတွင်းကို ချဉ်းနင်းသူချင်း အချင်းချင်း ဂုဏ်ပြုလိုတယ်။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ … တစ်ဦးချင်းတွေရဲ့ ဖြတ်သန်းမှု၊ မြင့်မြတ်ရဲရင့်မှုတို့ အတွက် အဓိပ္ပါယ်နက်တဲ့ဆုံဆည်းမှု အခုပြုကြမယ်

နှစ်(၂၀)တိုင် စိတ်ခိုင်ခိုင်နဲ့  သေသူများရဲ့ ကိုယ်စား ရှင်သူများဖြစ်ခဲ့ ကျန်ရစ်တဲ့သူများကို ဖိတ်ခေါ်လိုတယ်။

ဒို့  အထဲမှာနေ သေတာက …

(၁) စည်သူ (စမ်းချောင်း)
(၂) စမ်းမြင့်ကိုကို(ပျဉ်ပုံကြီး)
(၃) အောင်ဝင်း(မြစ်ကြီးနား)
(၄) သိန်းနိုင်ချို(မန္တလေး)
(၅) ကျော်ကျော်ဦး(မုံရွာ)
(၆) စံလွင်လေး(အမရပူရ) ထောင်မှလွတ်ပြီး မကြာခင်သေဆုံး
(၇) ရာပြည့်(ခ) ခင်မောင်ထွန်း အိုးဘိုထောင်အတွင်းသေဆုံး

အဝေးရောက်သွား ရေမြေခြားက- (ပြည်ပ)

(၁) မငယ်(ခ)နန်းအောင်ထွေးကြည် (ကမာရွတ်၊ရန်ကုန်)
(၂) ထင်လင်းအောင် (သထုံ)
(၃) ထိန်လင်း (အင်္ဂပူ/ဧရာဝတီတိုင်း)
(၄)ဖိုးကျော်(ခ)ကျော်ဝင်းဆွေ (စမ်းချောင်း၊ရန်ကုန်)
(၅)နန်စော (ဗန်းမော်)

ကျန်နေသူများ က (ပြည်တွင်း)

ရင်း(၄၀၁)မှ
(၁) ကျော်စွာဝင်းမောင် (ရန်ကုန်)
(၂) တိုးကြည် (ဒေါပုံ၊ရန်ကုန်)
(၃) ဝဏ္ဏဇော် (ရန်ကုန်)
(၄) ပိပိ(ခ)တင်လွှမ်းမိုး(ရန်ကုန်)
(၅) ဇော်မိုး (ရန်ကုန်)

ရင်း(၅၀၁)မှ
(၆) သိန်းထွန်း (ကျောင်းကုန်း/ရန်ကုန်)
(၇) ကျော်မျိုး (သထုံ)
(၈) နိုင်လင်း (သထုံ)
(၉) လှဝေ (သထုံ)
(၁၀) မောင်မောငေ (ဒလ)
(၁၁) အောင်နိုင် (သနပ်ပင်)

ရင်း(၇၀၁)မှ
(၁၂) ညီညီကျော် (မန္တလေး)
(၁၃) ညီညီ (မန္တလေး)
(၁၄) ဂျိုးဖြူ(ခ)နိုင်ဝင်းအောင်(မန္တလေး)
(၁၅) ခိုဖြူ(ခ)ခင်မောင်ဇော် (မန္တလး)
(၁၆) ကိုဇင်(ခ)ကျော်ဆန်းဦး (မန္တလေး)
(၁၇) မန္တလာထိန်လင်း(ခ)လွင်မင်းသန့်  (မန္တလေး)
(၁၈) စိုးလွင် (မန္တလေး)
(၁၉) ရဲလင်း (ရန်ကုန်)
(၂၀) ဘိုဘို(ခ)မိုးကျော်သူ (စမ်းချောင်း၊ရန်ကုန်)
(၂၁) မိုးကြီး(ခ)မိုးဇော်ထွန်း (ရန်ကုန်)
(၂၂) မြင့်ဇော်ဝင်း (ရန်ကုန်)
(၂၃) သင်းသင်းညီ (ရန်ကုန်)
(၂၄) ကိုကြောင်(ခ)ကျော်နိုင်ဦး (သာယာဝတီ)
(၂၅) ရိုဇာ(ခ)ညီညီအောင်( ပဲခူး)
(၂၆) ကျော်ဦး(ခ)အောင်ကျော်ဦး (ရန်ကုန်/ပဲခူး)
(၂၇) ဒဿ(ခ)မောင်မောင်ခင် (ကသာ/ဘုတလင်)
(၂၈) ကျော်ဇင်ထွန်း (ကသာ)
(၂၉) ဖိုးဆန်း(ခ)ဆန်းဝင်း (ကသာ)
(၃၀) သက်တင် (ဗန်းမော်/ရန်ကုန်)
(၃၁) ဂမ်မလီ (ဗန်းမော်)
(၃၂) စိုးကြိုင် (ကျွန်းကြီး၊ဗန်းမော်)
(၃၃) ဥတည်ဘွား(ခ)ကျော်သိန်း (ကျွန်းကြီး၊ဗန်းမော်)
(၃၄) စိုးလေး(ခ)စိုးဝင်းထွန်း (အင်းတော်/ပွင့်ဖြူ)
(၃၅) ဘိုတောက်(ခ)ထွန်လင်းစိုး (အင်းတော်/ )
(၃၆) စံမျိုးအောင် (အင်းတော်)
(၃၇) နိုင်အောင်(ခ)ဌေးမြင့်သိန်း (မိုးကုတ်)
(၃၈) မတူးတူး (မိုးညှင်း)
(၃၉) ရုက္ခစိုး(ခ)စိုးမိုး (မိုးညှင်း/ )
(၄၀) အီနွတ်(ခ)သန့် ဇင်မိုး (မိုးညှင်း)
(၄၁) ကိုမျိုး (နမ့်ဆော်လော်/နမ္မား)
(၄၂) ဝင်းနိုင်စိုး (နမ္မား)
(၄၃) အောင်အောင် (နမ္မား)
(၄၄) တာကော(ခ)ထွန်းဇံ (မြစ်ကြီးနား)
(၄၅) ပေါ်ဦး (မုံရွာ)
(၄၆) မြင့်ဇော် (မုံရွာ)
(၄၇) အောင်မွန် (မုံရွာ)
(၄ဂ) စိန်ဂေါ်လီ(ခ)မျိုးဇော်အောင် (ကန့် ဘလူ)
(၄၉) စွေစောင်း(ခ)ဝင်းမြင့် (ထန်းတပင်၊ဇီးကုန်း)
(၅၀) ဘောတလုံး(ခ)ကျော်ကျော်နိုင် (ကာဘိုး)
(၅၁) OK(ခ)အုန်းကြိုင် (မန္တလေး/ဇီးကုန်း)
(၅၂) ခင်မောင်ကြည် (အထက်မင်းလှ)
(၅၃) ကံမြင့်ဦး (လယ်ဝေး)
(၅၄) ထွန်းဦးခိုင် (ရွှေဘို)
(၅၅) ဇော်ထွန်း (ကျောက်မြောင်း)

ရင်း(၇၀၂)မှ-
(၅၆) မြင့်သိန်း(ဘာဘူ) (ကသာ/မန္တလေး)
(၅၇) ညီညီနိုင် (ဂန့် ဂေါ)
(၅ဂ) ဟန်ဝင်းအောင် (ကာဘိုး/မန္တလေး)

ABSDF(ဗဟို)မှ လွတ်မြောက်
(၅၉)စိုးလင်း (မန္တလေး)

အားလုံး စုံစေချင်ပါတယ်၊ ဆက်သွယ်ပါ။
ညီညီကျော်(ဖုန်း-၀၉၉၁၀၁၈၇၅၃)နဲ့ နီးစပ်ရာသူငယ်ချင်းများကိုပေါ့။

---------------------------------------------------------------------------------
”အင်္ဂလန်နိုင်ငံမှာ ၂လပိုင်း ၁၂ရက် (ပြည်ထောင်စုနေ့)မှာ ကျင်းပမယ့် ဖိတ်စာ။”


--------------------------------------------------------------------------------------------
”အမေရိကမှာ လုပ်မယ့်ပွဲ ဖိတ်ကြားချက်။”



တော်လှန်ရေးတာဝန်ကိုထမ်းဆောင်ရင်း အကြောင်းမလှစွာကျဆုံးခဲ့ရသော မကဒတမြောက် ပိုင်းဥက္ကဌကိုထွန်းအောင်ကျော်နှင့်ရဲဘော်ရဲဘက်များ၊ မကဒတတောင်ပိုင်းမှဗဟိုကော်မီတီဝင် ကိုဌေးနိုင်နှင့်ရဲဘော်အောင်သူတို့အားရည်စူး၍ -အမှတ်တရ အောက်မေ့ဘွယ်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်းကျင်းပရန်ရှိပါ၍ စိတ်ဝင်စားသူမည်သူမဆို တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်ခင်ဗျား၊

ကျင်းပမည့်နေ့ရက်။ ဖေဖေါ်ဝါရိလ(၁၂)ရက်၊တနင်္ဂံနွေနေ့
အချိန် နံနက်(၁၁)နာရီမှနေခင်း(၃)နာရီအထိ
နေရာ 2424 Lake Ave, Fort Wayne, IN 46805
ဆက်သွယ်ရန်

ကိုကိုဦး 260-443-2087
ကိုပြည်ကြီး 260-385-8900
ကိုဇော်ဇော် 260-479-9188
ကိုချစ်ဘွယ် 260-745-1833
-------------------------------------------------------

”ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့တကွ ရဲဘော်ရဲဘက်များ၏ နှစ်(၂၀)မြောက်နေ့သို့ ပေးပို့သော သ၀ဏ်လွှာ”

သက္ကရာဇ် ၂၀၁၂ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ကြရသော ကျောင်းသား ခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့တကွ ရဲဘော်ရဲဘက်များအား ရည်စူး၍ ကျနော်တို့မှ လေးနက်တည်ကြည်စွာ အောက်ပါ သဘောထားကို ထုတ်ပြန်ကြေငြာအပ်ပါသည်၊

အို..ရဲဘော်တို့

ဖေဖေါ်ဝါရီလ-၁၂-ရက်နေ့ဆိုလျှင် ငါတို့အားလုံးအတွက် လုံးဝမေ့လို့မရနိုင်သော အလွန်တရာ မှ ၀မ်းနည်းဘွယ်ရာ ကောင်းသောနေ့ တစ်နေ့ဖြစ်ခဲ့လေပြီ၊ သက္ကရာဇ် ၂၀၁၂ခုနှစ်ဆိုလျှင် မင်းတို့တတွေ ကျဆုံးခဲ့ရသည်မှာ နှစ်ပေါင်းနှစ်ဆယ်သို့ပင် တိုင်ခဲ့ပြီးဖြစ်သော်လည်း သင်တို့၏ ဂုဏ်သိက္ခာမှာ ယနေ့ထက်ထိတိုင် တောက်ပြောင်နေဆဲ ရှိနေတယ်ဆိုတာ ငါတို့အားလုံး တညီ တညွတ်တည်း အသိအမှတ်ပြုသလို မည်သူကမှလည်း ငြင်းကွယ်နိုင်မည်မဟုတ်ပါ၊

မင်းတို့ရဲ့ တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်တွေကို ငါတို့နှင့်တကွ ပြည်သူပြည်သားတွေအားလုံးက လည်း အမြဲတန်း အမှတ်ရ ဂုဏ်ယူနေဦးမည်ဖြစ်သလို မင်းတို့ကျဆုံးခဲ့ရသည့် အဖြစ်အပျက်ကိုလည်း စစ်မှန်သော တော်လှန်ရေးသမားများ ကျဆုံးသလို မှတ်ကျောက်တင်ထားရှိပြီးဖြစ်သည်၊

အို..ရဲဘော်သူငယ်ချင်းအပေါင်းတို့၊

မင်းတို့တတွေ ကျဆုံးခဲ့လေပြီဖြစ်သော်လည်း မင်းတို့၏ သမိုင်းသည် ငါ့တို့နဲ့အတူ ဆက်လက်ရှင်သန်နေဦးမည်ဖြစ်ပါသည်၊မြင့်မြတ်သော မင်းတို့၏ နှလုံးသားနဲ့အတူ တော်လှန်ရေးကို ချစ်မြတ်နိုးသည့် မွန်မြတ်သည့် မင်းတို့၏စိတ်ဓါတ်ကိုလည်း ငါတို့ ဘယ်သောအခါမှ မေ့နိုင်လိမ့်မည်မဟုတ်ပါ၊

ကျဆုံးလေပြီးဖြစ်သော မင်းတို့အတွက် သမိုင်းဝင်မှတ်ကျောက်တင်ရန်အတွက် ငါတို့အားလုံး ရင် ထဲမှ လှိုက်လှိုက်လှဲလှဲပြောလိုသည်မှာ -
“မင်းတို့ဟာ ကျောင်းသားအစစ်အမှန်ဖြစ်တယ်၊”
“တော်လှန်ရေးကို ချစ်မြတ်နိုးသူ အစစ်အမှန်ဖြစ်တယ်၊”
“စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်သူတွေဖြစ်တယ်၊”

ဒါကြောင့် မင်းတို့တစ်ဦးချင်းစီရဲ့ စွန့်လွှတ်စွန့်စားမှုတွေအားလုံးကို မြင့်မြတ်သော တော်လှန်ရေး တပ်ဦး၏ စွန့်လွှတ်စွန့်စားမှုတွေအဖြစ် ကဗ္ဗည်းတင်ထားရှိမည်ဖြစ်သလို မင်းတို့တစ်ဦးချင်းစီ၏ ကျဆုံးခဲ့ရမှုကိုလည်း မြင့်မြတ်သော တော်လှန်ရေးသမားတစ်ဦး ကျဆုံးမှုအဖြစ် မှတ်တမ်းတင် ထားရှိမည်ဖြစ်သည်၊

လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း သူရဲဘောကြောင်သော လူရမ်းကားတစ်စု၏ လက်ချက် ကြောင့် စစ်မှန်သောတော်လှန်ရေးသမားများ ကျဆုံးခဲ့ရသည့်အတွက် အထူးပင် ၀မ်းနည်း ကြေကွဲရသလို ဂိုဏ်းဂဏဆန်သော သူတို့၏ လုပ်ရပ်များကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ပြီး ရက်စက်စွာ ပြုမူခဲ့သူတို့ကိုလည်း တရားဥပဒေ ရှေ့မှောက် အမြန်ဆုံး ရောက်ရှိနိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်သည်၊ အမှန်တရားကို လိုလားသူတွေ၊ လူ့အခွင့်အရေးကို ချစ်မြတ်နိုးသူတွေ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတွေအားလုံး မင်းတို့နဲ့အတူ ထပ်တူထပ်မျှူ ရှိနေမည်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး၊

လွဲမှားသော အတွေးအခေါ်ကို ကျင့်သုံးပြီး မင်းမဲ့စရိုက်ဆန်သော လူတစ်စုလုပ်ရပ်အတွက် ငါတို့ ရဲ့ မြင့်မြတ်သော တော်လှန်ရေးသမိုင်းကို အစွန်းအထင်း မခံနိုင်ပါ၊ ထိုသူတို့ကား တော်လှန်ရေး နယ်မြေထဲသို့ ရောက်လာခဲ့ကြသော တော်လှန်ရေးသမားများ မဟုတ်၊ အမှန်စင်စစ် ၎င်းတို့သည် တော်လှန်ရေးကို ဖြိုခွဲသူ ပဉ္စမံတပ်သား၊ လူရမ်းကားများသာလျှင်ဖြစ်သည်။

၎င်းတို့သည် ၄င်းတို့နှင့်ထိုက်တန်သည့် တရားဥပဒေ၏ အဆုံးအဖြတ်ကို ကျခံလိုက်နာရုံမှတပါး အခြားမရှိပါ၊လူဆိုးလူမိုက်လူရမ်းကားများကို ယဉ်ကျေးသောလူ့အဖွဲ့အစည်းက မည်သို့မှလက် သင့်ခံလိမ့်မည် မဟုတ်ပါ၊

ငါတို့အနေနဲ့နောက်ဆုံးပြောလိုသည်မှာ ကျဆုံးလေပြီးသော မင်းတို့၏၀ိညာဉ်နဲ့အတူ မင်းတို့ အထူးတလည် လိုလားသော ၊မြတ်နိုးသော၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေးအတွက် ဆက်လက်တိုက်ဝင်သွားမည်ဖြစ်သလို ၊ ကျန်ရစ်သော မင်းတို့၏ မိဖညီအစ်ကိုမောင်နှမများနဲ့ ထပ်တူ အထူးပင်ကြေကွဲရပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်၊

အို..သူငယ်ချင်း ရဲဘော်အပေါင်းတို့..မင်းတို့ဟာ လူသေသော်လည်း နာမည် မသေခဲ့၊ သမိုင်း မသေခဲ့ပါ၊ မင်းတို့ ၀ိညာဉ်တွေဟာ ငါတို့ရဲ့ ရင်ထဲ အသဲထဲ စွဲဝင်ကိန်းအောင်းခဲ့လေပြီ၊။ ဒီနေ့ဒီရက် ဟာ မင်းတို့အတွက် သမိုင်းလှလှရေးဖို့ မွေးဖွားလိုက်တာဖြစ်တယ်၊ အနာဂတ်ရဲ့သမိုင်းစာမျက် နှာမှာ မင်းတို့ရဲ့မြင့်မြတ်တဲ့ စွန့်လွှတ်ခဲ့မှုတွေအတွက် ငါတို့သမိုင်းသစ်ကို သွေးနဲ့ရေးခဲ့ရပြီဟု ကမ္ဗည်းတင်အပ်ပါသည်…. ရဲဘော်တို့၊

မင်းတို့ အားလုံး ကောင်းရာသုဂတိ လားစေသော်ဝ်။

ဝမ်းနည်းကြေကွဲခြင်းနဲ့အတူ..ရဲရင့်တည်ကြည်စွာဖြင့်-

၁။ ABSDF မြောက်ပိုင်းဖြစ်ရပ်မှန်ဖေါ်ထုတ်ရေးအဖွဲ့။
၂။ နိုင်ငံတကာရောက် ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်ရဲဘက်များ။
၃။ ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ပ)။
၎။ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ။
၅။ လွတ်လပ်သောမြန်မာ့လူ့ဘောင်အဖွဲ့ ။

သက္ကရာဇ် ၂၀၁၂ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့၊

-------------------------------------------------

”မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-)” (အောင်မိုးဝင်း )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-) ကို ရေးနေရင်းက၊ ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ် ဆိုတာ သဘောပေါက်ခဲ့ကြတယ်။ ဒီလိုထည့်ဖို့ရာ အကြောင်းဖန်လာခြင်းရဲ့အဓိကအကြောင်းရင်းကတော့ ကိုမိုးသီးဇွန် ဗဟိုကော်မတီ ရဲ့ ၁၉၉၂ ( မတ်လ) မှာ ထုတ်ဝေခဲ့တဲ့စာတစောင်နဲ့ သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂမှ ရဲဘော်များ နဲ့ မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေချာချာဖတ်စေချင်ပါတယ်။ ကျောင်းသားခေါင်းဆောင်လို့ ကြွေးကြော်နေတဲ့သူတွေဟာ မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီးခံခဲ့ရ၊ အသတ်ခံခဲ့ရတဲ့သူတွေအပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာ သိစေချင်လို့ပါ။

စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့ ဒေါက်တာနိုင်အောင်ရဲ့စာ ဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်အလက် လို့ ပြောလိုက်ချင်ပါတယ်။

”ရှေ့ဆက်ရမယ့်ခရီး”

ကျနော်နဲ့ မအေးအေးစိုးဝင်း တို့နှစ်ယောက် မနေ့ကမှ တေ့တေ့ဆိုင်ဆိုင် ဖုံးစကားပြောဖြစ်ကြတယ်။ သူနဲ့ကျနော်က ဖေ့ဘွတ်ပေါ် မှာသာ တယောက်ရေးတာတယောက် ဆွေးနွေးခဲ့ကြပေမဲ့ လူပုဂ္ဂိုလ်ချင်းအရ အဆက်အသွယ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ကျနော်တို့တတွေ ဖုံးဆက်ဖြစ်ကြတယ်။ ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေအတွက် ကျနော်တို့ကြားမှာ ရှင်းရှင်းလင်းလင်း သွားချင်တာကြောင့် တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြခြင်းဖြစ်တယ်။ မြောက်ပိုင်းဒေသမှ အစုလိုက်အပြုံလိုက် လူသတ်မှုကိစ္စကိုဆွေးနွေးကြတဲ့အခါမှာ အုပ်စုတိုက်ပွဲပုံစံအသွင်ကူးပြောင်းချင်တဲ့၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွန်းရောက်တဲ့ သူတွေအားလုံးကို ရှောင်ပြီး ကျနော်တို့က လုပ်ချင်ပါတယ်။ အုပ်စုတိုက်ပွဲပုံစံနဲ့ချည်းကပ်တဲ့အရာမှန်သမျှဟာ အမှန်တရားကို မရောက်နိုင်ပါဘူး။ ဒါကြောင့် ကျနော်က မအေးအေးစိုးဝင်း ကို ကိုမိုးသီးဇွန်အပေါ် ထားတဲ့သဘောထားတွေကို မေးခဲ့တော့ သူ့အဖြေက ရှင်းပါတယ်။ သူက အမှန်တရားဘက်ကပဲ ရပ်တည်မယ်၊ ဘယ်သူ့လူမှ မဟုတ်ဘူး လို့ ဆိုပါတယ်။

ကိုမိုးသီးဇွန်ရဲ့ သဘောထားတွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ကျနော့်ကို ရှင်းပြပါတယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့လည်း သေသေချာချာမေးမြန်းဖြစ်ပြန်တယ်။ ကိုမိုးသီးဇွန်တို့ ထုတ်ပြနေတဲ့စာဟာ မငယ် ( နန်းအောင်ထွေးကြည်) ဆီက ရခဲ့တာလား။ ကိုယ့်အတွက် အသက်ရှုပေါက်ရမဲ့စာတစောင်ကို ထုတ်ပေးခဲ့ရဲ့သားနဲ့ ဘာကြောင့် သူက အခုလို ကိုယ်ချင်းစာစိတ်မဲ့တဲ့စကားတွေပြောနေသလဲ။ အစုံပါပဲ။ အားလုံးတိုင်ပင်ပြီးတဲ့အခါ ကျမှ၊ ဒီအကြောင်းအရာတွေကို မိတ်ဆွေတွေ သိထားသင့်တယ် ထင်လို့ ရေးပြလိုက်တာပါ။ မဟုတ်ရင် သူကပဲ အမှန်တရားကို ချစ်သယောင်ယောင်၊ နစ်နာနေသူတွေဘက်ကပဲ ပြတ်ပြတ်သားသားရပ်တည်နေသယောင်ယောင် နှမ်းဖြူးဟန်ဆောင်နေမှာစိုးလို့ပါ။

”မြောက်ပိုင်းကိစ္စအပေါ်မှာ”

၁၉၉၂ တုံးက မြောက်ပိုင်းလူ့သတ်မှုတွေအပေါ်မှာ၊ ကိုနိုင်အောင့် အုပ်စုက ဘယ်လို၊ ကိုမိုးသီးအုပ်စုက ဘယ်လိုသဘောထားတယ် ဆိုတဲ့ ကြေငြာချက်တွေဟာလည်း မဖြစ်မနေဖတ်ရမှာဖြစ်သလို၊ ဒီကနေ့လက်ရှိမှာ အဲ့ဒီလူတွေက မြောက်ပိုင်းလူသတ်မှုအပေါ်မှာ ဘယ်လို သဘောထားတယ်၊ ကိုယ်ချင်းစာစိတ် ဘယ်လိုရှိတယ် ဆိုတာကိုလည်း သိဖို့လိုပါလိမ့်မယ်။ တကယ်တော့ စာရွက်စာတမ်းတွေအားလုံးက ကျနော်တို့လက်ထဲမှာ အကုန်ရှိပြီးသားပါ။ ကိုအောင်ထူး ရဲ့ လက်မှတ်နဲ့ထိုးထားတဲ့စာ၊ ဒေါက်တာနိုင်အောင်ရဲ့စာတွေအပြင်၊ ကိုမိုးသီးဇွန် ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အမည်ပေးထားတဲ့စာတွေလည်း ကျနော်တို့ဆီမှာ ဖိုင်တွဲနဲ့သိမ်းထားပြီးသားပါ။ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မသိတာကြောင့် ဝင်မပါချင်တာတပိုင်း၊ မြောက်ပိုင်းကိစ္စကိုသာ အရင်ရှင်းချင်တာ တပိုင်းကြောင့် အဲ့ဒီ အဆင့်ကို ထိကို မထိခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကိုမိုးသီးဇွန် တို့ ဘက်က ၁၉၉၂ တုံးက စာကို ထုတ်ပြနေတာကြောင့် ကြားဖြတ်ရှင်းပြရမဲ့အဆင့် ကို ရောက်လာခဲ့ပါတယ်။

”ကိုမိုးသီးဇွန်၊ နန်းအောင်ထွေးကြည် နဲ့ ကိုထိန်လင်း”

၂၀၀၉ ခုနှစ်မှာ နန်းအောင်ထွေးကြည် တယောက်၊ ထိုင်းကို ပြန်တော့ ကိုမိုးသီးဇွန် နဲ့ ထိုင်းနယ်စပ်က ဒီမိုကရေစီရေးလှုပ်ရှားသူ တချို့ နဲ့ ဆုံခဲ့ပါတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင် နန်းအောင်ထွေးကြည်တည်းခိုတဲ့နေရာကို လိုက်ခဲ့ပြီး “ ဟာ ဟုတ်တယ်၊ ဒီကောင်တွေ ရက်စက်လွန်းတယ်။ ဒီ မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ရမယ်” လို့ အာဘောင်အာရင်းသန်သန်ပြောခဲ့ပါတယ်။ ဒီကနေ့ ကိုမိုးသီးဇွန်တို့ အုပ်စု ရတဲ့ ၁၉၉၂ စတိတ်မန့်ဆိုတာ နန်းအောင်ထွေးကြည်က ရတာလား။ ( ဒါမှမဟုတ်) ကိုမိုးသီးဇွန်တို့ရဲ့ သုသေသနဋ္ဌာနကြီးက ရတာလား။ ကာယကံရှင်တွေ အသိကြဆုံးပါ။ ကိုအောင်နိုင်ဦးက ဋ္ဌေးနိုင် ဘယ်လို အသတ်ခံခဲ့ရတယ်ဆိုတာတွေတောင် နန်းအောင်ထွေးကြည်ကို ရှင်းပြခဲ့တာမို့လား။

ကိုထိန်လင်း တယောက် ထိုင်းကို ပန်းချီပြပွဲသွားတဲ့အခါမှာလည်း၊ ကိုမိုးသီးဇွန်တို့အုပ်စုက မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ဖွင့် ချဖို့ တိုက်တွန်းခဲ့သေးတယ် လို့ သိရပါတယ်။ ဒီလို အာဘောင်အာရင်း သန်သန်ပြောခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ ကိုထိန်လင်းနဲ့ ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စကို စတင်ရေးလာ ကတည်းက သွေးရူးသွေးတန်းနဲ့ လိုက်ကန့်ကွက်ခဲ့ပါတယ်။ သူနဲ့ရင်းနှီးတဲ့ကျောင်းသားတချို့ကို ဒီကိစ္စတွေထဲမှာ မပါဖို့ တိုက်တွန်းခဲ့တယ်။ “ရေးသားနေတဲ့ သူတွေဟာ ရန်သူအကြိုက်လိုက်လုပ်နေတယ်။” “ ABSDF ကို တိုက်ခိုက်နေတယ်” ဆိုတဲ့ ဝါဒဖြန့်ချီရေးတွေအပြင်၊ “ကာယကံရှင်တွေက မရေးပဲ ဘာလို့ မအေးတို့က ဆွေ့ဆွေ့ခုန်နေတာလဲ” ဆိုတဲ့စကားမျိုးတွေ ကိုလည်း မအေးအေးစိုးဝင်းကို ပြောခဲ့တယ် လို့ သိရပါတယ်။

”တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ”

တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ “ပြည်တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။

”ကာယကံရှင် ဆိုတာ ဘယ်သူလဲ”

ကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အသတ်ခံရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။ လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ရဲဘော်များကလည်း၊ သူတို့ရဲဘော်တွေဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါတိုင်း ကိုယ့်ရဲ့ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ရှိပါတယ်။ မျက်နှာလွှဲခဲပစ်လုပ်လေ့မရှိပါဘူး။ ဒါမှာလည်း ရဲဘော်ရဲဘက်စိတ်ရှိတယ်ခေါ်မှာပါ။ ကိုထွန်းအောင်ကျော် နဲ့ စိုးဝင်းသန်းဟာ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဗကသ ရဲဘော်တွေကလည်း သူတို့ရဲ့ သမိုင်းရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ရပ်တည်သွားကြမှာပါ။ ကိုမိုးသီးဇွန်ဘဝမှာ ကိုယ့်အပေါ်ကောင်းခဲ့တဲ့ လူတွေအပေါ် ရဲဘော်ရဲဘက်စိတ်ရှိခဲ့ပါသလား။ မိုးထဲလေထဲမှာ ချကြွေးပစ်ခဲ့အဖြစ်မျိုးဘယ်နှစ်ခါ လုပ်ခဲ့ပါသလဲ။ ကိုဇော်ထွန်း ( ဆေးတက္ကသိုလ်) ဘယ်လိုသေခဲ့ပါသလဲ။ မြောက်ပိုင်းကိုရောက်သွားတဲ့ တောင်ပိုင်းက ABSDF ရဲဘော်တွေရဲ့လုံခြုံရေးကိုရော တာဝန်ယူခဲ့ဘူးပါရဲ့လား။ ထပ်ပြီးပြောလိုက်ပါမယ်။ မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။

”အောင်ပွဲကို ရပြီဆိုပဲ”

ကိုမိုးသီးဇွန် ရဲ့ နီးစပ်တဲ့သူတယောက်က ဆိုပါတယ်။ “ ဒီမိုကရေစီ အောင်ပွဲရခါနီးခါမှ မြောက်ပိုင်းလူသတ်မှုအပုပ်တွေကို ဖေါ်နေကြတယ်” တဲ့။ နေစမ်းပါအုံး။ “အောင်ပွဲရခါနီးပြီ” ဆိုတဲ့စကားနဲ့ “၂၀၀၈ အခြေခံဥပဒေအောက် အားလုံးဒူးထောက်ရေး” ဆိုတဲ့စကား ကွဲပြားအောင်လုပ်ဖို့လိုပါလိမ့်မယ်။ လူငယ်တွေကို မီးရှို့ခိုင်း၊ ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော်မှုတွေပြောပြီး၊ ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့ ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်တယောက်လို အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။ ကြွေးကြော်သံတွေ ရမ်းရမ်းကားကားပြောပြီး မေ့ပျောက်လွယ်၊ ဒူးထောက်လွယ်တဲ့သူတွေ၊ မဟုတ်ခဲ့တာလည်း သေချာပါတယ်။

”ဗကသ ( အထက်ဗမာပြည်) ပေါ် သဘောထား”

တကယ်တော့ ကျနော်ထိုင်းနယ်စပ်ကို ရောက်ခါစ ၁၉၉၈ လောက်မှာထိ ကိုမိုးသီးဇွန်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ညီလာခံတွေကို ခါးခါးသီးသီး ငြင်းပယ်လေ့ရှိပါတယ်။ သူပါခဲ့တဲ့ သြဂတ်စ် (၂၈) ဗကသ လောက်ကိုသာ သမိုင်းလို့ထင်ပြီး ကျန်တဲ့ ဗကသ သမိုင်းတွေကို “ ဘယ်သူ့ကို ကိုယ်စားပြုလို့လဲ” ဆိုတဲ့ မေးခွန်းတွေထုတ်ပြီး သူများတွေရဲ့ သမိုင်းကို အထင်သေးသူဖြစ်တယ်။ လက်မခံသူဖြစ်တယ်။ ဗကသ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့အဖွဲ့တွေအားလုံးကို သူတယောက်တည်းပဲ ပိုင်ဆိုင်သယောင်ယောင် လက်ဝါးကြီးအုပ် မင်းမူချင်သူတယောက်ဖြစ်တယ်။

ကိုထွန်းအောင်ကျော်ဟာ မန္တလေးမှာ ထင်ရှားတဲ့ခေါင်းဆောင်တယောက်လို့ သိခဲ့မယ် ဆိုရင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ရဲ့ ညီလာခံကိုလည်း သိနေသင့်ပါတယ်။ ကျနော်တို့ပြောတဲ့ ဗကသ သမိုင်း ဟုတ်မဟုတ် လက်ရှိအသက်ထင်ရှားရှိနေတဲ့ ကိုကိုကြီး၊ ကိုပြုံးချို တို့ကို မေးလိုက်ပါ။ ဒါကြောင့် ၁၉၉၂ မှာ ထုတ်ဝေခဲ့တဲ့ ကိုမိုးသီးဇွန် အုပ်စုရဲ့ မြောက်ပိုင်းဒေသ လူသတ်မှုအပေါ် သဘောထားကို ကြေငြာချက်ကို ဖတ်ပြီး လူတွေရဲ့ ရင်ထဲမှာ မေးခွန်းတွေရောက်လာပါတယ်။ ဗဟိုကော်မတီရဲ့သဘောထားကတော့ ထားလိုက်ပါတော့။ ဘာမှ မှတ်ချက်မပေးချင်ပါ။ ဗဟိုကော်မတီထဲမှာ ကျနော်တို့အပေါ် သဘောထားမှန်တဲ့သူတွေ ရှိနေလို့ပါ။

ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ စရိုက်လက္ခဏာကတော့ ကြေငြာချက်နဲ့ကွာဟနေပါတယ်။ ကိုမိုးသီးဇွန်ဟာ မြောက်ပိုင်းလူသတ်မှုကို တကယ်ရှုတ်ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဘာဖြစ်လို့ အခုချိန်မှာ ခံစားခဲ့ရသူတွေဘက်က ကိုယ်ချင်းစာစိတ် တစက်မှ မရှိခဲ့တာလဲ။ ဘာလို့ အဖြစ်မှန်ရေးသားနေသူတွေကို နည်းပေါင်းစုံလိုက် တိုက်ခိုက်နေတာလဲ။ ဘာကို ကြောက်နေတာလဲ။ လူတော်တော်များများကတော့ ကိုဋ္ဌေးနိုင် အသတ်ခံရတဲ့ အမှုဟာ မြောက်ပိုင်းကိစ္စ နဲ့ ဆက်နွယ်နေတာကြောင့် သူ့ဆီကို အမှုပတ်လာမှာ စိုးလို့ လို့ ဆိုကြပါတယ်။ ကျနော်တို့အုပ်စုမှာတော့ အဲ့ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ စာတစောင်ရှိနေပါတယ်။ ဒီစာတစောင် နဲ့ ၁၉၉၂ ဗဟိုကော်မတီက ထုတ်ဝေတဲ့ သဘောထားကြေငြာချက်ကို နှိုင်းယှဉ်ပြီး ဖတ်လို့ရနိုင်အောင်လို့ပါ။

”ဒေါက်တာနိုင်အောင်ရဲ့စာ”

တကယ်တော့ ဒီစာကို အပြင်မှာထုတ်ပြဖို့ စိတ်ကူးတစက်မှ မရှိခဲ့ပါဘူး။ ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းရဲ့စာကို တုန့်ပြန်ခဲ့တဲ့အခါ ကျနော့ဆီကို ( cc) တွဲပြီး ပို့ပေးခဲ့ပါတယ်။ ကျနော်က စည်းထားပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေးယုံကြည်လို့ ပေးတဲ့စာ ကို ထုတ်ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ကိုသန်းဝင်း က အဲ့ဒီစာကို ထုတ်ဖေါ်ပြောခဲ့ပြီး ဖြစ်သလို၊ ကိုမိုးသီးဇွန် ရဲ့ ကြောက်လန့်တကြား လိုက်လံတားဆီးခဲ့တဲ့ လုပ်ရပ်တွေကို သံသယဖြစ်ခဲ့လို့ ဒီစာကိုထုတ်ပေးလိုက်ပါတယ်။ အရေးကြီးတဲ့ စာကြောင်းကို လိုင်းတားပေးထားပါတယ်။

ဒေါက်တာနိုင်အောင့် ရဲ့ စာအရဆိုရင်တော့ “ မြောက်ပိုင်းလူသတ်မှုကို အမိန့်ပေးသူဟာ ကိုမိုးသီးဖြစ်ပါတယ်” တဲ့။ ကိုသန်းဝင်းနဲ့ အပြန်အလှန်ရေးတဲ့စာ အဆုံးသတ်ခါနီးမှာ ဟော့သလိုရေးထားပါတယ်။

“အဖွဲ့နှစ်ဖွဲ့ မကွဲခင်မှာ ရန်သူ့သူလျှိုတွေကို သတ်ဖို့ ကိုမိုးသီးက ခွင့်ပြုခဲ့တာကို မင်းသိသလား။ စာရွက်စာတမ်းတွေအားလုံးကို ငါတို့ သိမ်းထားပါတယ်”

Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents.

ကိုနိုင်အောင်ရဲ့စာဟာ လွန်ခဲ့တဲ့ (၂) နှစ် ၊ ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကာလတုံးက ကိုသန်းဝင်းဟာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်ဆီကို အိတ်ဖွင့်ပေးစာတွေရေးနေတဲ့အချိန်ပါ။ သူတို့ဖြစ်နေတဲ့ကိစ္စက ကျနော်နဲ့ဘာမှ မပတ်သက်ပါဘူး။ ဒါပေမယ့် မြောက်ပိုင်း ကိစ္စတွေ ပါလာတိုင်း ကျနော်နဲ့သက်ဆိုင်မယ် ထင်လို့ ကိုနိုင်အောင်က ကျနော့်ကို စာတွဲပို့ပေးလိုက်တယ် လို့ ယူဆပါတယ်။ မြောက်ပိုင်းကိစ္စတွေကို ကျနော်နဲ့ ဒေါက်တာနိုင်အောင် အေးအေးဆေးဆေး ပြောဖြစ်ကြပါတယ်။ ကျနော်တို့ အမြင်တွေ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆွေးနွေးခဲ့ကြပါတယ်။ ကိုမိုးသီးဇွန်ကတော့ ၁၉၉၈ ကာလ၊ ထိုင်းနယ်စပ်မှာကတည်းက မြောက်ပိုင်းလူသတ်မှုအကြောင်း စကားစတိုင်း အပြောမခံခဲ့ပါ။ ဒါဟာ ကျနော်တွေ့ခဲ့ရတဲ့ ABSDF ခေါင်းဆောင်နှစ်ယောက်ရဲ့ သဘောသဘာဝဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စတွေ၊ စာရွက်စာတမ်းတွေကတော့ ကာယကံရှင်တွေကသာ ဆက်ပြီး ဆွေးနွေးကြပါလိမ့်မယ်။ ဒီအပေါ်မှာ ကျနော့သဘောထား ဘာမှ မပေးချင်ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာကို တွဲပြီး တင်ပြလိုက်ပါတယ်။

--- On Wed, 2/10/10, Naing Aung wrote:

From: Naing Aung dna_freeburma@yahoo.com

Subject: Re: Open Letter to Moe Thee Zun and Naing Aung [1 Attachment]

To: "Aung Moe Win" , "Than Win"

Date: Wednesday, February 10, 2010, 10:34 PM

Dear Ko Than Win,

If it is true that you are writing letters attacking Ko Moe Thee and me and started to involve in non-sense and time wasting wrangling, here is my first and last response.

First of all, I don't usually reply those letters written by those based on their self claimed status and out of frustration. But I don't want the ordinary people to hate more and more of 88 generation over your furious over you are wrong and I am right, clean and clever.

If Moe Thee claimed the social event as political one, please talk to Ko Moe Thee. I criticized him face to face, I don't attack in front of the people who don't need to know.

Secondly, if you want to talk about history of ABSDF, please remember what you have done to ABSDF. Don't you know that there are thousand of ABSDF will point the fingers on you during your administration.

Thirdly, most of decisions of ABSDF were made by committee, I never acted alone like you did. But I take the responsibility as chair of ABSDF whether I agreed the decision or not. I still do.

Fourthly, I am not saying I am right all the time, people has rights and wrongs. It is important to learn and correct. Whether you like it or not, I am still working for the movement.

People like you who left ABSDF cannot tell that I have destroyed ABSDF. How many members left when I assumed Chairmanship?

You are the one who supported ko Moe Thee after the split even knowing what ko Moe Thee's behavior as you mentioned.

Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents. In one day, those will be explained to family but during the movement time, I have only one enemy.

So i want you to get matured. Please swallow your personal guilty feeling and support in best way you can.

If you don't satisfy on what the people in the movement doing, please do some constructive and positive works. Nobody can stop you if you are doing good.

Please don't make the ordinary people to hate your revolution more than you did.

Please don't post this email without my authority.

best,

DNA

-----------------------------------------------------------

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၇-) " Aung Moe Win

ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။ “ စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။ မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာနာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင် ၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။

ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့တချို့သော ( လက်ချိုးရေ လို့ရတဲ့) သူတချို့က “ ရန်သူ့လူတွေဟာ သမိုင်းကို ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတသွေးရူးသွေးတန်း စကားတွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်

လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။

ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။

တကယ်တော့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်းရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေးစာတွေပို့ ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့အရှိန်ပြင်းပြင်းဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။



(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ

(ခ) ကိုထွန်းအောင်ကျော် တို့တတွေ ကျဆုံးခဲ့တာ အနှစ် (၂၀) ကြာ



(ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား လှဆိုင်း တို့တတွေ ပြန်ပါနေတယ်။

စိတ်ကူးမယဉ်စေချင်ပါဘူး။ အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကို ခုတ်ဖြတ်သတ်ခဲ့သူတွေဟာ တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင် နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ်အဖြစ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း” က ၂၀၀၈ ခုဝန်းကျင်မှာ စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေ တို့..

ကိုအောင်နိုင်

ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ် လို့ လုံးဝယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊ မိုးညှင်း (အနကလ) နဲ့ အမရပူုရ(အနကလ) မှာ အတူတူလှုပ်ရှားခဲ့တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊ ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော် တို့ ဦးလေးအိမ်မှာ နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင် ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။ တတ်နိုင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့ ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ရင်ဆိုင်ဖြေရှင်းပေးပါခင်ဗျား။

ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင် ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့သေခဲ့ရတာလဲ။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဗိုလ်အဆင့် သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံပြန်လို့မရတာလဲ။ ဖိုးကျော် ( မြွေဟောက်) တို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။ ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့ ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။ ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။

ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ် မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် ( မခင်ချိုဦး) က သတ်ခံကာနီး ငိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံးရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေ လို ထင်းတုံးပေါ် ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် ( ပါဂျောင်) လို နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။ ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့် မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေးတခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။ မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်ပေးပါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်

သင့်ရဲ့ ရဲဘော်ဟောင်း ကျော်ခိုင်ဝင်း

(ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉
+ ၈၂ ၇၀ ၈၁၈၂ ၀၃၆၀)
----------------------------------------------
(ယခု နေရပ်မှာ မိုးညှင်းမြို့ ကချင်ပြည်နယ်ဖြစ်ပြီး- ဖုန်း- ၀၉၄၉၃၀၁၈၀၁ ဖြင့်ဆက်သွယ်နိုင်ပါကြောင်း .......)

-------------------------------------------------
"ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ"

ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင် တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား အချင်းချင်းသုတ်သင်ရှင်းလင်း ရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။



အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေအတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှုတရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်းသည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့် ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေးထောက်ခံကြပါသည်။

ထို့နောက်တပ်တွင်းခေါင်းဆောင်နေရာများအတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင် ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။ သူ၏အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသားတပ်မတော်ပြိုကွဲရန် အောက်ပါဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်ဖြစ်ပါတော့သတည်း။



ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင် သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်းရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့ ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော တပ်သားစိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထိုတပ်ပြေးစိုးမင်းအောင် အားတရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသားတပ်မတော် တွင်းရှိ အခြားသောကျောင်းသားများ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေးကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။



ထိုမှတဆင့် ကိုမျိုးဝင်းသည် သူ့အား အပတ်စဉ် (၅) သင်တန်းကာလ ဆန့်ကျင်ခဲ့သူများအား နှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှတော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် ( နန်းအောင်ထွေးကြည်)၊ မခင်ချိုဦး တို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏ အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။ ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။



ကိုထွန်းအောင်ကျော် ( မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။



(၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

မောင်မောင်ကြွယ် ( ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသူ

အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။



မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှိခိုး တောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

ကိုကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

ပြည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။



မငယ် (ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်

သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲလောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။ သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်မသေခဲ့ပါ။



နန်းစော ( ဗန်းမော်)

သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစော သည် ယ္ခုအခါ စက်တင်ဘာ အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင် မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ( ယ္ခုအခါ ထိုင်းနယ်စပ်သို့ရောက်ရှိနေပါပြီ)



ကိုထိန်လင်း ( ဟင်္သာတ)

ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန် စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူပန်းချီဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊ ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊ ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။

ဘိုဘို (မိုးကျော်သူ)

နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည် မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသည်။ ( ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

--------------------------------------------------------------------



”မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့်ပတ်သက်ပြီးကျောင်း သားတပ်မတော် ဥက္ကဌ(ဒေါက်တာနိုင်အောင်)၏ ၁၉၉၂ခုနှစ် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ။”

ကချင်ပြည်နယ်ကို တလသွားရောက်သွားခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရ၏ရက်စက်မှုကို ယခင်က ထက်ပိုပြီး ခါးသီးမုန်းတီးမိပါသည်။ မြောက်ပိုင်းတွင်ဖမ်းဆီးခံရသူတို့ ၏ ထွက်ဆိုချက်များ သက်သေခံ ပစ္စည်းများကို ဖတ်ရှုခဲ့ရပါသည်။

အထူးသဖြင့် နအဖ၏ အဓိက ဖိနှိပ်ရေးယန္တရားတခုဖြစ်သောအမျိုးသားထောက်လှမ်းရေးဗျူရိုတွင်အဓိက တာဝန်ရှိပါသည်။ အတိုက်အခံအဖွဲ့ များအကြားသပ်လျှိုရန်၊အထင်အမြင်မှားစေရန်အတွက် စနစ်တကျ စီမံထားသောအစီအမံများစီမံထားပြီးဖြစ်သည်။ နအဖသည်သတင်းပေးများ ထောက်လှမ်းရေးများကို ရည်ရွယ်ချက်မျိုး စုံဖြင့် အသုံးချခဲ့သည်။

ကျောင်းသားတပ်မတော်သည်အဓိကပစ်မှတ်တခုဖြစ်လာခဲ့သည်။ သူလျှိုများကို ရေလှိုင်း(water wave) စီမံကိန်းဟုအမည်ရသောစစ်ဆင်ရေး ဖြင့်စေလွှတ်ခဲ့ခြင်းဖြစ်သည်။ရည်ရွယ်ချက်မှာ

-အဖွဲ့ အတွင်း တည်ငြိမ်မှုပျက်ပြားစေရန်
-ထောက်ပံ့သည့်အုပ်စုနှင့် မဟာမိတ်အဖွဲ့ များအကြား နားလည်မှုလွဲမှားစေရန်
-စိတ်ဓာတ်ကျပြီး လက်နက်ချလာစေရန်
-အတိုက်အခံခေါင်းဆောင်များကိုသုတ်သင်ရန် ဖြစ်သည်။

အပြီးသတ် ဆောင်ရွက် ရမည့်နေ့ မှာ အမျိုးသားညီလာခံကျင်းပနေမည့် ၁၉၉၂ နှစ်ကုန်ပိုင်းတွင်ဖြစ်သည်။ တချို့ အဖွဲ့  များက အမျိုးသားညီလာခံမတိုင်မှီ လက်နက်ချရန်နှင့် ကျန်ရှိသော အဖွဲ့ များက အမျိုးသား ညီလာခံအပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အချိန်တွင် လက်နက်ချရန်ဖြစ်သည်။

(သူလျှိုအုပ်စု၏ခေါင်းဆောင်များသည် အမျိုးသားညီလာခံကို ၁၉၉၂ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ကို သိရှိကြပြီးဖြစ်သည်။ ) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြီးနောက်ကျန်ရှိသော အဖွဲ့ မှာ စစ်တပ်၏ ချေ မှုန်းခြင်းကိုခံကြရမည်ဖြစ်သည်။

သူလျှို ၁၅ ဦးကို သုတ်သင်ခဲ့မှုအပေါ်လုပ်ပိုင်ခွင့် နှင့် ပတ်သက်ပြီးထပ်မံအငြင်းမပွားလိုတော့ပါ။ ဆုံးဖြတ် ချခဲ့သည့်ဖြစ်စဉ်တွင် ဗဟိုကော်မတီအနေဖြင့် မပါဝင်ခဲ့သော်လည်း ဗဟိုကော်မတီ၏ကိုယ်စား ကျနော့်တွင်တာဝန်ရှိပါသည်။ ကျနော်တို့ အနေဖြင့်ကျန်ရှိသည့် သူလျှိုများနှင့်ပတ်သက်၍ အပြု သဘောဆောင်ပြီးဖြေရှင်းလိုကြောင်း နိုင်ငံတကာကို ရှင်းလင်းလိုပါသည်။

လက်တလော ABSDF(Nothern)၊(KIO) တို့ နှင့်ကျနော်ဆွေးနွေးခဲ့ပြီး အောက်ပါဆုံးဖြတ်ချက်များကိုချခဲ့ပါသည်။

၁။ အေဘီအက်စ်ဒီအက်ဖ်သည် ကျန်ရှိသည့် သူလျှိုများကို သေဒဏ်ပေးတော့မည်မဟုတ်။

၂။သဘောထားပြောင်းလဲ၍ ကျနော်တို့ ၏လှုပ်ရှားမှုတွင် ပါဝင်လိုသူများကို အဖွဲ့ ဝင်အဖြစ် လက်ခံမည်။

၃။ အဖွဲ့ ဝင်အဖြစ် ကျနော်တို့ မှ လက်မခံသောသူများကို ၄င်းတို့ ၏လုံခြုံရေးနှင့် အနာဂတ်အတွက် နိုင်ငံတကာအဖွဲ့ အစည်းများသို့ လွှဲပြောင်းပေးသွားမည်။ ထို့ အတွက် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဒီမိုကရေစီအစိုးများအနေဖြင့် မြန်မာပြည်ဒီမိုကရေစီအပြောင်းအလဲများ ဖြစ်ချိန်ထိ လက်ခံထားရန် မေတ္တာရပ်ခံပါသည်။

အကယ်၍ မြန်မာပြည်ပြင်ပတွင် ထိုသူလျှိုများကို လက်ခံထားနိုင်ရန် အနေအထားမရှိပါက တနှစ်ထိန်း သိမ်းပြီးနောက် ၄င်းတို့ ၏မိဘ(သို့ မဟုတ်)ဆွေမျိုးသားချင်းတို့ ၏ အာမခံချက်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ် သည်။

သူလျှိုများကို ရန်သူအဖြစ် သတ်မှတ်ဆက်ဆံရန် သဘောထားရှိသော်လည်း၊ ၄င်းတို့ သည် စစ်အာဏာ ရှင်စနစ်၏သားကောင်များဖြစ်သည်ဟု ကျွန်ုပ်တို့ လက်ခံသည်။ ထို့ ကြောင့် ကျနော်တို့ သည် ရေရှည် အကျိုးစီးပွားနှင့် လူသားချင်းစာနာထောက်ထားမှု ကို မျှော်ရှုပါသည်။ သူလျှိုများ၏ ထွက်ဆိုချက်များနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်။နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အစိုးရများအနေဖြင့် သူလျှိုများ၏အနာဂတ် အခြေချနေထိုင်ရေးအတွက် နည်းလမ်းဝိုင်းဝန်းရှာဖွေပေးကြရန် ကျနော်တို့ အနေဖြင့် မေတ္တာရပ်ခံပါသည်။

လေးစားစွာဖြင့-်

ဒေါက်တာနိုင်အောင်

ဥက္ကဌ

ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
-----------------------------------------------------------------
"Press Release by Dr .NAING AUNG ,the Chairman of ABSDF Concerning with the spies of those arrested in Northern ABSDF "(may 31,1992)

After visiting to Kachin State for a month, I have suffered bitterness of brutality of dictatorial regime more than before. I read the sincerely statement and listen the testimony of those detained in Northern State.

Especially, National Intelligence Bureau of Burma, the main oppressed machinery of SLORC, is the main responsible for the turmoil and anarchist elements of 8888 uprising. They have well concrete planning to seek the confusing and disunity among the opposition to get upper hand. They use the people as the informers and intelligence by inserting various means and pressure. The main target are prominent leaders and main opposition group.

___of their strategy, the ABSDF become main target to be infiltrated, those spies are send under operation named “Water wave”. Their section are:

-To create instability within the organizations.
-To control the higher posts.
-To make misunderstanding with the allied organizations and supporting group.
-To have depression to surrender, and
-To assassinate their strong opponents.

The deadline for the target is the end of 1992, which will be time convening the National Convention. Some groups have to surrender before National Convention and they push hard remaining group to surrender at General Amnesty which will be held in the aftermath of National convention.

(The spies group leaders have already known the fact that the National convention will be convene at the end1992.) The remaining group after amnesty will be crashed down by intensive military offensive.

I have no more dispute about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process. We would like to explain to international community that we must have more intention to solve the future of remaining arrested spies in constructive ways.

Recently, I have discussed with the northern committee of ABSDF and leaders from Kachin Independence Organization (KIO) and decided the following resolution.

ABSDF is not to give death penalty to those remaining spies.
Those who the attitude and stance toward our movement are to be accept as ordinary member.
For the spies whom cannot be accept by us will be transferred to the international organization for their safe and future. For that ABSDF has to appeal to the international organization and democratic governments to accept those spies until Burma has democratic change.

If there is no place nor condition to accept those spies outside Burma, they will be released after one year detainment with guarantee of their parents or relatives.
Even we have the attitude to behave them as enemies; we accept those person are victims of brutal dictatorial system. This is why we are looking forward for the long term benefits and humanitarian concepts. And we continue to elicit the detail documents and statement of the spies soon.

Therefore, we would like to appeal to the international organizations governments to find the way for the future of those spies and give us cooperation based on understanding toward us.

With best regards,
Signed

31st May, 1992

Dr Naing Aung
Chairman
Central committee
ABSDF
--------------------------------------------------------------------



”မြန်မာစစ်ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော (၁၅) ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ABSDF မှ သဘောထားထုတ်ပြန်ကြေငြာချက်” (ABSDF led by Moe Thee Zune)

၈ရက်၊မတ်လ၊ ၁၉၉၂

ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် ကျောင်းသားတပ်မတော်၏ ညီညွတ်မှုကိုအလေးထားသောအားဖြင့်ဦးစွာ(ကျနော်တို့ သည်) ကျောင်းသားတပ်မတော်နှစ်စုကွဲသွားပြီဖြစ်ကြောင်းကို ၀မ်းနည်းစွာအသိပေးပြီး ယခု ကြေငြာချက်ကိုထုတ်ပြန်ရပါသည်။

သို့ သော် မြန်မာပြည်ဒီမိုကရေစီရေး တိုက်ပွဲကို ထောက်ခံစာနာနားလည်ပေးသော ပြည်တွင်းပြည်ပအင် အားစုများ၏အရည်အသွေးကို နိမ့်ကျတန်ဖိုးမဲ့စေသောအကြောင်းရင်းများကို ဖြေရှင်းရန်ဆန္ဒထားပြီး ဒီမို ကရေစီတော်လှန်ရေး ရေရှည်အကျိုးစီးပွားရေးကို ဦးထိပ်ထားသော (ကျနော်တို့ သည်) ABSDF ကျောင်း သားတပ်မတော်၏ မူရင်းအခြေခံဥပဒေတွင် ဗဟိုကော်မတီအဆင့်ထက် အဆင့်နိမ့်သောလက်အောက် စခန်းများ၊ တပ်ရင်းများတွင်လူသတ်အပြစ်ပေးခြင်းအား တားမြစ်ထားသောအချက်ကို ထောက်ပြ သုံးသပ် ရမည်ဖြစ်သည်။

မြန်မာပြည်သားတို့ ၏ လူ့ ဂုဏ်သိက္ခာ၊လူသားဘ၀၊လူ့ တန်ဖိုး နှင့် လူ့ အခွင့်အရေးများကို(ကျနော်တို့  သည်) တန်ဖိုးထားသောကြောင့် လူအချင်းချင်းရက်စက်ကြမ်းကြုတ်စွာ၊လူမဆန်စွာနှိပ်စက်ဖျက်ဆီး၊ ဂုဏ် သိက္ခာမဲ့စေသောဆက်ဆံခြင်း၊အပြစ်ပေးခြင်းများကို ဆန့် ကျင်ရမည်ဖြစ်သည်။

လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာနှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာမဲ့စေသောဆက်ဆံခြင်း၊ အပြစ် ပေးခြင်းများကို ဆန့် ကျင်ပြီး ထိုသို့ ဆက်ဆံခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးသော ကုလ သမဂ္ဂ၏ အထွေထွေဆုံးဖြတ်ချက်အမှတ် -၃၄၅၂(၁၉၇၅ ခုနှစ်၊ဒီဇင်ဘာ ၉ရက်)ကို ကျနော်ထောက်ခံသည်။ ကျောင်းသားတပ်မတော်အဖွဲ့ ဝင်အားလုံး သဘောတူညီမှု၊နားလည်မှုမပါပဲ သူလျှိုဟုစွပ်စွဲခံရသူများအား သတ်ဖြတ်ခြင်း၊အရေးယူခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ တခြားအောက်ခြေရဲဘော်များ လုံခြုံရေးကိုပါ ကျနော် တို့ အထူးစိုးရိမ်ကြောင်း ပြောကြားလိုသည်။

ဘန်ကောက်နေးရှင်းသတင်းစာ( မတ်လ ၁၊ ၁၉၉၂) အရသူလျှိုဟု စွပ်စွဲ၍ အသတ်ခံရသော လူ ၁၅ ယောက်တွင် အမျိုးသမီးရဲမေ တဦးပါဝင်ခဲ့ခြင်းနှင့် သက်ဆိုင်ပြီး (အောင်ထူး-ယခု BLC ထုတ်ပြန်သော March 1, 1992 ကြေငြာချက်)တွင် အတည်ပြုခဲ့ပါသည်။

ကျနော်တို့ သည် လက်ရှိကျောင်းသားတပ်မတော်မြောက်ပိုင်း အကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီး ထား သော လူ ၆၅ ဦးကို ညှင်းပမ်းနှိပ်စက် တရားစီရင်ခြင်းများ ချက်ခြင်းရပ်တန့် ရန် ကျနော်တို့ မှ တောင်း ဆိုလိုက်ပါသည်။

အလားတူပင် DAB အဖွဲ့ ဝင်များကလည်း အားလုံးအတည်ပြုထောက်ခံသည့် DAB တရားစီရင်မှုများကို စံထား၍(ဖြစ်ပျက်ခဲ့သောကိစ္စကို DAB ခေါင်းဆောင်များမှ ပြန်လည်သုံးသပ်ပေးပါရန် ကျနော်တို့  မှ တောင်းဆိုလိုက်ပါသည်။

လူ့ အခွင့်အရေးချိုးဖောက်သည့် မြန်မာစစ်အာဏာပိုင်များကို ကျနော်တို့ တွန်းလှန်တိုက်ပွဲဝင်ရာတွင် လူ့ အ ခွင့်အရေးဆိုသောစကားလုံးသည် စကားလုံးသက်သက်မျှမဟုတ်ပဲ လူမျိုးမရွေး၊ ဒေသမရွေး လက်တွေ့  ကျင့်သုံးရမည်ဟု ကျနော်တို့ မှယုံကြည်ပါသည်။

သို့ ကြောင့် ကျောင်းသားတပ်မတော်အတွင်း ပိုမိုမြင့်မားသော ဗဟိုတရားရုံး၏ ခွင့်ပြုချက်နှင့် သိနားလည် မှုမပါပဲ တပ်ဖွဲ့ ဝင်အမြောက်အများကို သူလျှိုဟုစွပ်စွဲပြီး အလျင်စလိုသတ်ဖြတ်အရေးယူခြင်းအပေါ် ကျနော် တို့  (မိုးသီးဇွန်) ဦးဆောင်သော ကျောင်းသားတပ်မတော်အဖွဲ့ မှ အထူးသံသယဖြစ်မိပါသည်။

ထို့ ကြောင့်ဖြစ်ပျက်ခဲ့သောကိစ္စများကို သွေးရိုးသားရိုး ပုံမှန်မဟုတ်ဟု ကျနော်တို့ မှ ထင်မြင်ဖြစ်သည်။ အလားတူပင် ယုံကြည်အားထားလောက်သည့် ခိုင်မာသောအထောက်အထားမရှိပဲ သူလျှိုဟုစွပ်စွဲခံရသော ရဲဘော်များအားကွပ်မျက်သည်အထိ လုပ်ဆောင်မှုများအားလုံးတွင် အမှားပေါင်းများစွာ ပါဝင်နေသည်။

အထက်မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အလွန်ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုထွန်း အောင်ကျော်အား စွပ်စွဲခံရသော သူများ၏ သူလျှိုခေါင်းဆောင်ဟုသတ်မှတ်ခဲ့ခြင်းသည် ကြီးမား သောအမှားတခုဖြစ်သည်။

စစ်အာဏာရှင်အကြိုက်ဖြစ်မည့် မိမိကျောင်းသားတပ်မတော်အဖွဲ့ ဝင်အချင်းချင်း မညီညွတ်ရာမှ တဦးနှင့် တဦး သားကောင်ပြု အနိုင်ကျင့်ခြင်းကို ဒီမိုကရေစီလိုလားသော ပြည်သူများနှင့် ကျောင်းသားတပ်မတော် အဖွဲ့ ဝင်အားလုံး သတိကြီးစွာထားရန် မိမိတို့ မှတိုက်တွန်းလိုက်သည်။

နောက်ဆုံးအနေဖြင့် မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံကြီး၏ဂုဏ်သိက္ခာနှင့်အတူတကွ ကျောင်း သားတပ်မတော်အဖွဲ့ ဝင်အားလုံး၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကြီးမားသည့်အမဲစက်ဖြစ်စေခဲ့သည် ကိစ္စအ အပေါ်တွင် ကျနော်တို့ ဖက်မှ အထူးစိုးရိမ်မိကြောင်း ပြောကြားရင်း ယခုသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ပါသည်။

(Moe Thee Zun)
ဥက္ကဌ

ALL BURMA STUDENT'S DEMOCRATIC FRONT

မာနယ်ပလောရုံးချုပ်

Ph: 662 318 0593 fax 662 318 8697 PO BOX 42 Hua mark, P.O.BKK 10243, Thailand

http://www.scribd.com/doc/79633042/ABSDF-Statement-1992-March မှ ကူးပါတယ်။
------------------------------------------------------