30 May 2012

"မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ"အပိုင်း(၃)(အောင်မိုးဝင်း)

မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။
တကယ်တော့ ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊ ဒဏ်ရာအနာ တရဖြစ်စရာ ကောင်းတဲ့ အကြောင်းအရာ တွေကို အင်တာနက်မှာ တင်ပြီး မရေးချင် ပါဘူး။

၁၉၉၈ ထိုင်းနယ် စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့် လင်းလင်း ပြောဆိုခဲ့ဘူးတယ်။

“အရေးတော် ပုံပြီး ရင် ရှင်းမှာပါ” ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။
ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။
ပြည်ပမှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ် နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင်တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့ အ-..............လည်ဝင်လာပါတယ်။

အဲ့ဒီတုံးကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင် ပါးလိုက်ပါတယ်။
ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။

ဒီကိစ္စဟာ လူတွေသက်ရှိ ထင်ရှားရှိနေ စဉ်မှာ ရှင်းရမယ်လို့ ပြောလိုက်ပါတယ်။အဲ့ဒီစကားတွေကိုကျနော့ဘာသာ ကြားကနေပွဲစား လုပ်ပြောပေးနေ တာ အကြောင်းရှိပါတယ်။ သူ့ကို သဲကြီးမဲကြီးလိုက်နေတဲ့ အုပ်စုတွေရှိနေသလို၊ အချိန်ကြာလာတာနဲ့အမျှ၊ ဒီကိစ္စကြီးက ရှုပ်ထွေးလာတော့မှာမို့ပါ။ ပက်ပက်စက်စက် ခံလိုက်ရသူတွေက အများကြီးပဲလေ။ ဘယ်လို လုပ်ကြေအေးနိုင်မှာလဲ။ ပြီးတော့ ရော်နယ်အောင်နိုင်တယောက် ဘီဘီစီ မှ ဘယ်လိုအလုပ်ပြုတ်ခဲ့သလဲ ဆိုတဲ့အချက်တွေကိုလည်း ကျနော်သိနေလို့ပါ။

ကျနော်က ဒီလိုတွေးတယ်။ “ လူသတ်မှုကြီးက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီ။ ကျူးလွန်ခဲ့သူတွေက ကာယကံရှင်တွေကို သေသေချာချာ တောင်းပန်ပြီး အဖွဲ့အစည်းအတွက် သိက္ခာပြန်ဆယ်လို့ရမဲ့ ဇာတ်သိမ်းခန်းလေး တခုလိုမျိုးဆို သိတ်ကောင်းမှာပဲ” လို့ စိတ်ကူးခဲ့ မိတယ်။ ဥပမာ ရဝမ်ဒါမှာ ပြန်လုပ်တဲ့ ပြန်လည်သင့်မြတ်ရေးဇာတ်လမ်းတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဒါကလည်း ကျနော့်စိတ်ကူးပါ။

ကြုံတွေခံ စားခဲ့ရသူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေးစဉ်းစားကြရမှာ မဟုတ်လား။ လူသတ်မှုမှာ တာဝန်ရှိသူတွေက ဘာမှအကြောင်းမပြန်လာတဲ့အတွက် ခုလို အင်တာနက်ပေါ်မှာ ချရေးပြီး ပြည်သူလူထုနဲ့သတင်း သမားတွေ ကို ချပြရတဲ့အဆင့်ကိုရောက်သွားတာပါ။ ဒါကလည်း ကျနော်ရွေးတဲ့လမ်းမဟုတ်ဘူး။ ကာယကံ ရှင်တွေ ရွေး တဲ့လမ်းဖြစ်တယ်။

ဒုတိယကအချက်ကတော့- ကျနော့ရဲ့ ဆောင်းပါးတွေဟာ ဖေ့စ်ဘွတခ်မှာတင်ရေးပြီး ပျောက်သွားလိမ့်မယ်ထင်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်။

ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို တင်ပြတဲ့အခါ ကျနော်တို့သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ် တခုဖြစ်တဲ့ System Dynamics လို တည်ဆောက်ထားခဲ့ပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ System တွေမှာ ထည့်ထားတယ်။ အဲ့ဒီ ဒီဇိုင်းကိုပုံဖေါ်လည်ပတ်ကြည့်တယ်။ အရှိန်တခုရောက်ရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ ဇာတ်ဆောင်တွေဟာ ဟော့ဒီ System ထဲမှာ အလိုလို လိုက်ပြီးလည်ပတ်ရပါတယ်။

မလည် ပတ်ဘူးဆိုရင်၊ နောက်တဆင့်မှာ ကြိတ်ချေခံရတတ်ပါတယ်။ အခုမှ စလည်ပတ်ခါစပဲ ရှိပါသေးတယ်။ အရှိန်ရလာတာနဲ့အမျှ၊ ခရီးတခုဟာ မလွှဲမသွေရောက်လာမှာပါ။ လူတွေဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲဖို့လိုပါလိမ့်မယ်။ ဒီ အဖြစ်အပျက်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့တဲ့သူတချို့ ဟာ ယနေ့ချိန်ထိ တာဝန်မဲ့စွာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။

ရှက်စရာကောင်းတဲ့ ဂုဏ်သိက္ခာတွေပါပဲ။ သွေးဆူပြီး ဆန္ဒစောနေတဲ့ မိတ်ဆွေတွေလည်း ဇာတ်လမ်းကို ဆုံးအောင်နားထောင် စေချင်ပါတယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ပါ။ ကာယကံရှင်တွေရဲ့အသံတွေကို နားထောင်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တရားကို နတ်စောင့်ပါတယ်။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၃-) ကို သုံးသပ်ကြည့်နိုင်ကြပါစေ။

(က)

ကမ်းပါးပြိုတဲ့ ညအောက်ကိုမှ အနီးကပ်ရောက်သွားမိခဲ့ကြတယ်။ တဖြည်းဖြည်းမှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေ က ရွေ့နေဆဲပဲလေ ။

ဟိုး--- အေးစက်တဲ့လေထုထဲကနေ-
“ တက္ကသိုလ် ---- ဒို့ ကျောင်း------”ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေ သံတွေလေ---။
အိမ်ပြန်ချင်လိုက်တာကွာ--- “တက္ကသိုလ်နယ်မြေတနေရာဆီမှာ--”
သီချင်းကို ဘယ်သူဆိုနေတာလဲ။

----- ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။


“လှဆောင်”ဆိုတဲ့ကောင်က ခေါင်းပြတ်ကြီးကို ကန်ချရင်း “ ကျောင်းသားဆိုတဲ့ကောင်တွေ တော်တော်ခေါင်း မာတဲ့ကောင်တွေပဲ”
“ တော်တော်လည်း သွေးသောက်ရဲဘော်တွေ ပီသကြပါလား” တဲ့။

သန်းဇော်တို့ အုပ်စုက သူတို့လက်ထဲက ဓါးတွေကို ပစ်ချလိုက်တယ်။ “ ဒီကောင်တွေကို ခုတ်ရတာ တော်တော်နဲ့ မပြတ်ဘူး”တဲ့။

သူ့တို့ရဲ့အသံနက်ကြီးတွေကို ဝိညာဉ်တွေ နဲ့ လိုက်ကြည့်နေမိတယ်။
ကျော်ဝေ- ချိုကြီး- စိုးဝင်းသန်း--- ထစမ်း ထစမ်း ခေါင်းပြတ်တွေကို နောက်မှ ပြန်ဆက်ကြကွာ---။
အဲ့ဒီ လှဆောင်၊ မျိုးဝင်း၊ သန်းဇော် ၊ သံချောင်း ဆိုတဲ့ကောင်တွေ နောက်ကို လိုက်ကြရမယ်။

သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြဟေ့။
သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြ----။
ဟိုမယ် ----ဟိုမယ်-- “လှဆောင်” ဆိုတဲ့ကောင် ။ကချင်ပြည်နယ်ထဲမှာ ပြန်ပေါ်လာပြီ။

သေချာနားထောင်စမ်း။ သေချာနားထောင်စမ်း။
အဲ့ဒီ လူသတ်သမားတွေရဲ့ခြေသံတွေကို ငါတို့ကြားနေဆဲပဲ။
ကျော်ဝေ-- မင်းဟစ်ကြွေးခဲ့တဲ့စကားတခွန်း ပြန်အော်ပြောလိုက်စမ်းကွာ။


“ငါ့ကို မင်းတို့ သတ်လို့ရမယ်- ငါ့ဝိညာဉ်ကို မင်းတို့မသတ်နိုင်ပါဘူးကွာ၊ ဓမ္မစစ် ကျောင်းသား ကျော်ဝေ ကွ”

“ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”
“ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ် ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”

(ခ)

ဝိညာဉ်စီးတယ် ..ဆိုတဲ့ ဝေါဟာရကို ခင်ဗျားတို့ ကြားဘူးမလားမသိဘူး။ ကျနော်ကတော့ အသံထွက်ခွင့်မရရှာတဲ့ ဝိညာဉ်တွေ ကို ကျနော့အခန်းငယ်လေးထဲမှာ သိမ်းထားခဲ့တယ်။ ညတိုင်ရင် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ သစ္စာဆိုခဲ့တယ်။ “ သူတို့အတွက်ထုတ်ပြော နိုင်ခွင့်ရမဲ့ အခွင့်အရေး တခါလောက်ဖြစ်ဖြစ် ရပါရစေသား” လို့။

ခုတော့ ကာယကံရှင်တွေရဲ့ ကျွံဝင်လာတဲ့ စကားတွေထဲမှာ ဝန်ခံခြင်းတဝက်၊ အမှားတသက် ထင်ထင်ရှားရှားတွေ့နေရပြီ။

ဧရာဝတီမဂ္ဂဇင်း (အင်္ဂလိပ်) ဆောင်းပါးထဲမှာ ဆောင်းပါးရှင်တွေက မြောက်ပိုင်းလူသတ်ပွဲနဲ့ပတ်သက်ပြီး၊ ရော်နယ်အောင်နိုင် ကို မေးခွန်းတခုမေးတော့၊ ရော်နယ်အောင်နိုင်က လူသတ်မှုကို ငြင်းဆန်မှုမရှိစွာပဲ ဖြေခဲ့တယ်။ “ ကျောင်းသား (၁၅) ယောက်ဟာ ထောက်လှမ်းရေးအစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့အထောက် အထားတွေရှိပါသတဲ့။ “ဆောင်းပါး (၁) နဲ့ (၂) မှာ ကျနော် ခင်းထားတဲ့ လမ်းကြောင်းထဲကို တည့်တည့်ဝင်လာတာပဲ” လို့ တွေးနေမိတယ်။

တကယ်တော့ ရော်နယ်အောင်နိုင်တယောက်၊ ၁၉၉၂ ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ The Nation သတင်းစာ ကို ပြန်ဖတ်သင့်တာပေါ့။ မြောက်ပိုင်း လူသတ်ပွဲ အပြီးမှာ၊ The Nation သတင်းထောက် YindeeLertcharoenchok က အဲ့ဒီနေရာကို ရောက်သွားပြီး မြောက်ပိုင်း ABSDF ခေါင်းဆောင်တွေ၊ မသတ်ရသေးတဲ့ ဖမ်းဆီးထားခံရတဲ့ ကျောင်းသားတွေနဲ့တွေ့ဆုံ အင်တာဗျူးထားမှုကို ဆောင်းပါးလုပ်ထားတာ။ ဆောင်းပါးအမည်က Burmese Rebels Defend Executions။

အဲ့ဒီဆောင်းပါးရဲ့ ( အပိုဒ်-၁၃) မှာ ကျော်ကျော် (ကချင်) နဲ့ ရော်နယ် အောင်နိုင်က အခုလို ဝန်ခံထားတယ်။


Aung Naing and Kyaw Kyaw , however, admitted that torture, particularly “ beating and telephone-wire electric shocks ” were applied to force confessions.

“ဝန်ခံဖို့အတွက် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ရှော့တိုက်ခြင်းလို နှိပ်စက်ညင်းပမ်းမှုတွေကိုအသုံးပြုခဲ့ပါတယ်” တဲ့။ သူတို့လိုချင်တဲ့ အဖြေမထွက်မချင်း နှိပ်စက်ညှင်းပမ်းမှုတွေကို ရက်ရက်စက်စက်လုပ်ခဲ့ကြတာဆိုတာမို့ လား။ နှိပ်စက်ခံရသူတွေက နောက်ဆုံး သူတို့ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်ကြောရေးစခန်းက လွတ်ရင်ပြီးရော၊ “ဟုတ်တယ်” လို့ အဖြေပေးလိုက်ကြရတော့တယ်။

တကယ်တော့ မြောက်ပိုင်းလူသတ်မှုဖြစ်ပွားနေစဉ်ကာလတုံးက ကျနော်နဲ့လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အ ထက်ဗမာပြည်) ခေါင်းဆောင် တချို့ ဟာ မန္တလေးအကျဉ်းထောင်ထဲမှာပါ။ မန္တလေးထောက် လှမ်းရေးအုပ်စုတွေက သူတို့ကို အကျဉ်းထောင်ထဲကနေ ညတိုင်းဆွဲထုတ်ပြီး၊ ဓါတ်ပုံတွေကို ပြပြီး သေချာမှုတွေ ယူသတဲ့။

“ ဒါ-- ထွန်းအောင်ကျော် ဟုတ်တယ်မို့လား”

“ ဒီ ပုံကတော့ စိုးဝင်းသန်း မို့လား”

“ ဒီကောင်ကရော ဘယ်သူလဲ”

အကျဉ်းထောင်တွင်းမှာ ရောက်နေရှာတဲ့ ဗကသတွေဟာ ကြိတ်ပြီး ငိုခဲ့ရတယ်လို့ ဆိုတယ်။

လူတွေသေပြီးတိုင်း ဓါတ်ပုံတွေက အမြန်ရောက် ရောက်လာတော့ ပါဂျောင် စခန်းရဲ့ လူသတ်မှုတွေထဲမှာ အစိုးရစစ်ထောက်လှမ်းရေးရဲ့လူတွေက တောက်လျှောက် သတင်းပို့နေတယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့။

ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း လူသေတွေကို ညမှာ သေသေချာချာ ရိုက်ထားတာလို့ ဆိုတယ်။

ဒါဖြင့် မန္တလေး ထောက်လှမ်းရေးဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူလဲ။

မန္တလေးထောက်လှမ်းရေးတွေဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူတွေလဲ။

သေချာတာတော့ ထောက်လှမ်းရေးလို့စွပ်စွပ်ခံရ၊ အသတ်ခံရတဲ့သူတွေ မဟုတ်ဘူးလေ။


(ဂ)

ကိုထွန်းအောင်ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလမှာ “နန်းအောင်ထွေးကြည်” ဆိုတဲ့ ဘေဘီရဲမေလေးက သူနဲ့ စကားပြောခွင့်ရခဲ့တယ်။ နန်းအောင်ထွေးကြည်ဆိုတာ ကျနော် တို့တင်ပြ ထားတဲ့ ဓါတ်ပုံ ( ရဲမေ ၄ ယောက်ရပ်နေတဲ့ပုံ) ထဲက ညာဘက်အစွန်က ကောင်မလေး။ တကယ်တော့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ နန်းအောင်ထွေးကြည် ကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲ၊ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။

သူမမျက်နှာကို မီးရဲ ရဲတောက်နေတဲ့ ထင်းမီးနဲ့ ထိုးနှိပ်စက်ခဲ့တယ်။ နဂိုက ချောမောလှပခဲ့တဲ့ မျက်နှာတခုလုံး ဒဏ်ရာဒဏ် ချက်တွေရခဲ့ရှာတယ်။ ပြီးတော့ နှမချင်းမစာနာ မိုက်မိုက်ရိုင်းရိုင်း စစ်ဆေးနည်းတွေကို လုပ်ခဲ့တယ်။ ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကလည်း အသတ်ခံရတော့မယ် လို့ သူကိုယ်တိုင် သဘောပေါက် သွားတဲ့အခါမှာတော့ နန်းအောင်ထွေးကြည် ကို ပြောရှာတယ်။

“ မငယ် ငါ့စိတ်ထဲမှာတော့ နင် လွတ်သွား လိမ့်မယ်လို့ထင်နေတယ်။ ဟုတ်တယ်ဟာ ငါ့စိတ်ထဲမှာ တကယ့်ကို ယုံကြည်နေတာ နင်လွတ် သွားလိမ့်မယ်။ နင်လွတ်သွားတဲ့ အခါကျရင် ဟော့ဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီးပြောပြပေးပါမယ် လို့ ဂတိပေးစမ်းပါဟာ” တဲ့။

“ စိတ်ချပါအကိုကြီး ကျမပြောပြပါမယ်” တဲ့။ နန်းအောင်ထွေးကြည် က မျက်ရည်တွေကြားကနေ ဂတိပေးခဲ့တယ်။

ဘဝဆိုတာ အံသြ ဖို့ ကောင်းပါတယ်။ နန်းအောင်ထွေးကြည်အပါအဝင် မြောက်ပိုင်းဒေသမှာ ကြုံတွေ့ခံစား လာခဲ့ရသူတွေ၊ ကျူးလွန်ခဲ့သူတွေ အများအပြား နဲ့ ဆုံဆည်းခွင့်၊ စကားပြောဆွေးနွေးခွင့်တွေ ရလိုက်တယ်။

မငယ် (ခ) နန်းအောင်ထွေးကြည်က “ ကျမလေ ဒီအဖြစ်အပျက်တွေကို တရက်မှ မမေ့နိုင်ခဲ့ဘူး” တဲ့။ သူမက ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပဲ သူတယောက်တည်း အော်စီမှာ ဇာတ်မြှုပ်နေပြီး ဘဝကို ရှင်သန်ခဲ့ရတယ်။ ငရဲက သယ်လာတဲ့ ဒဏ်ရာတွေကို ကျနော်မြင်နေရတယ်။ ဟုတ်မှာပေါ့လေ။ ကျနော်လည်း သူတို့တတွေပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကို ဆက်ပြီးနားမထောင်ရဲလောက်အောင်ပဲ။ ပါဂျောင်ဒေသ က အော်ဟစ်ဆူညံနေတဲ့ ဝိညာဉ်တွေ ကျနော့ရင်တခုလုံးဆီ မချိမဆန့်လူးလွန့်နေတယ်။ “မငယ်” ကို ကျနော်အားပေးခဲ့ဘူးတယ်။

“ ဖြစ်ခဲ့တာတွေအတွက် ယူကြုံးမရဘူးဗျာ။ ဒါပေမဲ့ အချိန်တန်ရင် ဒီလူတွေ သူ့အရှိန်နဲ့သူသွားမှာပါ။ ခင်ဗျား မပူပါနဲ့။ တည်ငြိမ်အောင်နေပါ။ အကုသိုလ်ကံတွေကို ရောက်မလာစေနဲ့။ ဒီ လူတွေ ဝဋ်လည်အုံးမှာပါ။ ယုံစမ်းပါ” လို့။

နန်းအောင်ထွေးကြည်က ကျနော့ကို ပြောတယ်။ “ ကိုအောင်မိုးဝင်း ကလည်း ထိန်လင်း အတိုင်းပဲ။ သံဝေဂ တရားစကားတွေ ပြောတယ် တဲ့။

အေးလေ။ သူမရဲ့ ဘဝမှာ ရက်ရက် စက်စက်ကြုံတွေ့ ခဲ့တာဆိုတော့ ပြင်းပြင်းထန်ထန်တုန့်ပြန်ချင်တဲ့စကားလုံးတွေကို အလိုရှိမှာ အမှန်ပဲ။


ကျနော်တွေးတာက ဒီလိုပါ။ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ပွဲပဲ။ လူတွေကို လပေါင်းများ စွာဖမ်း၊ နှိပ်စက် ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာမျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါ တလေပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲ ကြည့်ဘူးတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ ဒီလို လူမျိုးတွေကို ရင်ဆိုင်ဖို့အတွက် ဝုန်းဝုန်းဒိုင်းဒိုင်း စိတ်ခံစားမှုတွေနဲ့သွားလုပ်လို့မဖြစ်ဘူး။ စံနစ်တကျပြင်ဆင်ရမယ်။ သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှား သူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေကို တဆင့်ခြင်းဆွဲချွတ်ပစ်ရမယ်။

တခါတလေတော့လည်း ရီစရာတော့ ကောင်းတယ်။ လူသတ်မှုနဲ့ ဆက်နွယ်နေတဲ့ သူတွေက သူတို့ကို အင်တာနက်မှာ တယောက်ယောက်က ချတိုင်း၊ နောက်ကွယ်ကနေ ကျနော်က မြှောက်ပေးတယ် လို့ ထင်ကြတယ်။ ကျနော်က ဘာလို့နောက်ကွယ်က နေရမှာလဲ။ ထိုင်းနယ်စပ်ကို ခြေချ ကတည်းက ဒီကိစ္စကို ဗြောင်မေး၊ ဗြောင်ပြော၊ ဗြောင် စိန်ခေါ်နေခဲ့တာပဲ မို့လား။ လာရင် ရှေ့တည့်တည့်က လာမှာ စိတ်ချ လို့ စိတ်ထဲမှာ ပြောနေမိတယ်။ ကျနော်ကြောက်ရမဲ့အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူးလေ။

ကြောက်တတ်ရင် အစောကြီးကတည်းက နိုင်ငံရေးမလုပ်ဘူး။ အထူးသဖြင့် ခွေးအ လိုလို လူမျိုးတွေကို ကြောက် စရာမလိုဘူး။ ခွေးအ ဆိုတာက အုပ်စုရှိမှ အမဲလိုက်ရဲတယ်။ အပုပ်ကို စားတယ်။ ဒါပေမဲ့ ခွေးအ တွေ အမဲလိုက်လေ့ရှိတဲ့ နေရာဒေသဟာ သိတ်ကျဉ်းပါတယ်။ ။ ကျနော်တို့ အမဲလိုက်မဲ့နေရာက အများကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ သမိုင်းဆိုတာကတော့ ရှင်းကြရအုံးမှာပါ။ လူဆိုတာ စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်။


(ဃ)

ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ၊ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာလေးတခုကို ပြောပြချင်ပါတယ်။ ၁၉၉၂ အစိုးရသတင်း စာရှင်းလင်းပွဲမှာ ကေအိုင်အေ နဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသားထုကို ရန်တိုက်ပေးထား တာတွေ့ကြပါလိမ့်မယ်။ ကေအိုင်အေ ဟာ ကချင်ကျောင်းသားတွေကို အသုံးချပြီး ဗမာကျောင်းသားတွေကို သတ်တယ်-- ဘာညာ ဆိုတဲ့ ဝါဒဖြန့်မှုတွေပါ။

စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို သံယောင်လိုက်ပြီး လျှောက်ပြောနေတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဖြစ်သမျှ ရာဇဝတ်မှု ကို သေဆုံးသွားတဲ့ မျိုးဝင်းအပေါ်မှာ လွှဲချပြီး ဇာတ်လမ်းဆင်ရှောင်ထွက်ဖို့ ကြိုးစားချင်ပုံရပါတယ်။ တကယ်တော့ ရှောင်ထွက်လို့မရပါဘူး။

အာသံကုန်းမြင့်မှာ လူသတ်မှုကို ကျူးလွန်ခဲ့တာ မျိုးဝင်းတယောက်တည်း မဟုတ်သလို၊ ဖမ်းဆီးထားတဲ့ မန္တလေးကျောင်းသားတချို့ကို ရိုက်နှက်နှိပ်စက်ပြတဲ့ အထဲမှာ ရော်နယ်အောင်နိုင်လည်းပါပါတယ်။

မန္တလေးက ကျောင်း သားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုရာကျော်ရဲ့မျက်နှာ ကို စစ်ဖိနပ်နဲ့ ချွတ်ပြီး ရိုက်ခဲ့တာ ရော်နယ်အောင်နိုင်ပါ။ ဗမာပြည်ဆီကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုရာကျော် ကတော့ မန္တလေး အကျဉ်းထောင် ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျရင်း ကျဆုံးခဲ့ပါတယ်။

မျိုးဝင်း တို့ အုပ်စုက ကေအိုင်အေဟာ သူတို့နောက်က ရှိတယ်။ သူတို့ကသာ ကေအိုင်အေနဲ့ပိုင်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ဟန်ပန်တွေကို လုပ်ခဲ့ကြပုံရပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ခေါင်းဆောင် တချို့က သတိပေးခဲ့တယ် လို့ဆိုပါတယ်။ “ ကျနော်တို့မှာ အတွေ့အကြုံရှိတယ်။ ဖြုတ်ထုတ်သတ် လုပ်ခဲ့မိလို့ ကျနော်တို့ပါတီဟာ တလျှောက်လုံးပေးဆပ်နေရတယ်။ ခင်ဗျားတို့မလုပ်ကြပါနဲ့ဗျာ” လို့ တိုက်တွန်းခဲ့တယ်။

နားမထောင်ပါဘူး။ လူသတ်မှုတွေ နားနဲ့မဆန့်အောင် ကြားလာရတဲ့အခါ ကေအိုင်အေခေါင်းဆောင်တွေရောက်လာပြီး အတင်းဝင်ရောက်တား ဆီးပါတော့တယ်။ ကေအိုင်အေ ဟာ မျိုးဝင်းနဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေကို အင်မတန်စိတ်ပျက်သွားခဲ့တယ်။ နန်းအောင်ထွေးကြည်ကို သူတို့စစ်မေးမယ် ဆိုပြီး၊ လွှဲပြောင်းယူခဲ့တယ်။ ဗိုလ်ချုပ်ဇော်မိုင် နဲ့ ခေါင်းဆောင် သုံးယောက်က နန်းအောင်ထွေးကြည်ကို စစ်ဆေးစဉ်ကာလက မှတ်တမ်းတွေ ကိုယူပြီး ပြန်လည်မေးခွန်း ထုတ်ခဲ့တယ်။

“သမီးရဲ့ ထောက်လှမ်းရေး ကိုယ်ပိုင်နံပါတ်က (------x+) ဟုတ်လား”

“ ဟုတ်ပါတယ်”

ဗိုလ်ချုပ်ဇော်မိုင်နဲ့ ကေအိုင်အေ ခေါင်းဆောင်တွေက ရီကြတယ်။

“ ကဲ--- ငါ့သမီး ခုချိန်က စပြီး သမီးဝန်ခံပြောဆိုနေတဲ့ ထောက်လှမ်းရေးဆိုတာကြီးကို မေ့လိုက်တော့။ “သမီးပြောတဲ့ ကိုယ်ပိုင်နံပါတ်က ဗိုလ်ချုပ်နေဝင်း နဲ့ တန်းတူဖြစ်နေတယ်” တဲ့။

ဗမာစစ်ခေါင်းဆောင်တွေနဲ့ တသက်လုံးတိုက်လာခဲ့တဲ့ ကေအိုင်အေ က ရန်သူရဲ့ ကိုယ်ပိုင်နံပါတ်တွေ၊ သင်တန်းဆင်း နံပါတ်တွေကို အလွတ်ရတာပေါ့။

တကယ်တော့ စစ်ထောက်လှမ်းရေးနံပါတ်ဆိုတာတွေကလည်း မျိုးဝင်း၊ သံချောင်းနဲ့ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေက ဇွတ်အတင်းဖန်တီးဝန်ခံခိုင်းတာ ဆိုတော့ နန်းအောင်ထွေးကြည်အနေနဲ့ အဲ့ဒီအတိုင်းပဲ နုတ်တိုက်ရွတ်ဝန်ခံ ထွက်ဆိုရတော့တယ်။

ဗိုလ်ချုပ်ဇော်မိုင်က နန်းအောင်ထွေးကြည်ကို ပြောတယ်။ “ ငါ့သမီး- ဒီကိစ္စက ပြန်ပြီးရှင်းရမယ်။ ဒီလိုခံနေလို့မဖြစ်ဘူး။ ငါ့သမီးတို့က ခံခဲ့ရတာကိုး။ ဒါပေမဲ့ အချိန်ကို စောင့်ပါ။ ငါတို့လည်း အပစ်အခပ်ရပ်စဲတော့မှာဆိုတော့ ----”

မကြာခင်မှာပဲ ကေအိုင်အေ နဲ့ ဗမာအစိုးရကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု စကားပြောပွဲတွေက စတင်ခဲ့တယ်။ နန်းအောင်ထွေးကြည်လည်း ဒုက္ခသည်စခန်းက တဆင့် အော်စီ ( ------) ကို ထွက်လာခဲ့တော့တယ်။

ဗိုလ်ချုပ်ဇော်မိုင်ပြောသလိုပါပဲ။ “ကျမ အချိန်ကိုစောင့်နေခဲ့ရတယ်” တဲ့။ စောင့်ခဲ့ရတဲ့ အချိန်ကလည်း အနှစ် (၂၀) လောက်ဖြစ်သွားတယ်။ တကယ်တော့ မြောက်ပိုင်း လူသတ်မှုဟာ တချက်ခုတ် (၃) ချက်ပြတ် ကြံတဲ့ပွဲဖြစ်တယ်။

(၁) ဒီမိုကရေစီအင်အားစုဘက်က ကျောင်းသားအစစ်အမှန်တွေကို သတ်ပစ်တယ်
(၂) ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားသမဂ္ဂကြားမှာ အထင်အမြင်မှားအောင်ရန်တိုက်ပေးတယ်။
(၃) ဖေဖေါ်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ပြလိုက်ခြင်းအားဖြင့်၊ ကေအိုင်အေ ဟာ ဗမာကျောင်းသားတွေကို သတ်ဖြတ်လိုက်ကြပြီ ဆိုပြီး ဗမာကျောင်းသားနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးလိုက်တယ်။

မျိုးဝင်းတို့အုပ်စုကို ကချင်လက်နက်ကိုင်တပ်က ပစားပေးထား မြှောက်ပင့်ထားပြီး ဗမာကျောင်းသားတွေကို သတ်ခဲ့တယ် ဘာညာပေါ့။ ၁၉၉၂ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က အဲ့ဒါပါပဲ။ မျိုးဝင်းတို့အုပ်စုရဲ့ နှိပ်စက်မှု အစစ်အမှန်တွေကို ရောထည့်ပေးလိုက်ပြီး စစ်အစိုးရက သူတို့လိုချင်တဲ့ နိုင်ငံရေးဝါဒဖြန့်ချီပွဲကို လုပ်ခဲ့တယ်။

ပြဿနာက ပြည်သူတွေဟာ အစိုးရသတင်းစာရှင်းလင်းပွဲထဲက အချက်အလက်တွေကို ဘာတခုမှ မယုံကြည်ခဲ့ကြတော့၊ မြောက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ တာတွေကိုလည်း နားမထောင်ခဲ့ကြတော့ဘူး။ ပြန်ဝင်လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဒဏ်ရာကို လှန်ပြလည်း အစိုးရရဲ့လုပ်ကြံဝါဒဖြန့်မှု လို့ ထင်နေခဲ့ကြတယ်။ လှိုင်းက တအားကြီးနေတဲ့အချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ ကလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။ မြောက်ပိုင်းကနေ အသက်လုပြေးလာတဲ့ ကျောင်းသားတွေလည်း ကံမကောင်းကြပါဘူး။ ထောင်ဒဏ်နှစ်ရှည်တွေ ကျကုန်ကြပြန်တယ်။

(င)

ကိုထွန်းအောင်ကျော် အကြောင်းကို ပြောမယ်ဆိုရင် ဗကသ ညီလာခံနှစ်ခုအကြောင်းကို မိတ် ဆက်ပေးရမယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး နောက်ဆုံးကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများညီလာခံ နှစ်ခုလုံးဟာ မန္တလေးမှာ ကျင်းပခဲ့တာဖြစ်တယ်။ ၁၉၈၉ မှာကျင်းပတဲ့ ဗကသ ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ပြုလုပ်ခဲ့တယ်။

ရန်ကုန်ဗကသခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ကိုရန်မျိုးသိန်း ( ဆေးတက္ကသိုလ်)၊ဒုတိယအကြိမ်ကျင်းပတဲ့ ညီလာခံက ၁၉၉၀ ၊ မန္တလေး မစိုးရိမ်တိုက်ထဲမှာ ကျင်းပတာဖြစ်တယ်။ ရန်ကုန် ဗကသ က နှစ်ဖွဲ့ကွဲ နေတယ်။

ကိုကိုကြီး ဦးဆောင်တဲ့ ဗကသ နဲ့ ကိုအောင်ထွန်း( ကျောင်းသားသမဂ္ဂ သမိုင်းစာအုပ်ရေးသူ)၊ ဗသက်အောင်၊ ဖြိုးမင်းသိန်း တို့ ခေါင်းဆောင် တဲ့ (အောက်ဗမာပြည်၊ ဗကသ)၊ အခု ရှစ်လေးလုံးမျိုးဆက်မှာ လုပ်နေတဲ့ ကိုထွန်းမြင့်အောင် ဆိုတာလည်း ဖြိုးမင်းသိန်းနဲ့တဖွဲ့တည်းပဲလေ။

၁၉၉၀ တလျှောက်၊ ရန်ကုန် ဗကသ နှစ်ဖွဲ့လုံး မန္တလေးကို လာကြရတယ်။ ကိုပြုံးချို၊ ကိုညိုထွန်း၊ ကိုကိုကြီး တို့တတွေလည်း သက်ရှိထင်ရှားရှိနေပါသေးတယ်။

ပြည်ပမှာရောက်နေသော မဟာ့ မဟာ ကျောင်းသားတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ----- ။ကိုယ့်သမိုင်းတွေချည်း ကိုယ်ရည်သွေး အမွှန်းတင်ပြောမနေပါနဲ့။ သူများတွေရဲ့ သမိုင်းတွေကိုလည်း အသိအမှတ်ပြုကြပါအုံး။

အပြင်မှာ သမိုင်းလိမ်တာတွေ၊ လက်ဝါးကြီးအုပ်တာတွေများလာတယ်။ ဂိုဏ်းဂဏဖွဲ့ရန်ဖြစ်တာကလည်း များလာတယ်။ တယောက်နဲ့တယောက် ကလည်း လေးစားမှုမရှိတော့ဘူး။ နောက်မျိုးဆက်တွေကလည်း မလေးစားတော့ဘူးလေ။ သမိုင်းနားမလည်တော့ ဗကသ ခေါင်းဆောင်က ထောက်လှမ်းရေးဖြစ်၊ NGOs တွေဆီမှာ ပိုက်ဆံရှာနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လို့ဖြစ်နဲ့။ ပြည်ပမှာ အဲ့သလို မိုးကြီးချုပ်နေမဲ့အစား၊ ရှစ်လေးလုံးမျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ ဆယ်ယူကြစေချင်ပါတယ်။




ကိုထွန်းအောင်ကျော်

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အသံလွှင့်ဋ္ဌာနတခုရှိပါတယ်။ GTI ကျောင်းဝင်း အတွင်းကနေ ထုတ်လွှင့်တာပါ။ ကိုထွန်းအောင်ကျော် ဆိုတာ ဂျီတီအိုင် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ပါ။

သူ့ကို ချစ်ခင်လေးစားသူ တွေက “အကိုကြီး” လို့ခေါ်ဆိုလေ့ရှိတယ်။ အရေးတော်ပုံအရှိန်မြင့်လာတယ်။ သူ့ကိုလည်း သပိတ်တပ်ပေါင်းစုထဲမှာ တွေ့လာရတယ်။

ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း အစည်းအဝေးပွဲတွေမှာ သွားတက်ခဲ့တယ်။ ဒေါ်ခင်ကြည်ဈာပန အခမ်းအနားတွေမှာ ဦးဆောင်ပါဝင် ခဲ့တယ်။ ရန်ကုန်ကျောင်းသားခေါင်းဆောင်တော်တော်များများက သူ့ကို သိကြပါတယ်။ သူ့ရဲ့ ညီ ကိုလတ် က ကိုမောင်မောင်ဝမ်းတို့နဲ့ အတူ မကသ မှာ လုပ်တယ်။

ဗကသ သမဂ္ဂညီလာခံ ( ၁၉၈၉)


၁၉၈၈ သြဂတ်စ် (၂၈) မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ညီလာခံဟာ တတိုင်းပြည်လုံးက ကျောင်းသားတွေကို မစုစည်းနိုင်ခဲ့ဘူး။ ကျောင်းသားတွေဟာ တနိုင်ငံလုံးကို ကိုယ်စားပြုမဲ့ ညီလာခံတခုကိုကျင်းပကြဖို့ ပြင်ဆင်ခဲ့ကြတယ်။ ထုံးစံအတိုင်း ဗကသ၊ မကသ ကွဲနေတော့ မန္တလေးမှာ ညီလာခံနှစ်ခုဖြစ်ခဲ့တယ်။ တခုက- မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ကျင်းပတဲ့ ဗကသ ညီလာခံ။ နောက်တခုက ကိုမောင်မောင်ဝမ်း၊ ကိုလတ်၊ တို့ ဦးစီးကျင်းပတဲ့ ရတနာဘုံမ္မိနယ်မြေ ကဉ္စနဆောင် ထဲက၊ မကသ ညီလာခံ။ ရန်ကုန် ဗကသ ကနေ တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ရန်မျိုးသိမ်း တို့ဖြစ်တယ်။

ကိုညိုထွန်း ကတော့ မန္တလေးမှာ ဗကသ ဖွဲ့စည်းဖို့အတွက် ဘုရားကြီး၊ မြတောင်၊ မစိုးရိမ် -- စတဲ့ ဘုန်းကြီးကျောင်းအစည်းအဝေးတွေမှာ ကတည်းက ကျောက်ချ ပါဝင်နေတော့တယ်။ အဲ့ဒီညီလာခံမှာ- ဗကက ( အထက်ဗမာပြည်) ဥက္ကဋ္ဌ က ကိုသန့်စင် ( ဆေးတက္ကသိုလ်) နဲ့ အပြိုင် ကျောင်းသားထုထောက်ခံတဲ့ခေါင်းဆောင်က ကိုထွန်းအောင်ကျော်။ သူကလည်း လူချစ်လူခင်များတယ်။

၁၉၈၉ ဗကသ ညီလာခံကို ရော်နယ်အောင်နိုင် ( အနကလ)၊ ကိုစိုးလင်း ( အနကလ) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ လူထုဒေါ်အမာ၊ MA ဒေါ်အုံး၊ ဒေါ်ကြည်ကြည် ( သခင်ဇင့် မိန်းမ) တို့လို နာမည်ကြီး မျိုးချစ် ပုဂ္ဂိုလ်တွေအပြင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ တက်ရောက်ခဲ့ကြတယ်။

ဒီညီလာခံထဲမှာ ဗိုလ်ကြီးမြင့်ဦးရဲ့ စစ်ထောက်လှမ်းရေးတွေကလည်း တရားဝင်တက်ရောက် သတင်းယူခဲ့ကြတယ်။ အဲ့ဒီတုံးက ကိုထွန်းအောင်ကျော်ဘေးမှာ တိုးတိုးတိတ်တိတ် နဲ့ အကြံပေးလိုက် လုပ်နေတာ ရော်နယ်အောင်နိုင် ပဲ မဟုတ်လား။

တကယ်တော့ ရော်နယ်အောင်နိုင်၊ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း ဆိုတာ ညီလာခံမှာ တတွဲတည်းထိုင်ခဲ့တဲ့ သူငယ်ချင်တွေ မဟုတ်လား။ ကဲ--” ဗကသခေါင်းဆောင်တယောက်ဟာ ထောက်လှမ်းရေးဖြစ်လို့ ခေါင်းဖြတ်သတ်လိုက်ပါတယ်” ဆိုတဲ့ အခိုင်အမာဝန်ခံချက်တွေကို မန္တလေးသားတွေကို ရှင်းပြပေးသင့်တာပေါ့။ မန္တလေးသားတွေကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမယ်ဆိုတာတော့ ယုံကြည်စေချင်ပါတယ်။

အချက်အလက်တွေ များနေမှာမို့ တတိယပိုင်း ကို ဒီမှာပဲ ရပ်လိုက်ပါမယ်။


စတုတ္ထပိုင်းမှာ “ နန်းအောင်ထွေးကြည်” ရဲ့ အစီရင်ခံစာတွေ ကို သူမရဲ့ မူရင်းလက်ရေးနဲ့အတူ တင်ပြပေးပါမယ်။

(အောင်မိုးဝင်း)

--------------------------------------------

ရော်နယ်အောင်နိုင့် အင်တာဗျူး(ဘာသာပြန်နှင့်မူရင်း)

from http://8-8-88.blogspot.com/

နယ်စပ်မှာ ဂျာနယ်လစ်သင်တန်းပေးတော့ ဗမာ၊ကရင်စကားပြန်တွေနဲ့ အလုပ်လုပ်ရပါတယ်။
ဘာသာပြန် တယောက်က အောင်နိုင်ပါ။

သူက ဂျာနယ်လစ်တယောက်ဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူ၊ ဟာသ ဥာဏ်ရွှင် သူပါ။
သူနဲ့ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။
ဒါပေမယ့်သူ့ မှာအင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇတ် လမ်းတခု ရှိပြီး ကျနော်ဒါကို ပိုသိချင်နေပါတယ်။

သူ့ မျက်နှာသွင်ပြင်က ရိုးသားတဲ့ပုံပန်းသဏ္ဍာန်တော့မဟုတ်ပါဘူး။
ဝတ်စားဆင်ယင်ထားတာတော့ ဆရာ ၀န်တယောက်လိုပါပဲ။

အပြာရောင်ရှပ်အင်္ကျီ ကိုအညိုရောင်ဘောင်းဘီနဲ့ သပ်သပ်ယပ်ယပ်ဝတ်ဆင်လို့ ။ အင်္ဂလိပ်စကားပြောကတော့ သိပ်ကောင်းပါတယ်။

သူ့ ဘ၀ရဲ့  ကြေကွဲစရာဇတ်လမ်းတွေ ကို အေးအေးဆေး ဆေးပြက်လုံးထုတ်ရယ်မောသူပါ။
တချိန်က သူဟာ ကျောင်းသားတပ် မတော်မြောက် ပိုင်းရဲ့  ဥက္ကဌတဦး ဖြစ်ခဲ့သလို ကျောင်းသားတပ်မတော်ရဲ့ နှလုံးသည်းပွတ်ကို ထိမှန်ခဲ့တဲ့ အကြီးမားဆုံး နာမည်ပျက်မှုမှာ အဓိက နေရာကပါဝင်ခဲ့သူတဦးပါ။


၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျောင်းသားစစ်သားတွေဟာ သူတို့ ရဲ့ ရဲဘော်ရဲဘက် ၁၅ ယောက်ကို အစိုး ရရဲ့ သူလျှိုလို့ စွပ်စွဲပြီး သုတ်သင်ခဲ့ပါတယ်။

ကျနော်က ဒီကိစ္စအောင်နိုင် ကို အင်တာဗျူးလုပ်ချင်နေပါတယ်။

ဘာလို့ လည်းဆိုတော့ သူက ဒီသုတ်သင်မှုကို အမိန့် ပေးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက်ဖြစ်နေ လို့ ပါ။
ဒီအင်တာဗျူးက သူ့ ကိုအကျပ်အတည်းထဲပို့ သလိုပါပဲ။

ဒီကိစ္စကိုအရင်ကတယောက်မှ အင်တာဗျူး သူမရှိခဲ့လို့ သူအံ့သြသွားပုံပါ။
အင်တာဗျူးဖို့ သူသဘောတူပါတယ်။ ကျနော်တို့ မဲဟောင်ဆောင်မှာ တွေ့  ကြတယ်။

သူ့ အတန်းကအဖွဲ့ တွေအဲဒီမှာရှိကြတယ်။ မြန်မာဒေါက်တာတွေနေတဲ့ အိမ်ပေါ့။
အဲဒီမှာ ကျ နော်လည်းနေတယ်။ ကျနော့် မှတ်စုစာအုပ်နဲ့  တိပ်ရီကော်ဒါကို စားပွဲပေါ်ပြင်လိုက်တဲ့ အချိန်မှာ အောင်နိုင်က ဒီညတော့ ညတာရှည်ဦး တော့မှာပဲလို့ ဆိုတယ်။

ဝီစကီနဲ့ ရေခဲနဲ့  ။ဝီစကီသောက်ရင်း ကျနော့် မေးခွန်းတွေကိုသူဖြေပါတယ်။
သူ့ ထွက်ဆိုချက်တွေ အတွက် တိပ်ရီကော်ဒါကို ကျနော် စဖွင့်လိုက်ပါတယ်။

၁၉၈၈ မှာကျနော်က မန္တလေးဆေးကျောင်းမှာ တက်နေပါတယ်။
ဆန္ဒပြပွဲတွေဖြစ်တော့ ကျနော် က ကျောင်းသားခေါင်းဆောင်တယောက်ပါ။
အစိုးရက နိုင်ငံေ၇းလှုပ်ရှားမှုတွေကြောင့် စွပ်စွဲဖမ်းဆီးမှုတွေ လုပ်တဲ့အခါ ၁၉၈၉ မှာ မန္တလေးကနေ မြောက်ပိုင်းကို ကျောင်းသား တပ်မတော် ကိုရောက်ခဲ့ပါတယ်။

တော်တော်ခက်ခဲကြမ်းတမ်းပါတယ်။ ကျနော်တို့ က မြို့ ကျောင်းသားတွေပါ။
အများစုက တောထဲမှာနေဖူးတဲ့အတွေ့  အကြုံ မရှိကြပါဘူး။

ကျနော် တို့ နေဖို့ ဝါးတဲတွေဆောက်ကြတယ်။ ကေအိုင်အိုက ရိက္ခာ ထောက်ပါတယ်။
ရပ်တည်ဖို့ ခက်ပါ တယ်။ ကျနော်တို့ ကဗမာတွေဆိုတော့ ကချင်တွေ အပြည့်အ၀မယုံပါဘူး။


ငွေရဖို့ အတွက် ကျောက်စိမ်းရှာ ဖို့ မိုင်း ကွင်းတခုပေးပါတယ်။ ပေ၈၀၀၀ ထောင်လောက်မြင့်ပါတယ်။
ကျောက်တောင်တွေဖြစ်လို့ ပါးကောက်ပဲသီးနှံ စိုက်ဖို့ ခက်ပါတယ်။ ထောက်ပံ့တာနဲ့ မှီခိုရပါတယ်။
မိုးရောက်တော့ ဗမာစစ်တပ်က လာတိုက်ပြီး ကျနော်တို့ စတိုကို ဖျက်ဆီးလိုက်ပါတယ်။

ဆားမရှိစားစရာမရှိဆယ်ရက်လောက်ဖြစ်သွား တယ်။ အားပြတ်ပြီး ငှက်ဖျားတွေလည်းဖြစ်လို့ တချို့ လည်းသေကုန်ကြတယ်။

သူငယ်ချင်းတော်တော်များများ ဆုံးရှုံးခဲ့ရတယ်။ တချို့ ဆယ့်ရှစ်နှစ်လောက်ပဲရှိသေးတယ်။
တယောက်ကိုတလမှ ၅၀ကျပ်သုံး ဖို့ ရ တယ်။ကျနော်တို့ မျောက်တွေထောင်တယ်။

မျောက်၊ကြွက်၊ဖြူကောင် ...ရတာအကုန်စားတယ်။

လူတွေသေကြတာကြည့်ပြီးရှော့ ရတယ်။ ကျနော့်မှာစစ်ပွဲအတွေ့ အကြုံမရှိဘူး။
ဒါပေမယ့် ကျနော်တိုက် တယ်။

၁၉၉၀ မှာ ရက်လေးဆယ်လောက် စစ်တိုက်ရတယ်။ အဲဒီတိုက်ပွဲမှာ ခေါင်းဆောင် ဒဏ်ရာရ တော့ကျနော်ကအမိန့် ပေးရတယ်။
ကေအိုင်အိုဆီကလက်နက်တချို့ ရတယ်။ သေသွားတဲ့ ရန်သူစစ်သား ဆီကလည်းလက်နက်ရတယ်။

အဲဒီအချိန်က ကျနော်ကရွေးကောက်ခံရတဲ့ အထွေထွေအတွင်းရေးမှူးပါ။
မြေအောက်လှုပ်ရှားမှုတွေ မှာတာဝန်ခံပါ။
ဗမာပြည်ထဲမှာ တပ်သားသစ်စုဆောင်းပါတယ်။

တခုသတိပြုလာမိတာက ရန်သူ့ လိုင်းတွေ ကြားထဲမှာ ပြဿနာတစုံတရာမရှိပဲသွားလို့ ပြန်လို့ ရနေတာပါ။
စစ်ထောက်လှမ်းရေးမိသားစုနဲ့ ဆက်နွယ် နေတဲ့ ကျောင်းသားတချို့ တပ်သားသစ်စုဆောင်းရေးထဲမှာပါလာတာပါ။

အချိန်ခဏလေးအတွင်းမှာ တပ်သားအရေအတွက် ၈၀၀ ကျော်အထိတိုးလာပါတယ်။
စစ်ထောက်လှမ်းရေး နဲ့ ချိတ်ဆက်နေသလားသံသယဖြစ်လာပါတယ်။

ရှေ့ တန်းကရတဲ့သတင်းတွေအရလည်းကျနော်တို့ ဘက်က ကျဆုံးနေပါတယ်။ အခြေအနေက သံသယဖြစ်စရာ အခြေအနေပါ။
နအဖစစ်သားတွေကို ကျနော်တို့ တည်နေရာကိုလမ်းညွှန်ပေးနေတဲ့ အမှတ်အသားတွေကို သစ်ပင်တွေမှာ ရဲဘော်တွေက သတိပြုမိပါတယ်။

ဒါနဲ့ တချို့ ကိုစောင့်ကြည့်ပါတယ်။ လေးငါးယောက်လောက်ကိုဖမ်းပြီး စစ် ကြောရေးလုပ်တော့ ထောက်လှမ်းရေး စာရင်းတချို့ ရပါတယ်။
အဲဒီစာရင်းထဲမှာဗဟိုကော်မတီ အဖွဲ့ ဝင် တွေပါပါနေတယ်ဗျ။

တချို့ ကထောက်လှမ်းရေး လေ့ကျင့်ပေးထားတဲ့ စပိုင်တွေဖြစ်ပြီး တချို့ က အင်ဖော်မာသတင်းပေးတွေပါ။တချို့ ဗမာလူမျိုးကြီးဝါဒအမြင်နဲ့ လှုပ်ရှားနေတယ်လို့ ထင်ပါတယ်။
ဘာလုပ်ရမလဲ ဆိုတာစဉ်းစားရတော်တော်ခက်ပါတယ်။


I panicked.လူ့ အခွင့် အရေးတို့ ဘာ တို့ ဆိုတာလည်းကျနော်တို့  အဲဒီအချိန်ကနားမလည်ခဲ့ပါဘူး။
စပိုင်စာရင်းက အယောက်ရှစ် ဆယ်ကျော် ဖြစ်နေတယ်။

ကျနော်တို့ ကို မယုံမှာစိုး လို့ ရိုက်ထား တဲ့ဗွီဒီယိုခွေပါရှိပါတယ်။
ဒီစပိုင်တွေကို သံခြေကျင်းတွေ ခတ်ပြီး ဘားတိုက်ထဲမှာပိတ်ထားပါတယ်။

နောက် ဆုံး မြောက်ပိုင်းကျောင်း သားတပ် မတော်ဗဟိုကော်မတီက စပိုင် ၁၅ယောက်ကို သေဒဏ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျနော် တို့ စစ်ဖြစ်နေ တာပါ။ စစ်တပ်နဲ့ လက်နက် ကိုင်စစ်ပွဲဆင်နွှဲနေတာပါ။

စပိုင်ကို သေဒဏ်ပေးရမယ်လို့ ကျနော် တို့ ဖွဲ့ စည်းပုံနဲ့ ဥပဒေမှာရေးသား ထားပါတယ်။
ကျနော်တို့ ရဲဘော်တွေဟာ ဒီစပိုင်တွေကြောင့် အသတ်ခံခဲ့ကြရပါတယ်။
တချို့ အဖွဲ့ ဝင်တွေ က စပိုင်အယောက်ရှစ်ဆယ်လုံး ကို သေဒဏ်ပေး ဖို့ တောင်းဆို ပါတယ်။

ငြင်းရင်းခုန်ရင်း နဲ့ နောက်ဆုံးမှာ ၁၅ ယောက် နဲ့ သဘောတူညီချက်ရပါတယ်။
ဒီသေဒဏ်စီရင်ချက်က စပိုင်တွေလုပ် ခဲ့တဲ့လုပ်ရပ်တွေ နဲ့  စစ်အစိုးရအတွက် သူတို့ ဘယ်လောက် အရေးပါသလဲဆိုတဲ့ အချက်အပေါ် မူတည်ပြီး ဆုံးဖြတ် ချက်ချခဲ့ တာဖြစ် ပါတယ်။

သတ်ပွဲဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကိုပြောနေတဲ့အောင်နိုင်ဟာအဖြစ်အပျက်တွေကိုတွေး စိတ်ဆင်းရဲ နေ ပုံပါပဲ။
ဘယ်လိုဘယ်ပုံ သေဒဏ်ပေးခဲ့သလဲလို့ မေးကြည့်တဲ့အခါ သူ့ ကိုကြည့်ုပြီး ပိုလို့ စိတ်မသက်မ သာဖြစ်ရပါတယ်။

တချို့ ကိုပစ်သတ်တယ်။ တချို့ ကိုခေါင်းဖြတ်သတ်တယ်။ ကျနော်တို့ အရာရှိတွေကသူတို့ ကို အနီးကပ် ပစ္စ တိုနဲ့ ပစ်သတ်တယ်။
သေနတ်နဲ့ ပစ်သတ်တာ ပိုပြီးဝေဒနာခံစားရတယ် လို့ ကျနော်တို့ ထင်ပါတယ်။ ဓားကို ပြောင်းသုံးရင် သူတို့ ဝေဒနာ ခံစားရနည်းနည်း သက်သာမယ်လို့ ထင်တဲ့အတွက်ဓားကိုပြောင်းသုံးပါ တယ်။
ဒါပေမယ့် ခေါင်းက တိတိရိရိမပြတ်ဘူးဗျ။
But they were not cleanly beheaded, even though the spinal cords were severed.သတ်တာကို ကျနော် စောင့်ကြည့်တယ်။

ဒါဟာ ကျောင်းသားတပ်မတော်စစ်သားတွေရှေ့ မှာဖြစ်ခဲ့တာပါ။


ကျနော်တို့ သူတို့ အားလုံးကို လွှတ်လိုက်ချင်ပါတယ်။ ဒါပေမယ့် လွှတ်လိုက်ရင် ကျနော်တို့ သူလျှိုတွေကို ကြိုဆိုသလိုဖြစ်နေမယ်။
ဒီဆုံးဖြတ်ချက်ချရတာ တော်တော်ခက်ခဲပါတယ်။

ဒီလိုမကွက်မျက်ခင်မှာ ကေအိုင် အိုကနေ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊ကမ္ဘာ့ကြက်ခြေနီတို့ ကို ချဉ်းကပ် ပါသေးတယ်။
အကျဉ်းသားတွေကို သူတို့ ဆီကိုလွှဲဖို့ ကျနော်တို့ အကူအညီလိုပါတယ် လို့ ။

သူတို့ ပြောတာက သူတို့  တရုတ်မြန်မာနယ်စပ်ကို မရောက်နိုင်တဲ့အတွက် သူတို့ မကူညီနိုင်ပါဘူးတဲ့။
ဒီကိစ္စဟာ ကျနော်အတွက် အခက်ခဲဆုံးကိစ္စတခုပါပဲ။ ဒါပေမယ့် ကျနော်တို့ မှာ ရွေးစရာလမ်းမရှိဘူးလို့ ခံစားရတယ်။

သူလျှိုတွေကို သတ်ပစ်တာ ဗမာပြည်မှာသိပ် တော့ မဆန်းလှပါဘူး။ ဗမာစစ်တပ်က သူလျှိုမိရင် တရား ရုံး တွေတင်မနေပဲနေရာမှာတင် သတ်ပစ်ပါတယ်။

အောင်နိုင်အခန်းပြင်ကိုထွက်သွားပါတယ်။ ပြန်ဝင်လာတော့ စကားမဆက်ခင် လေကိုခပ်ပြင်းပြင်းရှူသွင်း လိုက်ပါတယ်။

ဘ၀တွေက ငြိမ်းချမ်းနေရင်တော့ စံချိန်စံနှုန်းတွေနဲ့ သွားဖို့ လွယ်ပါတယ်။ ဒါပေမယ့် စစ်တိုက်နေတဲ့အချိန် ကတော့ မတူပါဘူး။ တောထဲမှာ နိုင်ငံရေးလုပ်ဖို့ တခုတည်းသောလမ်းက လက်နက်နဲ့ ပါ။ ဒီလိုသတ် လိုက်လို့  နိုင်ငံရေးအရ ရှေ့ ကိုတိုးတက်သွားတယ်လို့ ဆိုတယ်။ ဒါပေမယ့် တယောက်မှ နိုင် ငံ ရေး အကျိုးအမြတ်မရခဲ့ဘူး။ ကျနော်တို့ ထဲမှာ အကွဲအပြဲမရှိခဲ့ပါဘူး။ တယောက်မှ ဘာတခုမှ မရခဲ့ဘူး။ ဒီသတ်ပွဲ မတိုင်ခင်က ငပိနဲ့ စားတယ်။ သတ်ပွဲပြီးတော့လည်း ငပိနဲ့ ပဲ။ ၁၅ယောက် အစားအ ယောက် ရှစ်ဆယ်ဖြစ်သွားနိုင်တာပါ။ မိသားစုတွေက စိတ်ဆိုးကြမယ်၊စိတ်ထိခိုက်ကြမယ်ဆိုတာ နားလည် ပေးနိုင် ပါတယ်။ မိဘတွေကို လာဖို့ ကျနော်တို့ နဲ့ စကားလာပြောဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။

ကျနော်တို့ ကိုသစ္စာဖောက်သူတွေဟာ ကျနော်တို့ ရဲ့  သူငယ်ချင်းတွေပါပဲ။ ကျနော့်သူငယ်ချင်း ထွန်းအောင် ကျော် (အဲဒီအချိန်က ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌပါ) အသတ်ခံခဲ့ရပါတယ်။ သူက ကျနော့် အကိုကြီးလိုပါပဲ။ ကျနော်တို့ အရမ်းကို ရင်းနှီးပါတယ်။ သူက သူလျှို လို့ ဝန်မခံပါဘူး။ ဒါပေမယ့် သက်သေ အထောက်အထားတွေအရ သူကသူလျှိုပါ။


တိုက်ပွဲက ပြင်းထန်ပါတယ်။ စစ်ဆိုတာဟာ ကွဲပြားခြားနားတဲ့အမှန်တရားတခုပါ။
ကျနော်တို့ က သီးခြားဖြစ်နေပြီး တော့ လူ့ အခွင့်အရေးအဖွဲ့ တွေနဲ့ လည်း အဆက်အသွယ်မရှိပါဘူး။

ဒီမိုကရေစီ၊လူ့ အခွင့် အရေးတွေကိုသင်ကြားဖို့ လည်း အခွင့်အလမ်းမရှိပါဘူး။
တကယ်လို့ များရှိခဲ့ရင် အခြေအနေက တမျိုးဖြစ် သွားနိုင်ပါတယ်။

ကျနော်တာဝန်ယူပြီး ပြဿနာကိုဖြေရှင်းဖို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။
တောင်အာဖရိက က အမှန်တရားကော်မရှင်လိုမျိုး စုံစမ်းစစ်ဆေးရေးတခု ဖြစ်သင့် ပါတယ်။

ဘာတွေဖြစ်ခဲ့သလဲဆိုတာ လူတွေ သိဖို့ လိုအပ်ပါတယ်။
The problem will be to get MI to hand over their files.

ကျနော်တို့ ရဲ့ သူရဲကောင်းအောင်ဆန်း ကိုအတုခိုးပြီး ကျနော်တို့ နိုင်ငံလွတ်မြောက်ရေးအတွက် တောခိုခဲ့ ကြတယ်လို့ ထင်ခဲ့ကြတာပါ။

ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဗမာပြည်လွတ်လပ်ရေးရခဲ့တယ် ဆိုတာတောင် မသိခဲ့ ပါဘူး။

အဲဒီတုန်းကကျနော့်အသက် ၂၄ နှစ်ပါ။
ကျနော့်ကိုယ်ကျနော် လူကြီးဖြစ်ပြီလို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီအတွေ့ အကြုံပြီး တဲ့နောက်ပိုင်းမှာ ခေါင်းဆောင်တယောက်ဖြစ်ဖို့ ကျနော် အရမ်းငယ် ပါသေး လားဆိုတာသဘောပေါက် သွားပါတယ်။

နိုင်ငံရေးအပြင်ဖက်ကိုရောက်လာတဲ့အတွက် ကျနော်ဝမ်းသာ တယ်။

အင်တာဗျူးအပြီးရက်အနည်းငယ်အကြာမှာ မဲဟောင်ဆောင်မှာ အောင်နိုင်နဲ ကျနော်နေ့ လည် စာစားပါတယ်။
ကျနော်ကအနံ့ ပြင်းပြင်းနဲ့ ဟင်းခွက်ကိုဘာလဲလို့ မေးကြည့်တော့သူကရီပါတယ်။
ပြီးတော့ မှပြောတာ ကမျောက်အူတွေပါ တဲ့ ။

(အောက်က မူရင်း အင်တာဗျူးပါ။ ယှဉ်ဖတ်ကြည့်ပြီး အမှားအယွင်းရှိရင် ပြင်ပေးစေချင်ပါတယ်။)


Posted on August 26, 2009 by sanooaung Excerpts from the “All Wars Are Dirty” by PHIL THORNTON

(Page 161, 162 and 163)

When I ran the journalism-training workshops on the border, I worked with either a Burmese or Karen translator, depending on the group. One of these translators was Aung Naing, the former Burmese student leader I had interviewed about NGOs. He was now a journalist, politically aware and with a sharp sense of humour. I particularly enjoyed working with him, and he had a very interesting history I was curious to find out more about.

Aung Naing had the face of a choirboy, and he dressed like the doctor he should have become: neat blue shirt tucked into charcoal trousers. His English was excellent. He laughed easily as he joked around the edges of the tragedy that was his life. He was a former chairman of the All-Burma Students’ Democratic Front [ABSDF) for northern Burma, and had played a central role in one of the biggest scandals to hit at the heart of the Burmese student army.

On February 12,1992, student soldiers executed fifteen of their comrades accused of spying for the regime. I wanted to interview Aung Naing about it, as he was one of the leaders who ordered the executions. It was a tough place to put him in, although he was surprised that no one had ever interviewed him about the incident before. He agreed, and we met in Mae Hong Son—where his group's classes were held—at the house of a Burmese doctor, where I was staying. Aung Naing judged it would be a long night as I placed my notebook and tape recorder on the table. He responded by getting a bottle of whiskey and a cooler of ice. He drank heavily as we talked. I let the tape recorder capture his testimony.

"In 1988 I was studying medicine in Mandalay. I was a student leader during the pro-democracy demonstrations. The regime accused me of illegal political activities, so in 19891 left Mandalay to join the northern ABSDF in the Kachin State, close to the Chinese "It was tough, most of us were city kids with no experience of living in the jungle. We built and lived in basic bamboo huts. The Kachin Independence Organization (KIO) supplied us with food, but it was difficult to survive, and many died. The Kachin didn't completely trust us, as we were Burmans. They gave us a region to make money from jade mining and tax. It was 8,000 feet high, rocky, and difficult to grow rice or crops. We depended on supplies "In the rainy season the Burmese army attacked our positions, destroying our stores. We went without rice and salt for ten days. We became weak and those who got malaria died. I lost many friends, some only eighteen years old. Each of us got fifty kyat a month to live on. We existed by trapping and eating monkeys, rats, and porcupines . . . anything.

"I was shocked to see people blown up and dead bodies. I had no battle experience, but I did fight. In 1990 we fought for forty days. I took command after our chief-of-staff was injured. We got weapons from the KIO and what we took from dead enemy soldiers. "At this time I was elected general secretary. I was in charge of our underground network. We used it to recruit students inside Burma. We began to notice we were able to go back and forth through enemy lines without problems, but we found we had recruited students who had family connections with Military Intelligence. Our numbers quickly grew to more than 800. We suspected our network had been infiltrated by MI. Reports from the front line indicated we were losing battles in suspicious circumstances. Our soldiers noticed knife marks had been cut in trees that could have led Burmese soldiers to our positions.

"We started to watch some people. We arrested four or five and, after interrogation, we had a small list. The list included members of our central committee. We found out the National Intelligence Bureau had trained some of these as spies, and others were just used as informers. I think some were motivated by ultra-nationalistic visions of a Burman master race.

"It was very difficult for us to know what to do. I panicked. We knew nothing about human rights, or, more to the point, we didn't understand. We asked the KIO to help us to interrogate. By now we had a list of eighty spies. We made videotapes in case no one believed us. We chained the spies and locked them in the barracks. A Northern ABSDF central committee decided fifteen spies would be given the death penalty. We were at war, in armed struggle with the Burmese regime. Our constitution and law said we could give spies the death penalty. Many of our comrades had been killed because of these spies. Some members called for the death penalty for the entire eighty. We debated, argued, and finally agreed to fifteen. The sentences were determined by what the spies had done and how important they were to the [Burmese] military.” Aung Naing was distressed by his memories and having to replay the events leading up to the executions. I upset him further when I asked him how the death sentences were carried out.

“Some of them were shot and some were beheaded. They were shot at close range by pistol by our officers. We thought the guns caused more suffering, so we thought if we switched to machetes it would be less. But they were not cleanly beheaded, even though the spinal cords were severed. I watched . . . it was done in front of all ABSDF soldiers. “We would have liked to free all of them—but if we had, it would have sent a message that we welcomed spies. It was a hard decision to make, and before we made it we approached, through the KIO, Amnesty International and the ICRC [International Committee of the Red Cross]. We needed help; we wanted to hand the prisoners 164 over to them. They said they couldn’t do anything, as they could not reach us on the Burma-China border. “It was the hardest thing I’ve ever done. But we felt we had no choice. It was not uncommon for armed opposition groups in Burma to execute spies. The Burmese army just killed anyone they caught on the spot without a trial.” Aung Naing left the room to throw up. He came back and swallowed hard before he continued.

“When life is peaceful, it’s easy to draw moral lines, but in war it’s different. In the jungle the only way to conduct politics is with armed struggle. It was said that the killings were politically motivated, but nobody gained any political advantage. We had no internal splits, none of us gained anything. Before the executions we ate fish paste, and after the executions we ate fish paste. It could have been eighty instead of fifteen. It is understandable the families are upset. We asked the parents to come and talk with us.

The people who betrayed us were our friends. My friend, Htun Aung Kyaw [ABSDF chairman at the time], was executed. He was like my older brother. We were very close. He didn’t admit he was involved, but evidence showed that he was. “The fighting was hard. War is a different reality. We were isolated and had no connection with human rights groups. We had no opportunity to learn about democracy or human rights. If we had, it may have been different. I believed I needed to take responsibility and resolve the problem. There should be an investigation like South Africa’s Truth Commission. People need to know what really happened. The problem will be to get MI to hand over their files.

We thought we were emulating our hero Aung San by going to the jungle to fight to free our country. We didn’t even know Burma was freed because of the Second World War. “I was 24. I thought I was old enough, but after this experience I knew I was too young to be a leader. I’m glad I’m out of politics.”

During lunch with Aung Naing in Mae Hong Son a few days after the interview, I pointed my spoon at a pungent dish in a wok. Aung Naing laughed and said that it was monkey intestine.

Aung Naing had admitted to the executions and killings of young ABSDF students in the book, “All Wars Are Dirty” by PHIL THORNTON

He had given lame excuses of not knowing or understanding the Human Rights and democracy. He also wrongly claimed that the killings were not politically motivated and nobody gained any political advantage.

The worst part was that he never mentioned the tortures and the actual number of executions was much more than he admitted.

He claimed and blamed the KIO, Amnesty International and the ICRC with the following statement, “before we made it we approached, through the KIO, Amnesty International and the ICRC [International Committee of the Red Cross]. We needed help; we wanted to hand the prisoners over to them. They said they couldn’t do anything, as they could not reach us on the Burma-China border.”

We need to investigate whether AI and ICRC actually got the news and refused to accept the student rebel prisoners. If they really get the message but acted irresponsibly they should be condemned because it is not very difficult to reach the ABSDF Camp through Burma, as many parents and relatives had really done that after informing the Burmese government and the Foreign Embassies like USA, British and Japan. We knew that the remaining students were released by the help of KIO/KIA without the knowledge of Aung Naing and new ABSDF leaders.

Aung Naing, we need a War Crime Tribunal but not merely an investigation like South Africa’s Truth Commission. Sorry, we could see your cunning wits of wishing to be free or off the hook even before you were caught.

To be fair to you, we wish to know why some of your partners in crime who were caught by Myanmar Military were not tried with the war crimes. May be they don’t wish to open their secret MI files but even if few of them were actually spies you have no right to torture hundreds and killed about fifty of them.

Just because MI’s “Myet Khin Thit” put a propaganda wedge by claiming that their spies had successfully infiltrated the ABSDF, your group led by ‘Shanis’ staged a coup, arrested, tortured and killed the fellow student rebels. If you had a sound and reasonable mind, you should understand or see through that propaganda warfare. No government nor any enemy would just easily declare that their spies had successfully infiltrated the opposing enemy and risks the exposures of their valued informants

No comments: