13 Feb 2012

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) နံနက်ပိုင်းတွင် ရုံးခန်းတည်ရှိရာ အမှတ် ၁၀၁ ဘီ၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ အရှင်ဆန္ဓာဓိက၊ စာပေနှင့် ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ယင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးဆိုင်ရာများကို ပြောကြားခဲ့ကြသည်။

No comments: