28 May 2012

“စစ်ဖိနပ်အောက်က မြန်မာပြည်”

အင်္ဂလိပ်နယ်ချဲ့၏ ကိုလိုနီစနစ်အောက်မှလွတ်မြောက်ရန် ကြိုးစားခဲ့ကြသော ဒုတိယကမ္ဘာ စစ် စစ်ကြိုကာလသည် မြန်မာနိုင် ငံ ရေးလှုပ်ရှားမှု ရေချိန်အမြင့်ဆုံး အချိန်ကာလပင်ဖြစ်ပါသည်။ ထိုအချိန်က မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုများကို “ဒို့ဗမာအစည်း အရုံး” မှ ပညာတတ် သခင်လူငယ်များ နှင့် နိုင်ငံရေးသမားများက ဦးဆောင်ခဲ့ကြပါသည်။
ရန်ကုန်တက္ကသိုလ်ရှိ “တက္ကသိုလ်ကျောင်းသားသမဂ္ဂ” သည် မျိုးချစ်ပညာတတ်လူငယ်များ နှင့်ဖွဲ့စည်းခဲ့ကြသည်။ မြန်မာ့လွတ်လပ်ရေးရအောင် ဦးဆောင်ကြိုးပမ်းခဲ့ကြသူများမှာ ထိုပညာ တတ် သခင်လူငယ်များဖြစ်ပါသည်။ ထို့ကြောင့် “မြန် မာ့ တပ်မတော်အစ တက္ကသိုလ်ကျောင်းသား က” ဆိုသော ဆောင်ပုဒ်သည် လွန်မည်မထင်ပါ။
ဒို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ မျိုးချစ်လူငယ်များက အင်္ဂလိပ်အစိုးကိုတော်လှန်ရန်ကြိုး စားခဲ့သည်။ ပြည်ပအကူညီယူ၍ ဂျပန် ၌ စစ်ပညာသင်ကြားခဲ့ကြသည်။ ထိုစစ်ပညာသင်များကို “ရဲဘော်သုံးကျိပ်”ဟုခေါ်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ်ကပင် “ခေတ်သစ် မြန်မာ့တပ်မတော်ကို” ဦးဆောင်ခဲ့ပါသည်။ ထို့ကြောင့် စစ်ကြိုခေတ် (ဒုတိယကမ္ဘာစစ်) ကာလမှ အင်္ဂလိပ်ကို တော်လှန်ခဲ့ သော ရဲဘော်သုံးကျိပ်၏ အခန်းကဏ္ဍသည် ယနေ့တပ်မတော်အတွက် အလွန်အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
စစ်ကြိုခေတ်မှ စတင်မွေးဖွားလာခဲ့သော မြန်မာ့တပ်မတော်ကို အောက်ပါအတိုင်း (၄)ပိုင်း ခွဲခြား စီစစ်ကြည့်ပါမည်။
၁။ ၁၉၄၈ လွတ်လပ်ရေးမရမှီကာလ
၂။၁၉၄၈၊၁၉၆၂ တွင်းကာလ
၃။၁၉၆၂၊၁၉၈၈ တွင်းကာလ
၎။၁၉၈၈၊၂၀၀၉ ယနေ့ထိကာလ တို့ဖြစ်ပေသည်။
၁၉၄၈ လွတ်လပ်ရေးမတိုင်မှီကာလတွင် ဖတ်ဆစ်ဂျပန်ထံမှ သင်ယူခဲ့သော စစ်ပညာနှင့် နယ်ချဲ့အင်္ဂလိပ်အစိုးရကို တိုက် ထုတ်ခဲ့ သည်။ ထိုစဉ်က “ဗမာ့တပ်မတော်” ၏ ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကို “ဗိုလ်ချုပ်အောင်ဆန်း”မှ တာဝန်ယူခဲ့သည်။ ထို့နောက်အတုအယောင်လွတ် လပ်ရေးပေးခဲ့သော ဖတ်ဆစ်ဂျပန်ကို အင်္ဂလိပ်အကူအညီဖြင့်ပင် ပြန်လည်တွန်းလှန်ခဲ့ရသည်။ မြန်မာ နိုင်ငံသည် “စစ်မြေပြင်(၂)ခါ ဖြစ်ရ၍ မိအေး(၂)ခါနာ”ခဲ့ရသည်။

နောက်ဆုံးအင်္ဂလိပ်အစိုးရထံမှပင် လွတ်လပ်ရေးရယူနိုင်ခဲ့သည်။ ထိုကာလအတွင်း မျိုးချစ် စိတ်ရှိသူ မြန်မာပြည် သား အား လုံး စစ်တပ်ထဲဝင်၍ ပြည်ပရန်များကို ခုခံတော်လှန်နိုင်ခဲ့ကြသည်။ ထိုစဉ်က“ဗမာ့တပ်မတော်”သည် မျိုးချစ်စိတ်ဓါတ်ရှိ၍ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်၊ဥစ္စာများ ကို ကာကွယ်ပေးနိုင်ခဲ့သည်။ ပြည်သူလူထုက တပ်မတော် သားများကို ချစ်ခင် လေးစား ခဲ့ကြ သည်။
၁၉၄၈လွတ်လပ်ရေးရပြီးကာလမှ ၁၉၆၂ စစ်တပ်ကအာဏာသိမ်းယူခဲ့သော ကာလကို ပြန်လည်ဆန်းစစ်ရပေဦးမည်။ ထို ကာ လအတွင်း နိုင်ငံရေးအယူဝါဒကွဲပြားမှုကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရသည်။ဂိုဏ်းဂဏနှင့်လူမျိုးရေးဝါဒကြောင့် တိုင်းပြည်မငြိမ် မသက်ဖြစ်ခဲ့ရသည်။ နောက်ဆုံး တိုင်းပြည်အာဏာကို စစ်တပ်မှသိမ်းယူခဲ့သည်ထိ အခြေအနေဆိုးဝါး ခဲ့ရ သည်။ ထိုကာလက ဗိုလ် ချုပ်ကြီး နေဝင်းမှ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ယူခဲ့သည်။
ဦးနု၏ တိုင်းပြည်၏အာဏာကို မထိန်းသိမ်းနိုင်မှုကြောင့် မြန်မာပြည်သည် စစ်အာဏာရှင် စတင်မွေးဖွား ရန်ဖြစ်ပေါ် လာခဲ့ရ ပေ သည်။ ပြည်တွင်းစစ်တိုက်ပွဲများတွင်“ဗမာ့တပ်မတော်”သည် အောင်မြင်မှုများရလာခဲ့သည်။ စစ်တပ်ကလည်း ပြည်သူလူ ထုကို အကာအကွယ်ပေးနိုင်တုံးပင်ဖြစ် ပါသည်။ ထို့ကြောင့် တပ်မတော်ကို ပြည်သူကလေးစားမှုရှိနေတုန်းပင်။
၁၉၆၂ မှ ၁၉၈၈ ကာလတွင် တပ်မတော်၏အခန်းကဏ္ဍသည် စတင်ပျက်စီးလာပြီဖြစ်သည်။ အာဏာရှင် ဦးနေဝင်း၏ “စိတ်ကူး ယဉ်ဆိုရှယ်လစ်စနစ်” အောက်တွင် မြန်မာပြည်သည် အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရသည်။ “ဆိုရှယ်လစ်စီးပွားရေးစီမံကိန်း”များသည် လက်တွေ့မကျဘဲ တိုင်းပြည်စီးပွားရေးဆုတ်ယုတ်လာခဲ့သည်။“ကုလသမဂ္ဂ” ၌ပင် တရားဝင် အဆင်းရဲဆုံးနိုင်ငံအဖြစ်ကြေငြာခဲ့ရပေသည်။
စစ်တပ်အတွင်း၌လည်း ဦးနေဝင်း၏ “ဆရာမွေး၊တပည့်မွေး”စနစ်ကြီးထွားလာခဲ့သည်။ အာဏာရှင်လက်အောက်၌ “အရှင်မွေး နေ့ချင်းကြီါ်”ရာထူးပေးစနစ်ထွန်းကားလာသည်။ အာဏာ ရှင်လက်အောက်တွင် အာဏာရှင်အလိုကျ ဆက်ဆံနေကြ၍ အမှန် တရား၌ရပ်တည်သူများ ဒုက္ခတွေ့ခဲ့ကြသည်။ ဌာနဆိုင်ရာများ၌လည်း လုပ်ပိုင်ခွင့်ရှိသူနှင့် အခွင့်အရေး လိုချင်သူ တို့ကြား လာဘ် ပေးလာဘ်ယူ မှုများကြီးထွားလာခဲ့ရသည်။
အာဏာရှင်လက်အောက်မှ “တပ်မတော်”သည်လည်း ပြည်သူ့အတွက်မဟုတ်တော့ဘဲ အာဏာရှင်၊အမိန့်ပေးသူ အတွက်ဖြစ် လာရသည်။ ထို့ကြောင့်ထိုစဉ်က တပ်မတော်သည် အာဏာရှင် အတွက် “ကြေးစားခါးပိုက်ဆောင် တပ်” ဖြစ်ခဲ့ရသည်။ စစ်တပ်၏ သေနတ်ပြောင်းသည် ပြည်ပရန်နှင့်ပြည်တွင်းသောင်းကျန်းသူတို့အတွက်မဟုတ်ဘဲ ပြည်သူ့ဘက်ကို လှည့်လာ ခဲ့သည်။ ဦးနေဝင်း ကိုယ်တိုင် ဆန္ဒပြပြည်သူ၊ကျောင်းသား၊ဘုန်းကြီး၊နိုင်ငံရေးသမားများကို အမိန့်ပေးသတ် စေခဲ့သည်။ ထို့ကြောင့် အာဏာရှင် ဦးနေဝင်း သည် နာမည်ဆိုးနဲ့သမိုင်းတွင်ခဲ့ရသည်။
၁၉၈၈ မှ ၂၀၀၉ ယနေ့ထိကာလသည် တပ်မတော်၏ သမိုင်းတလျှောက်တွင် အဆိုးဆုံး အရက်စက်ဆုံးနှင့် အကြမ်းတမ်းဆုံး ဖြစ် ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းက “တပ်မတော်သည် ပြည်သူ၏ အခိုင်းခံ၊ပြည်သူ၏ အစေအပါး”ဖြစ် သည်ဟူ၍ တပ်မ တော် သားများကို ဆုံးမသြဝါဒ ပေးခဲ့ဘူးသည်။ ယနေ့တပ်မတော်မှာ မိမစစ်၊ဖမစစ်မှ မွေးဖွားလာသော “တနည်းဆိုသော်” မိုးကျရွှေ ကိုယ်တပ်မတော် ဖြစ်ခဲ့ရသည်။ စစ်အာဏာရှင်အဆိုအရ “တပ်မတော်သာအမိ၊တပ်မတော်သာ အဖ”ဟူ၍ဖြစ်ပါ သည်။
စစ်တပ်အတွင်း၌ အောက်ခြေအဆင့်စစ်သားများကို မျက်စိပိတ်၊နားပိတ်ဖြစ်စေခဲ့သည်။ လှောင်အိမ်ထဲ၌ မွေးထားသော ခွေး ကဲ့ သို့ ပိတ်လှောင်ပြီး ရန်လိုစေခဲ့သည်။ ဆူပူအုံကြွမှုများဖြစ်လာတိုင်း သေနတ်အားကို နှင့် အပြစ်မဲ့ကျောင်းသား၊ ပြည်သူ၊ ဘုန်းကြီး များကို ပစ်ခတ်စေခဲ့သည်။
အမိန့်ပေးသူအထက်အရာရှိများကို အခွင့်ထူးများပေး၍ထားသည်။ ဗိုလ်ချုပ်နှင့်ဆွေတော် မျိုးတော်များ ကောင်းစားပြီး သာမန် စစ်သားများမှာ ကျွန်ကဲ့သို့ခိုင်းစေသည်။ ပြည်သူများမှာလည်း ဆင်းရဲတွင်းနက်သည်ထက်နက်လာခဲ့သည်။

ထိုကဲ့သို့ မတော်မတရားမှုများ များပြားနေသော စစ်အာဏာရှင်စနစ်အောက်တွင် ပြည်သူများ ဒုက္ခပင်လယ် ဝေခဲ့ရသည်။ ပြည်သူ့အခွင့်အရေးအတွက် ရှေ့ဆောင်လမ်းပြပေးမည့်သူ များကိုလည်း အမှုဆင်၊ထောင်ချ၍မတော်မတရား ဖိနှိပ်မှုများကိုပါ ကျူးလွန်လျှက်ရှိသည်။ထိုသို့ ဆိုးဝါးယုတ်မာရိုင်းစိုင်းနေသော စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရန်မှာ နိုင်ငံရေးသမားနှင့် ကျောင်းသားများသာမက ပြည်သူတိုင်း၊နိုင်ငံသားတိုင်း၊စစ်ဗိုလ်စစ်သားတိုင်း၌တာဝန်ရှိပါသည်။ စစ်အာဏာရှင်၏ ရိုင်းစိုင်းယုတ် မာသော လုပ်ရပ်ကြောင့် ကမ္ဘာ့အလယ်၌ မြန်မာတို့ဂုဏ်ပျက်ခဲ့ရ သည်။ စစ်အာဏာရှင်၏ အတ္တမာနကြောင့် မြန်မာပြည်သည် မကောင်းသတင်းကျော်ခဲ့ရသည်။
ယနေ့မြန်မာပြည်သည် တော်လှန်၊ပုန်ကန်သူများ အလိုရှိနေပါသည်။ အကယ်၍စစ်တပ် တွင်းမှ စစ်အာဏာရှင်ကို ပုန်ကန်မည် ဆိုပါက ထိုသူသည် နောင်အနာဂတ် မြန်မာပြည်၏ သူရဲကောင်းဟု သမိုင်းတင်ခံရပေမည်။ သို့သော် နောက်ထပ်စစ်တပ်မှ အာ ဏာသိမ်းယူ၍ စစ်အာဏာရှင်ဖြစ်စေသော လုပ်ရပ်ကို ကမ္ဘာကလည်း ကောင်း၊မြန်မာပြည် ကလည်းကောင်း လုံးဝ အလို မရှိပေ။ သမိုင်းတင်မည့် သူရဲကောင်းနှင့် သမိုင်းမဝင်သော စစ်အာဏာရှင်ကို ကမ္ဘာသူ ကမ္ဘာ သားများ မလိုလားသည်မှာ မြေကြီးလက် ခတ်မလွဲပင်ဖြစ်ပါတော့သည်။

သက်ထူးဇင်(အော်လီဆွန်း)

No comments: