28 May 2012

“ မြန်မာ အတိုက်အခံတို့၏ သပိတ်မှောက်မှု”-(ဟစ်တိုင်)

မြန်မာ စစ်အစိုးရ အသေအချာ ကျွမ်းကျင်တဲ့ အချက်တခုကတော့ သူတို့ ဘယ်လို ဆက်ပြီး ရှင်သန်ရမလဲ ဆိုတာပါ။
လွန်ခဲ့တဲ့ အနှစ်၂၀ က ရွေးကောက်ပွဲ ရလဒ်ကို အတည်မပြုခဲ့ပါဘူး။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခခံဥပဒေ မူကြမ်းကိုအတည်ပြုခဲ့တယ်။
ပြီးတော့  ဒီနှစ်အတွင်း ရွေးကောက်ပွဲ ဥပဒေတွေ ကြေငြာခဲ့ပါတယ် ။အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က လည်း ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ကြေငြာ ခဲ့ပါတယ်။

အင်အယ်လ်ဒီရဲ့  ရွေးကောက်ပွဲ မ၀င်ရေး၊ ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်ကြောင့် ပါတီရဲ့ အနာဂတ် လုံးဝ မသေချာတဲ့ အခြေအနေကို ဆိုက် သွားနိုင်ပါတယ်။ ဒါက လည်း စစ်အစိုးရရဲ့ အင်အယ်လ်ဒီပါတီ ပျက်သုဉ်းရေး၊ စွမ်းဆောင်နိုင်မှုပါ။ ကမ္ဘာက ကန့် ကွက်ပါလိမ့်မယ်။
စစ်အစိုးရကလည်း ဒါကို ဥပက္ခာ ပြုပါလိမ့်မယ်။

အပြစ်အနာ အဆာတွေ ဘယ်လောက်ပဲများ များ ရွေးကောက်ပွဲကတော့ ရပ်တန့် နေတဲ့ ကမ္ဘာနဲ့ စစ်အစိုးရ ဆက်ဆံရေးကို အနည်းအကျဉ်း ပြန်ပြီး ရှင်သန် ပါစေလိမ့်မယ်။ အမေရိကန် ပြည်ထောင်စုက လက်တွေ့ ကျ ထိတွေ့  ဆက်ဆံရေး မူဝါဒနဲ့ ဆက်ဆံဖို့ ကြံစည်နေတဲ့အချိန်မှာ အင်အယ်လ်ဒီ ကလည်း ရွေးကောက်ပွဲကို ဆန့် ကျင်တဲ့ ကြေငြာ ချက်ကို ထုတ်ပြန်ခဲ့တယ်။ စစ်အစိုးရကတော့ သူကျွမ်းကျင်တဲ့ အလုပ်ကို သူလုပ်တာပါပဲ။

အင်အယ်လ်ဒီကို မလူးသာ မလွန့် သာ အခြေအနေထဲ တွန်းပို့ ပြီး ကိုယ့်ပါတီကို ထိခိုက်စေမယ့် ကိစ္စ ကိုယ်ပြန်လုပ်ရတဲ့ အခြေအနေ ကိုရောက်အောင် လုပ်သွားခဲ့ပါတယ်။

နယူးယောက်တိုင်း မ၈္ဂဇင်း ဧပြီ ၁ ရက်
 
၇။၎။၂၀၁၀
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ့ 

 
ဆောင်းပါး(၅၀)
 “ ရွေူးကောက်ပွဲ ၀င်ရေး။မ၀င်ရေး အင်အယ်လ်ဒီက စဉ်းစားရန် အဓိက အချက် ၃- ချက်- ဖိုးဌေးတင့်( နယ်သာလန်)
       
ဆန့် ကျင်ဖက် အတွေးအမြင်
  
၁။သတင်းထောက်များ နိုင်ငံတကာ အဖွဲ့ အစည်းများ နှင့် ကုလသမ္ဂ ကိုယ်စားလှယ် များ မှလွတ်လပ်စွာ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီး အနိုင်ရသော လူထု ကိုယ်စားလှယ်များနှင့် ဖွဲ့ စည်းမည့် အစိုးသစ်ကိုသာလျှင် နိုင်ငံတကာက အသိမှတ်ပြုမှာဖြစ်ပါတယ် ။ အန်အယ်ဒီမှ လူထုကိုယ်စားလှယ် အားလုံး ဖြတ်ညှပ်ကပ် ရွေးကောက်ပွဲ ဝင်ခွင့်ရှိ မရှိ ။

၂။ ၁၉၉၀ ရွေးကော်ပွဲ အနိုင်ရပြီးချိန်မှ စပြီး ဒီမိုကရေစီ ရရှိရေးအတွက် တိကျသော လမ်း စဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ရေတိုရေရှည် လုပ်ငန်းများ ဆောင်ရွတ်ရန် မဆိုထားနှင့် အန်အယ်ဒီအဖွဲ့ ဝင်များ မကြာခဏ အဖမ်းခံ ထောင်ချခံ နေရသော လူများ ထောင်ထဲကမထွက်သေးနိုင်ပါ ။
အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား လမ်းစဉ် ဖြင့် တိုင်းပြည်ကို နမူနာကောင်းပြသင့်လား ။

 ၃။ အထက်ပါ ကလေးဥာဏ်ကလေးနဲ့ ပင်စဉ်းစားနိုင်သော အချက် ၂ချက်ကို အခြေခံပြီး စဉ်းစားပါအုံး ။ အနှစ် ၂၀ လုံးလုံးပြည်လူထု ယုံကြည်မှုကို စော်ကားပြီး အန်အယ်ဒီအနေဖြင့် စစ်ကျွန်လုပ်ချင်တာတောင် ရုရှာစိန်ကြယ်သီးတတ် စစ်ဘောင်းဘီဝတ်တွေက ယုံကြည်ပါ့မလား-

လွှတ်တော်တွင်းကိုရောက်လျှင် အင်မတန်ခက်ခဲလာမည့် တိုက်ပွဲ ပုံစံသစ်တခုဖြင့် သွားရန်မဆိုနှင့် ပြီးခဲ့သော နှစ်၂၀ လုံးလုံး ရှုံးခဲ့သော အခြေအနေမှ ရွေးကောက် ပွဲ ၀င်သင့်ပါသလား။
သို့မဟုတ်ပါက အန်အယ်လ်ဒီသည် ပြည်သူ့ နှလုံးသားမှ အလိုလို ပျောက်ပျက်သွားမည်ဟု ယုံကြည် မိပါကြောင်း။

မြန်မာပြည်မှာ ဘာမှလုပ်မရတဲ့အပြင် တချိန်လုံး အဖမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို စာနာသောအားဖြင့် အမြီး ကျက် အမြီးစား ခေါင်းကျက် ခေါင်းစား နိုင်ငံရေးစကားများ မပြောကြပါနဲ့ ။

စာတို စာရှ ည် တိုက်ပွဲလမ်းကြောင်းမှ အလုပ်ဖြစ်မည့် အောက်ခြေ လူထုတိုက်ပွဲပုံစံနဲ့ ပြန်စပါ။
                                            သောတရှင်- ဖိုးဌေးတင့်( နယ်သာလန်)
 
၃၀။၃။။၂၀၁၀
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ့ 

 
 

No comments: