28 May 2012

“ သာကီနွယ်ဟု အမည်ခံထားသူ နအဖနောက်လိုက်များသို့”-


သာကီနွယ်ဆိုတဲ့ စစ်တပ်က ၀ါဒဖြန့်သော ဆိုက်ထဲမှာ မတန်မရာတွေ ပြောဆိုဝေဖန်ထားတာဖတ်မိရာက ဒီစာကိုရေးမိတာပါ ဆိုက်အမည် သာကီနွယ်ဆိုတာကိုက ကိုယ့်ကိုကိုယ် မတန်မရာ ထင်ပြီးရူးနေတဲ့ ဘ၀င်ရူးတွေ ဆိုက်ဆိုတာ သိပ်ကိုပေါ်လွင်နေ တာပဲ၊နောက်တချက်က PD ကိုမအောင်မြင်ဘူး NV မအောင်မြင်ဘူး ရေးထားတာတွေဖတ်ရတာ စိတ်လေလိုက်တာ စာမတတ် ပေမတတ်တွေများ ပြောရဲလိုက်တာ
 
ဗိုလ်နေ၀င်းရဲ့ အိမ်စောင့်အစိုးရလက်ထက်ကနေ ဗိုလ်ချုပ်သန်းရွှေရဲ့ နအဖ စစ်အစိုးရအထိ လက်နက်ကိုင် ရပ်တည်နေသော တိုင်းရင်းသားအဖွဲ့အစည်းများမှစလို့ ဗကပ လို အဖွဲ့အစည်းကြီးအထိ စစ်အရေးအရ မလွှမ်းမိုးနိုင်တာက အဓိကအချက်မှာ ပြည်သူကို ငဲ့ညှာနေတဲ့ အတွက်မီးကုန်ယမ်းကုန်မတိုက်ကြသာပါ ဒီအချက်တွေကြောင့်ပဲ စစ်တပ်ကအာဏါတည်မြဲနေတာပါ ဗိုလ်ချုပ်ဦးကျော်ဇောလို ပုဂ္ဂိုလ်မျိုးရဲ့ အရည်အချင်းက အခုချိန်အထိ တရုတ်အစိုးရက ကူညီပံ့ပိုးထားတာကြည့်ရင် သူ့ယုံကြည် ချက် နှင့် ခံယူချက်ကိုလေးစားတဲ့အချက် အရည်အချင်းကိုလေးစားတဲ့အချက်ဆိုတာသိကြမှာပါ
ဗိုလ်ချုပ် ကျော်ဇော

 ဒီလိုပုဂ္ဂိုလ်မျိုးကြီးက ဘာလို့ ဗကပ ကျဆုံးအောင် ဦးဆောင်ခဲ့သလဲ မေးမယ်ဆိုရင် ဗကပ ကျဆုံးရတာ ကမ္ဘာနိုင်ငံရေး ကြောင့် ပါ။ အမေရိကန်က ကမ္ဘာမှာကွန်မြူနစ်စနစ်ကို အပြင်းအထန်ချေမှုန်းနေစဉ်မှာ ဘိုနေ၀င်းကြီးတောင် အမေရိကန် လက်က ၅၀မမ အမြောက်တွေ အခု တပ်မတော်လေမှာသုံးနေတဲ့ ရဟတ်ယာဉ်တွေရပြီး အသာစီးအောင် တိုက်ခဲ့နိုင် သလို ကမ္ဘာ့နိုင်ငံရေး ဇာတ် ခုံမှာ ကွန်မြူနစ်စနစ်ကျဆုံးချိန် နှင့် ဒီမိုကရေစီထွန်းကားမှု ကြောင့်သာ ကွန်မြူနစ်ပါတီ ချည့်နဲ့ရတာဆိုတာ သခင်အားရအောင် ဟောင်နေသော ခွေးတုံးခွေးအများ သိသင့်တာက ဗိုလ်ချုပ်ဦးကျော်ဇောက တိုင်းပြည်ကို တိုင်းတပါးသားကျုးကျော်စဉ်က အောင်အောင်မြင်မြင် ပြန်တိုက်ခဲ့တဲ့ အစဉ်လာရှိသော မျိုးချစ်သူရဲ ကောင်းကြီး ဆိုတာဘဲ မောင်ရင်တို့ပြောသလို အသက်ကြီး ပြီးအသုံးမ၀င်တော့တဲ့ လူကြီးမဟုတ်ပါဘူး ပြည်သူ နှင့် သံဃာတွေကို သတ်ဖြတ်နှိပ်စက်ပြီး သူရဲကောင်းလို့ထင်နေတဲ့ ဘုရင်ရူး အသက်ကြီးပြီးအသုံးမ၀င်တော့တဲ့ သက်ကြားအိုကြီးက မောင်မင်းတို့ ရှိခိုးနေတဲ့ ဘိုချုပ်သန်းရွှေပါဘဲ
 
ဒီမိုကရေစီရေး လှုပ်ရှားသူများရဲ့ အကြမ်းမဖက်ခဲ့တဲ့ သမိုင်းကြောင်းက ပြန်သိခြင်ရင် ဘိုနေ၀င်းရဲ့ မဆလပါတီကြီး ကျဆုံးချိန် ဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံက စတာပဲ ဘယ်လိုစတာလဲ ပါးပါးလေးတွေးပြီး တုံးတုံးအအနှင့် စန္ဒာဝင်းလက်ဖက်ရည်ဆိုင် က ရန်ပွဲကို အကြောင်းမပြနှင့် ၁၉၈၇ (၂၁)ရက် ဇူလိုင်လမှာ ဘိုနေ၀င်းကို ဗိုလ်မှူးချုပ် ဟောင်းအောင်ကြီး ပေးစာ ပြည်သူကြား မှာ ထွက်လာတယ် ငယ်ချိုးငယ်နာတွေပေါ် လာတယ်လေ အဲဒီတုန်းက ဇူလိုင်(၇)မှာ ကျောင်းသားသမဂ္ဂကို မိုင်းခွဲတုန်းက အမိန့် ပေးတဲ့ အကြောင်း ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ပြန်ဖေါ်တဲ့ "အိုကေဟုပြောပါသည်" ဆိုတဲ့ ဘိုနေ၀င်းအမိန့်ပေး စကားက ပြည်သူကြားမှာ တအားခေတ်စားတဲ့ စကားဖြစ်သလို ကျနော်တို့တောင် လမ်းထိပ်မှာ ဒီစာတွေ နံရံမှာကပ်သွားတာဖတ်ပြီး တော်တော်စိတ်မကောင်းဖြစ်ရတယ်
 
မြန်မာ့လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့နေရာဖြစ်တဲ့ သမိုင်းဝင် ရာဇ၀င်ကောင်းတဲ့ အဆောက်အဦးကြီးကို အာဏါရူး တဏှာရူးကြီး ဘိုနေ၀င်းက ဂေါက်ကွင်းကပြန်လာပြီး အအေးသောက်ရင်း အစဉ်းမစား ဒိုင်းနစ်မိုက်နှင့် ခွဲဖို့ ပေါ့ပေါ့လေး အမိန့်ပေးတာကို ရင်နာလို့မဆုံးဘူး အဲဒီတုန်းက ကျောင်းသားထုအတွင်းရင်မှာ ဆူးကြီးတခုဝင်ခဲ့တယ်။ မကျေနပ်စိတ် တွေ ကိန်းအောင်းခဲ့တယ် ဘိုနေ၀င်း ၂၆ နှစ်လုံးလုံး လိမ်ထားတဲ့ မင်းသားခေါင်းဆောင်းကြီးကို သူ့လက်ထက်မှာ မွေးဖွါးလာတဲ့ မျိုးဆက်တွေ သိလာတယ် တွန်းလှန်ရမယ်လို့ အသိတွေ ပေါက်ဖွားလာတယ်
 
ပြည်သူတွေရဲ့ ပိုက်ဆံတွေကို (၅)ရက် စက်တင်ဘာ ၁၉၈၇ တွင် ၇၅ကျပ်တန် ၃၅ ကျပ်တန်တွေ မတရားသိမ်းတဲ့ ကိစ္စမှာ လှည်း တန်းနှင့် ကမာရွတ်မှာ ရန်ကုန်စက်မှုသက္ကသိုလ်က ကျောင်းသားတွေနှင့် လူထုက မဆလ ကောင်စီ ရုံးကို ၀ိုင်းတယ်၊ နောက် တော့ ညတွင်းချင်း ကျောင်းတွေ ရက်အကန့်မရှိ ပိတ်တယ် (၆)ရက်နေ့မှာ ကျောင်းသားတွေ အိမ်ပြန်ခိုင်းလိုက်တာ ဒီမှာနိုင်ငံ ရေးအန်တုမှုက စနေပြီ လုပ်ဖေါ်ကိုင်ဖက်ဖြစ်သော ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက ဘိုနေ၀င်းကို အန်တုပြီ နိုင်ငံရေး အရ သတ်ပြီ ။(၂၆)နှစ်လုံးလုံး တိတ်ဆိုတိတ်ခဲ့ရတဲ့ ပြည်သူတွေက ကျောင်းသားတွေနှင့် အတူ မဆလ ပါတီကို အန်တုပြီ နောက် ကျောင်းတွေပြန်ဖွင့်တော့ နိုဝင်ဘာလဆန်း မှာ စစ်တွေမှာ စစ်တွေနှင့် ပျဉ်းမနား ရေဆင်းသက္ကသိုလ်မှာ ဆန္ဒပြမှုတွေဖြစ်တယ် ဘိုနေ၀င်းပုံကို ရိုတ်ခွဲပစ်တယ်။
 (ရ)ရက် မတ်လ ၁၉၈၈မှာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက နောက်ထပ် ဘိုနေ၀င်းကိုပေးစာတခုပေါ်လာတယ် နောက်တော့ စန္ဒာဝင်း လဖက်ရည်ဆိုင်မှာ ကြို့ကုန်းရပ်ကွက်က လူငယ်တွေနှင့် စက်မှုသက္ကသိုလ်ကကျောင်းသားအချို့ စကာများရန်ဖြစ် တာကို မဆီမဆိုင် ရပ်ကွက်ကောင်စီက ကျောင်းသားတွေကို ကြို့ကုန်းရပ်ကွက်မှမောင်းထုက်တာက စပြီး စက်မှုကျောင်းသား တွေ အကြေမနပ်ဖြစ်ကြတယ် နောက်တခါပြန်သွားပြီး ရပ်ကွက်ကောင်စီလူကြီးတွေကို ဒီပြဿနာဖြေရှင်းပေးဖို့တောင်းဆိုတော့ ရဲကိုဖုန်းဆက်ခေါ်လို့ ရုန်းရင်းဆန်ခ ဖြစ်ပြီးနောက် ယုတ်ယုတ်မာမာဘဲ မဆလ ပါတီအတွင်းရေးမှူးစိန်လွင်ကိုယ်တိုင် ခေါင်းကို နာနာရိုတ် ဆိုတဲ့အမိန့်ပေးချက်နှင့်အတူ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် စက်မှုသက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့ စက်မှုသက္ကသိုလ် အရေးအခင်း စရတာ အစမှာကျောင်းသားထုက ပြဿနာကိုဖြေရှင်းပေးဖို့ တောင်းဆိုရာ က မဆလပါတီ ယုတ်ကန်းစွာ နှိမ်နင်းလို့ ကျောင်းသားတွေက ပြန်လည်ထကြွရတယ်။

 အဲဒီမှာ အကြမ်းဖက်မှု မပါသလို ဘာလက်နက်မှ မကိုင်ဆွဲထားဘူး ဒါကို ဘိုနေ၀င်းက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ တိုင်းပြည် ကို ရိုင်းဆိုင်းစွာ စိန်ခေါ်ခြိမ်းခြောက်တယ် "နောက်တခါဆူလား ပူလားလုပ်ရင် စစ်တပ်ကိုသုံးရလိမ်းမယ် စစ်တပ်ကတော့ မိုး ပေါ်ထောင်ပစ်မှာမဟုတ်ဘူး" ဆိုတဲ့ ဘိုနေ၀င်းစကား ကြောင့် ဘယ်သူမှဘယ်သူ့ကို စည်းရုံးစရာမလိုဘဲ ကျောင်းသား ထုကြီး နှင့် ပြည်သူတွေ ညီညွတ်သွားတယ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့်အတူ မဆလပါတီ ဇာတ်သိမ်းခဲ့သွားရတယ် စစ်တပ်က ပက်ပက်စက်စက် လူပေါင်း ထောင်ချီသတ်ခဲ့ပြီး အာဏါသိမ်းကာ တိုင်းပြည်ကို နှိမ်နင်းပေမယ့် ပြည်သူတွေက ၁၉၉၀မှာ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ မဲပေးခဲ့လို့ အရှက်တကွဲ အကျိုးနည်းဖြစ်ကာ ဘိုချုပ်တွေထည်လဲပြီး တိုင်းပြည်အာဏါကို ဓမြ တိုက် သိမ်းထားလို့ အဆင့်ဆင့် ဒီမိုကရေစီတိုက်ပွဲကို လက်နက်ကိုင်ထက် လက်နက်မပါတဲ့ ငြိမ်းချမ်းသောနည်းလမ်းနှင့် ပြည် တွင်းပြည်ပက ဒီမိုကရေစီတိုက်ပွဲဝင်တွေ လုပ်လို့ ကမ္ဘာနိုင်ငံအသီးသီးက ဖိအားတွေများလာရာက ကြိုင်ကြိုင် ထမီ(ထမိန်)-အောက်က ဘိုသန်းရွှေ အိပ်မရတဲ့ညတွေများခဲ့ရတာပါ။

 ဒီမိုကရေစီရေး လှုပ်ရှားသူက စစ်ဘိုတွေကို မသတ်ဘဲ လုပ်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံက ၁၉၈၈ ကနေ အခုချိန်ထိ လုပ် နေ တာ တွေကနိုင်ငံရေး အန်တုမှုမဟုတ်လို့ မောင်ရင်တို့အမေလင် အန်တုမှုလား”လို့ ခပ်ကြမ်းကြမ်းပဲ သာကီနွယ်လို့ အမည်ခံထား တဲ့ မျိုးမစစ်တို့ နအဖ နောက်လိုက်တို့ကို မေးလိုက်ချင်ပါဘိတော့။
 
မောင်ရင်တို့တွေက ခွေးထက်မိုက်တဲ့သူတွေ၂၀၀၇ သံဃာလှုပ်ရှားမှုကြီးကို ဗုဒ္ဓဘာသာဝင်ကြီးတွေဖြစ်ပါရက်နှင့် ကမ္ဘာက အော ချလောက်အောင် သံဃာတော်တွေကို မိုက်ရိုင်းခဲ့တဲ့မင်းတို့ကများ ပီနန်ဆရာတော်ဘုရာကြီးကို ဘုန်းကြီးအလုပ်မလုပ်ဘူးလေး အဓမ္မတရားလေးဘာလေးနှင့် ပြောမယ့်အစား ဘုရားမရှိ၊ တရားမသိ-သူခိုး၊ဓါးပြ လူရမ်းကား၊ လူသတ်ကောင် အရိုင်းအစိုင်း စစ်တပ်ကို ဓမ္မတရားပြန်ချပြပါလားဟင်...
ရဲမင်းထွန်း (အမေရိကန်)

No comments: