၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ပါဝင်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ရက်ကို ဖွဲ့စည်းလိုက်ပြီး ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သော အချက်အလက်များကို စတင်စုဆောင်းသွားမည်ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ကွန်ရက်သည် လွတ်လပ်သော အရပ်ဘက် လူအဖွဲ့အစည်းတစ်ရပ်အနေဖြင့် ရပ်တည်သွားမည်ဖြစ်ကာ မည်သည့် အထောက်အပံ့မှ ရယူခြင်းမရှိဘဲ ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ထို့အပြင် မီဒီယာများ အပါအ၀င် ပြည်သူလူထု၏ သတင်းပေးမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ရယူသွားမည်ဖြစ်ပြီး မဲရုံကိုယ်စားလှယ်များ ထားရှိပြီး ဆောင်ရွက်မှုများလည်း ပြုလုပ်သွားမည်ဟု သိရပါသည်။
ပြန်လည်လွတ်မြောက်လာခြင်း နှစ်လသာရှိသည့်အတွက် စောင့်ကြည့်မှုပြုလုပ်ရာတွင် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို အစီရင်ခံစာ ရေးသားသွားမည်ဖြစ်ပြီး မသမာမှုတစ်ခုတည်းအတွက် မဟုတ်ဘဲ နောင်လာမည့် ရွေးကောက်ပွဲများတွင် အားနည်းမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်ကြောင်း သိရသည်။ အစီရင်ခံစာကို ကျင်းပပြီးတစ်ပတ်အကြာတွင် အကြမ်းတင်ပြမည်ဖြစ်ပြီး၊ တစ်လအကြာတွင် အချောတင် ပြသွားမည်ဟု သိရပါသည်။
No comments:
Post a Comment