
24 Apr 2012
အသိပေးအပ်ပါသည်
Eleven Media Group ၏ Website တွင် NLD သည် ကတိသစ္စာပြုချက်ပါ
စကားလုံးပြုပြင်ခြင်း မရှိသည်ကို အကြောင်းပြု၍ လွှတ်တော်မတက်ရောက်ရန်
ဆုံးဖြတ်ခဲ့ပါက မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မည်သို့ ယူဆကြောင်း ဆန္ဒမဲ
ကောက်ခံမှုကို ဧပြီလ ၂၀ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ သို့သော် အဆိုပါ
ဆန္ဒမဲကောက်ခံမှုအား နည်းပညာအသုံးပြု၍ တစ်ဖက်သတ်ရလဒ်များ ပေါ်ပေါက်ရန်
ပြုလုပ်လာသည်ကို စိစစ်တွေ့ရှိပါသည်။ ယင်းသို့ ပြုလုပ်ခြင်းမှာ
ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်တွင်လည်း ဆန္ဒမဲ ကောက်ခံမှုကို
ခေတ္တရပ်ဆိုင်းခဲ့ရပါသည်။ ထို့ကြောင့် ယခုလက်ရှိ ရလဒ်အား အမှန်အဖြစ်
ယူဆနိုင်ခြင်း မရှိပါကြောင်းနှင့် ဆန္ဒမဲကောက်ခံခြင်းကို ရပ်ဆိုင်းလိုက်ပြီ
ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Labels:
သတင်းတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment